Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Thursday, June 19, 2014

နိုင်ငံရေးအကျဉ်းသား မရှိသလောက် ဖြစ်နေပြီဟု သမ္မတဦးသိန်းစိန်ပြော



နိုင်ငံရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားများအား ပြန်လည်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံရေး အကျဉ်းသား မရှိသလောက်ဖြစ်နေပြီဟု  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။ ဇွန် ၇ ရက်က ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနား၌ ယခုကဲ့သို့ ပြည်သူများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဦးသိန်းစိန်က “ဒီကနေ့ ပြောကြမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသလောက်ပါပဲ။ ဒါတွေကို လက်ကျန်တွေ ရှိသေးတယ် ရှိသေးတယ်ဆိုပြီး စွပ်စွဲနေတဲ့ အတွက်ကြောင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတော့မှ စိစစ်ထားပြီးပါပြီ” ဟု ပြောသည်။ သမ္မတက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ မရှိသလောက်ဟု ဆိုသော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညိုထွန်းက လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၃၀ ဝန်းကျင် ကျန်ရှိနေသေးကြောင်း ဖလားဝါးနယူးစ်သို့ ပြောသည်။

ဦးညိုထွန်းက “သမ္မတကြီးပြောတဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာကတော့ မှားတယ်။ တစ်ခုရှိတာက တချို့က လူသတ်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းသားတွေ ရှိသေးတယ်။ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းထောင်ထဲမှာ ရှိနေတာ ၃၀ ဝန်းကျင်လောက် ရှိတယ်” ဟု ပြောသည်။ အစိုးရသစ်လက်ထက်တွင် နှစ်ပေါင်း ၂၀ ကျော်က အကြောင်းအမျိုမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်း ထားသူများကို နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားအားလုံး ပါဝင်နိုင်ရန်အတွက် ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များ အကြိမ်ကြိမ် ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။ ယင်းက “တိုင်းပြည်အေးချမ်းမှု ရှိရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ထဲတွင် ပါဝင်သင့်သည့် နိုင်ငံသားအားလုံး ပါဝင်အောင် လုပ်ပေးရမည်ဖြစ်ခြင်းကြောင့် နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းများ ခေါင်းထဲဝင်လာခဲ့ကြောင်း နိုင်ငံရေးအရ ငြိမ်းချမ်းမှုရှိအောင် အဟန့်အတား ဖြစ်နေသည့် ပါတီများအား ဟန့်တားမှုများ ပြေပျောက်အောင် လုပ်ဆောင်ပေးခဲ့တယ်” ဟု အဆိုပါ အခမ်းအနားတွင် ပြောသည်။

0 comments:

Post a Comment