Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Friday, June 6, 2014

လက်ချင်း ချိတ်တဲ့ မြန်မာပြည်က စစ်သားကြီးများ

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုက ကက်စထရိုလမ်းဆိုတာမှာ ဒီလို ယောက်ျားချင်း လက်ချင်း တွဲတာချိတ်တာ မြင်ကြရမယ်။ ဒါဟာ အဲဒီမှာတော့ မဆန်းဘူး။

 အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊ ကက်စထရိုလမ်းက မြင်ကွင်းတခု၊ ဓာတ်ပုံ- David Paul Morris/Bloomberg)

ဒါပေမယ့် ထိုင်းနိုင်ငံမှာ ယောက်ျားချင်း လက်ချင်းတွဲ သွားတာကို အထူးအဆန်းကြည့်ကြတယ်။ ဒီပြင် အနောက်နိုင်ငံတွေမှာ လည်း ယောက်ျားချင်း လက်ချင်းတွဲကြတာကို အလားတူ အမြင်တမျိုးနဲ့ ကြည့် တတ်ကြတယ်။ 

ကြည့်ပုံကလည်း ရင် ခုန်စရာကြီး။ ကြက်သီးထဖို့ ကောင်းတယ်။ 

ဒါမျိုးတွေက မြန်မာနိုင်ငံမှာလည်း ရှိနေတော့ ဒီလိုပဲ ကြည့်ကြလေမလား။

 ပြောရရင် သွပ်ပြားနဲ့ ဇွတ်တွား ဇာတ်လမ်းမျိုးပေါ့။ 

အဟင့် … တချို့ကလည်း ဒီလို ယောက်ျားချင်း လက်တွဲရတာကို မရှက်မကြောက်ဖို့ အားပေးစကားသံတွေ နဲ့ ကင်ပိန်း တွေရှိနေတော့ ကာယကံရှင်တွေခများ ခွန်အားတွေရှိပြီး ယောက်ျားချင်း လက်ချင်းတွဲပြကြ တာနေ မှာပေါ့။ 

အဲဒီလို ယောက်ျားချင်း လက်တွဲတဲ့ မြန်မာနိုင်ငံက ဓာတ်ပုံတချို့သွားတွေ့တော့ ဒီလိုမျိုး အမြင်တမျိုးနဲ့များ ကြည့်ကြ မ လားလို့တွေးမိတယ်။ 

ဒါဟာ အချစ်လို့ ပြောရင် အချစ်မှာ လိင်ခွဲခြားမထားဘူးဆိုတာပါပဲလေ။ 

သွပ်ပြားမှာလည်း အချစ် ရှိတာပဲကိုး။ 

အင်း…. ကြည့်ကြမှာပါပဲလေ။ ကြည့်ကြပေါ့၊ တမျိုး မြင်ကြမှာပဲလေ။ မြင်ကြပေါ့။ 

သွပ်ပြားတို့ ချစ်ခြင်း လာမခွဲနဲ့၊ သွပ်ပြားတို့က ချစ်မှာပဲ။ ဘယ်သူ ဘာမြင်မြင် သွပ်ပြားတို့က ရင်ဘတ်ကြီးနဲ့ ချစ်မှာပဲ.. ချစ်မှာပဲ။ ။။။ 

အခုလို အနှီခေတ်ကြီးမှာ ဒါမျိုးတွေလည်း မသိမသာ အပုန်းတွေဘ၀ကနေ သိသိသာသာ အပွင့်တွေ ဘ၀ ရောက် လာနေကြတာ မဆန်းပါဘူး။

မြန်မာပြည်မှာတော့ ဒီလို ယောက်ျားချင်း လက်တွဲတာကို လူသိရှင်ကြား စတင်လုပ်ဆောင်ခဲ့သူကတော့ တချိန်က ၀န်ကြီးချုပ်၊ စစ် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ပါဘဲ။ 



သူရဲ့လက်တွဲဖော်ကတော့ UWSA “၀” ခေါင်းဆောင် ပေါက်ယုကျိုင်းပါဘဲ။ အဲဒီဓာတ်ပုံကြီးတွေ အခုထိ အထင်အရှား ရှိနေတုန်း။ အင်း အဲဒီတုန်းကနေ သွပ်ပြားတို့ဇာတ်လမ်း စလိုက်ပါရော။ 

အဲ ဒီနောက်ပိုင်း အခု မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အလားတူ ယောက်ျားချင်း လက်တွဲပြလိုက်တယ်။ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ပေါ့။ 


 ဒီဓာတ်ပုံတွေကြည့်ပြီး ရင်မောရ။ ကက်စထရိုလမ်းကလို့ ထင်မှာစိုးတာပေါ့။ အင်း မဖြစ်ပါစေနဲ့ ဆုတောင်းရုံ က လွဲပြီး ဘာတတ်နိုင်မှာလည်း။ အရာ တိုင်းဟာ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲမို့လား။ 

တဖက်ကကြည့်ရင် အခု ဓာတ်ပုံတွေက သေနတ်ကြီးတွေနဲ့ တဖက်နဲ့တဖက် စစ်တွေခင်း၊ ယောက်ျားကြီး လုံးလုံး စစ်သားကြီးတွေမို့ အထက်ကလိုများ တွေးမိကြရင် အခက်သား။ 

အခု ဓာတ်ပုံတွေထဲကလို တချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း ယောက်ျားချင်း လက်တွဲပြီး ငြိမ်းချမ်းရေး လုပ်ခဲ့တာ ပဲ။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နှစ်ပေါင်း ၆၀ ကျော် သူတပြန် ငါတပြန် တိုက်ခဲ့ကြတဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ယောက်ျားချင်း လက်ချင်းတွဲပြီး ငြိမ်းချမ်းရေး ရဖို့ လုပ်ကြတာပဲ။ 

ဒီ ၂ ခုကလည်း တူနေလေတော့ ဒီဇာတ်လမ်းအရ သွပ်ပြားတို့က ငြိမ်းချမ်းရေးကို ဇွတ်တွားမှာပဲ ထင်ပါရဲ့။


မြန်မာ့ကြက်သွန်နီ ~

0 comments:

Post a Comment