Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Tuesday, June 3, 2014

အဖန်ဖန်အထပ်ထပ် စဉ်းစားသုံးသပ်အပ်တဲ့စာ


၁၉၄၆ စက်တင်ဘာလ ၂၁-ရက် ညနေခင်းမှာ ပြည်လမ်း တစ်လျှောက် အိမ်ကို ပြန်လာတဲ့ ဦးစောရဲ့ ကားကို မြေနီကုန်း အဝိုင်း အကျော်မှာ ဂျစ်ကား တစ်စီးက ကျော်တက်ပြီး သေနတ်နဲ့ ပစ်တယ်။ ကား အနောက်ခန်း ထိုင်ခုံမှာ ထိုင်နေတဲ့ ဦးစောဟာ အမြန်ဝပ်ချလိုက်တယ်။ ဒါပေမယ့် ပြတင်းပေါက်မှန်ကွဲသွားပြီး လွှင့်စင်လာတဲ့ မှန်စ တစ်ချို့ ဦးစောကို ထိမှန်သွားတယ်။ မှန်စ တစ်ချို့ပါ မျက်လုံးထဲ ဝင်သွားတဲ့အတွက် ဦးစောဟာ မျက်လုံးမှာ အကြီးအကျယ် ဒဏ်ရာ ရခဲ့တယ်။ ကံကောင်းလို့ မျက်လုံး မကွယ်ပေမယ့် ပုံမှန်အတိုင်း ပြန်မဖြစ်တော့ဘူး။ အိန္ဒိယကို သွားပြီး ကုသေးတယ်။ ဒါပေမယ့် မျက်ရည်လမ်း ကြောင်းထိခိုက်သွားတဲ့ အတွက် မျက်ရည်တွေ အမြဲတမ်းကျပြီး နာကျင်တဲ့ ဝေဒနာကို ခံစားရတယ်။ အမာရွတ်တွေ ကျန်ခဲ့လို့ ဦးစောရဲ့ ဥပဓိ ပျက်သွားတယ်။ အဲဒါကြောင့် ဦးစောဟာ နေကာ မျက်မှန်လို မျက်မှန်ကို အမြဲလိုလို တပ်တဲ့ အကျင့်ဖြစ်သွားတယ်။ အောင်ဆန်း-အတ်တလီ တုန်းက လန်ဒန်ရောက် ဦးစောပုံကို ကြည့်ရင်သိနိုင်တယ်။   ဦးစော ရန်ကုန်ဆေးရုံကြီးမှာ တတ်ပြီး ကုနေတုန်း ဗိုလ်ချုပ်အောင်ဆန်းက သွားပြီး တွေ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် လက်သည် တရားခံကို မမိတဲ့ အတွက် အရေးယူတာမျိုး မရှိခဲ့ဘူး။ ဂျစ်ကားပေါ် ပါလာတဲ့ လူလေးယောက်ဟာ ပြည်သူ့ရဲဘော် ယူနီဖောင်းတွေ ဝတ်ထားတယ် ဆိုတာကို ဦးစောဟာ သူ့အပစ် မခံရခင်မှာ မြင်လိုက်တယ်။ နောက်ပိုင်းမှာ ရန်ကုန်ဘဆွေက သူပစ်ခဲ့တဲ့ အကြောင်း ထုတ်ပြောခဲ့တယ် လို့ ဆိုတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဦးစောဟာ မျက်လုံးက မျက်ရည်တွေကျပြီး ကိုက်လာတိုင်း ဗိုလ်ချုပ်ကို သတိရနေမှာ သေချာတယ်။   ဒါ့ အပြင် နောက်တစ်ချက်က လွတ်လပ်ရေး မရခင် အုပ်စုတွေ ဖွဲ့ပြီး လက်နက်တွေ စုကြတာပဲ။ ဗြိတိသျှတွေက စစ်ကျန် လက်နက်ခဲယမ်းတွေကို မဖျက်ဆီးပဲ မသိမသာ ကရင် အဖွဲ့တွေကို ပေးလိုက်တာမျိုး ရှိတယ်။ ဦးစောကို ထုတ်ပေးတာလိုမျိုး လက်နက်တိုက်က ခိုးထုတ်ပေးတာ ရှိတယ်။ ဗိုလ်ချုပ် တည်ထောင်ထားတဲ့ ပြည်သူ့ရဲဘော် အဖွဲ့တွေကလည်း စစ်ကျန် ဂျပန် လက်နက်တွေကို ဂျပန်တွေ ဝှက်သွားတဲ့ နေရာတွေကနေ ရှာပြီး စုနေတယ်။ ဦးစောရဲ့ အကြံအစည်ကို ဗိုလ်ချုပ်တို့က ကြိုသိပြီးသား။ ဒါကြောင့် ဦးစောကို တွယ်ဖို့ သခင်မြက စီစဉ်ခဲ့တာလို့ လည်း ဆိုတယ်။   အဲဒါကြောင့် ဦးစော ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ မမုန်းပါဘူး၊ သူတို့ဟာ နိုင်ငံရေး သမားတွေ ဆိုတော့ ကျွန်မ နားလည် ပါတယ်၊ အပြစ်မယူပါဘူး၊ ခွင့်လွှတ်ပါတယ်လို့ ပြောခဲ့တာ အလကား မဟုတ်ဘူး။ ခွင့်မလွှတ်လို့မှ မရတာပဲ။ တပ်ကုန်းက ဟို အဘ ဦးဆုကလည်း ဗိုလ်ချုပ်ကို ခွင့်မလွှတ် ဘူးလို့ မပြောခဲ့ဘူး။ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ် ဆိုတဲ့ သူ့ရဲ့ ကြောင်းကျိုး ယူဆချက်ကိုပဲ ပြောသွားတာ။ အဲဒါကို အပြစ်တင်တယ် ဆိုရင်လည်း တင်တယ်လို့ပဲ အထအန ကောက်ကြတာပေါ့။   ဒီလိုရေးနေတာ နတ်နေကိုင်းကို ချိုင်တာ မဟုတ်၊ ဗိုလ်ချုပ်ကို စော်ကားတာ မဟုတ်။ သူလို လူဟာ ရာဇဝင်မှာ တစ်ယောက်ပဲ ရှိတယ်။ ဗိုလ်ချုပ်ကို အမြဲလေးစားတယ်။  လေးစားတယ် ဆိုတဲ့ နေရာမယ် လူတစ်ယောက်ရဲ့ တကယ့် အရည်အချင်းစစ် အရည်အချင်းမှန် စိတ်နေ သဘောထား စရိုက် လက္ခဏာကို အကြောင်းစုံ သိပြီးတဲ့ အခါမှ ကိုယ်ပိုင် အတွေ့အကြုံ တွေနဲ့ နိုင်းယှဉ်ချိန်ထိုး ကြည့်ပြီးမှ ယုံကြည်လေးစားတာ ပိုကောင်းတယ်။ စစ် လည်း စစ်မှန် တယ်။ ခိုင်လည်း ခိုင်မာတယ်။ ခိုင်လည်း ခိုင်မြဲတယ်။ ဗိုလ်ချုပ် ကိုယ်တိုင်က သူ အမှားတွေ လုပ်ခဲ့ မိတယ်။ ရွေးစရာ လမ်းရှိခဲ့ရင် ဒီလိုလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တယ်။   ဒီလိုရေးလို့ ဗိုလ်ချုပ်ဟာ လူသတ်သမား ဖြစ်မသွားဘူး။ တော်လှန်ရေးလုပ်တယ် ဆိုတာ စစ်တိုက်တမ်း ကစားတာ မဟုတ်။ အသက်နဲ့ ရင်းပြီး လုပ်ရတာ။   သူလုပ်ခဲ့တာ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာ သန့်သန့်နဲ့ လုပ်ခဲ့တာ။ အပေါ်မှာ ပြောခဲ့သလို တိုင်းပြည် လွတ်လပ်ရေး အတွက်၊ အမျိုးသားညီညွတ်ရေး အတွက်ပဲ။ အဲဒီ အတွက်ကြောင့်ပဲ အသက်ပေး သွားရှာတယ်။ အာဇာနည် တစ်ဦး အဖြစ် မြန်မာတို့ရဲ့ နှလုံးသားထဲမှာ နေရာရသွားတယ်။   သူဟာ တန်ခိုးရှင် မဟုတ်ဘူး။ သာမန်လူတစ်ဦးပဲ။ သူများတွေထက် ဉာဏ်နဲနဲပိုကောင်းတယ်။ ဒီလောက်ပဲ ကျန်တဲ့ ဗျတ္တိက သူ့ဖာသာ မွေးယူ လေ့ကျင့်ယူရတာ။ သာမန် လူတစ်ဦးကနေ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ တိုင်းပြည်နဲ့ လူမျိုး အတွက် အပြည့်အဝ အသုံးချသွားတယ်။ အဲဒါတွေကြောင့် သူ့ကို လေးစားတယ်။ အထင်ကြီးတယ်။ မြတ်နိုးတယ်။   သခင်ကိုယ်တော်မှိုင်းက အောင်ဆန်း မင်းပင့်လာတဲ့ ဘုရားတွေ မင်းပြန်ပင့်သွားဆိုတာ ဆရာကြီးက ဗိုလ်ချုပ်ကို သမိုင်းတရားခံ မဖြစ်အောင် သတိပေးတဲ့ သဘောပဲ လို့ ကောက်ချက် ချ နိုင်တယ်။ ဒါကို ဗိုလ်ချုပ်က ကျွန်တော် မပင့်လည်း သူတို့ဖာသာ လာမှာပဲလို့ ပြောခဲ့တယ် လို့ ဆိုကြတယ်။ ဗိုလ်ချုပ်ကိုယ်တိုင် အဲဒီလို ပြောခဲ့တာ တကယ် ဟုတ်မဟုတ် ဆိုတာတော့ မသိဘူး။ အဲဒီ စကားဟာ ဘယ်လို အဓိပ္ပာယ် ထွက်လည်း ဆိုတော့ ရွှာထဲဝင်တိုက်မယ့် ဓားပြတွေကို ကိုယ်က ဦးဆောင်ပြီး ခေါ်လာသလို အဓိပ္ပာယ် ထွက် နေတယ်။ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုးက ဒီလို ပြောမယ် မထင်ဘူး။ ဗြိတိသျှကို တိုက်ဖို့ ရဲဘော်သုံးကျိပ် ဖြစ်လာအောင် စီစဉ်ခဲ့တဲ့ အထဲမှာ ဂျပန်အကူအညီကို ယူဖို့ ဆုံးဖြတ်ကြတဲ့ အထဲမှာ တို့ဗမာ နာယက ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း ပါတယ်။ အဲဒီတော့ ဒီစကားတွေ ဟာ မှန်ကန်မှုရှိရဲ့လား ဆိုတာ အမေပေးတဲ့ ဥနောက်နဲ့ စဉ်းစား သင့်တယ်။  အခုဖြစ်နေတာက ဗိုလ်ချုပ်ကို လောဘ ဒေါသ မောဟ ကင်းစင်နေသူ တစ်ဦးလိုလို ရေးထားတဲ့ စာတွေ ကိုပဲ သီးသန့် ဖော်ပြ ပြီး သူတော်စင်ကြီး တစ်ဦးလို ပုံဖော်ကြတယ်။ လမ်းဘေးက အရက်သမား ကလည်း ဗိုလ်ချုပ်က ဘယ်လို ဗိုလ်ချုပ်က ဘယ်ဝှါနဲ့ အာချောင်တယ်။ ဒီလို မဖြစ်စေချင်ဘူး။   အမေရိကန်မှာလည်း သူရဲကောင်းတွေ အများကြီးပဲ။ ဂျက်ဖာဆန်တို့ ဝါရှင်တန်တို့ လင်ကွန်တို့ ယူလစ်စီ ဂရန့်တို့ စသဖြင့် တန်းစီနေတာပဲ။ အမေရိကန် မြို့တော်ရဲ့ အမည်ကို ဝါရှင်တန်လို့ ပေးထားတယ်။ လင်ကွန်ရုပ်ထု အကြီးကြီး ရှိတယ်။ ဂျက်ဖာဆန် လမ်းမကြီး ဆိုတာ ရှိတယ်။ ယူလစ်စီ ဂရန့်ရဲ့ ရုပ်ထုကြီးတွေ ရှိတယ်။ ဒီလို အထိမ်းအမှတ်မျိုးတွေ မြို့တိုင်းလိုလို မှာ ရှိတယ်။ ဒီလို ဂုဏ်ပြုထားပေမယ့် သမိုင်းစာအုပ်တွေမှာ ကျောင်းသုံး စာအုပ် တွေမှာ သူတို့တွေကို လူသားတွေ အဖြစ်ပဲ ပုံဖော်ထားတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ အမှားတွေ၊ အမှန်တွေကို နောင်လာ နောက်သား နမူနာယူ အတုယူ သင်ခန်းစာ ယူနိုင်အောင် မှန်မှန်ကန်ကန် ဖော်ထုတ် ရေးသားခဲ့ကြတယ်။ နိုင်ငံရေး သူရဲကောင်း မျှော်တဲ့ ယဉ်ကျေးမှုမျိုး မရှိတဲ့ အတွက် နိုင်ငံရေး သူရဲကောင်းမျှော်ဝါဒ ဟာ အမေရိကန်မှာ မထွန်းကား ဘူး။ ဝါရှင်တန်ရဲ့ လင်ကွန်ရဲ့ သားမို့လို သမ္မတခန့်တာမျိုး မရှိခဲ့ဘူး။ မိသားစု အရှိန်အဝါ၊ မိဘ အရှိန်အဝါနဲ့ အောင်မြင်သူတွေ မရှိဘူးတော့ မဟုတ်ဘူး။ ဂျော့ဘွတ်ရှ် လို သမ္မတမျိုးလည်း ရှိတယ်။ ဒါပေမယ့် ရှားတယ်။ ဘီကလင်တန်တို့ အိုဘားမားတို့လို့ ခေါင်းဆောင်မျိုး က များတယ်။   အဲဒီတော့ ဆူပါဟီးရိုးကြိုက်တဲ့ အမေရိကန်မှာ နိုင်ငံရေး ဆူပါဟီးရိုး မရှိဘူး။ စဉ်းစားပါ။  တစ်ချို့လူတွေကလည်း ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ဘယ်သူပဲ ဖြစ်ဖြစ် အားပေးတယ်လို့ ဆိုကြတယ်။ အခုဟာက တကယ် စေတနာ ရှိတဲ့၊ အရည်အချင်းရှိတဲ့ လူတော်တွေ ရှိတယ်။ ကျုပ်လို ပါမွှားကို ပြောတာ မဟုတ်ဘူး။ အမေရိကန် အင်္ဂလန် က အထင်ကရ တက္ကသိုလ်တွေမှာ ပါရဂူဘွဲ့တွေ ရထားတဲ့ လူတော်တွေ ရှိတယ်။ မောင်ဇာနည်တို့လို အာပလာ လူချော်တွေ မဟုတ်ဘူး။ ဒီလူတွေ တော်တယ် ဆိုတာ အလကား ပြောတာ မဟုတ်ဘူး။ မြန်မာဆိုတော့ ကိုယ်လည်း မြန်မာ အချင်းချင်းကို အထင်မကြီးချင်ဘူး။ အဲဒီတော့ Peer Review တွေ ရှာပြီး လေ့လာ ကြည့်ပြီးမှ တော်တယ်လို့ ပြောတာ။ အဲဒီလို လူတော်တွေကို ဘာလို့ နေရာ မပေးတာလည်း။ အမေစု နောက်ကွယ်က မျက်နှာမပြဝံ့တဲ့ အောက်လမ်း နိုင်ငံရေးသမားတွေ ကြောင့်ပဲ။ လူတော်တွေ မပါပဲ နိုင်ငံကို တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီ ငါးစာပြပြီး သူတို့အကြံအစည်တွေ အထမြောက်အောင် လုပ်နေတဲ့ သူတွေကိုလည်း သတိမူရမယ်။  ဒီမိုကရေစီမှာလည်း လက်ဝဲ ဗဟို လက်ယာ ရွေးစရာ လမ်းရှိရမယ်။ ဒီမိုကရေစီ ဆိုရင် သူတို့ တစ်ဖွဲ့ပဲ ရှိတယ်။ သူတို့ကိုပွဲ ထောက်ခံရမယ်။ အားပေးရမယ်။ ရွေးချယ်ရမယ်။ သူတို့က လွဲပြီး ကျန်တာတွေ အားလုံးဟာ စစ်အာဏာရှင် အောက်ဆွဲတွေ၊ ဖွတ်တွေ ချည်းပဲ ဆိုတာမျိုး ပြောနေ လုပ်နေတာတွေဟာ နည်းလမ်း မကျဘူး။ ဒီမိုကရေစီ မဟုတ်သေးဘူး။ သူငယ်နာ မစင်သေးဘူး။
၁၉၄၆ စက်တင်ဘာလ ၂၁-ရက် ညနေခင်းမှာ ပြည်လမ်း တစ်လျှောက် အိမ်ကို ပြန်လာတဲ့ ဦးစောရဲ့ ကားကို မြေနီကုန်း အဝိုင်း အကျော်မှာ ဂျစ်ကား တစ်စီးက ကျော်တက်ပြီး သေနတ်နဲ့ ပစ်တယ်။ ကား အနောက်ခန်း ထိုင်ခုံမှာ ထိုင်နေတဲ့ ဦးစောဟာ အမြန်ဝပ်ချလိုက်တယ်။
ဒါပေမယ့် ပြတင်းပေါက်မှန်ကွဲသွားပြီး လွှင့်စင်လာတဲ့ မှန်စ တစ်ချို့ ဦးစောကို ထိမှန်သွားတယ်။ မှန်စ တစ်ချို့ပါ မျက်လုံးထဲ ဝင်သွားတဲ့အတွက် ဦးစောဟာ မျက်လုံးမှာ အကြီးအကျယ် ဒဏ်ရာ ရခဲ့တယ်။ ကံကောင်းလို့ မျက်လုံး မကွယ်ပေမယ့် ပုံမှန်အတိုင်း ပြန်မဖြစ်တော့ဘူး။ အိန္ဒိယကို သွားပြီး ကုသေးတယ်။ ဒါပေမယ့် မျက်ရည်လမ်း ကြောင်းထိခိုက်သွားတဲ့ အတွက် မျက်ရည်တွေ အမြဲတမ်းကျပြီး နာကျင်တဲ့ ဝေဒနာကို ခံစားရတယ်။ အမာရွတ်တွေ ကျန်ခဲ့လို့ ဦးစောရဲ့ ဥပဓိ ပျက်သွားတယ်။ အဲဒါကြောင့် ဦးစောဟာ နေကာ မျက်မှန်လို မျက်မှန်ကို အမြဲလိုလို တပ်တဲ့ အကျင့်ဖြစ်သွားတယ်။ အောင်ဆန်း-အတ်တလီ တုန်းက လန်ဒန်ရောက် ဦးစောပုံကို ကြည့်ရင်သိနိုင်တယ်။
ဦးစော ရန်ကုန်ဆေးရုံကြီးမှာ တတ်ပြီး ကုနေတုန်း ဗိုလ်ချုပ်အောင်ဆန်းက သွားပြီး တွေ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် လက်သည် တရားခံကို မမိတဲ့ အတွက် အရေးယူတာမျိုး မရှိခဲ့ဘူး။ ဂျစ်ကားပေါ် ပါလာတဲ့ လူလေးယောက်ဟာ ပြည်သူ့ရဲဘော် ယူနီဖောင်းတွေ ဝတ်ထားတယ် ဆိုတာကို ဦးစောဟာ သူ့အပစ် မခံရခင်မှာ မြင်လိုက်တယ်။ နောက်ပိုင်းမှာ ရန်ကုန်ဘဆွေက သူပစ်ခဲ့တဲ့ အကြောင်း ထုတ်ပြောခဲ့တယ် လို့ ဆိုတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဦးစောဟာ မျက်လုံးက မျက်ရည်တွေကျပြီး ကိုက်လာတိုင်း ဗိုလ်ချုပ်ကို သတိရနေမှာ သေချာတယ်။
ဒါ့ အပြင် နောက်တစ်ချက်က လွတ်လပ်ရေး မရခင် အုပ်စုတွေ ဖွဲ့ပြီး လက်နက်တွေ စုကြတာပဲ။ ဗြိတိသျှတွေက စစ်ကျန် လက်နက်ခဲယမ်းတွေကို မဖျက်ဆီးပဲ မသိမသာ ကရင် အဖွဲ့တွေကို ပေးလိုက်တာမျိုး ရှိတယ်။ ဦးစောကို ထုတ်ပေးတာလိုမျိုး လက်နက်တိုက်က ခိုးထုတ်ပေးတာ ရှိတယ်။ ဗိုလ်ချုပ် တည်ထောင်ထားတဲ့ ပြည်သူ့ရဲဘော် အဖွဲ့တွေကလည်း စစ်ကျန် ဂျပန် လက်နက်တွေကို ဂျပန်တွေ ဝှက်သွားတဲ့ နေရာတွေကနေ ရှာပြီး စုနေတယ်။ ဦးစောရဲ့ အကြံအစည်ကို ဗိုလ်ချုပ်တို့က ကြိုသိပြီးသား။ ဒါကြောင့် ဦးစောကို တွယ်ဖို့ သခင်မြက စီစဉ်ခဲ့တာလို့ လည်း ဆိုတယ်။
အဲဒါကြောင့် ဦးစော ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ မမုန်းပါဘူး၊ သူတို့ဟာ နိုင်ငံရေး သမားတွေ ဆိုတော့ ကျွန်မ နားလည် ပါတယ်၊ အပြစ်မယူပါဘူး၊ ခွင့်လွှတ်ပါတယ်လို့ ပြောခဲ့တာ အလကား မဟုတ်ဘူး။ ခွင့်မလွှတ်လို့မှ မရတာပဲ။ တပ်ကုန်းက ဟို အဘ ဦးဆုကလည်း ဗိုလ်ချုပ်ကို ခွင့်မလွှတ် ဘူးလို့ မပြောခဲ့ဘူး။ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ် ဆိုတဲ့ သူ့ရဲ့ ကြောင်းကျိုး ယူဆချက်ကိုပဲ ပြောသွားတာ။ အဲဒါကို အပြစ်တင်တယ် ဆိုရင်လည်း တင်တယ်လို့ပဲ အထအန ကောက်ကြတာပေါ့။
ဒီလိုရေးနေတာ နတ်နေကိုင်းကို ချိုင်တာ မဟုတ်၊ ဗိုလ်ချုပ်ကို စော်ကားတာ မဟုတ်။ သူလို လူဟာ ရာဇဝင်မှာ တစ်ယောက်ပဲ ရှိတယ်။ ဗိုလ်ချုပ်ကို အမြဲလေးစားတယ်။
လေးစားတယ် ဆိုတဲ့ နေရာမယ် လူတစ်ယောက်ရဲ့ တကယ့် အရည်အချင်းစစ် အရည်အချင်းမှန် စိတ်နေ သဘောထား စရိုက် လက္ခဏာကို အကြောင်းစုံ သိပြီးတဲ့ အခါမှ ကိုယ်ပိုင် အတွေ့အကြုံ တွေနဲ့ နိုင်းယှဉ်ချိန်ထိုး ကြည့်ပြီးမှ ယုံကြည်လေးစားတာ ပိုကောင်းတယ်။ စစ် လည်း စစ်မှန် တယ်။ ခိုင်လည်း ခိုင်မာတယ်။ ခိုင်လည်း ခိုင်မြဲတယ်။ ဗိုလ်ချုပ် ကိုယ်တိုင်က သူ အမှားတွေ လုပ်ခဲ့ မိတယ်။ ရွေးစရာ လမ်းရှိခဲ့ရင် ဒီလိုလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တယ်။
ဒီလိုရေးလို့ ဗိုလ်ချုပ်ဟာ လူသတ်သမား ဖြစ်မသွားဘူး။ တော်လှန်ရေးလုပ်တယ် ဆိုတာ စစ်တိုက်တမ်း ကစားတာ မဟုတ်။ အသက်နဲ့ ရင်းပြီး လုပ်ရတာ။
သူလုပ်ခဲ့တာ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာ သန့်သန့်နဲ့ လုပ်ခဲ့တာ။ အပေါ်မှာ ပြောခဲ့သလို တိုင်းပြည် လွတ်လပ်ရေး အတွက်၊ အမျိုးသားညီညွတ်ရေး အတွက်ပဲ။ အဲဒီ အတွက်ကြောင့်ပဲ အသက်ပေး သွားရှာတယ်။ အာဇာနည် တစ်ဦး အဖြစ် မြန်မာတို့ရဲ့ နှလုံးသားထဲမှာ နေရာရသွားတယ်။
သူဟာ တန်ခိုးရှင် မဟုတ်ဘူး။ သာမန်လူတစ်ဦးပဲ။ သူများတွေထက် ဉာဏ်နဲနဲပိုကောင်းတယ်။ ဒီလောက်ပဲ ကျန်တဲ့ ဗျတ္တိက သူ့ဖာသာ မွေးယူ လေ့ကျင့်ယူရတာ။ သာမန် လူတစ်ဦးကနေ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ တိုင်းပြည်နဲ့ လူမျိုး အတွက် အပြည့်အဝ အသုံးချသွားတယ်။ အဲဒါတွေကြောင့် သူ့ကို လေးစားတယ်။ အထင်ကြီးတယ်။ မြတ်နိုးတယ်။
သခင်ကိုယ်တော်မှိုင်းက အောင်ဆန်း မင်းပင့်လာတဲ့ ဘုရားတွေ မင်းပြန်ပင့်သွားဆိုတာ ဆရာကြီးက ဗိုလ်ချုပ်ကို သမိုင်းတရားခံ မဖြစ်အောင် သတိပေးတဲ့ သဘောပဲ လို့ ကောက်ချက် ချ နိုင်တယ်။ ဒါကို ဗိုလ်ချုပ်က ကျွန်တော် မပင့်လည်း သူတို့ဖာသာ လာမှာပဲလို့ ပြောခဲ့တယ် လို့ ဆိုကြတယ်။ ဗိုလ်ချုပ်ကိုယ်တိုင် အဲဒီလို ပြောခဲ့တာ တကယ် ဟုတ်မဟုတ် ဆိုတာတော့ မသိဘူး။ အဲဒီ စကားဟာ ဘယ်လို အဓိပ္ပာယ် ထွက်လည်း ဆိုတော့ ရွှာထဲဝင်တိုက်မယ့် ဓားပြတွေကို ကိုယ်က ဦးဆောင်ပြီး ခေါ်လာသလို အဓိပ္ပာယ် ထွက် နေတယ်။ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုးက ဒီလို ပြောမယ် မထင်ဘူး။ ဗြိတိသျှကို တိုက်ဖို့ ရဲဘော်သုံးကျိပ် ဖြစ်လာအောင် စီစဉ်ခဲ့တဲ့ အထဲမှာ ဂျပန်အကူအညီကို ယူဖို့ ဆုံးဖြတ်ကြတဲ့ အထဲမှာ တို့ဗမာ နာယက ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း ပါတယ်။ အဲဒီတော့ ဒီစကားတွေ ဟာ မှန်ကန်မှုရှိရဲ့လား ဆိုတာ အမေပေးတဲ့ ဥနောက်နဲ့ စဉ်းစား သင့်တယ်။
အခုဖြစ်နေတာက ဗိုလ်ချုပ်ကို လောဘ ဒေါသ မောဟ ကင်းစင်နေသူ တစ်ဦးလိုလို ရေးထားတဲ့ စာတွေ ကိုပဲ သီးသန့် ဖော်ပြ ပြီး သူတော်စင်ကြီး တစ်ဦးလို ပုံဖော်ကြတယ်။ လမ်းဘေးက အရက်သမား ကလည်း ဗိုလ်ချုပ်က ဘယ်လို ဗိုလ်ချုပ်က ဘယ်ဝှါနဲ့ အာချောင်တယ်။ ဒီလို မဖြစ်စေချင်ဘူး။
အမေရိကန်မှာလည်း သူရဲကောင်းတွေ အများကြီးပဲ။ ဂျက်ဖာဆန်တို့ ဝါရှင်တန်တို့ လင်ကွန်တို့ ယူလစ်စီ ဂရန့်တို့ စသဖြင့် တန်းစီနေတာပဲ။ အမေရိကန် မြို့တော်ရဲ့ အမည်ကို ဝါရှင်တန်လို့ ပေးထားတယ်။ လင်ကွန်ရုပ်ထု အကြီးကြီး ရှိတယ်။ ဂျက်ဖာဆန် လမ်းမကြီး ဆိုတာ ရှိတယ်။ ယူလစ်စီ ဂရန့်ရဲ့ ရုပ်ထုကြီးတွေ ရှိတယ်။ ဒီလို အထိမ်းအမှတ်မျိုးတွေ မြို့တိုင်းလိုလို မှာ ရှိတယ်။ ဒီလို ဂုဏ်ပြုထားပေမယ့် သမိုင်းစာအုပ်တွေမှာ ကျောင်းသုံး စာအုပ် တွေမှာ သူတို့တွေကို လူသားတွေ အဖြစ်ပဲ ပုံဖော်ထားတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ အမှားတွေ၊ အမှန်တွေကို နောင်လာ နောက်သား နမူနာယူ အတုယူ သင်ခန်းစာ ယူနိုင်အောင် မှန်မှန်ကန်ကန် ဖော်ထုတ် ရေးသားခဲ့ကြတယ်။ နိုင်ငံရေး သူရဲကောင်း မျှော်တဲ့ ယဉ်ကျေးမှုမျိုး မရှိတဲ့ အတွက် နိုင်ငံရေး သူရဲကောင်းမျှော်ဝါဒ ဟာ အမေရိကန်မှာ မထွန်းကား ဘူး။ ဝါရှင်တန်ရဲ့ လင်ကွန်ရဲ့ သားမို့လို သမ္မတခန့်တာမျိုး မရှိခဲ့ဘူး။ မိသားစု အရှိန်အဝါ၊ မိဘ အရှိန်အဝါနဲ့ အောင်မြင်သူတွေ မရှိဘူးတော့ မဟုတ်ဘူး။ ဂျော့ဘွတ်ရှ် လို သမ္မတမျိုးလည်း ရှိတယ်။ ဒါပေမယ့် ရှားတယ်။ ဘီကလင်တန်တို့ အိုဘားမားတို့လို့ ခေါင်းဆောင်မျိုး က များတယ်။
အဲဒီတော့ ဆူပါဟီးရိုးကြိုက်တဲ့ အမေရိကန်မှာ နိုင်ငံရေး ဆူပါဟီးရိုး မရှိဘူး။ စဉ်းစားပါ။
တစ်ချို့လူတွေကလည်း ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ဘယ်သူပဲ ဖြစ်ဖြစ် အားပေးတယ်လို့ ဆိုကြတယ်။ အခုဟာက တကယ် စေတနာ ရှိတဲ့၊ အရည်အချင်းရှိတဲ့ လူတော်တွေ ရှိတယ်။ ကျုပ်လို ပါမွှားကို ပြောတာ မဟုတ်ဘူး။ အမေရိကန် အင်္ဂလန် က အထင်ကရ တက္ကသိုလ်တွေမှာ ပါရဂူဘွဲ့တွေ ရထားတဲ့ လူတော်တွေ ရှိတယ်။ မောင်ဇာနည်တို့လို အာပလာ လူချော်တွေ မဟုတ်ဘူး။ ဒီလူတွေ တော်တယ် ဆိုတာ အလကား ပြောတာ မဟုတ်ဘူး။ မြန်မာဆိုတော့ ကိုယ်လည်း မြန်မာ အချင်းချင်းကို အထင်မကြီးချင်ဘူး။ အဲဒီတော့ Peer Review တွေ ရှာပြီး လေ့လာ ကြည့်ပြီးမှ တော်တယ်လို့ ပြောတာ။ အဲဒီလို လူတော်တွေကို ဘာလို့ နေရာ မပေးတာလည်း။ အမေစု နောက်ကွယ်က မျက်နှာမပြဝံ့တဲ့ အောက်လမ်း နိုင်ငံရေးသမားတွေ ကြောင့်ပဲ။ လူတော်တွေ မပါပဲ နိုင်ငံကို တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီ ငါးစာပြပြီး သူတို့အကြံအစည်တွေ အထမြောက်အောင် လုပ်နေတဲ့ သူတွေကိုလည်း သတိမူရမယ်။
ဒီမိုကရေစီမှာလည်း လက်ဝဲ ဗဟို လက်ယာ ရွေးစရာ လမ်းရှိရမယ်။ ဒီမိုကရေစီ ဆိုရင် သူတို့ တစ်ဖွဲ့ပဲ ရှိတယ်။ သူတို့ကိုပွဲ ထောက်ခံရမယ်။ အားပေးရမယ်။ ရွေးချယ်ရမယ်။ သူတို့က လွဲပြီး ကျန်တာတွေ အားလုံးဟာ စစ်အာဏာရှင် အောက်ဆွဲတွေ၊ ဖွတ်တွေ ချည်းပဲ ဆိုတာမျိုး ပြောနေ လုပ်နေတာတွေဟာ နည်းလမ်း မကျဘူး။ ဒီမိုကရေစီ မဟုတ်သေးဘူး။ သူငယ်နာ မစင်သေးဘူး။

0 comments:

Post a Comment