Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Monday, June 30, 2014

လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီးဝင်တိုက်

ဓာတ်ပုံ−အောင်သစ်လွင်
ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။
ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင်
လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများက
ပြောသည်။ ကုမ္ပဏီသုံးကားဖြစ်ပြီး ယင်းကား၏နောက်မှ အသိအကျွမ်းဖြစ်ဟန်တူသည့် ကားတစ်စီးပါလာကာ ဒဏ်ရာရသူများအား ဆွဲထုတ်၍ ဆေးရုံသို့ ခေါ်ဆောင်
သွားကြောင်းသိရသည်။
‘‘အမျိုးသမီးတစ်ယောက်ကိုတော့ ကားထဲက ဆွဲထုတ်သွားရတယ်။ သူတို့မှောက်ပြီး ၅ မိနစ်လောက်အကြာမှာ နောက်ကားတစ်စီးရောက်လာပြီး
အကုန်လုံးကို တင်သွားတာ။ ကားကိုတော့ ဒီအတိုင်း ထားခဲ့တာပဲ’’ ဟု ယာဉ်တိမ်းမှောက်မှုကို လာကြည့်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ကားတိုက်မှုကြောင့် လမ်းလယ်ကျောက်တုံးအချို့ ၁၅ ပေခန့်အထိ လွင့်စဉ်သွားခဲ့ပြီး ကားမှာလည်း တံတားအဆင်းတွင် ပိတ်ရပ်ထားသကဲ့သို့
ုဖြစ်နေသောကြောင့် ရောက်လာသည့် ရဲအချို့က လမ်းရှင်းလင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။
ကားမှာ  ထရပ်ကား အမျိုးအစားဖြစ်ပြီး ကားဘော်ဒီတွင် Taw Win Family ကုမ္ပဏီဟု ရေးထားသည်။ အဆိုပါနေရာသို့ ရောက်လာသည့် ရဲက
ယာဉ်တိုက်မှုသတင်းကြောင့်သာ ရောက်လာခြင်းဖြစ်ပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။


0 comments:

Post a Comment