Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Friday, June 27, 2014

ပြည်လမ်းပေါ်က ယာဉ်(၈) စီးဆင့်တိုက်တဲ့အမှု


မူးယစ်ဆေးသုံးစွဲ ထားသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦး မောင်းနှင်လာသောယာဉ်က အခြားယာဉ် ခုနစ်စီးကို ဆင့်တိုက်မှု ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့၌ ဖြစ်ပွား
မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု ယူဆရသည့်
အမျိုးသားတစ်ဦး မောင်းနှင်လာသော လင်ခရူဇာယာဉ်တစ်စီးမှ အခြားယာဉ်ခုနစ်စီးအား ဆင့်တိုက်မှု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန် ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်လာသော လင်ခရူဇာယာဉ်တစ်စီးသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ ဂိတ်ပေါက်(၁) ရှေ့အရောက်တွင် လားရာတူ မောင်းနှင်နေသော မတ်တူးအငှားယာဉ်တစ်စီးအား နောက်မှဝင်တိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဝင်တိုက်မိခဲ့ပြီး လင်ခရူဇာယာဉ်မှ ဆက်လက်မောင်းနှင်လာခဲ့ရာ ဂိတ်ပေါက်(၂)ရှေ့အနီး အရောက်တွင် မီးနီတွင်ရပ်ထားသော မတ်တူးယာဉ်နှစ်စီးအား နောက်မှဝင်တိုက်မိခဲ့ပြီး ဆက်လက်၍ စူပါကာစတန်ယာဉ်အား နောက်မှထပ်မံ တိုက်မိခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်မိခဲ့သည့် အရှိန်ဖြင့် စူပါကာစတန်ယာဉ်မှ ၎င်း၏ရှေ့ရှိ ဟွန်ဒါစီအာဗွီယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း၊ ဟွန်ဒါစီအာဗွီယာဉ်မှ ၎င်း၏ရှေ့ရှိ လိုက်ထရပ်ယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ကြောင်း၊ လိုက်ထရပ်ယာဉ်မှ ၎င်း၏ရှေ့ရှိ အငှားယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။
အဲဒီကားက ကျွန်တော့်ကားကို တိုက်သွားပြီးတော့ အရှိန်ပြင်းပြင်းနဲ့ ထပ်မောင်းသွားတယ်။ ဓာတ်တိုင်တစ်တိုင်စာ လောက်ကျော်မှ မီးပွိုင့်ရပ်နေတဲ့ ကားခြောက်စီးကို ထပ်ပြီးဆင့်တိုက်သွားတာ” ဟု ဦးစွာအတိုက်ခံခဲ့ရသည့် မတ်တူးအငှားယာဉ်၏ ယာဉ်မောင်းဖြစ်သူက ဆိုသည်။
ထို့အပြင် နောက်ဆုံးအတိုက်ခံခဲ့ရသည့် အငှားယာဉ်မောင်းဖြစ်သူ ကိုဝင်းလွင်ဦးကလည်း “နောက်ကားတွေကို အဆင့်ဆင့်တိုက်လာပြီးတော့မှ ကျွန်တော့်ကား ကို ၀င်တိုက်တာပါ။ ကားမောင်းတဲ့သူက မူးယစ်ဆေးသုံးစွဲထားပုံရတယ်။ ကားတွေကို ဆင့်တိုက်ပြီး ကားရပ်သွားတော့ ကားပေါ်ကဆင်းပြီး အနားမှာ လျှောက်ပတ်ပြီးတော့ ကနေတယ်။ နောက်ပြီးတော့ ကြားတာက စမ်းချောင်းမြို့မရဲစခန်း ရှေ့မှာလည်း သောက်ရေအိုးထဲကရေနဲ့ ရေလောင်းချိုးနေ ခဲ့တယ်လို့လည်း သိရတယ်။ ခုသူ့ကို ယာဉ်ထိန်းရဲတွေ ရောက်လာပြီးတော့ ဖမ်းခေါ်သွားတယ်” ဟု ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
“အဲဒီလင်ခရူဇာယာဉ်မောင်းက မူးယစ်ဆေးသုံးစွဲထားတယ်လို့ ယူဆရတယ်။ အသက်က ၃၀ ခန့်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဆေးကြောင်ပြီးတော့ သူ့ရဲ့နာမည်ကိုတောင် ကျွန်တော်တို့ခုချိန်အထိ မေးလို့မရသေးပါဘူး။ သူ့ကိုဖမ်းပြီး စစ်ဆေးနေပါတယ်။ နောက်ပြီး အမျိုးသမီးတစ်ဦး ခေါင်းကွဲသွားတယ်။ သူ့ကိုတော့ ဆေးရုံကားနဲ့ လာခေါ်သွားပါပြီ” ဟု အခင်းဖြစ်ပွားရာသို့ လာရောက်စစ်ဆေးနေသော ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ဇွန် ၂၇ ရက် နံနက် ၁၁ နာရီခွဲ ခန့်က ပြောကြားသည်။
ဖြစ်စဉ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားရှစ်စီးမှာ ပျက်စီးသွားခဲ့ပြီး လင်ခရူဇာယာဉ်မောင်း ဖြစ်သူအား ဖမ်းဆီးကာ အမှုဖွင့်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment