Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Thursday, June 5, 2014

ရန်ကုန်မှာ အသွားအလာ လမ်းမသာခြင်း

 ‘‘အချိန်သည် ငွေ’’ ဟူသော အင်္ဂလိပ်စကားတစ်ခုရှိသည်။ သို့သော် မြန်မာနိုင်ငံတွင် အချိန် နှင့်တွက်ပြီး လုပ်အားခငွေရှင်း သည့် စနစ်တစ်ခုပေါ်လာလျှင် ရန်ကုန်က လုပ်သားပြည်သူများ အနေဖြင့် အဆိုပါ အခွင့်အရေး ကို လက်လွှတ်ရဖွယ်ရှိသည်။ ဘာကြောင့်လဲ။ အဖိုးတန်သည့် အချိန်တွေက ယနေ့ရန်ကုန်မြို့တွင် သွားရင်းလာရင်း လေ့လွင့်ကုန်ဆုံးနေရသောကြောင့် ဖြစ်ပါသည်။

သင်သည် ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးဆိုလျှင်  သင့် လက်ပတ်နာရီကို  ဘတ်စ်ကားစီး ရင်း မကြာခဏ  ကြည့်ထားပါ။ ပြီးလျှင်  သင်တက်စီးလာသည့် မှတ်တိုင်နှင့် သင်သွားမည့် နေရာ ကြား အကွာအဝေးနှင့် ဘတ်စ် ကားပေါ်မှ ကြာမြင့်ချိန်ကို တွက်ပါ။သင်သည် အချိန်ကို လေးစားသူတစ်ဦးဆိုလျှင် လိုသည်ထက် ပိုကြာသောကြောင့် ဒေါသထွက်ရမည်။ သို့မဟုတ် တစ်စုံတစ်ဦးနှင့် အချိန်အတိအကျ ချိန်းထားသည်ဆိုပါက လူမှုဆက်ဆံရေးတွင် မျက်နှာပျက်ရလိမ့်မည်။

ဟိုတုန်းက ဘတ်စ်ကားတွေ လူကျပ်သည့်ကိစ္စက ကျွန်တော် တို့အတွက် စိတ်ညစ်စရာ ဖြစ်ခဲ့ ရသည်။ ယခုမူ ဘတ်စ်ကားပေါ် မှာလည်း လူကျပ်ရုံတင်မက လမ်းပေါ်မှာ ကားတွေ ကျပ်ပိတ်နေ သောအခါ မွန်းအိုက်ပိတ်လှောင် သည့် ဘတ်စ်ကားငရဲခန်းကို အ ချိန်နှစ်ဆ တိုး၍ခံစားနေရတော့ သည်။ သို့သော် နေ့စဉ်အိမ်မှထွက် ၍ အလုပ်ခွင်ဝင်ရသူများအတွက် အခြားရွေးချယ်စရာ မရှိတော့ပါ။ မိမိကိုယ်မိမိသာ ရှိနေသည့် အခြေအနေနှင့် လိုက်လျောညီထွေ ကျင့်ကြံဖို့ပဲ ရှိသည်။

နံနက် ၉ နာရီတွင် အလုပ် ခွင်  ၀င်ရမည့်သူတစ်ဦးအနေဖြင့် ယခင်က နံနက် ၈ နာရီမှ အိမ်က ထွက်သည်ဆိုပါစို့။ ယခုအလုပ် နေရာကို ရောက်ဖို့အတွက် နံနက် ၇ နာရီတွင် မှတ်တိုင်ထွက်ပြီး ဘတ်စ်ကားစီးရသည်။ ထိုသို့ စီး နိုင်ဖို့အတွက် ရှေ့တွင် တစ်နာရီစီ စောပြီး အိပ်ရာထရသည်။ ထမင်းချိုင့်အတွက် ပြင်ဆင်ရသည်။  အ၀တ်အစားလဲပြီး နံနက်စာ စားရသည်။

ထိုအချိန်များကလည်း အ လုပ်နှင့် မိမိနေထိုင်သည့် မြို့နယ်၊ ရပ်ကွက်နီးလျှင် နီးသလို၊ ဝေး လျှင် ဝေးသလို ကွာခြားသည်။ ရန်ကုန်မြို့လယ်ကောင်သို့ ရွှေ ပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့ စသည့် နေရာများမှ အလုပ်လာဆင်းသူများအတွက်

၉ နာရီမှာ အလုပ်ခွင် အရောက်လာဖို့ မနက် ၅ နာရီဝန်းကျင်မှ အိပ်ရာထပြင်ဆင်မှ ဘတ်စ်ကားစီးရင်း လမ်းပေါ်မှာကြာမည့်အချိန်နှင့် ကွက်တိအဆင်ပြေမည်။

 ဒါက အိမ်မှအလုပ်ခွင်သို့ လာသည့် နံနက်အဖွင့် ရှုခင်းဖြစ် သည်။ ညနေအလုပ်ဆင်းချိန်ကို ကြည့်ပါဦး။ ပုံမှန်အားဖြင့် ညနေ ၅ နာရီ အလုပ်ဆင်းသူတစ်ဦး သည် ဘတ်စ်ကားစီး အိမ်ပြန် မည့် အချိန်ကလည်း နံနက်လာ စဉ်ကကဲ့သို့ပင် ဆတူ (သို့မဟုတ်) ဆတူထက် တိုး၍ကြာသည်။ နေ ရာအဝေးအနီးပေါ်မူတည်၍ အိမ် ပြန်မည့် အချိန်ကလည်း နောက် ကျကုန်တော့သည်။

ရန်ကုန်မြို့တွင် နေထိုင်ပြီး တစ်နေရာမှ တစ်နေရာသို့ သွား လာအလုပ်လုပ်ကြရသူများအ တွက် ဘတ်စ်ကားပေါ်မှာ အလ ဟဿ ကုန်ဆုံးသွားသည့်အချိန် တွေက နှမြောစရာကောင်းသည်။ ၂၄ နာရီတွင် အလုပ်ချိန်၊ အိပ် ချိန်ကို ဖယ်နုတ်လိုက်လျှင် ကျန် သည့်အချိန်အများစုမှာ ယခုအခါ ဘတ်စ်ကားစီးရင်း လေလွင့်ရသည့် အချိန်များဖြစ်သည်။ နောက်ပြီး ယာဉ်ကြောအဆမတန် ပိတ်ဆို့မှုကြောင့် ဘတ်စ်ကားပေါ်တွင် အချိန်ကြာမြင့်စွာထိုင်  (သို့မဟုတ်) မတ်တတ်ရပ်စီးရသည်မှာလည်း သက်သောင့် သက်သာရှိလှသည်မဟုတ်။ အလုပ်ပြန်ချိန်တွင် ကွမ်းနံ့၊ ဆေးလိပ်နံ့၊ ချွေးနံ့၊ တာယာညှော်နံ့ အစရှိသည့် မကောင်းသော အနံ့အသက်ပေါင်းစုံကလည်း ဘတ်စ်ကားထဲမှာ လှောင်ကြိုင်နေသည်။ မနက်မှာ ချွေးတလုံးလုံးနှင့် အချိန်အကြာကြီး ဘတ်စ်ကားစီးခဲ့ရသည့်အတွက် အလုပ်ခွင်ထဲရောက်သည့်အခါ လူမှာပင်ပန်းနုံးချည့်နေပြီ။ ထို့ကြောင့် လုပ်သားတစ်ဦးအနေဖြင့်  အလုပ်ကို ရွှင်လန်းတက်ကြွစွာဖြင့် လုပ်နိုင်အားကို ကြာရှည်လှသည့် ဘတ်စ်ကားဒုက္ခက တစ်ဝက်ခိုင်းထားလိုက်ပြီ။

တစ်ဝက်ပဲ ကျန်တော့သည့် ခွန်အားဖြင့် အလုပ်လုပ်ရင်း ည နေအိမ်အပြန်လမ်းမှာ စိတ်ညစ် စရာ ဘတ်စ်ကားဒုက္ခနှင့် လမ်း ပိတ်ဆို့မှုတွေကို နောက်တစ်ခါ ထပ်ကြုံရသောကြောင့် ရှိသည့် ခွန်အားတွေမှာ အိမ်ရောက်သည့် အခါ လုံးပါးပါးသွားတော့သည်။ လူရောစိတ်ပါ အရုပ်ကြိုးပြတ်နှင့်မို့ လုပ်သားတစ်ဦးသည် ရေချိုး၊ ညစာစားပြီးသည်နှင့်  အိပ်ရာ တန်း ၀င်တော့သည်။ သို့မှလည်း နံနက်စောစောထပြီး ယာဉ်ကြော ပိတ်သော လမ်းနှင့်လူကျပ်သော ဘတ်စ်ကားကို စီးဖို့ ခွန်အားသစ် ကို ရမည်။

ယခုကဲ့သို့ သွားရေးလာရေး တွင် နေ့စဉ် အဆင်မပြေမှုကြောင့် ကျွန်တော်တို့မှာ ဘာတွေဆုံးရှုံး သွားရသနည်း။ အလုပ်ခွင်ထဲမှာ အင်တိုက်အားတိုက် လုပ်နိုင်မည့် လုပ်အားနှင့် စိတ်ခွန်အား ဆုံးရှုံး သွားသည်။ အိမ်မှထွက်ကတည်း က ဘတ်စ်ကားကျပ်ခြင်း၊ လမ်း ပိတ်ဆို့မှုကို တမေ့တမော ခံစား လာခဲ့ရသည့် လုပ်သားတစ်ဦးအ နေဖြင့် သူ့မှာ စိတ်တိုစိတ်မော စရာတွေအများကြီး ကြုံခဲ့ရသည်။

 ထို့ကြောင့် အလုပ်ခွင်ထဲ ရောက်သည့်အခါ စိတ်ကတိုနေ ပြီ။ အလုပ်ခွင်ထဲမှာပင် အချင်း ချင်း ဆက်ဆံရေးက မပြေလည် တော့။ ဘာမဟုတ်သည့် အသေး အဖွဲကိစ္စလေးများနှင့်ပင် အချေ အတင်ဖြစ်ကြသည်အထိ သွား ရေးလာရေးကိစ္စက ဂယက်ရိုက် သည်။ လုပ်ဖော်ကိုင်ဖက် အချင်း ချင်းပင် ကသိကအောက်ဖြစ်မှ တော့ အလုပ်နှင့်ပတ်သက်ပြီး ဆက်ဆံရသူများနှင့်လည်း ထူးပြီးအဆင်ပြေစရာ မရှိဟု တွေးကြည့် နိုင်ပါသည်။

 ဒါက အလုပ်ခွင်ထဲမှာ ဖြစ် သည်။ မိသားစုအတွင်းမှာလည်း သွားရေး လာရေး အဆင်မပြေမှုမှ တစ်ဆင့်ရသည့် တင်းမာသည့် စိတ်အခြေအနေများက ရိုက်ခတ် မှုရှိပါသည်။ အလုပ်ခွင်အတွင်း က ရလာသည့် ကတောက်ကဆ များ၊ ဘတ်စ်ကားကျပ်ရသည့်အ ထဲ  ယာဉ်ကြောပိတ်ဆို့မှုများ ကြောင့် အိမ်ပြန်ရောက်ရန် တမေ့တမောစီးနင်းမှုကြောင့် စိတ်တိုဒေါသ ထွက်ရသည့် စိတ်ပင်ပန်းမှု၊ ကိုယ်ပင်ပန်းမှုများကြောင့် နွမ်း လျနေသည့် လုပ်သားတစ်ဦးသည် အိမ်သားတွေနှင့် ဆက်ဆံရေးမှာ လည်း တင်းမာမှုတွေ ဖြစ်လာ သည်။

  ပင်ပန်းတကြီး အိမ်ပြန် ရောက်သည့် လုပ်သားတစ်ဦးအ နေဖြင့် အိမ်ပြန်သည့်အခါ အ ဆင်ပြေနေလျှင် ကောင်းသည်။ သို့မဟုတ်ဘဲ မိသားစုအတွင်း ရေးကိစ္စ တစ်စုံတစ်ခုက ဆီးကြိုနေလျှင် ဒေါသယမ်းအိုးက အိမ်အ၀င်  တံစက်မြိတ်မှာတင်စပြီး ပေါက်ကွဲတော့မည်။ မိသားစုဝင် အချင်းချင်း စိတ်ရှည်ညှိနှိုင်းရမည့် အစား လမ်းပေါ်မှာရလာသည့် ဒေါသအရှိန်က မပြေတတ်သေး သောကြောင့် ရန်ဘက်သဖွယ် ဆက်ဆံရေးဖြစ်လာသည်။ ထစ် ခနဲရှိ ပေါက်ကွဲချင်သည်။ သည်းခံ နိုင်မှု ပါးလျကုန်သည်။

အိမ်ပြန်ရောက်၍ အခြေအ နေ အေးအေးဆေးဆေး ရှိသည်ပဲ ထားပါ။  ကားစီးပြန်ခဲ့ရသည့် ကိုယ်စိတ်နှစ်ပါး ပင်ပန်းမှုကြောင့် လူက ခြေရောလက်ပါ မသယ် ချင်။ ညနေစာ စားပြီးတန်းအိပ် ကြသည်။ ဇနီး၊ ခင်ပွန်းနှင့် အချိန် ပေးစကားပြောခြင်း၊ သားသမီး နှင့် ဆော့ခြင်း၊ ချော့မြူခြင်း၊ သူတို့နှင့် လက်ပွန်းတတီးနေခြင်း၊ သူတို့ပြောလိုသည့် စကားများ၊အရေးကိစ္စများကို နားထောင်ခြင်း၊ ကူညီဖြေရှင်းခြင်း စသည့်ကိစ္စများ တွင် အချိန်မပေးနိုင်တော့သည့် အတွက် မိသားစုဘဝတွေကိုပါ ယနေ့ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုက သွယ်ဝိုက်သောအားဖြင့် ဖျက်ဆီးနေသလိုလည်းရှိသည်။

ယာဉ်ကြောပိတ်ဆို့မှု အဆ မတန်မြင့်မားနေခြင်းကြောင့် မိမိ တို့သွားလိုသည့်နေရာသို့ရောက် မည့်အချိန်ကို တွက်ဆ၍မရတော့ ခြင်းသည် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးခေတ်သစ်အခါသမ ယတွင် ရန်ကုန်မြို့၏ ဘဝနေဟန် တစ်ခုဖြစ်လာပုံရပါသည်။ လူ တစ်ဦးနှင့်တစ်ဦး ချိန်းဆိုသည့် ကိစ္စများတွင် ဘယ်နှနာရီ၊ ဘယ် နှမိနစ်တွင်ရောက်မည်ဟု အတိ အကျညွှန်းနိုင်ခြင်းမရှိတော့ပါ။ ထို့ကြောင့် စောင့်ဆိုင်းနေရသူမှာ အချိန်လေလွင့်ရသလို တစ်ဖက် သူမှာလည်း သွားရင်းတန်းလန်း နှင့် မရောက်နိုင်သည့် မိမိအနေ အထားကိုတွေး၍ ဒေါသထွက်ရ သည်။ ယာဉ်ကြောပိတ်ဆို့နေခြင်း သည် မြို့ပြ၏လူမှုဆက်ဆံရေးကို ပါ ထိခိုက်ပါသည်။

ဒါဖြင့် တက္ကစီငှားသွားပါလားဟု တချို့သူများက ထင်ကောင်းထင်မည်။ တစ်နေ့ဝင်ငွေကျပ်တစ်ထောင်ခန့်လောက်သာရသည့် အများစု မြန်မာနိုင်ငံသားများအနေဖြင့် ဘီးလှိမ့်ရုံနှင့်ပင် ကျပ်တစ်ထောင်အနည်းဆုံးပေးရသည့် တက္ကစီကို အလိုရှိတိုင်း စီးနိုင်ကြသည်မဟုတ်ပါ။  အသုံးလို၍ တက္ကစီစီးရလျှင်လည်း  ယာဉ်ကြောပိတ်ဆို့မှုကြောင့် မြန်မြန်ရောက်သည်ဟူ၍ မရှိပါ။ ရှေ့ တိုးမရ၊ နောက်ဆုတ်လည်းမဖြစ် သည့် ဧရာမယာဉ်ကြောကျပ်မှု ကြီးကို ကားပေါ်တွင် အချိန်ကုန် ခံ၍ စောင့်ဆိုင်းရခြင်းတွင် အတူ တူသာဖြစ်သည်။

တကယ်တော့ တက္ကစီမောင်း သူတွေလည်း မလွယ်လှ။ ဟိုယခင်က တစ်နေ့သုံးခေါက်လောက် အသွားအပြန်မောင်းလို့ရသည့် လမ်းကြောင်းကို ယခုအချိန်တွင် တစ်ကြောင်းတောင် တိုးတိုးဝှေ့ဝှေ့ဖြင့် မောင်းနေရသည်။ သူတို့မှာလည်း ဝင်ငွေလျော့လာသည်။ ထို့ကြောင့် တက္ကစီငှားစီးသူထံမှ ငွေပိုတောင်းသည်။ ပုံမှန်ဈေးထက်ပိုနေသဖြင့် ငှားစီးမည့်သူမှာလည်း စဉ်းစဉ်း စားစားလုပ်ရတော့သည်။

နောက်ပြီးတော့ ကားမောင်း သူများဘက်ကိုလည်း ကြည့်ပါဦး စို့ရဲ့။ ကိုယ်ပိုင်ကား၊ ဘတ်စ်ကား၊ တက္ကစီ၊ ကုမ္ပဏီအစရှိသည့် ရန်ကုန်လမ်းမများပေါ်တွင်  မော် တော်ယာဉ်မောင်းနှင်နေသူများ မှာလည်း တစ်နေ့တခြား သိပ် သည်းကျပ်တည်းလာသည့် ယာဉ် ကြောပိတ်ဆို့မှုကို သည်းခံနိုင်စွမ်း မရှိကြတော့။ သူ့ထက်ငါ အလုအယက်တိုးဝှေ့မောင်းနေကြသည်။ ထို့ကြောင့် ယာဉ်အချင်းချင်းပွတ်တိုက်ခြင်းတင်မက ယာဉ်မောင်းသူအချင်းချင်းလည်း  ‘ငြိ’ကုန်သည်။

အဘယ်မျှ သူ့ ထက်ငါ  အလု အယက် မောင်းကြသလဲဆိုလျှင် ယာဉ်ကြောကျပ်သည့် တချို့နေ ရာများတွင်  လမ်းပြောင်းပြန် မောင်းသည့် မော်တော်ယာဉ်များ ရှိသည်။ သို့ဖြစ်ရာ မျက်နှာချင်း ဆိုင်မှလာသည့် ယာဉ်နှင့် တိုက်မိကုန်သည်။ ပြီးတော့ မီးပွိုင့် တစ်ခါမိလျှင်လည်း တမေ့တမောဖြစ်လေရာ အချို့သောယာဉ်တွေက မီးပွိုင့်မမိအောင် သူ့ထက် ငါကျော်တက်ကြသည်။ ဤတွင် အရှိန်ပြင်းသောကြောင့် တစ်ဖက်မှ လမ်းဖြတ်ကူးသူကို တိုက်မိသည်များလည်းရှိသည်။ မကြာသေးမီလများအတွင်းက ဘတ်စ်ကားမှတ်တိုင်တွင် ရပ်နေသည့် ခရီးသည်များကိုဝင်တိုက်သည့်ဖြစ်စဉ်များပင် ပေါ်ခဲ့သေးသည်။

ရန်ကုန်တွင် လမ်းကြောများ အဆမတန်ပိတ်ဆို့ကျပ်တည်းနေ ခြင်းကို ဖြေရှင်းရမည့် အချိန်တန် ပါပြီ။ အထက်တွင် ပြောခဲ့သမျှ မှာ ယာဉ်ကြော၊ လမ်းကြောကျပ် မှုကြောင့် ဖြစ်လာသည့် အကျိုး ဆက်များကို ယေဘုယျတင်ပြ ခြင်းသာဖြစ်သည်။ သို့ဆိုလျှင် ရန်ကုန်လူထုနေ့စဉ်ခံစားနေရ သည့် ယာဉ်ကြောကျပ်၊ ဘတ်စ် ကားကျပ်သည့်ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ။ သာမန်ပြည်သူ တစ်ယောက်မှာ လက်တွေ့ကျ သည့် အဖြေရှိကောင်းမှရှိနိုင်ပါ သည်။ ထို့ကြောင့် ယခုမေးခွန်း၏ အဖြေကို ‘မိဘပြည်သူများခင်ဗျာ’ ဟု ပြောနေသည့် သမ္မတဦးသိန်း စိန်ခေါင်းဆောင်သည့် အစိုးရအဖွဲ့အတွက် ချန်ထားခဲ့ပါမည်။ သူတို့ကို မေးပါ။

Author: ၀င်းဇော်လတ်
7Day Daily

0 comments:

Post a Comment