Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Friday, June 27, 2014

ဆင်းရဲစဉ်က စွန့်ခွာသွားသည့် ချစ်သူဟောင်းကို စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်ခဲ့သည့် တရုတ်အမျိုးသား

Image and video hosting by TinyPic


မိမိဆင်းရဲနွမ်းပါးစဉ်က စွန့်ပစ်သွားသည့် ချစ်သူကို ချမ်းသာကြွယ်ဝလာသည့် အချိန်တွင် တရုတ်အမျိုးသား တစ်ဦးက စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်သွားခဲ့သည်။ ဝမ်ဟုသာ အမည်ဖော်ပြထားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် ဟောလီးဝုဒ် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားအသစ် Transformers: Age of Extinctionအတွက် IMAX ရုပ်ရှင်ရုံ (၄)ခုစာ လက်မှတ်များကို သိမ်းကျုံးဝယ်ယူခဲ့သည်။
ယွမ်နှစ်သိန်းခွဲ (စတာလင်ပေါင် နှစ်သောင်းလေးထောင်ဖိုးမျှ) အကုန်အကျခံ ဝယ်ယူခဲ့သည့် ယင်းလက်မှတ်များကို ဝမ်က အင်တာနက်မှတစ်ဆင့် အခမဲ့ ဝေငှသွားမည်ဟု ကြေညာခဲ့သည်။ ၎င်း၏ ထူးထူးဆန်းဆန်း အပြုအမူသည် တရုတ်နိုင်ငံရှိ Social Mediaများကြားတွင် လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။
ထိုအမျိုးသား၏ မျိုးရိုးအမည်အတိုင်း ဝမ်ဟုသာ မှည့်ခေါ်ထားသည့် ဝက်ဘ်ဆိုက်က IMAX ရုပ်ရှင်ရုံ လက်မှတ်များ ဝေငှမည့် အကြောင်းကို အတည်ပြု ရေးသားထားပြီး မွေးရပ်ဇာတိ နန်ဂျင်းကိုရော၊ ဝမ့်ကိုပါ စွန့်ခွာကာ ဘေဂျင်းသို့ ကူးပြောင်းသွားသည့် ချစ်သူဟောင်းနှင့် ဇာတ်လမ်းကိုလည်း ဖော်ပြထားသည်။
ဝမ်သည် လွန်ခဲ့သော (၇)နှစ်က ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရရှာသူ ဖြစ်သည်။ ထိုစဉ်က ၎င်းသည် ဆင်းရဲလွန်းလှသဖြင့် ချစ်သူမိန်းကလေးကို ရုပ်ရှင်ပင် လိုက်မပြနိုင်ခဲ့ချေ။ အဆိုပါ ပြစ်ချက်ဖြင့်ပင် မိန်းကလေးက ဝမ့်ကို စိတ်ပျက် ကျောခိုင်းသွားခြင်း ဖြစ်သည်။ ဝမ်သည် (၇)နှစ်တာ အတောအတွင်း ရှန်ဟိုင်းတွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာသည်အထိ ဘဝကို မြှင့်တင်ခဲ့ပြီး ယခုအခါ ရုပ်ရှင်လက်မှတ် မဝယ်နိုင်သဖြင့် စွန့်ခွာသွားသည့် ချစ်သူဟောင်းကို မိမိမည်မျှ ချမ်းသာကြောင်း ထူးခြားသည့် နည်းလမ်းဖြင့် ပြသလိုက်ခြင်း ဖြစ်သည်။
ဝမ်က ၎င်း၏ ချစ်သူဟောင်းကို ရည်စူးပြီး “တစ်ခုတည်း ငါမင်းကို ပြောချင်တာကတော့ အဲဒီတုန်းက မင်းရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှားခဲ့တယ် ဆိုတာပဲ”ဟု Weibo ဝက်ဘ်ဆိုက်မှ ၎င်း၏ Accountတွင် ရေးသားထားခဲ့သည်။ ထို့နောက်တွင်မူ ဝမ်က လက်မှတ်များ အခမဲ့ ဝေငှမည့် အစီအစဉ်ကို ကြေညာခဲ့သလို ထိုလက်မှတ်အားလုံး ဝယ်ယူသည့်အတွက် ကုန်ကျသော ယွမ်ငွေနှစ်သိန်းခွဲသည် မိမိ၏ တစ်လဝင်ငွေ တစ်ဝက်ပင် မရှိကြောင်းလည်း ဆိုသည်။
South China Morning Post၏ ဖော်ပြချက်အရ ဇွန်လ (၂၆)ရက်နေ့ထိ ဝမ်၏ ကြေညာချက်ကို လူပေါင်း(၁၁၀၀၀၀)ကျော်က မျှဝေခဲ့ပြီး မှတ်ချက်ရေးသားသူပေါင်း (၃၅၀၀၀)မျှ ရှိလာကာ အခမဲ့လက်ဆောင် ရရှိကြောင်း အတည်ပြု Blogရေးသူ (၁၅၉၀)မျှ ရှိခဲ့ကြောင်း သိရှိရသည်။
_Ref: Dailymail
7day Daily

0 comments:

Post a Comment