Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Monday, June 30, 2014

ထိုင်းနိုင်ငံရောက်ရွှေ.ပြောင်းမြန်မာအလုပ်သမားတို. သိသင့်သော ၄ နှစ်ပြည့်ဗီဇာအကြောင်း


27/6/2014

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုးရမှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုးပေးလျှက်ရှိပါသည်။

ထိုသို. မိမိတို.နေထိုင်ခွင့် (ဗီဇာ) သက်တမ်းတိုးရာတွင် အထူးသတိပြုသင့်သည့်အချက်များ ( ၅ ) ချက်ရှိပြီး မှန်ကန်ပြည့်စုံရန် အထူးဂရုပြုဖို.လိုအပ်ပါသည်။

/> ၁။ Passport မူရင်း
၂။ မိမိ ဓါတ်ပုံ(၄) ပုံ
၃။ အလုပ်ရှင် ၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၎။ အလုပ်ရှင် ၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၅။ အလုပ်ရှင် ၏ နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်လွှာ ( ခိုတာ) (ယခုနှစ်အတွက်ဖြစ်ရပါမည်)

လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အလုပ်ရှင်များ၏ ပါဝင်မှု. အားနည်းခြင်း လုပ်ဆောင်ရမည့် အဆင့်ဆင့်အတွက် နားလည်မှု.မရှိခြင်းတို.ကြောင့် မြန်မာအလုပ်သမား အများစုမှာ ကြားခံ ပွဲစားများ(အေးဂျင့်များ) မှတဆင့်

ပြုလုပ်နေကြရပြီး ကုန်ကျစရိတ်များမှာလဲ နယ်မြေဒေသ အလိုက် ၆၅၀၀ ဘတ် / ၇၀၀၀ ဘတ်/ ၇၅၀၀ ဘတ် /၈၅၀၀ဘတ်/ ၁၂၀၀၀ ဘတ် စသဖြင့် ကွာခြားသည်ကိုတွေ.ရှိရသည်။

အမှန်တကယ် မှာမူ မိမိ၏အလုပ်ရှင်ကိုယ်တိုင် ပြုလုပ်ပါက ၄၀၀၀ ဘတ် ခန်.သာ ကုန်ကျနိုင်သော်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးကိုယ်တိုင်ပြုလုပ်၇န် အခက်အခဲများ ရှိသောကြောင့် ကြားခံပွဲစားများကောက်ခံသည့် ငွေကြေးကိုပေးကာ ပြုလုပ်နေကြရခြင်းဖြစ်သည်။

ယင်းသို.ပြုလုပ်ရာတွင် အချို. မြန်မာအလုပ်သမားများမှာ အချက် (၅)ချက်အရ အချက် ၃/၄/၅ ကို မိမိအလုပ်ရှင်ထံမှ တောင်းယူခြင်းမရှိပဲ (သို.) အလုပ်ရှင်များ မှ မပေးသောကြောင့် ကြားခံ ပြုလုပ်ပေးသူများအား ၀ကွက် အပ်လိုက်ရသည်လဲရှိသည်။
ှ္ကုဤတွင် ကြားခံပြုလုပ်ပေးသူများ မှ အငှားအလုပ်ရှင် နှင့် အငှား နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့် (ခိုတာ) တို. ကို အပိုငွေကြေး ကောက်ခံလျှက် အလွယ်တကူ ပြုလုပ်လျှက်ရှိသည်။
ထိုသို.ပြုလုပ်ခြင်း၏ ဆိုးကျိုးများ မှာ အလုပ်ရှင် အမည် ၊ နေရပ် မတူညီခြင်း ။ အလုပ်လုပ်ကိုင်ခွင့် မတူညီခြင်း တို. ဖြစ်စေပြီး သက်ဆိုင်ရာမှ မိမိ အလုပ်ခွင်တွင်း ၀င်ရောက်စစ်ဆေးသည့်အခါ ဖမ်းဆီးခံရနိုင်သည်ကိုသိရှိရန်လိုအပ်ပါသည်။

* အမှန်တကယ် ပြုလုပ်သင့်သည့်အချက်များမှာ *

၁။ မိမိအလုပ်ရှင်အား ခွင့်တောင်းလျှက် သဘောတူညီချက်ရယူပါ
၂။ မိမိအလုပ်ရှင်အတွက် နိုင်ငံခြားသားခေါ်ယူခွင့်လျှောက်လွှာ အား အလုပ်ရှင်ကိုယ်တိုင်မပြုလုပ်ပါက ကြားခံပွဲစားမှ တဆင့် မှန်ကန်အောင်ဆောင်ရွက်ပါ။

* အလုပ်ရှင် အတွက် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့် လျှောက်လွှာတောင်းခံရန်လိုအပ်ချက်မှာ *

၁။ အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၂။ အလုပ်ရှင်၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၃။ အလူုပ်အမျိုးအစားအလိုက် စာရွက်စာတမ်းများ
(က) ရော်ဘာခြံလုပ်သား ဆိုလျှင် ဥယျာဉ်ခြံပိုင်ဆိုင်မှု.အထောက်အထား (ထဗီယမ်ထိဒင်း)
(ခ ) ဆောက်လုပ်ရေး လုပ်သားဆိုလျှင် ဆောက်လုပ်ခွင့်ရရှိထားသည့် အဆောက်အဦးပုံစံ
(ဂ ) ပုဇွန် မွေးမြူရေး လုပ်သားဆိုလျှင် ပုဇွန်ကန် ပိုင်ဆိုင်မှု. အထောက်အထား

စသဖြင့် အလုပ်ရှင်၏ အထောက်အထားများအား အလုပ်ရှင်၏ လက်မှတ်နှင့်အတူ ပူးတွဲပြီး နယ်မြေ အလုပ်သမားဦးစီးဋ္ဌာန ရုံးများတွင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။

ထိုသို. ပြုလုပ်မှသာ မိမိ အလုပ်ရှင်အမည် နှင့် မိမိအလုပ်အကိုင် မှန်ကန်မည်ဖြစ်ပြီး သက်ဆိုင်ရာမှ ၀င်ရောက်စစ်ဆေးသည့်အခါ အရေးယူခြင်း ခံရမည်မဟုတ်ပါ။

* သက်တမ်းတိုးပြီးပါက ရရှိလာမည့် စာရွက်စာတမ်းများ *

၁။ မိမိPassport စာအုပ်ထဲတွင် အလုပ်ရှင်အမည် နေရပ် ဖြည့်စွက်ထားသည့် NAN-LA VISA စာမျက်နာ
၂။ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေပေးချေပြီးကြောင်း ပြေစာ စာရွက် တို.ကိုလက်ခံရရှိမည်ဖြစ်သည်

အထက်ပါအတိုင်းအဆင့်ဆင့်ပြုလုပ်ပြီး ပါက သက်တမ်း တိုးပြီးသော မိမိ Passport နှင့် မိမိ Work Permit အားလက်ခံရရှိပြီးပါက မိမိနေထိုင်ရာ နယ်မြေ ဆေးရုံတွင် ကျန်းမာရေး အာမခံ (ဆေးရုံဘတ်) ပြုလုပ်ပြီး ဆေးရုံမှ ထုတ်ပေးသော သွေးစစ်လက်မှတ် နှင့် မိမိ Passport မိတ္တူ ၊အလုပ်လုပ်ခွင့်လက်မှတ် ငွေချေပြေစာWork Permit အတူ နယ်မြေ အလုပ်သမားရုံးသို. ပူးတွဲတင်ပြပြီး Work Permit စာအုပ် အားတောင်းခံရမည်ဖြစ်ပါသည်။

၎ နှစ်ပြည့် သက်တမ်းတိုး လုပ်ငန်းစဉ် အနေနှင့် စာရွက်စာတမ်းပြည့်ပြည့်စုံစုံ နှင့်ပြုလုပ်ပါက ကြာမြင့်ချိန် မှာ (၁၀) ရက်မှ (၁၅) ရက်အတွင်း ပြီးဆုံးပါသည်။

( မကြာမှီ ထိုင်းရောက်နိုင်ငံခြားသားအလုပ်သမားများ (လူသစ်) အတွက် ထိုင်းအစိုးရမှ တရားဝင် မှတ်ပုံတင် များထုတ်ပေးတော့မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။)

လေးစားမှု. ဖြင့်

ဝေမင်း (ထိုင်း/တောင်)

တပ်မတော်မှဗိုလ်ကြီးဆိုသူမှ တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲအား ဆဲဆိုစော်ကားမှုဖြစ်ပွား


 ယနေ. (၃၀-၆-၂၀၁၄) ည (၇း၄၄) မိနစ် မန္တလေးမြို. ၃၅ လမ်း၊ လမ်း(၈၀)ဒေါင့်တွင် ရှေ.မှာ ဗင်ကားတစ်စီးအား နောက်မှ မတ်တူးကား တစ်စင်းမှ ၀င်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လာရောက် စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တပ်မတော်မှ ဗိုလ်ကြီးဆိုသူ တစ်ဦးမှ လူအများရှေ.တွင် ဆဲဆိုစော်ကားမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။

ထိုသို. အော်ဟစ် ဆဲဆိုနေသူမှာ သူကိုယ်သူ ဗိုလ်ကြီးနိုင်လင်းဝင်း ဟု
ပြောဆိုလျက် လ ပ ခ ( အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ) ၊အမြောက်တပ်မှဟု လည်းပြောဆိုကြောင်း သိရပါသည်။ ထိုသူသည် နောက်မှဝင်ရောက် တိုက်သောကားမောင်းသူ ဖြစ်ကြောင်းလည်း သိရပါသည်။

အရက်သေစာမူးယစ်နေပြီး ၄င်းမှ "ရဲတွေ အဆင့် မရှိဘူး။ ရဲတွေ ငွေပေးရင်ရတယ်၊ မင်းတို့  အဆင့် နဲ့ ငါ့ကို ပြောလို့ မရဘူး၊ ငါ့ ရှေ့ နေ နဲ့ ပြောဟုဆိုကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲကို လက်ညိုးငေါက်ငေါက်ထိုးပြောဆိုနေခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောဆိုပါသည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မျက်မြင်သက်သေတစ်ဦးမှ" တပ်မတော်မှ တာဝန်ရှိ လူကြီးများ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး မပုပ်စေချင်ရင် ယခုလို တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲ
တစ်ယောက်အပေါ် လူအများရှေ.တွင် ဆဲဆိုစော်ကားနေမှုမျိုးအား ထိထိရောက်ရောက် အရေးယူသင့်ကြောင်း" ဝေဖန်ပြောဆိုခဲ့ ကြောင်းသတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- အရည်ကြို ( မန္တလေးမြို. )

Tomorrow

ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့်




 ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့ နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည် ဆိုင်မှာ ထမင်းချက် လုပ်ကိုင်နေတဲ့ မစိုးစိုး (ဗုဒ္ဓ ဘာသာဝင်) မိန်းခလေးကို ဆိုင်ပိုင်ရှင် ကိုဆန်းမောင် (မွတ်ဆလင်/အစ္စလာမ်) နှင့် ညီဖြစ်သူ ကိုနေ၀င်း (မွတ်ဆလင်/အစ္စလာမ်) တို့ ညီအစ်ကို နှစ်ဦးက လိမ်လည် လှည့်ဖျားပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သတင်းရရှိပါတယ်။

 အဆိုပါ ညက လ္ဘက်ရည်ဆိုင် ပိတ်ချိန်မှာ ၁၈/၁၉ လမ်း၊ ၈၀/၈၁ လမ်းနေ  ဆိုင်ရှင်ကိုဆန်းမောင် နှင့် ကိုနေ၀င်းတို

့ကားအဖြူရောင်နှင့် ရောက်ရှိလာပြီး နေပြည်တော်မှာ လ္ဘက်ရည်ဆိုင် ဖွင့်ရန် လိုက်ခဲ့ဖို့ ပြောကာ မစိုးစိုး အား ယာဉ်နောက်ခန်းမှာ တင်ဆောင် မောင်းနှင် ခဲ့ကြောင်း သိရပါတယ်။

 ဇွန်လ ၂၉ရက်နေ့ နံနက် ၁ နာရီခန့် မှာတော့ ပျဉ်းမနားမြို့ ယောက်သွားအင်း ရပ်ကွက် တော်ဝင်နန်းတော် ဟိုတယ် အနီး ကားလမ်းဘေးမှာ ကားရပ်နားကာ ဆန်းမောင်မှ ယာဉ်နောက်ခန်းကို ရောက်ရှိလာပြီ မစိုးစိုး အား တောင်းပန်နေသည့် ကြားက အဓမ္မတကြိမ် ပြုကျင့်ခဲ့ပါတယ်။

အဲဒီနောက် ဆန်းမောင် ကားရှေ့ခန်း ပြန်သွားပြီ နေ၀င်း ထပ်မံရောက်လာကာ အဓမ္မ တကြိမ် ထပ်မံပြုကျင့်ခဲ့ပြန်ပါတယ်။

အဲဒီနောက် မြင်းရတနာ မီးပွိုင့်အလွန်မှာ ကားရပ်ပြီး မစိုးစိုးကို ဆင်းခိုင်းကာ ကားမောင်းနှင် ထွက်ပြေးသွားကြောင်း သိရပါတယ်။

အဆိုပါ အမှုကို  ပျဉ်းမနား ရဲစခန်းမှာ အမှုဖွင့်လှစ် ထားပြီ ထွက်ပြေးသွားတဲ့ တရားခံ ညီအစ်ကို ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရပါတယ်။

မီးပွိုင့်များတွင် တောင်းရမ်းနေသူများကို စီမံချက်ဖြင့် ဖမ်းဆီး


 မန္တလေးမြို့တွင်း မီးပွိုင့် များတွင် တောင်းရမ်းနေသူများ ကို စီမံချက်ချကာဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၈ရက်က မန္တလေးမြို့လယ် ၇၈လမ်းနှင့် ၃၅လမ်း ထောင့်ရှိ မီးပွိုင့်တွင် တောင်းရမ်း နေသူ(၁၃)နှစ်နှင့် (၂)နှစ်အရွယ် ကလေးနှစ်ဦးအား လူမှုဝန်ထမ်းပို့ ဆောင်ပေးခဲ့ကြောင်း၊အနာကြီိး ရောဂါသည်တစ်ဦးအား ရေနံ့သာ ဆေးရုံသို့
ပို့ပေးခဲ့သည်။ ထို့အ ပြင် ကလေးငယ်များအားပိုက်ဆံ တောင်းရမ်းခိုင်းရန်အတွက် ဆိုင် ကယ်ဖြင့်လိုက်ပို့ပြီး ကိုယ်တိုင် လည်း လိုက်လံတောင်းခံနေသူ သုံးဦးကို  အမှတ်(၉)ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူ ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန   ဌာနခွဲမှူးဦးစိုး တင့်အောင်ကပြောသည်။

‘‘ယာဉ်ထိန်းကနေဖုန်းဆက် ပြောလို့ ဖမ်းလိုက်တာပါ။ နောက် ထပ်လည်း ကိုယ်တိုင်တောင်းတဲ့ သူတွေရော တောင်းခိုင်းတဲ့သူ တွေကိုပါ ဖမ်းသွားမယ်’’ဟု ဌာန ခွဲမှူးကပြောသည်။ ယခင်က လည်း မန္တလေးစည်ပင်က တောင်း ရမ်းစားသောက်နေသူများကို လူမှုဝန်ထမ်းဌာနများသို့ ပို့ဆောင် ပေးခဲ့သော်လည်း ပြန်လည်ထွက် ပြေးခြင်းများပြုလုပ်ခဲ့ကြသည်ဟု ဌာနမှူးကဆိုသည်။

မန္တလေးမြို့ရှိ မီးပွိုင့်များတွင် သာမက မြို့လယ်လမ်းများနှင့် စားသောက်ဆိုင်များတွင်ပါလိုက် လံတောင်းရမ်းနေသူများကို လည်း အရေးယူသင့်သည်ဟု မန္တ လေးမြို့ခံအချို့ကဆိုသည်။

‘‘အလှူခံငွေဖလားတွေနဲ့ စ တစ်ကော်လံအင်္ကျီတွေနဲ့ အား ကောင်းမောင်းသန်တွေ၊ ပိုက်ဆံမ ပေးရင် ခုပဲထချတော့မယ့်ပုံစံနဲ့ တောင်းတာ။ စားသောက်နေရင်း လည်းမရှောင်ဘူး။ ဇွတ်လာ တောင်းတာ။ အဲဒါမျိုးတွေလည်း ပပျောက်စေချင်တယ်’’ဟု မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၃လမ်းတွင်နေထိုင်သူကိုစည်သူ အောင်ကဆိုသည်။

မန္တလေးမြို့လယ် ဘူတာကြီး နှင့် ဈေးချိုတစ်ဝိုက်တွင်လိုက်လံ အလှူခံနေသည့် အဖွဲ့အစည်းများ အား ချမ်းအေးသာစံမြို့နယ် သံ ဃနာယကအဖွဲ့က   သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ ထောက်ခံချက်ပါ၊ မပါစစ်ဆေးနေပြီး မပါရှိပါက အလှူခံခွင့်မပြု ကြောင်း၊ ထို့အပြင် သာသနာညှိုး နွမ်းအောင်အလှူခံနေသူများကို လည်း စစ်ဆေးအရေးယူနေ ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့မှ သတင်းရ ရှိသည်။

By ညီညီဇော်

7DAY DAILY

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ





 မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော်ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုးရှိတယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန်မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်းများကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့တယ်လို့ မိုဘိုင်းတင်းမ် အဖွဲ့က သိရပါတယ်။

မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ်တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇၀၀ ဈေးပေါက်ပါတယ်။

ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။

The Voice Weekly
http://thevoicemyanmar.com/index.php/news/item/891-st


လိမ်ဖည်လိမ်ဖည်သွား၍မရတော့သည့် ခရီးသွားလုပ်ငန်း

၂၀၁၁ ခုနှစ်မှစပြီး တိုးတက်ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲတွင် တစ်နှစ်ထက်တစ်နှစ် အောင်မြင်လာသည်မှာ ခရီးသွားလုပ်ငန်းကဏ္ဍပင်ဖြစ် သည်။ ပွင့်လင်းမြင်သာသည့် ၂၀၁၁ ခုနှစ်ကစပြီး
ကမ္ဘာလှည့် ခရီးသွား ရှစ်သိန်းကျော်လာ ရောက်ခဲ့သည်မှစ၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ခရီးသွား နှစ်သန်းကျော်ခဲ့ပြီ။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက မြန်မာပြည်သည် ယခုအခြေအနေတွင်ရောက်နေသင့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်မှသာ စတင်ဖွံ့ဖြိုးခဲ့ခြင်း ဖြစ်၏။ သစ်တစ်ပင် ခုတ်စရာမလိုဘဲ၊ ဘာသယံဇာတ မှရောင်းစရာမလိုဘဲ မီးခိုးမထွက်သော ခရီးသွားလုပ်ငန်းကရသည့် တိုင်းပြည်ဝင်ငွေများသည် တစ် ဦးတစ်ယောက်တည်းသာမက ဆိုက်ကားသမားနှင့် လမ်းဘေးဈေးသည်ပါမကျန် အခြေခံလူတန်းစားများအထိ စီးဆင်းလေ့ရှိသည်။ ယခုလည်း၂၀၁၄ တွင် ခရီးသည်သုံးသန်းကျော်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ခရီးသွားအေဂျင်စီလုပ်ငန်းရှင်များက တတ်အားသရွေ့ ကြိုးစားနေကြပြီ။

ဝန်ဆောင်မှုဆိုသည့်ကဏ္ဍ လေးမရောက်မီ ကျွန်တော့် အကြောင်းလေး မိတ်ဆက်ပါရစေ။ ကျွန်တော်သည် ခရီးသွား လုပ်ငန်းသို့ ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက စဝင်ခဲ့သူ ဖြစ်ပါသည်။ Tour Guide လိုင်စင်ကို ၂၀၀၁ခုနှစ်တွင်ရခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားအေဂျင်စီများ၌ အောက်ခြေဝန်ထမ်းဘဝမှ မန်နေဂျာ အဆင့်အထိလုပ်ခဲ့သည်။ ထို့နောက်၂၀၀၄  ခုနှစ်မှစပြီး အလွတ်တန်းဧည့်လမ်းညွှန် (Freelance TourGuide) ဘဝနှင့် ခရီးသွားအေဂျင်စီကြီးများမှာ on call ဂိုက်အနေဖြင့်ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ပင်။ ၂၀၀၇-၂၀၀၈ မြန်မာခရီးသွား လုပ်ငန်းများကျဆင်းနေချိန်တွင်မိသားစုစားဝတ်နေရေးအတွက် ပြည်ပနိုင်ငံကြီးတစ်ခုမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုနှင့် Emirates Airlines တွင် ခရီးသည်ဝန်ဆောင်မှုပေးသော Guest Relation ပိုင်းမှာအထိုက် အလျောက်ရာထူးတစ်ခုနှင့် လေး နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ စက်တင်ဘာတွင် တိုးတက်နေသော မြန်မာပြည်ကို လေ့လာဆည်းပူးခဲ့သည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ကိုယ်ကျင်လည်မည့်ဧည့်လမ်းညွှန်ဘဝတွင် Quality of Service ကိုအသုံးချလို၍ ပြန်လာခဲ့သည်။
 မြန်မာပြည် ပြန်ရောက် ရောက်ချင်း on call tour guide ဘဝနှင့် ရပ်တည်နေရင်းတစ်ဖက် ကလည်း ဟိုတယ်များ၊ လူအများ နှင့်ဆက်ဆံသည့် လုပ်ငန်းများတွင်part time customer service trainer အဖြစ် လက်ရှိရပ်တည် နေပါသည်။
အဓိက ပြောလိုသည်မှာ ကျွန်တော်တို့ မြန်မာပြည်သည် အိမ် နီးနားချင်းနိုင်ငံအားလုံးထက် သာသော သဘာဝအလှများ၊ ရှေးဟောင်းစေတီ၊ ဘုရား၊ မြို့ ဟောင်းများ၊ တောတောင်အလှ တရားများ၊ ကမ်းခြေများ၊ ကမ္ဘာ လှည့်ခရီးသည်များ ဖော်မပြနိုင် လောက်အောင် အံ့ဩစရာမြင် ကွင်းများနှင့် တည်ရှိနေသော် လည်း တစ်ခါလာလည်ဖူးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအများစု သည် နောက်တစ်ခါထပ်မလာ ကြတော့တာလဲ ဆိုသည်မှာ အရေးကြီးနေသည်။ တကယ်တော့ မြန်မာပြည်ကို သူတို့နောက် တစ်ခေါက်လာချင်ကြပါသည်။ ကျွန်တော်တို့ဆီမှာ လိုအပ်နေသော အခြေခံအဆောက်အအုံများ၊ နေထိုင်၊ စားသောက်၊ သွားလာရေးများမှာ ဈေးကြီးနေပြီးပေးလိုက်ရသည့် ကုန်ကျစရိတ်အပေါ် ထိုက်တန်သောဝန်ဆောင်မှု ပြန်မရသည်များကြောင့် အချိန်တိုအတွင်း နောက်တစ်ခေါက် မလာနိုင်ကြဘူးလို့ထင်သည်။
ကျွန်တော်တို့ ဧည့်လမ်း ညွှန်များသည် ခရီးသည်များနှင့်တိုက်ရိုက်ထိတွေ့နေရ၍ သူတို့ စိတ်ကျေနပ်မှုခံစားချက်များကို ပိုသိရသည်။ နယ်မှ မြို့ရွာများဆီ သွားသောခရီးစဉ်ကို ကားနှင့်သွားကာ ကျေးလက်ရှုခင်းနှင့် လူမှုဘဝများကို သူတို့စိတ်ဝင်စားသည်။ သို့သော်လည်း ရန်ကုန်မြို့ ပြန်ရောက်သည်နှင့် စည်းကမ်း မလိုက်နာသောကား၊ ဆိုင်ကယ်၊ လမ်းဖြတ်ကူးသူအချို့၏ စည်းမဲ့ ကမ်းမဲ့လမ်းဖြတ်တာများကို တွေ့ပြန်တော့လည်း Oh My God! ဆိုပြီး အံ့သြကြပါလေသည်။ သူတို့အတွက် အတွေ့အကြုံသစ်တစ်ခု ခံစားရသကဲ့သို့ ကျွန်တော်တို့ ဧည့်လမ်းညွှန်များမှာလည်း ယာဉ်မောင်းနှင့်အတူ ဘေးအန္တရာယ်ကင်းသောခရီးစဉ်ဖြစ်ဖို့ တစ်ချိန်လုံးဂရုစိုက်နေရပါသည်။
စားသောက်ဆိုင်များအနေ နှင့်လည်း လိုအပ်ချက်အများကြီးရှိနေဆဲပင်။ မြို့ကြီးများမှာ ကမ္ဘာလှည့်ခရီးသွားများအတွက် Food safty and Hygiene ဝန်ဆောင်မှုကောင်းကောင်းနှင့် ကိုက်ညီသော စားသောက်ဆိုင်သည် လက်ချိုးရေတွက်လို့ရသည်။ ကမ္ဘာလှည့်ခရီးသည်တိုင်း စိတ်ကျေနပ်အားရသော စားသောက်ဆိုင်များ ထပ်ဖွင့်ဖို့လိုအပ်သည်။ ခုချိန်ခါမှာတော့ ဧည့်သည်အများစု ဟိုတယ်တွင် မစားချင်ကြ၍ အပြင်မှာသွားစားကြပါက နောက်နေ့မနက် ကျွန်တော်တို့ကိုတွေ့လျှင် ပြောပါပြီ။ အစားအသောက်အပြင်အဆင် မကြိုက်သည်တို့၊ ဝန်ဆောင်မှုပေးသောသူက သူတို့ပြောသည် ကို နားမလည်တာတို့ အခြားအခြားသော အကြောင်းအရာများပေါ့။ တချို့ကျတော့ သူတို့အစာအိမ်က အစားအသောက်များလျှင် ပြဿနာဖြစ်တတ်၍ တွေ့ ကရာမစားလာရဲကြပေ။ ဘာသာစကားနားမလည်သည်ကို လက်ညှိုးထိုးမှာ၍ရသော်လည်း အစားအသောက်ပြင်ဆင်ပုံ၊ ကိုင် တွယ်ပုံစနစ်မကျသည်ကို သူတို့ တအားကြောက်သည်။ ယင်းအခြေအနေများပြင်ဆင်ထားဖို့ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက လမ်းဘေးဈေးသည်ကစလို့ စားသောက်ကုန်ရောင်းချသူအားလုံးကို အစားအစာ စနစ်တကျပြင်ဆင်ပုံ၊ မည်သည့် အစားအသောက်ကိုမဆို ကိုင်တွယ်မည်ဆိုလျှင် သန့်ရှင်းသောလက်အိတ်နှင့် ကိုင်တွယ်ဝန်ဆောင်မှုပေးပုံ၊ အခြားသောကျန်းမာရေးအသိ ပညာများကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဖြန့်ဝေရန် လိုအပ်နေပါသည်။ နိုင်ငံခြားသားအများစုက မြန်မာ့ရိုးရာမုန့်များစားချင်ကြသည်။ ဟိုတယ်များကို မြန်မာရိုးရာကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆန်၊ ဆန်နှင့်လုပ်သော မုန့်အမျိုးမျိုး မရောင်းကြ၍ဖြစ်သည်။ လမ်းဘေးရောင်းတာများစားလိုသော်လည်းအများစုက ဓာတ်ပုံပဲရိုက်သွားပြီး အမှတ်တရယူသွားသည်ကလွဲ၍ အပြင်အဆင် အကိုင်အတွယ်သဘောမကျသဖြင့် မစားသွားခဲ့ကြပါ။
ဟိုတယ်နှင့် တည်းခိုရိပ်သာ များအနေဖြင့်လည်း ကိုယ်ယူထား သော ဈေးနှုန်းနှင့်ထိုက်တန်သည့် ဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့လိုအပ် သည်။ ဟိုတယ်များအနေဖြင့် အင်တာနက်တွင် ကြော်ငြာထား သည်ကတော့ အပျံစား။ တကယ် တမ်းဧည့်သည်ရောက်လာတော့ မှ ဧည့်သည်ကိုယ်တိုင် ကိုယ့် အထုပ်ကိုယ်ဆွဲ check in ဝင်ရ တာနှင့် ဧည့်ကြိုကောင်တာမှ ဝန် ထမ်းများ Receptionist အပြုံးနှင့် ဝန်ဆောင်မှု မပေးတတ်တာနှင့် ဧည့်ကြိုအချို့က အလုပ်လေး တစ်ခုလောက်များတာနှင့် နောက် မှာတန်းစီနေသော ဧည့်သည်ကို တောင်ပြုံးမပြနိုင်တာမျိုး၊ အခန်း ရပြန်တော့ လမ်းပြမည့်သူမရှိ၍ ဧည့်သည်ကိုယ်တိုင် အခန်းရှာ။ မောမောပန်းပန်းအခန်းရောက် ပြန်တော့ Air condition က မအေးလို့၊ ရေချိုးခန်းမှာ တစ်ခုခု ပျက်ဖြစ်နေလို့ ပြောရတာမျိုး မကြာခဏဖြစ်လေ့ရှိသည်။ ထို့အပြင် တစ်ခုခုလို၍၊ ဧည့်သည်က အကူအညီတောင်းလို၍ ဟိုတယ်ဝန်ထမ်းကိုလိုက်ရှာရာ မန်နေဂျာကစလို့ ဟိုတယ်ဝန်ထမ်းများ ဝတ်စုံမဝတ်ထားဘဲ စွပ်ကျယ်နှင့် တစ်မျိုး ဟိုတယ်ရှေ့မှာ ဂစ်တာခေါက်နေသူကတစ်ဦး အားလုံးသည် ဟိုတယ်ဝန်ထမ်းပေမယ့် ဂျူတီချိန်တွင် သတ်မှတ်ဝတ်စုံမရှိ၍ ဧည့်သည်ကဘယ်သူ့ခေါ်လို့ ခေါ်ရမည့်အဖြစ်မျိုး။ အထူးသဖြင့် နယ်ဟိုတယ်တွေမှာ အတွေ့ရများသည်။
ဟိုတယ်တစ်ခု၏ ဘေးအန္တရာယ်ကင်းရှင်းမှုပိုင်းမှာလည်း အရေးပေါ်ထွက်ပေါက်များ သေချာထားရှိပေးရန်လိုသည်။ ရေကူးကန်ရှိသော ဟိုတယ် အချို့တွင်လည်းဝင်ကြေးမြိုးမြိုးမြက်မြက်ကောက်ပါလျက် Life Guardတောင်ထားမပေးသည့် ဟိုတယ်များလည်း အများကြီးတွေ့ရတတ်သည်။ တစ်ခုခုဖြစ်ခဲ့လျှင် asse-mbly point ထားသော ဟိုတယ်မှာ မတွေ့ရသလောက်ပင်။ ass-embly point မရှိ၍ တစ်ခုခုဖြစ်လျှင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဖို့ တကယ်ခက်သည်။ မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်သေးလို့များ ဒါတွေ အလေးမထားသေးတာထင်သည်။ အဲဒီလိုအဖြစ်များမကြုံရအောင် သက်ဆိုင်ရာဟိုတယ်ပိုင်ရှင်နှင့် ဟိုတယ် Man-agements အဖွဲ့အနေဖြင့် လုပ်ငန်း အတွေ့အကြုံ၊ လေ့လာမှုအား၊ဧည့်သည်အပေါ် စေတနာထားရှိမှုများ လိုအပ်ပါသည်။ သက်ဆိုင်ရာ ဌာနများကလည်း အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးရန် လိုသည်။
 တိုးကုမ္ပဏီကြီးများက လည်း ပုဂံ၊ မန္တလေး၊ အင်းလေး ဘဲ လှည့်ယောင်နေမည်အစား အခြားအခြားသော ခရီးစဉ် အသစ်များကို စဉ်ဆက်မပြတ်ရှာ ဖွေနေရန်လိုသည်။ ခုလက်ရှိ ခရီးသွားအေဂျင်စီအများစုမှာ Opera-tion Manager, Production Manager, Marketing Manager ကောင်းကောင်းများ မခန့်ထား သည်ကို တွေ့ရသည်။ အတွေ့ အကြုံနည်းတော့ Tour itinerary ဆွဲတာကစလို့ Guide ရွေးချယ်မှု၊ Car rental ရွေးချယ်မှုတွေမှာပါ တလွဲတွေဖြစ်ကြသည်။ အချို့ ခရီးသွားအေဂျင်စီတွေဆို မိသား စုလေးယောက်လောက်နှင့် တိုး ကုမ္ပဏီဖြစ်သွားကြ၏။ ခရီးသွား အေဂျင်စီထောင်ထားပြီး ကျွမ်း ကျင်ဝန်ထမ်းကို လစာကောင်း ကောင်းပေးပြီး မခန့်ထားရဲကြ လျှင် မြန်မာပိုင် တိုးကုမ္ပဏီအများ စု သားစိုးသီချင်းထဲကလို လိမ် ဖည်လိမ်ဖည်တွေသာ များပြီး ပြည်ပခရီးသွားအေဂျင်စီတွေက တအား ထိုးတက်လာကြလိမ့် မည်။ ယခုလည်း ပြည်ပခရီးသွား အေဂျင်စီတွေပဲနေရာရနေသည်။ သူတို့၏ အားသာချက်မှာ လုပ် ငန်းကျွမ်းကျင်သည်၊ စနစ်ကျ သည်၊ ကျွမ်းကျင်သူကို ထိုက်သင့် သောလစာပေးခိုင်းသည်၊ သူ့ဝန် ထမ်းတွေကို ပြည်တွင်း၊ ပြည်ပ Travel Show တွေမှာ လေ့လာ ခိုင်း၊ ပါဝင်ဆင်နွှဲခိုင်းသည်။ ပြည်  ပခရီးသွားအေဂျင်စီတွေက ငွေ ကြေးသုံးစွဲရန် အကျိုးအကြောင်း သာခိုင်လုံပါစေ ရင်းရဲသည်။ ပြည် တွင်းအေဂျင်စီအများစုကျတော့ ခရီးသွားလုပ်ငန်း မြတ်တယ်ဆို တာပဲသိပြီး ငွေကြေးမရင်းရဲ။ ဝန် ထမ်းကောင်းမခန့်ရဲ။ ဒီလိုသာ ဆက်သွားနေလျှင် နောက်ထပ် ဝင်လာမည့် ပြည်ပခရီးသွားအေ ဂျင်စီတွေ နေရာရနေဦးမည် ဖြစ် သည်။ နိုင်ငံသားပိုင် အေဂျင်စီတွေအနေဖြင့် ဒါလေးတွေ awaren-ess ရှိ သင့်ပြီ။
ခရီးသွားလုပ်ငန်းနှင့် ဝန် ဆောင်မှုဆိုတာ တိုက်ရိုက်ဆက် ဆက်နေတော့ ဒီနှစ်မျှော်မှန်းထား သော သုံးသန်းသောခရီးသည် များမလာသေးမီ၊ ၂၀၂၀ ပြည့်နှစ် ခုနစ်သန်းသော ခရီးသည်များ မလာသေးမီ ခရီးသွားလုပ်ငန်း နှင့် ဆက်သွယ်သူအားလုံး ကိုယ် စီကိုယ်စီ တာဝန်ကျေစွာဖြင့် ကြို တင်ပြင်ဆင်ရန်လိုသည်။

မြန်မာ့ပညာရေးကျဆင်းရခြင်းနှင့် အနာဂတ် အလားအလာ


တစ်ချိန်က အာရှ၏ အဆင့်ထိပ်တန်းတွင် ပါဝင်ခဲ့သော မြန်မာ့ပညာရေးသည် နှစ် ၅၀ ခရီးကိုကျော်ဖြတ်ပြီးသည်နှင့် အာရှ၏အောက်ဆုံး အဆင့်သို့လျှောကျခဲ့ရ၏။ ထိုသို့ ဖြစ်ရသောအကြောင်းရင်းများစွာရှိသည့် အနက် အထင်ရှားဆုံးနှင့် အသိသာဆုံးမှာ အာဏာရှင်စနစ်ပင်ဖြစ်သည်။
မြန်မာ့ပညာရေးသည် လွတ်လပ်မှုမရှိဘဲ အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။ အကျဉ်းစံဖြစ်ခဲ့ရသည်။ ပညာရှင် တို့အပေါ် အာဏာရှင်တို့လွှမ်း မိုးခဲ့သည်။
 ဘာသာရပ်တစ်ခု၏တိုး တက်မြင့်မားမှုသည် ပညာရှင်တို့ ၏လက်ထဲ၌သာရှိသင့်သည်။ ထို ပညာရှင်တို့၏လေ့လာတွေ့ရှိ ချက်များ၊ အကြံဉာဏ်များကို လွတ်လပ်စွာဖော်ထုတ်တင်ပြခွင့် ရှိရန်လိုသည်။ သို့မှသာ ရှင်သန် သောပညာရေးဖြစ်မည်။
ယခုမူ စနစ်ကျသောလွှမ်းမိုး မှုများဖြင့် ပညာရှင်များကိုချုပ် ကိုင်ခဲ့သည်။ ကြီးစိုးခဲ့သည်။ လမ်းညွှန်အမိန့်များပေးခဲ့သည်။ လိုက် နာမှုမရှိသည့်ပညာရှင်များအား ဒဏ်ပေးခြင်း၊ ထုတ်ပယ်ခြင်းများ ပြုခဲ့သည်။ ဤသို့ဖြင့် ပညာရှင် အမြောက်အမြားမှာ မထင်မရှား ဖြစ်ခဲ့ကြသည်။ အချို့မှာမူ ပြည်ပ နိုင်ငံများသို့သွားရောက်အခြေချ နေထိုင်ခဲ့ကြသည်။ မြန်မာ့မြေ ပေါ်၌ပညာရှင်များဆိတ်သုဉ်းခဲ့ရ သည်။ အာဏာရှင်များ၏စိတ် ကြိုက်အကောင်အထည်ဖော်ပေး မည့်အကြောင်းတော်သိ၊ ဗောင်း တော်ညိတ်များဖြင့်သာ မြန်မာ့ ပညာရေးက ခရီးဆက်ခဲ့ရသည်။
ထို့အပြင် မြန်မာ့ပညာရေး ပျက်စီးသွားရခြင်း၏ ဒုတိယ အချက်မှာ လုံလောက်သောငွေ ကြေးမရရှိခြင်းကြောင့်လည်းပါ သည်။
တစ်ချိန်က မြန်မာ့ပညာရေး ဝန်ထမ်းတစ်ဦး၏အနိမ့်ဆုံးလစာ သည် ၁၂၅ ကျပ်မျှလောက်သာ ဖြစ်သော်လည်း စားဝတ်နေရေး အတွက် လုံလောက်ရုံသာမက အနာဂတ်ကျန်းမာရေးအတွက် ပင် စုဆောင်းထားနိုင်ခဲ့သည်။ ဘဝဝမ်းစာဖူလုံသည်။ ထိုအခါ အလုပ်၌ပျော်ရွှင်ခြင်းကိုရသည်။ သို့ဖြစ်၍ စိတ်ပါလက်ပါသင်ကြား နိုင်သည်။  ထိုအခါ ပညာရေး သည်အောင်မြင်၏။
သို့သော် အာဏာရှင်စနစ် ဦးတည်လိုက်သည်နှင့် ကုန်ဈေး နှုန်းများ  မြင့်တက်သွားသည်။ ဆရာ၊ ဆရာမတို့၏လုပ်ခလ စာများ မလောက်မငဖြစ်သည်။ ပညာရေးဝန်ထမ်းများ၏ဘဝ သည် ဝမ်းမဝ၊ ခါးမလှဖြစ်ခဲ့ရ သည်။ လုပ်ငန်းခွင်သည် ယခင် လိုပျော်စရာမဟုတ်တော့။ လွမ်း ရေးထက်ဝမ်းရေးခက်လာသည်။ ထိုအခါကျူရှင်ယဉ်ကျေးမှုပေါက်ဖွားလာသည်။
မြန်မာ့ပညာရေးက အုတ် ရောရော၊ ကျောက်ရောရောဖြစ် လာသည်။ ထို့ကြောင့် သန့်စင် သည့် ဥပဒေများထုတ်ပြီး ‘ဝန် ထမ်းဆရာများ ကျူရှင်မသင်ရ’ ဟုကန့်သတ်ခဲ့ပြန်သည်။ ၎င်း သည် ရောဂါအရင်းအမြစ်ကိုမရှာ ဖွေဘဲ ဆေးမြီးတိုနှင့်ကုခြင်းတစ် မျိုးဖြစ်ခဲ့၏။ ပညာရေးဝန်ထမ်း များ၏ ဘဝဖူလုံရေးကိုမဖြည့် ဆည်းဘဲ ကန့်သတ်ချက်ထုတ် လိုက်သဖြင့် တော်၍ထူးချွန်သောဆရာများ ပညာရေးနှင့်ဝေးခဲ့ရပြန်သည်။ ဆရာဘဝကိုမြတ်နိုးပြီး ငတ်ပြတ်ဆင်းရဲခံကာ ရပ် တည်ခဲ့သူများမှာလည်း အများ၏ ရှေ့တွင် သိမ်ငယ်စရာ၊ မျက်နှာ မလှဖြစ်ခဲ့ရသည်။ အဖြူ၊ အစိမ်း ဝတ်ရမှာမဝံ့မရဲ။ ဆရာအမည်ခံ ရမှာမဝံ့မရဲ။ ထိုမျှအထိ မြန်မာ့ ပညာရေးက နိမ့်ကျခဲ့ရသည်။
ထို့အပြင် ကျောင်းသုံးစာ အုပ်များမလုံလောက်ခြင်း၊ အရည်အသွေးညံ့ခြင်း၊ ကျောင်းပရိဘော ဂများမပြည့်စုံခြင်း၊ ကျောင်းအ ဆောက်အအုံများချည့်နဲ့ခြင်း၊ ကျောင်းသားဆရာအချိုးမမျှခြင်း၊ စသည်တို့ကြောင့်လည်း မြန်မာ့ ပညာရေးက ထိုးဆင်းခဲ့ရသည်။
လူငယ်များသည် တစ်ပွဲတိုး စမ်းသပ်ခံဘဝဖြင့် စနစ်၏သား ကောင်များဖြစ်ခဲ့ရသည်။ ဘွဲ့ရ လူငယ်များအား အလုပ်အကိုင် ရရှိရန် မဖန်တီးပေးနိုင်ခဲ့ပေ။ အလုပ်တစ်ခုရဖို့အရေး အိပ်မက်ဆိုးများမက်ခဲ့ရသည်။ မြန်မာဘွဲ့သည် ဧည့်ခန်း၌ချိတ်ဆွဲပြသရာ ဓာတ်ပုံတစ်ခုထက်မပို။ ထိုမျှ အထိ မြန်မာ့ပညာရေးမှာနိမ့်ကျ ခဲ့ရသည်။
သို့သော် ယခုအစိုးရတာဝန် ယူပြီးသည်မှစ၍ ပညာရေးပြုပြင် ပြောင်းလဲမှုများပြု၍လာသည်။ ဝန်ထမ်းဆရာများအား လုပ်ခလ စာတိုးပေးခြင်း၊ကျောင်းအဆောက်အအုံများ ပြုပြင်တည်ဆောက် ပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ ထုတ်ပေးခြင်း၊ ကျောင်းသား၊ ဆရာအချိုးညှိပေး ခြင်း စသည်တို့ကိုပြု၍လာခဲ့သည်။ ၎င်းသည် မြန်မာ့ပညာရေးလော ကအတွက် မျှော်လင့်အားထားရာ များဖြစ်၏။ သို့သော် ခေါက်ရိုး ကျိုးနေသော မြန်မာ့ပညာရေး၌ ဆရာများ၏လမ်းဟောင်းကကန့် ၍ဆီးနေပြန်သည်။ ထိုဆရာများ သည် ကလေးများ၏အတွေး၊ အရေးကိုလမ်းဖွင့်ပေးခြင်းမရှိဘဲ ယနေ့အချိန်ထိ ကြက်တူရွေးစာ အံနည်းဖြင့်အလွယ်သုံးနေကြဆဲ ဖြစ်သည်။ ၎င်းသည်လည်း ပညာ ရေး၏ ကျဆုံးမှုတစ်ရပ်ပင်ဖြစ် သည်။
ထို့အပြင် သင်ရိုးညွှန်းတမ်း အချို့မှာလည်း ဟောင်းမြည့်နေ ဆဲဖြစ်သည်။ ဥပမာပြောရလျှင် ကမ္ဘာ့လူဦးရေသည် မြန်မာ့သင် ရိုး၌ ယနေ့အချိန်ထိ သန်း ၆၀၀၀ သာရှိနေသေးသည်။ ထို့ကြောင့် သင်ရိုးများကိုလည်း ခေတ်မီစွာ ပြုပြင်ထားရန်လိုသည်။
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာ့ပညာရေးတိုးတက်မြင့်မား လာစေရန် ပညာရှင်များအား လွတ်လပ်စွာကြံဆတွေးတောခွင့် နှင့် စနစ်ကျသောသုတေသနများ ကိုအားပေးရန်လိုသည်။
ကျောင်းအဆောက်အအုံ များကောင်းမွန်စေရန် ဆရာ၊ ဆရာမများအား လုံလောက်သည့်လစာငွေများပေးရန်၊ ကျောင်းသား ဆရာအချိုးမျှတမှုရှိရန်နှင့် ဆရာမများအား အဆက်မပြတ်သင်တန်းများပေးနေရန် စသည် တို့ကိုပြုလုပ်ပေးမည် ဆိုပါက မြန်မာ့ပညာရေးသည် လာမည့် ဆယ်စုနှစ်နှစ်ခုအကျော်၌ ပြန်၍ ဦးမော့လာမည်ဟုယုံကြည် မျှော် လင့်မိပါသည်။။

လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီးဝင်တိုက်

ဓာတ်ပုံ−အောင်သစ်လွင်
ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။
ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင်
လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများက
ပြောသည်။ ကုမ္ပဏီသုံးကားဖြစ်ပြီး ယင်းကား၏နောက်မှ အသိအကျွမ်းဖြစ်ဟန်တူသည့် ကားတစ်စီးပါလာကာ ဒဏ်ရာရသူများအား ဆွဲထုတ်၍ ဆေးရုံသို့ ခေါ်ဆောင်
သွားကြောင်းသိရသည်။
‘‘အမျိုးသမီးတစ်ယောက်ကိုတော့ ကားထဲက ဆွဲထုတ်သွားရတယ်။ သူတို့မှောက်ပြီး ၅ မိနစ်လောက်အကြာမှာ နောက်ကားတစ်စီးရောက်လာပြီး
အကုန်လုံးကို တင်သွားတာ။ ကားကိုတော့ ဒီအတိုင်း ထားခဲ့တာပဲ’’ ဟု ယာဉ်တိမ်းမှောက်မှုကို လာကြည့်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ကားတိုက်မှုကြောင့် လမ်းလယ်ကျောက်တုံးအချို့ ၁၅ ပေခန့်အထိ လွင့်စဉ်သွားခဲ့ပြီး ကားမှာလည်း တံတားအဆင်းတွင် ပိတ်ရပ်ထားသကဲ့သို့
ုဖြစ်နေသောကြောင့် ရောက်လာသည့် ရဲအချို့က လမ်းရှင်းလင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။
ကားမှာ  ထရပ်ကား အမျိုးအစားဖြစ်ပြီး ကားဘော်ဒီတွင် Taw Win Family ကုမ္ပဏီဟု ရေးထားသည်။ အဆိုပါနေရာသို့ ရောက်လာသည့် ရဲက
ယာဉ်တိုက်မှုသတင်းကြောင့်သာ ရောက်လာခြင်းဖြစ်ပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။


ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူ ၃ သန်းကျော် လက်မှတ်ထိုးပြီးပြီ





 ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD ရုံးတွင် လက်မှတ်ရေးထိုးကြစဉ်၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

 
၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်
ရေး သဘောထား ဆန္ဒ လက်မှတ်ထိုးထားသူ စုစုပေါင်း ၃ သန်း ကျော်သွားပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD

ပါတီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံဖို့ စီစဉ်ထားတာမှာ အခု ချိန်ထိ တိုင်းနှင့် ပြည်နယ် ၁၄ ခုဆီက ရရှိ ထားပြီး သား လက်မှတ်ထိုးစာရင်းမှာ ၃ သန်းကျော် ရှိနေပြီဖြစ်တာကို ထုတ်ပြန်ခဲ့တာပါ။ 

ဆက်လက်ပြီးတော့လည်း ဖွဲ့စည်းပုံ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒ ပြု လက်မှတ် ကောက်ခံမှုကို NLD ၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းကာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေလည်း နိုင်ငံတွင်း လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်
ရေး လူထုဟောပြောပွဲတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ 



အိမ့်သံစဉ် ~

ဦးအောင်မင်း သို့မဟုတ် ကြိုးတန်းပေါ် လမ်းလျှောက်တဲ့ ငြိမ်းချမ်းရေးသမား


ပြီးခဲ့တဲ့အပါတ်က ထူးထူးခြားခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုဂ္ဂိုလ်ရေး ကြေငြာချက် တစ်စောင် ထွက်ပေါ်လာပါတယ်။ သမ္မတရုံး ၀န်ကြီးလည်းဖြစ်၊ လက်ရှိ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်နေတဲ့ ငြိမ်းချမ်းရေးစင်တာရဲ့ အကြီးအကဲ
လည်းဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်းရဲ့ “ကျွန်တော်ဇ။် တောင်းပန် စကား” လို့ နာမည်ပေးထားတဲ့ ကြေငြာချက်ပါ။ ၀န်ကြီး ဦးအောင်မင်း ဘာတွေ တောင်းပန်ထားသလဲ၊ ခုလို တောင်းပန်ဖို့ ဖြစ်လာရတဲ့ အကြောင်းက ဘာလဲ၊ ဒီ တောင်းပန်ရမှု နောက်ကွယ်မှာ ဘာအကြောင်းအချက်တွေ ရှိနေသလဲ၊ မြန်မာ့ ငြိမ်းချမ်းရေး ခရီးစဉ် ဘယ်ကို ဦးတည်နေသလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင် ။  ။ ဦးအောင်မင်းရဲ့ တောင်းပန်စကားမှာတော့ သူဟာ ၁၉၆၇ ခုနှစ် ကတည်းက တပ်ထဲ ၀င်ခဲ့တယ်၊ ၂၀၀၂ ခုနှစ်အထိ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ၁၉၇၃ ခုနှစ်မှာ သူရဲကောင်း မှတ်တမ်းဝင် အဖြစ် ချီးမြှင့်ခံရတယ်၊ တိုင်းမှူး တပ်မမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ တပ်မတော် တာဝန်ထမ်းဆောင်စဉ် သစ္စာဓိဌာန် လေးချက်ကို ဦးထပ်ပန်ဆင်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်၊ တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် သစ္စာဖေါက်ခဲ့ခြင်း မရှိသလို နောင်လည်း သစ္စာ ဖေါက်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
          ဆက်ပြီး ဦးအောင်မင်းက UMFCCI အခန်းအနားမှာ သူပြောခဲ့တဲ့ စကားနဲ့ ပါတ်သက်လို့ တပ်မတော်သားတွေ၊ တပ်မတော်က အငြိမ်းစားယူထားတဲ့ ဆရာသမားတွေ၊ မိသားစုဝင်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတာ သိရလို့ အနူးအညွန့် တောင်းပန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ ဆောင်ရွက်နိုင်တာ မှန်သမျှ အစွမ်းကုန် ကြိုးစားပြီး ဆောင်ရွက်သွားမယ်လို့ ကတိ ပြုပါတယ် ဆိုပြီး ပြောပါတယ်။ UMFCCI ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှာ လုပ်တဲ့ ဟောပြောပွဲ တစ်ခုမှာ ၀န်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြတာ ဖြစ်လို့ ဒီလို စစ်ပွဲတွေကနေ စစ်ဘက်ဆိုင်ရာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်တွေဖြစ်တဲ့ သူရဘွဲ့တွေ၊ သီဟသူရဘွဲ့တွေ ပေးဖို့ မလိုပါဘူး လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့် ။  ။    ၀န်ကြီးဦးအောင်မင်း ပြောခဲ့တဲ့စကားကို အသေအခြာ ပြန်စဉ်းစား သုံးသပ်ကြည့်ရင် သွေးထွက်အောင် မှန်နေတာ တွေ့နိုင်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတာဟာ ကိုယ့်တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သတ်ဖြတ်ကြတဲ့ စစ်ပွဲ လို့ နားလည်လိုက်ရင် ဆုတံဆိပ်တွေ နဲ့ ဂုဏ်ပြုချီးမြှောက်ဖို့ မလိုဘူး ဆိုတာ ကိုလည်း လက်ခံကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားလုံး အပြောအဆိုကို ပြည်တွင်းစစ်ပွဲမှာ အသက်ပေးသွားတဲ့ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ရသူတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ မသေပဲ ဆုတံဆိပ် ဆွတ်ခူးရရှိသူတွေ ဘယ်လိုမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ အဲဒီ လို လက်ခံလိုက်ရင် အသက်ပေးခဲ့တာ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့တာ၊ သေမှာ မကြောက်ပဲ သက်စွန့်ဆံဖျား ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့တာတွေ အလကား အချည်းနှီး တန်ဘိုးမဲ့ ဖြစ်သွားမှာကြောင့် ဖြစ်ပါတယ်။
          တကယ်တော့ မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်ပြီး နောက်ပိုင်း ဒီ ပြည်တွင်းစစ် သက်ဇိုးရှည်အောင် လုပ်ခဲ့ကြသူတွေဟာ စစ်အာဏာရှင်တွေ ဖြစ်ပါတယ်။ တပ်မတော်နဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင်စနစ်အောက် သွတ်သွင်းပြီး ကိုယ့်တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သတ်ကြ ဖြတ်ကြတဲ့ စစ်ပွဲကြီးကို ရှည်ကြာအောင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တပ်မှူး တပ်သား၊ တပ်မတော်သားတွေကတော့ ဒီ စစ်အာဏာရှင်စနစ်ကြီးရဲ့ တန်ဆာခံတွေ ဘ၀၊ ပြန်ပေးဆွဲခံတွေ ဘ၀ ကျရောက်ခဲ့ကြရတာပါ။ ကိုယ့်အသက်၊ ကိုယ့်ဘ၀ တစ်ခုလုံး မှန်ကန်မှု မရှိတဲ့၊ မှားယွင်းဖေါက်ပြန်တဲ့ စစ်အာဏာရှင်တွေကို ပေးဆပ်ခဲ့ရပါလား ဆိုတာကို လက်ခံလိုက်ရင် တပ်မတော်သားအားလုံး သူတို့ ၀ိဥာဉ် ပျောက်ဆုံးသလို ခံစားကြရပါလိမ့်မယ်။ ဒီ ခါးသီးတဲ့ အမှန်တရား ဘယ်လိုမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ အပြစ်လည်း မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ညီအစ်ကိုချင်း သတ်ဖြတ်တဲ့ ပြည်တွင်းစစ် ရပ်စဲအောင်၊ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့နဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ ဆွဲထုတ်ဖို့ပါပဲ။

ဒေါ်အင်ကြင်းနိုင် ။  ။   လက်ရှိ ၀န်ကြီးဦးအောင်မင်း အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သိပ်ပြီး လွယ်ကူတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ပထမဦးဆုံး အလုပ်ကတော့ လက်ရှိ စစ်ဗိုလ်ချုပ်တွေ ငြိမ်းချမ်းရေး နဲ့ ပါတ်သက်ပြီး နားလည်လက်ခံလာအောင်၊ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေကို နားလည် သဘောပေါက်လာအောင် စည်းရုံး ရှင်းပြရတဲ့ အလုပ်ပါ။ စစ်အာဏာရှင် စနစ်အောက် ဖြတ်သန်းလာခဲ့သူတွေမို့၊ ပြည်တွင်းစစ်ပွဲကြောင့် သြဇာအာဏာရနေသူတွေမို့ စစ်ဗိုလ်ချုပ်တွေကို နားလည်အောင် စည်းရုံး ပြောဆိုရတာ ခက်လည်း အတော် ခက်ခဲပါတယ်။
          အခြားတစ်ဖက်မှာတော့ ဗမာဆိုရင်၊ ဗမာစစ်တပ် ဆိုရင် အယုံအကြည် မရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ နားလည်လာအောင် လုပ်ရတာလည်း မလွယ်ကူပါဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားထဲမှာလည်း ဗမာတွေကို၊ ဗမာစစ်တပ်ကို ရိုးရိုးသားသား မယုံကြည်သူတွေ ရှိသလို၊ ပြည်တွင်းစစ်ကြောင့် ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းနေသူတွေကလည်း၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို သိပ်လိုလားကြတာ မဟုတ်ပါဘူး။ ဒါကိုလည်း နားလည်မှုရအောင်၊ အပစ်အခတ် ရပ်စဲရေး ဖြစ်လာအောင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတွေ ပေါ်ပေါက်လာအောင် ခက်ခက်ခဲခဲ ကြိုးစားနေတာ တွေ့ရပါတယ်။
          လတ်တလော ၀န်ကြီးဦးအောင်မင်း အဓိက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးဇာတ် သွင်းကြတဲ့ ကိစ္စပါ။ အတိုက်အခံ အင်အားစုတစ်ချို့၊ အာဏာလက်ရှိထဲက အုပ်စု တစ်ချို့နဲ့ တိုင်းရင်းသား ခေါင်းဆောင် တစ်ချို့ဟာ လက်ရှိ ဦးအောင်မင်းတို့ ကြိုးစား အကောင်အထည်ဖော်နေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးဖြစ်သွားရင် သမ္မတ ဦးသိန်းစိန်နဲ့ သူ့ အစိုးရအဖွဲ့ နာမည်ကောင်းရသွားမယ်၊ အောင်မြင်မှု ပန်းတိုင်တစ်ခု ရောက်သွားမယ်၊ နိုင်ငံတကာ ထောက်ခံမှု ရသွားမယ် ဆိုပြီး မလိုလား၊ ဆန့်ကျင်နေကြတဲ့ ပြသနာပါ။ အဲဒီ အုပ်စုတွေဟာ တကယ့်တကယ် စစ်ကြောင့် ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေ အကျိုးစီးပွားကိုတော့ ထည့်တွက်ကြပုံ မရပါဘူး။

ဦးစည်သူအောင်မြင့် ။  ။   ဒီလို အခြေအနေတွေအောက်မှာ လက်ရှိ တစ်ဖွဲ့ချင်းစီနဲ့ ရထားတဲ့ အပစ်ရပ်ရေး သဘောတူညီချက်တောင် အချိန်မရွေး ပျက်ပြယ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အခု ငြိမ်းချမ်းရေး လုပ်နေတာဟာ တပ်မတော်သား ဇနီးတွေ မုဆိုးမ ဘ၀ မရောက်ရအောင်၊ တပ်မတော်သားတွေ ခြေပြတ် လက်ပြတ် ဒုက္ခသည် မဖြစ်ရအောင်၊ တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာပါလို့ ရှင်းပြနေတဲ့၊ အင်အားစု အသီးသီးကြားမှာ ကြိုးတန်း လမ်းလျောက်သူ တစ်ယောက်လို ဖြစ်နေတဲ့ ၀န်ကြီး ဦးအောင်မင်း အတွက် ဒီထက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ တွေ့ကြုံရဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

VOA ( ဦးစည်သူအောင်မြင့်)

New Lover ( သတင်းချစ်သူ) မှ စာဖတ်ပရိတ်သတ်များ အတွက် ဖုန်းထဲမှာ ဖတ်ရန် အတွက် ApK

အန်းဒရိုက် ဖုန်းထဲကနေ နေ့စဉ် ဖတ်နိုင်တဲ့ APK ဖြစ်ပါတယ် သတင်းချစ်သူများ ဒီဖုန်းဆော့ဝဲလ်ကို ထည့်ထားပါကသတင်းချစ်သူမှာရှိတဲ့သတင်းတွေ ကို မိမိတို့ ဖုန်းထဲကနေ ဖတ်နိုင်ပါတယ်။ 



 နေ့စဉ် သတင်းများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ စာပေများ ၊ Page မှ စာဖတ် ပရိတ်သတ်များ အဆင်ပြေစေရန် အတွက် ဖုန်းထဲကနေ တိုက်ရိုက် ဖတ်နိုင်မည့် APK ဖြစ်ပါတယ်။ ဒေါင်းလွတ်ဆွဲပြီး ဖုန်းထဲမှာ အင်စတော လုပ်ကာ နေ့စဉ် ဖတ်နိုင်သလို အင်တာနက် မရှိလည်း ဖုန်းထဲမှာ ဖတ်နိုင်ပါတယ်။ 



အင်တာနက် ချိတ်တဲ့ အခါမှာ ဖုန်းထဲကို စာတွေအော်တို ပို့ပေးနေပြီး ဒီ APK ကနေ FACEBOOK ကိုလည်း သုံးနိုင်ပါတယ်။
ဖိုင်ဆိုက်က 3.33 MB ပဲ ရှိပါတယ်။



လိုအပ်ရင် အောက်က လိပ်စာလေးမှာ တိုက်ရိုက် ဝင်ရောက် ရယူနိုင်ပါတယ်။ 

ဒေါင်းလော့ဆွဲ ရန် ဒီမှာ  ကလစ် နှိပ်လိုက်ပါ ။

ကျေးဇူးတင်ပါတယ်

တရုတ်မှောင်ခို တွေကြောင့် ဝင်ငွေစံချိန် မချိုးနိုင်တော့တဲ့ မြန်မာ့ ကျောက်မျက် ရောင်းချပွဲ


အစိုးရအဆက်ဆက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာ နှစ်စဉ် ဝင်ငွေ ရှာဖွေခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ (ယူရိုငွေ ၂ ဒသမ ၂ ဘီလီယံ) ကျော် ဝင်ငွေရှာဖွေပေးနိုင်ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံကို တရားမဝင် မှောင်ခို တင်ပို့မှုတွေကြောင့်မြန်မာ့ကျောက်မျက် ရောင်းချမှုဝင်ငွေ စံချိန်မချိုးနိုင်တော့တဲ့
အခြေအနေ ဆိုက်ရောက်နေပါ တယ်။
မြန်မာနိုင်ငံက အဖိုးတန် ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိပေမယ့် အဓိကအားဖြင့် ဝင်ငွေရှာဖွေ ပေးနေတဲ့ ကျောက်မျက် ရတနာ တခုကတော့ ကျောက်စိမ်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေကို ဖိနှိပ်မှုကြောင့် အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံကြီးတွေကနေ မြန်မာ့ ကျောက်မျက် ရတနာရောင်း ဝယ်မှုတွေကို စီးပွားရေးပိတ်ဆို့ထားတာမို့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာ့ကျောက်စိမ်းကို အဓိကထား ဝယ်ယူနေတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နေပါတယ်။
တရုတ်ကုန်သည် တွေက ပြိုင်ဘက်မရှိတဲ့ ဝယ်လက်တဦးတည်း အနေနဲ့ မြန်မာ့ကျောက်စိမ်းတွေ ဝယ်ယူ နေပေ မယ့် မြန်မာ့ကျောက်စိမ်းတွေကို ဈေးနှိမ်ဝယ်ချင်ကြပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ အတွင်း မှာ ကျင်းပ ခဲ့တဲ့ ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာရောင်းချပွဲမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ကျော် ဝင်ငွေ စံချိန်ချိုးပြီးတဲ့ နောက်တရုတ်အစိုးရက မြန်မာ့ကျောက်စိမ်း ဝယ်ယူမယ့် တရုတ် ကုန်သည်တွေကို ဝယ်ယူတဲ့ ငွေကြေး ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းကနေ ၃၄ ရာခိုင်နှုန်းအထိ အခွန်ကောက်မယ်လို့ ကြေညာ ခဲ့ပါတယ်။
အဲဒီကြေညာချက်ကြောင့်ပဲ မြန်မာ့ကျောက် စိမ်း ဝယ်လိုအား ထိုးကျသွားပြီး ၂၀၁၂ ခုနှစ်မှာ ကျင်းပတဲ့ ၄၉ ကြိမ် မြောက် မြန်မာ့ကျောက်မျက် ရတနာရောင်းချပွဲမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော်ကျော် သာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွေကို တရုတ်ကုန်သည်တွေ လာရောက်မှုကတည်း တနှစ် ထက် တနှစ် ကျဆင်းခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် ကျောက်မျက်ပြပွဲမှာ လာရောက်တဲ့ ပြည်တွင်းပြည်ပ ရတနာ ကုန်သည် ၈၀ဝ၀ ကျော်ရှိခဲ့ပြီး တရုတ်ကုန် သည်တွေ အများဆုံး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ် ရတနာ ကုန်သည်တွေ လာရောက်မှု တဖြည်းဖြည်းနည်းလာခဲ့ပြီး ကျောက် မျက်ရောင်းချပွဲတွေမှာ တရုတ် ကုန်သည် အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည် ၄၀ဝ၀ နဲ့ ၆၀ဝ၀ ကြား သာရှိပါတော့တယ်။
၂၀၁၄ ဇွန်လ ၂၄ ရက်ကနေ ဇူလိုင်လ ၆ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၅၁ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲမှာ ပြည်တွင်းရတနာကုန်သည် ၂၀၆၅ ဦးနဲ့ တရုတ်လူမျိုး ရတနာကုန်သည် ၄၀၂၂ ဦး အပါ အဝင် ပြည်ပ ရတနာ ကုန်သည် ၄၀၆၀ ဦး တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
ကျောက်မျက် ပြပွဲတွေမှာ မြန်မာ့ကျောက်စိမ်း ကို အစဉ်တစိုက် ဝယ်ယူအားပေးနေတဲ့ တရုတ် ကုန်သည်တွေ ဘယ်ရောက် ကုန်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ တရုတ်ကုန်သည်အများစုက မြန်မာနိုင်ငံက တရား မဝင် ခိုးထုတ်လာတဲ့ မှောင်ခို ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကိုသာ အဓိက ဝယ်ယူလာ ကြခြင်းပါပဲ။
သတ္တုတွင်းဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး တဦးကလည်း မြန်မာ့ကျောက်စိမ်းတွေ တရားဝင် ရောင်းချ မှုထက် တရားမဝင် လမ်းကြောင်းကနေ ပုံစံမျိုးစုံနဲ့ ရောင်းချမှုတွေ အတော်များများ ရှိနေတယ်ဆို တာကို သဘောတူပါတယ်။ မှောင်ခို ရောင်းချမှု ပမာဏက တရားဝင် ရောင်းချနေတဲ့ ပမာဏထက် များစွာ များပြား နေတယ်လို့ သိရပါ တယ်။
“ပြည်ပနိုင်ငံကလေ့လာတဲ့လူတွေက ဒီနိုင်ငံကို ရောက်လာပြီး ကျနော်တို့ဝန်ကြီးဌာနက တာဝန်ရှိ သူတွေ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တာဝန်ရှိတဲ့ လူတွေဆီကို တဖက်ဆီ သွားရောက် တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့ဖူးတယ်။ သူတို့ရဲ့ စစ်တမ်းတွေအရ ပြည်ပနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ရောင်းချတာတွေက ပိုများနေတယ်လို့ ဆိုတယ်” လို့ သတ္တုတွင်းဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ဆိုပါတယ်။
အစိုးရအနေနဲ့ ကျောက်စိမ်းတွေ တရားမဝင် လမ်းကြောင်းကနေ တရုတ်နိုင်ငံအထိ စီးဆင်းနေ တာသိပါ လျက် နဲ့ ဘာကြောင့် ထိရောက်စွာအရေးယူ နိုင်ခြင်းမရှိပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပြည်တွင်းစစ်ပါပဲ။ မြန်မာ အစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် မြန်မာ့ကျောက်စိမ်းတွေ မှောင်ခို ခိုးထုတ်နိုင်တဲ့ အခြေအနေ ရောက်ရှိနေရတာပါပဲ။ အစိုးရ စစ်တပ်နဲ့ KIA  ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကျောက်စိမ်းကလည်း အကြောင်းအရင်း တရပ်အဖြစ် ပါဝင် နေပါတယ်။
တရားမဝင် လမ်းကြောင်းကနေ ကျောက်စိမ်း တွေထွက်ရှိနေတာက ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာ တယ် ဆို ပေမယ့်လည်း အစိုးရအနေနဲ့ တရားမဝင် ကျောက်မှောင်ခို စီးဆင်းမှုကို ထိရောက်စွာ ဟန့်တားနိုင်တဲ့ အခြေ အနေ မရှိသေးဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
“ဖားကန့်လိုနေရာမျိုးမှာ တာဝန်ကျလို့ သွား ရင်တောင် နယ်မြေကကြမ်းတော့ အုပ်ချုပ်မှုပိုင်းမှာ မလွယ်ဘူး။ ညဘက်ဆို အပြင်တောင်ထွက်ဖို့ခက် တယ်။ မှော်ထဲရောက်နေတဲ့ လူတွေကို နေရပ်ဒေသ တွေဆီပြန်ပို့တော့ လည်း သူတို့က အခြားလမ်းကြောင်းကနေ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ရောက်လာကြတာပဲ။ ပြီးရင် ခိုးပြီးပြန် လုပ်နေ ကြပြန်ရော။ နယ်မြေကျယ်တာကြောင့်လည်း ဖြစ်မယ်” လို့ သတ္တုတွင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ဆိုပါတယ်။
အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင် ပြည်နယ် တွင်းမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းဖို့ အစိုးရက အမိန့်ထုတ်ထားပေမယ့် တရား မဝင် ကျောက်စိမ်း တူးဖော်မှုတွေ၊ တရားမဝင် ကျောက်စိမ်းရောင်းဝယ်မှုတွေက တနေ့ တခြား ကြီးထွားလို့ လာနေပါတယ်။
နယ်မြေငြိမ်းချမ်းမှု မရှိတဲ့ ကချင်ပြည်နယ် အတွင်းကို တရုတ်ကုန်သည်တွေ ကိုယ်တိုင်လာရောက်ပြီး ကျောက် စိမ်းဝယ်ယူတာ၊ ကျောက်စိမ်းတူး ဖော်ရေးတွေ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် ဈေးကွက် မှာ မြန်မာ့ကျောက်စိမ်းတွေ ဈေးပေါပေါနဲ့ တရုတ်နိုင်ငံဆီကို အလုံးအရင်းနဲ့ လှိမ့်ဝင်နေပါတယ်။
ကချင်ပြည်နယ် မိုးညှင်းဒေသမှာရှိတဲ့ ဝေခါ မှော်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် နေသူ ကိုလွင်လွင် က “အများစုက ဒီမှော်ထဲမှာပဲ အလုပ်ဖြစ်နေတယ်။ ကြိုက်ဈေးတွေ့ရင် ရောင်းတာပဲ။ လော်ပန် တွေကလည်း ငွေကို အတိ အကျ ပေးတယ်။ သိန်း ထောင်ကျော်တန် ကျောက်တွေဆိုရင် ဒီလုပ် ကွက်မှာတင် ပွဲဖြစ်သွားကြတာများတယ်။ အဲ့ဒီထက် ပိုများပြီး သိန်းသောင်းချီတန်တဲ့ ကျောက်တွေဆိုရင် ဟိုဘက်ကို (တရုတ်နိုင်ငံ) ထွက်ပြီး ရောင်းကြတာ များတယ်” လို့  ဧရာဝတီကို ပြောတယ်။
နယ်မြေငြိမ်းချမ်းမှု မရှိတဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ၊ ကျောက်စိမ်း ရောင်းချမှု တွေကို KIA က ထိန်းချုပ်ထားပြီး တရားဝင် KIA ကို အခွန်ဆောင်ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လည်း KIA မသိလိုက်ဘဲ တရုတ်ဈေးကွက် ဆီရောက်သွားတဲ့ ကျောက်စိမ်း ရောင်းဝယ်ဖောက် ကားမှုတွေ ကလည်း အမြောက်အမြားရှိနေပါတယ်။
“မှော်ထဲမှာက ငွေကပေါတယ်။ ယုံကြည်မှုအရ အလုပ်လုပ်နေကြရတယ်။ ပြပွဲမှာ သွားရောင်းရတာက အလုပ်ပို ရှုပ်တယ်။ ဟိုက ကြိုက်ရောင်းကြိုက် ဝယ်လို ပုံစံမျိုး။ ဝယ်တဲ့လူတယောက် ကြည့်နေချိန်မှာတောင် နောက် ထပ် ဝယ်လက်က လုယက်ပြီး ဝယ်တာမရှိဘူး။ ပြပွဲမှာ တရားဝင်ရောင်းရင် အခွန် အခ၊ သယ်ယူစရိတ်စတဲ့ လုပ်ငန်းတွေက ပိုများတယ်လေ။ ဒါကြောင့် ဒီလိုမှော်ထဲမှာ အရောင်းအဝယ်က ပိုဖြစ်တာများတယ်” လို့ ကျောက်ကုန်သည် ဦးသန်းနိုင်ဦးက ပြောဆိုသည်။
လတ်တလော အမေရိကန် ပြည်ထောင်စုက ၂၀ဝ၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ Burmese Jade (Junta’s Anti-Democratic Efforts) Act of ၂၀ဝ၈ ကို ၂၀၁၃ ခုနှစ်အတွင်းမှာ ဆက်လက်သက် တမ်းတိုးထားခဲ့တာကြောင့် မြန်မာ့ ကျောက်မျက် ရတနာတွေ၊ မြန်မာ့ ကျောက်စိမ်းတွေအနေနဲ့ တရုတ် ဈေးကွက်နဲ့ တရုတ်ဝယ်လက်ကို သာ အဓိက ထား မှီခိုနေရဦးမှာပါပဲ။
မြန်မာနိုင်ငံက ရတဲ့ ကျောက်မျက်ရတနာ ကုန် ကြမ်းတွေကို တရုတ်တွေက ကုန်ချောအဖြစ်ပြန်လည် ထုတ် လုပ် ပြီး နိုင်ငံတကာ ဈေးကွက်တွေဆီကို တင်ပို့နေတာမို့ ပြည်တွင်းစစ် မပြီးသမျှ၊ ငြိမ်းချမ်းရေး မရသမျှ ကာလပတ်လုံး တရုတ်ကုန်သည်တွေအတွက် ဈေးပေါပေါနဲ့ အရည်အသွေးကောင်းတွေ မှောင်ခိုရနိုင်တဲ့ တရား မဝင် ဈေးကွက်က ဆက်လက်တည်ရှိ နေမှာဖြစ်ပါတယ်။

ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး


  သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော
ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုယ်ပိုင်တက္ကသိုလ်များ မှတ်ပုံတင်ရာတွင် မတည်ငွေရင်း၊ ကျောင်းတည်နေရာ၊ သင်ကြားမည့် ဘာသာရပ်များနှင့် တက္ကသိုလ်နှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိခြင်း လိုအပ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းကို ၅ နှစ်အထိ ပေးမည်ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရန် ရှိ၊ မရှိ အကြောင်းကြားရန် သတ်မှတ်ထားကြောင်း ဒေါက်တာတင်မေထွန်းက ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် အမျိုးသားပညာရေး ကော်မရှင်က တာဝန်ယူရန် လျာထားကြောင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံခြားသားများ အတွက်လည်း အကျုံးဝင်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“အမျိုးသားပညာရေး ကော်မရှင်ကိုလည်း အသစ်ပြန်လုပ်နေပါတယ်။ အရင်အဟောင်းအတိုင်း သွားမှာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေထဲမှာ အတည်ပြုရင် အဲဒီအတိုင်းပဲ ဖွဲ့စည်းသွားမှာ” ဟု အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က The Voice သို့ ဆိုသည်။

အမျိုးသားပညာရေး ကော်မရှင် တစ်ခုတည်းမှ တက္ကသိုလ်မှတ်ပုံတင်နှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူ လုပ်ကိုင်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်း၊ တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် မြို့နယ်အလိုက် ကွန်ရက်များ ဖြန့်ကြက်ထားမှသာ လုပ်ငန်းပြီးစီးမှု လျင်မြန်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းက ပြောဆိုသည်။

“နောက်ပြီး သိန်း ၅၀၀၊ ၁၀၀၀ ပြစ်ဒဏ်မျိုး မကြားဖူးဘူး။ ကျောင်းမှတ်ပုံတင်တဲ့ သူတွေအတွက် ဒီလောက်များရင် ဘယ်သူမဆို အခက်အခဲတော့ ရှိနိုင်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရေးဆွဲထားပြီးသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) တွင် အခန်း ၁၃ ခန်း ပါဝင်သည်။

The Voice Weekly

Sunday, June 29, 2014

လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်


 တနင်္လာနေ့၊ ဇွန်လ ၃၀ ရက်၊ ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့်
လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

“ကြားကားတွေက တရားဝင်မောင်းခွင့် နဲ့ လိုင်းဆွဲနေတာ မဟုတ်ဘူး။ တရားလည်း မ၀င်ဘူး။ အခွန်လည်း ဆောင်စရာမလိုတဲ့ အတွက် အမြတ်အစွန်းပိုရတယ်။ မှောင်ခို ဆွဲတဲ့သဘောဖြစ်နေတယ်”ဟု ပြောသည်။

၂၀၁၄ ခုနှစ်မှစတင်ပြီး ယာဉ်စည်ကမ်း ထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့ဖွဲ့စည်းကာ လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ် (ကြားကား)များအဖြစ် ပြေးဆွဲမှုများ ပိုမို များပြားလာသည့်အပြင် အဆိုပါအဖွဲ့ကလည်း ဖမ်းဆီးရမိမှု များပြားလာသည့် အတွက် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုလိုခြင်းဖြစ်သည်။

ဇွန်လတတိယပတ်မှစတင်ပြီး အဆိုပါလုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသည့် ကြားကားများကို အဖွဲ့ကိုးဖွဲ့က ဖမ်းဆီးအရေးယူမှုများခဲ့ရာ ရက်သတ္တပတ်အတွင်း ၂၄ စီး ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားသည်။

နန်းမြင့်
Mizzima - News in Burmese

ဗီလိန်ပုဒ်မ ၁၈ အသက်ဝင်နေဆဲ ငြိမ်းစုစီဥပဒေ


မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် အစိုးရများ၊ လွှတ်တော်များ၊ အာဏာပိုင်အ ဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအသံနှင့် ဆန္ဒသဘောထား တို့ကို စဉ်ဆက်မပြတ် နားစွင့်သုံး သပ်နိုင်ရေးသည် ပဓာနကျသည့်အလျောက် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းတို့ကို ကျယ်ကျယ်ပြန့် ပြန့်
အသိအမှတ်ပြုနိုင်ရန် လိုအပ် သည်။ အောက်ခြေပြည်သူလူထု ၏ တောင်းဆိုချက်များ၊ လိုလား ချက်များ၊ အကျပ်အတည်းများ၊ ဘေးဒုက္ခများ၊ အနိုင်ကျင့်ခံရမှု များ၊ မတရားလုပ်ခံရမှုများ၊ ဖိနှိပ် ခံရမှုများ စသည့် ပုံရိပ်များနှင့်အ တူ၊ နိုးထလှုပ်ရှားလာသော ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများကို အစိုးရ၊ လွှတ်တော်နှင့် အာဏာ ပိုင်များအနေဖြင့် ဆုတ်ယုတ်မှုဟု မမြင်၊ တိုးတက်မှု၏ လမ်းစဟု ရှုမြင်နိုင်ရန် ပဓာနကျသည်။

ပြည်သူ့လွှတ်တော် တရားစီ ရင်ရေး၊ ဥပဒေရေးရာနှင့် တိုင် ကြားစာများ၊ အသနားခံစာများ၊ စိစစ်ဆောင်ရွက်ရေးကော်မတီ သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၆ အဖြစ် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ခဲ့သည်။ ပြည်ထောင်စုလွှတ် တော်သည် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေ၏ နိဒါန်း တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့ မဟုတ်) ပြည်သူတို့၏ ကိုယ့်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့် မဆန့်ကျင် လျှင် လက်နက်မပါဘဲ ငြိမ်းချမ်း စွာစုဝေးခွင့်၊ စီတန်းလှည့်လည် ခွင့်၊ အခွင့်အရေးများကို လွတ် လပ်စွာသုံးစွဲဆောင်ရွက်နိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အ လျောက် နိုင်ငံသားများက ယင်း အခွင့်အရေးများကို ဥပဒေနှင့်အ ညီ သုံးစွဲဆောင်ရွက်နိုင်ရန် အလို့ ငှာ ပြည်ထောင်စုလွှတ်တော် သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက် သည်ဟု ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ တွင်ပါရှိသော ခွင့်ပြုမိန့်ဆိုသည့် စကားရပ်ကို ခွင့်ပြုချက်ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစား ထိုးရမည်ဟု ၂၀၁၄ ခုနှစ် ငြိမ်းစု စီပြင်ဆင်သည့် ဥပဒေတွင် ဖော် ပြထားသည်။ ၂၀၁၃ ခုနှစ် ငြိမ်းစု စီပြင်ဆင်သည့် ဥပဒေမူကြမ်း၌ အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ) တွင် ခွင့်ပြုမိန့်ကို အကြောင်းပြန် ကြားစာ၊ ခွင့်ပြုမိန့်ကို ပြန်ကြား စာဟု အစားထိုးရန် အပါအ၀င်၊ ခွင့်ပြုမိန့်နှင့် ပတ်သက်သော စကားရပ်ပြင်ဆင်မှု အများအပြား ပါရှိခဲ့သော်လည်း ခွင့်ပြုမိန့်ကို ခွင့်ပြုချက်အဖြစ် ပြင်ဆင်ခြင်းကို သာ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည် ခြင်းတို့ကို ခွင့်ပြုမိန့်မဟုတ်၊ ခွင့် ပြုချက်ဖြင့် လုပ်နိုင်မည် ဖြစ် သည်။
အခန်း(၄)ခေါင်းစဉ်တွင် ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့်ငြင်းပယ်ခြင်းဆိုသည့် စကားရပ်ကို ပယ်ဖျက်ခဲ့သဖြင့် ငြိမ်းစုစီအတွက် ခွင့်ပြုချက်လိုသော်လည်း ခွင့်ပြုချက်ကို ငြင်းပယ်ခွင့် မရှိသည့် သဘောတွေ့ရှိရသည်။ ၂၀၁၃ ခုနှစ် ငြိမ်းစုစီပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် အခန်း(၄)ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်းဆိုသော စကားရပ်ကို အကြောင်းကြားစာအား ကူညီဆောင်ရွက်ခြင်းဆိုသည့် စကားရပ်နှင့် အစားထိုးရမည်ဟု ဖော်ပြခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ပေ။ ငြိမ်းစုစီပြင်ဆင်သည့် ဥပဒေမူကြမ်းပါ အခြားစကားရပ်ပြင်ဆင်မှုများ အားလုံးနီးပါးကိုလည်း ပြင်ဆင်သည့် ဥပဒေတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ၊ အခန်း(၃)၊ ပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)၌ပါ ရှိသော ကိုယ်ရေးအချက်အလက် ဆိုသည့် စကားရပ်ကို ၂၀၁၄ခုနှစ် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာ အပြည့်အစုံဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်ခဲ့သည်။ ထို့ကြောင့်ငြိမ်းစုစီခွင့်ပြုချက် လျှောက်လွှာတွင် လျှောက်ထားသူ၊ ဦးဆောင်မည့် ပုဂ္ဂိုလ်နှင့် ဟောပြောမည့် ပုဂ္ဂိုလ်တို့၏အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာအပြည့်အစုံတို့ကိုသာ ဖော်ပြရန် လိုအပ်မည်ဖြစ် သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ပုဒ်မ ၈ တွင် ပုဒ်မခွဲ (စ) အဖြစ် ဟောပြောခွင့်ပြုသည့်အ ကြောင်းအရာနှင့် ကြွေးကြော်ခွင့် ပြုသည့် စကားရပ်များဟု ဖြည့် စွက်၊ အတည်ပြုခဲ့သဖြင့် အဆိုပါ နှစ်ချက်ကို ခွင့်ပြုချက်တွင် ထည့် သွင်းဖော်ပြရမည် ဖြစ်သည်။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ၊ အခန်း(၄)၊ ပုဒ်မ ၅ တွင် သက် ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသားတစ်ဦးက ဖြစ်စေ၊ နိုင်ငံ သားအများကဖြစ်စေ၊ အဖွဲ့အ စည်းတစ်ရပ်ရပ်ကဖြစ်စေ၊ ခွင့်ပြု မိန့်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင် ရာ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၏  အတည်ပြုချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း (သို့မဟုတ်) ခွင့်ပြု မိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းပြု နိုင်သည်။ သို့ရာတွင် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့ မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့် မဆန့်ကျင် လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်း ပယ်ခြင်းမပြုရဟု ပြဋ္ဌာန်းထား ခြင်းကို ၂၀၁၄ ခုနှစ် ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ တွင် ပုဒ်မ ၅ ကို သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့မှူးသည် နိုင်ငံ သား တစ်ဦးကဖြစ်စေ၊ နိုင်ငံသား အများကဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ ခွင့်ပြုချက် ရရှိရန် သတ်မှတ်ချက်များနှင့်အ ညီ တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင် ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြုချက်ထုတ်ပေးရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း ခဲ့သည်။ ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်းကို ပယ်ဖျက်ခဲ့သဖြင့် လာမည့်ကာလများတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းများ ပိုမိုမြင်တွေ့လာရနိုင်သည့်အလျောက် အစိုးရနှင့် အာဏာပိုင်များအနေဖြင့် ငြိမ်းစုစီများကို တိုင်းပြည်နှင့်ပြည်သူလူထု တိုးတက်မှုဘက်မှ ရှုမြင်နိုင်ရန် လိုအပ်မည် ဖြစ်သည်။
၂၀၁၃ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း တွင် ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မ ၉ တို့ကို ပယ်ဖျက်ရမည်ဟူသော အချက်ကို ၂၀၁၄ ခုနှစ် ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုကြောင့် ၂၀၁၁ ခုနှစ် ငြိမ်းစုစီ ဥပဒေ၊ ပုဒ်မ ၇ ၊ ပုဒ်မခွဲ(ခ)ပါ ခွင့် ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ပါက ကျိုးကြောင်းဖော်ပြ၍ လျှောက် ထားချက်ပါ နေ့ရက်နှင့် အချိန် မတိုင်မီ အနည်းဆုံး ၄၈ နာရီကြို တင်၍ သက်ဆိုင်ရာလျှောက်ထား သူထံ အကြောင်းပြန်ကြားရမည် ဟူသော အပိုဒ်နှင့် ပုဒ်မ ၉ ပါ ခွင့် ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခံရ ခြင်းနှင့် စပ်လျဉ်း၍အယူခံဝင်နိုင် ခြင်း၊ အဆုံးအဖြတ်ပေးခြင်း ဆိုင် ရာပုဒ်မတို့ကို ပယ်ဖျက်ခဲ့သည်။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ အခန်း ၅၊ စည်းကမ်းသတ်မှတ် ချက်များ၊ ပုဒ်မ ၁၂၊ အပိုဒ် (ဋ)ပါ ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းခံရပါက ဆက်လက်ဆောင်ရွက်ခြင်း မပြု ဘဲ လူစုခွဲရမည်ဟူသော စကား ရပ်ကို ၂၀၁၄ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေတွင် အပုဒ်မခွဲ(က)မှ ပုဒ်မခွဲ (ည)အထိ ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိ၍ ခွင့်ပြုချက် ရုပ် သိမ်းခြင်းခံရပါက ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ လူစုခွဲရ မည်ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
၂၀၁၃ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သော်လည်း လွှတ်တော်တွင် ဆွေးနွေး အတည်ပြုသောအခါ ပုဒ်မ ၁၈ ကို မပယ်ဖျက် နိုင်ခဲ့ပေ။ ၂၀၁၁ ခုနှစ် ငြိမ်းစုစီ ဥပဒေ၊ အခန်း ၇ ပုဒ်မ ၁၇ ၊ ၁၈ နှင့် ၁၉ တို့တွင် ပြစ်မှုနှင့် ပြစ်ဒဏ် များကို ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၁၇ သည် ခွင့်ပြုမိန့်နှင့်အညီ ငြိမ်းချမ်းစွာစုဝေးခြင်း (သို့မဟုတ်) ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများအား နှောင့်ယှက် ကျူးလွန်သူများအတွက် ပြစ်ဒဏ် ဖြစ်ပြီး ပုဒ်မ ၁၈ နှင့် ၁၉ သည်  ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ပြုသူများကို အရေးယူအပြစ်ပေးသည့် ပြစ်ဒဏ်များ ဖြစ်သည်။
၂၀၁၄ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေတွင် ပုဒ်မ ၁၇ တွင်ပါရှိသော ၂ နှစ် ထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၈ တွင်ပါရှိသော တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၉ တွင်ပါရှိသော ခြောက်လထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို သုံးလထက်မပိုသောထောင်ဒဏ်ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုး ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။
ပုဒ်မ ၁၈ ၏ ပြစ်ဒဏ်ကို လျှော့ပေါ့ပြင်ဆင်ခဲ့သော်လည်း ပုဒ်မ ၁၈ တည်နေဆဲဖြစ်ပြီး ခွင့် ပြုချက်ကို ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ ငါးရက် ကြိုတင် လျှောက်ထားရမည် ဖြစ်သည်။ ခွင့်ပြုချက်ကို မငြင်းပယ်နိုင်ခြင်း သည် အတန်အသင့် ကောင်းမွန် သော်လည်း၊ ၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ၊ ပုဒ်မ ၂၄ အရ၊ ပြည်ထဲရေးဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်း (သို့မဟုတ်) စည်းကမ်း များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကို ထုတ်ပြန်နိုင်သည်ကို လည်း သိရှိနိုင်ရန် လိုအပ်မည် ဖြစ်သည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းသည် ဒီမို ကရေစီအသွင်ကူးပြောင်းရေးအ တွက် အပြုသဘောဆောင်သော တွန်းအားများ ဖြစ်သည်ဟု အစိုးရ၊လွှတ်တော်နှင့် အာဏာပိုင်များအနေဖြင့် မှတ်ယူနိုင်ရန် လိုအပ်ဆဲဖြစ်ပြီး စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းတို့၏ နောက်ကွယ်မှ ပြည်သူလူထုအကြား မတရားမှုများ၊ နစ်နာမှုများ၊ မကျေနပ်မှုများကို ပြည်သူ့အသံ လွှတ်တော်များနှင့် ပြည်သူဗဟိုပြု အစိုးရတို့အနေဖြင့် ပိုမိုအလေးထားလာနိုင်မည်ဆိုလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် ပိုမိုခိုင်မာ၊ အားကောင်းလာမည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့် ဆိုသော် ၂၀၁၃ ခုနှစ် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းကို ခွင့်ပြုမိန့် မလို၊ အကြောင်းကြားစာဖြင့်သာ ဆောင်ရွက်နိုင်ရန်နှင့် ပုဒ်မ ၁၈ ကို ပယ်ဖျက်နိုင်ရန် ဦးတည်အဆို ပြုခဲ့သော်လည်း ၂၀၁၄ ခုနှစ် ငြိမ်း စုစီပြင်ဆင်သည့် ဥပဒေတွင် ခွင့်ပြုချက်၊ ပြစ်ဒဏ်လျှော့ပေါ့မှု များသာ အတည်ဖြစ်ခဲ့ပြီး၊ ပုဒ်မ ၁၈ သည် တည်မြဲတည်နေဆဲ ဖြစ် သည်။ ပုဒ်မ ၁၈ ပယ်ဖျက်ရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တင်းပြည့် ကျပ်ပြည့် မထောက်ခံခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့အ သံ၊ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒဆိုသည့် လွှတ်တော်၏ဆောင်ပုဒ်နှင့် ဟန်ချက်ညီညီ ရပ်တည်နိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်းနှင့် ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းတို့အပေါ် အကျိုးထက်၊ အဆိုးမြင်နိုင်မှု ပိုကဲနေဆဲဖြစ် ကြောင်း ကောက်ချက်ပြု သုံးသပ်နိုင်ပါသည်။   ။

စင်ကာပူရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန ဖော်ပြ


အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်မလေး ရေးသားခဲ့သည့် Buy a discount maid at Singapore’s malls သတင်းဆောင်းပါးအား တွေ့ရစဉ် –
စင်ကာပူနိုင်ငံရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအဝင် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစည်းတစ်ခုသဖွယ် ရောင်းချနေကြကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်မလေး ရေးသားခဲ့သည့် သတင်းဆောင်းပါး “Buy a discount maid at Singapore’s malls” အရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အိမ်အကူများအဖြစ်
သွားရောက်လုပ်ကိုင်နေကြရာတွင် စင်ကာပူနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ထိုသို့ သွားရောက်လုပ်ကိုင်ရာတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရလေ့ရှိပြီး ယခုနောက်ဆုံး အိမ်အကူများအား အလုပ်အကိုင်ခန့်ထားသည့် အေဂျင်စီများက ရောင်းကုန်ပစည်းများသဖွယ် ဈေးဝယ်စင်တာများတွင် ပြသရောင်းချနေကြခြင်း ဖြစ်သည်။
“စင်ကာပူမြို့လယ်မှာရှိတဲ့ ဘူကစ်တီမာရှော့ပင်းစင်တာကို သွားလိုက်ပါ။ မီးရောင်တွေ ထိန်ထိန်ညီးအောင်ထွန်းထားတဲ့အခန်းတွေပါဝင်တဲ့ ငါးထပ်ဆောင်နဲ့ “အိမ်အကူ” ဒါမှမဟုတ် “တွက်ခြေကိုက်သော အိမ်ဖော်” လို့ရေးထားတဲ့ ပြခန်းတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီအခန်းတွေထဲမှာတော့ စိတ်မပါတဲ့အမူအရာနဲ့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေကို တွေ့နိုင်ပါလိမ့်မယ်။ သင်ဝင်လာတဲ့အချိန်မှာ သူတို့က ရိုရိုသေသေပဲ ခေါင်းညိတ်ပြကြပါလိမ့်မယ်။ တချို့က သင်အဲဒီအခန်းက ဝန်ထမ်းတွေနဲ့ စကားပြောနေချိန်မှာ အသေအချာကြည့်နေကြလိမ့်မယ်။ သူတို့ထဲက တစ်ယောက်ကို နှစ်နှစ်ဒါမှမဟုတ် အဲဒီထက်ကြာကြာပဲဖြစ်ဖြစ် သင်အိမ် ခေါ်သွားချင်ခေါ်သွားပါလိမ့်မယ်။ အဲဒီမှာထိုင်နေတဲ့ အမျိုးသမီး အိမ်တွင်းအလုပ်သမားတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေဆီကနေ လာကြတာပါ။ သူတို့ဟာ အိမ်ရှင်နဲ့ ဘယ်လောက် ရင်းရင်းနှီးနှီးရှိတယ်၊ အလုပ်ဘယ်လောက် ကြိုးစားတယ်ဆိုတာကို ချီးကျူးပြောဆိုထားတဲ့ ဆိုင်းဘုတ်တွေရယ်၊ အထူးအရောင်းမြှင့်တင်ခြင်း၊ ဈေးလျှော့ပေးခြင်းလို့ ကြော်ငြာထားတဲ့ အရောင်တောက်တောက်ပြောင်ပြောင် ပိုစတာတွေရယ်ရဲ့ အောက်မှာ သူတို့ တွေ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေကြတယ်” ဟု အဆိုပါ သတင်းဆောင်းပါးတွင် ရေးသားထားခဲ့သည်။
အိမ်အကူအမျိုးသမီးများအား ရောင်းကုန်သဖွယ်ပြသထားရာတွင် ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်များပုံစံ သရုပ်ပြ လုပ်ဆောင်ရမှုများလည်း ရှိနေသည်ဟု အဆိုပါဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။
“ဈေးဝယ်စင်တာက မိန်းလမ်းမရဲ့ တစ်ဘက်မှာဆိုရင် အိမ်အကူအလုပ်သမားတွေဟာ တစ်ဦးနဲ့တစ်ဦးကို လက်တွန်းလှည်းပေါ်မှာတင်ပြီး တွန်းပြနေကြတယ်။ သူတို့ဟာ သက်ကြီးရွယ်အိုတွေကို ဘယ်လိုစောင့်ရှောက်နိုင်တယ်ဆိုတာမျိုးကို သရုပ်ပြနေကြတာပါ။ နောက်တစ်ခန်းမှာတော့ အမျိုးသမီးတစ်ယောက်က ကလေးအရုပ်ကလေးကို ပုခက်လွှဲပေးနေပြီး ကလေးအရုပ်ကလေးကို သေးခံလဲပေးနေတဲ့ပုံစံ သရုပ်ပြနေတယ်။ တခြားလူတွေက ဧည့်ခန်းထဲမှာ ရှပ်အင်္ကျီတွေကို မီးပူတိုက်နေတဲ့ပုံစံ၊ အိပ်ယာပြင်ဆင်နေတဲ့ပုံစံတွေနဲ့ သူတို့ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ပြီး သရုပ်ပြနေကြပါတယ်” ဟု ရေးသားထားခဲ့သည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိကလာရောက်လုပ်ကိုင်နေသည့်နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂ဝဝဝဝ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃ဝဝဝဝ အထိ တိုးတက်လာခဲ့သည်။ အင်ဒိုနီးရှားအိမ်အကူအရေအတွက်မှာ ၁၂၅ဝဝဝ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူအရေအတွက်မှာ ၇ဝဝဝဝ ကျော်ရှိသည်။
လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီးအိမ်အကူများမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၄ဝဝ မှ ၄၃ဝ ကြား ရရှိနေကြသော်လည်း နားရက်အဖြစ် ခံစားခွင့်မရှိပေ။ ထို့ပြင် အိမ်အကူဝန်ဆောင်ခအဖြစ် လစာ ရှစ်လစာ သို့မဟုတ် ဒေါ်လာ ၃ဝဝဝ ထက်မနည်းကိုလည်း ပေးဆောင်ရသေးသည်။
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အိမ်အကူများမှာ အနည်းဆုံးတစ်လလျှင် ဒေါ်လာ ၄၅ဝ မှ ၅ဝဝ ထိ လစာပေးရန် သတ်မှတ်ထားပြီး တစ်ပတ်လျှင် တစ်ရက် အနားယူခွင့်ပေးရသည်။ ဖိလစ်ပိုင်နိုင်ငံက ၎င်း၏အိမ်အကူများအတွက် ဝန်ဆောင်ခပေးဆောင်ရန် မလိုလားဘဲ အင်ဒိုနီးရှားကမူ လစာ၏ ခြောက်လစာ သို့မဟုတ် ဒေါ်လာ ၂ဝဝဝ ကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရန် သတ်မှတ်ထားသည်။
အဆိုပါ သတင်းဆောင်းပါးတွင် စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအကာအကွယ်ပေးရေးအဖွဲ့အစည်းများအနေဖြင့် အိမ်အကူများအား အကာအကွယ်ပေးနိုင်ရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုများပြုလုပ်ထားသော်လည်း မည်သို့မည်ပုံ စနစ်တကျအကူအညီပေးအပ်နေသည်ဆိုသည့် အချက်အလက်များကိုမူ ရှင်းလင်းစွာပြောကြားထားခြင်း မရှိပေ။
“စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းစီးပွားရေးများ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း (HOME) ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဂျိုလိုဗန်ဝမ်းကတော့ တချို့ အိမ်အကူတင်ပို့တဲ့ အေဂျင်စီတွေဟာ အိမ်အကူတွေကို လူသုံးကုန်ပစ္စည်းတွေလိုမျိုး ဈေးကွက်မြှင့်တင်တာတွေ လုပ်နေကြတယ်လို့ ပြောပါတယ်။ သူက ဖြည့်စွက်ပြောရာမှာ လူမျိုးအပေါ်မူတည်ပြီး ဝယ်ယူသူတွေစိတ်ကြိုက် ပြောဆိုသတ်မှတ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။ လူမျိုးအပေါ် မူတည်ပြီး ပုံစံသတ်မှတ်တယ်ဆိုတာက ဖိလစ်ပိုင်တွေက ပိုပြီးဥာဏ်ကောင်းကြတယ်၊ အင်ဒိုနီးရှားတွေက နည်းနည်း ထုံတုံတုံရှိတယ်။ မြန်မာတွေကတော့ ချိုချိုသာသာရှိတယ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ဆိုတာမျိုးတွေပေါ့” ဟု ရေးသားထားခဲ့သည်။
စင်ကာပူရှိအိမ်အကူများ ကြုံတွေ့ရသည့်အခက်အခဲများတွင် လစာငွေမရရှိခြင်း၊ အစားအစာ လုံလောက်စွာမစားသောက်ရခြင်း၊ သတ်မှတ်ထားချိန်ထက်ပိုအောင် နာရီပေါင်းများစွာ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံစားရခြင်းတို့အပြင် အိမ်တွင်းအကူ အလုပ်သမားများအနေဖြင့် အလုပ်ရှင်အိမ်တွင်မနေမဖြစ် ဥပဒေအရသတ်မှတ်ထားသည့် စင်ကာပူနိုင်ငံ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းကြောင့်လည်း အမျိုးသမီးအိမ်အကူများအနေဖြင့် အလွဲသုံးစားမှု ပိုမိုခံစားနေရကြောင်း သတင်းဆောင်းပါးက အိမ်အကူများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများကို ကိုးကား၍ ရေးသားထားခဲ့သည်။
စင်ကာပူနိုင်ငံသည် မြန်မာအမျိုးသမီး အိမ်အကူအများစု သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်မတ်လတွင် မြန်မာအမျိုးသမီးအိမ်အကူဟု ယူဆရသူတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ ထို့ပြင် ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီးအိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက်အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှုအဖြစ်အပျက်များ ဖြစ်ပွားလျက်ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှား အိမ်အကူတစ်ဦးအား ဟောင်ကောင်အိမ်ရှင်လင်မယားက အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏အမျိုးသမီးအိမ်အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ၂ဝ၁၇ ခုနှစ်နောက်ပိုင်း အိမ်အကူပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသားများအား ပို့ဆောင်ခြင်းခွင့်မပြုတော့ဟု ရည်ရွယ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ အလုပ်သမားတင်ပို့ရာ ဈေးကွက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ ပြည်ပရောက် အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ပြည်ပသို့ အိမ်အကူပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် တွန်းအားပေးလုပ်ဆောင်လျက်ရှိနေပြီး ယခု နှစ်အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူထောင်နှင့်ချီ၍ တရားဝင်ပို့ ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။ မြန်မာအစိုးရက ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်သို့ အိမ်အကူတင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။
Eleven Media

လာဖမ်းသော ရဲကို ဓားဖြင့်ထိုးသည့် ရဲဘက်ပြေး ၀ိုင်းဝန်းဖမ်းဆီး


လာရောက်ဖမ်းဆီးသည့် ရဲကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသော ရဲဘက်ပြေးတစ်ဦးကို တိုင်းအဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားဖြင့် ဖမ်းဆီးမှသာ ဓားနှင့်အတူ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ဗဟန်းမြို့နယ်အတွင်း လက်ဝတ်ရတနာများ ခိုးယူ၍ ပြစ်မှုဆိုင်ရာပုဒ်မ-၃၈၀/၇၅ ဖြင့် ပြစ်ဒဏ် ငါးနှစ်ကျခဲ့ပြီး ရဲဘက်စခန်းတွင် ရောက်နေရာမှ ရန်ကုန်မြို့သို့ထွက်ပြေးလာသော ဒလမြို့နယ်နေ အသက်(၂၅)နှစ်အရွယ် ရဲဘက်ပြေး အမျိုးသားတစ်ဦးသည်ဇွန်လ ၂၄ ရက် ညဥ့်သန်းခေါင်အချိန်က ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ရောက်နေ၍ ဆိပ်ကမ်းရဲက သွားရောက်ဖမ်းဆီးခဲ့သည်။
 ရဲဘက်ပြေးက ပြန်လည်ခုခံကာ ဓားဖြင့် ထိုးလိုက်သဖြင့် ရဲတပ်ကြပ်တစ်ဦး ၀မ်းဗိုက်တွင် ဓားဒဏ်ရာတစ်ချက်ရခဲ့ပြီး  ရဲဘက်ပြေးလည်း ထွက်ပြေးလွတ်မြောက်သွားသည်။ ထို့ကြောင့် ဆိပ်ကမ်းမြို့မ ရဲစခန်း၌  ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၃  ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်းဆောင်နေစဉ် ဟန့်တားရန် အပြင်းအထန်နာကျင်စေမှုဖြင့်  ထပ်မံအမှုဖွင့်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရဲကို ဓားဖြင့် ထိုးခဲ့သည့် ရဲဘက်ပြေး ဖမ်းမိရေးအတွက် အင်အားသုံး၍ ထပ်မံဖမ်းခဲ့ရာ ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရဲဘက်ပြေး၏အိမ်၌ ဖမ်းမိခဲ့ကြောင်း တိုင်းဒုစရိုက်နှိမ်နင်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးရာတွင်လည်း ရဲဘက်ပြေးက ဆယ်လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ပြန်လည်ခုခံခဲ့ပြီး ယင်း ဓားဦးချွန်မှာ ရဲကိုထိုးခဲ့သော ဓားဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက  ပြောသည်။ ထို့ကြောင့် ဆိပ်ကမ်းမြို့မရဲစခန်းမှ လက်နက် ပုဒ်မ-၁၉(င)ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
  ‘‘အဲဒီလူက နောက်တစ် ယောက်နဲ့ ဗဟန်းအပိုင်မှာ လက်ဝတ်ရတနာတွေ ခိုးတာ တရားစွဲပြီး ထောင်ကျလို့ ရဲဘက်ရောက်နေတဲ့လူပဲ။ အခု သူ့ကို သွားဖမ်းတာတော့ ဆိပ်ကမ်းရဲနဲ့ တိုင်းရဲတွေပူးပေါင်းဖမ်းကြရင်း ဖြစ်တာဗျ’’ ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇွန်လ ၂၈ ရက်တွင် ပြောသည်။

ယောက်ျားလေး သူငယ်ချင်းနဲ့ အိပ်ယာတစ်ခုတည်းမှာ အတူအိပ်ဖို့ သဘောတူခဲ့တဲ့ အမျိုးသမီးက အဓမ္မကျင့်ခံရဟုဆို

Image and video hosting by TinyPic
စင်္ကာပူမှ ယူကေကို လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းက ခရီးထွက်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက်က သူမ ယူကေမှာ ရှိနေစဉ် နောက်ဆုံးညမှာ အဓမ္မကျင့်ခံရတယ်လို့ တိုင်ကြားလာပါတယ်။
သူမရဲ့ ရည်းစားကတော့ အားလပ်ရက်နောက်ဆုံးတစ်ရက်ကို သူ့မိသားစုထံကို ပြန်ခဲ့တာကြောင့် သူမက တစ်ယောက်တည်း ဖြစ်နေခဲ့ပြီး နေစရာ အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ သူမနဲ့ ကျောင်းတူ ဂျူနီယာတစ်ယောက်က သူရဲ့ အဆောင်ခန်းက အိပ်ယာကို မျှသုံးဖို့ ပြောခဲ့ပါတယ်။
သူမက ဒီအကြံဥာဏ်နဲ့ပတ်သတ်ပြီးတော့ သိပ်တော့ သဘောမကျခဲ့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပိုက်ဆံချွေတာလိုတဲ့အတွက်ကြောင့် သူမရဲ့ ဂျူနီယာ ယောက်ျားလေး သူငယ်ချင်းနဲ့ အိပ်ယာ မျှသုံးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီညမှ သူမတို့ စကားပြောကောင်းပြီး အိပ်ပျော်သွားကြပါတယ်။
ဒါပေမယ့် သူမရဲ့ ပြောကြားချက်အရ အိပ်နေစဉ် ညအချိန်အတွင်းမှာ သူ့ရဲ့လက်တွေက သူမရဲ့ တင်ပါးကို လာထိတာကြောင့် လန့်နိုးလာခဲ့တယ်လို့ ဆိုပါတယ်။
သူမက တွန်းဖယ်ဖို့ ကြိုးစားပေမယ့် သူမသူငယ်ချင်းကောင်လေးက ဆက်ပြီး လိုက်ထိတွေ့နေတဲ့အပြင် ရုတ်တရက် တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းမှ သူမသူငယ်ချင်းက သူမကို အဓ္ဓမ ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်နေ့မနက်မှာ စင်္ကာပူကို စောစောပြန်ရမှာဖြစ်တာက တစ်ကြောင်း ညက ဖြစ်စဉ်ကြောင့် စိတ်ရှုပ်နေတာက တစ်ကြောင်း၊ သူမ UK မှာ အမူမဖွင့်ခဲ့ဖြစ်ပဲ စင်္ကာပူ ပြန်ရောက်တော့မှ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် UK မှာ ဖြစ်တဲ့ ကိစ္စအတွက် စင်္ကာပူရဲတွေက သူတို့ဘာမှမတတ်နိုင်ကြောင်းနဲ့ UK မှာ ဖြစ်ပွားခဲ့တာမို့လို့ အဲဒီမှာသာ အမှုဖွင့်နိုင်ကြောင်း ပြောပါတယ်။
သူမဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး။ သူမရဲ့ မိဘတွေကိုလည်း ယခုနှစ် မတ်လပိုင်းလောက်မှ အသိပေးခဲ့ပါတယ်။ သူမရဲ့ ဖခင်ကတော့ သိသိချင်းပဲ လေယာဉ်လက်မှတ်ဝယ်ပေးပြီး UK မှာ အမှုသွားဖွင့်ခိုင်းပါတယ်။
UK ကရဲတွေလည်း အရေးယူသင့် မယူသင့် တော်တော်လေး ဆုံးဖြတ်ရကျပ်နေပါတယ်။ သူမကို မုဒိမ်းကျင့်ခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် သူငယ်ချင်းကိုတော့ စုံစမ်းမေးမြန်မှုတွေလုပ်ခဲ့ပေမယ့် အရေးမယူခဲ့ပါဘူး။
အဓိက ပြဿနာကတော့ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက အတော်ကလေး ကြာသွားတော့မှ အမှုဖွင့်ခဲ့လို့ပါ။ သူမ အမှုဖွင့်တဲ့အချိန်မှာ ဆေးစစ်ချက်လုပ်ပေမယ့် အဓမ္မကျင့်ခံရတဲ့ အနေအထားမျိုး မတွေ့ရတော့ပါဘဲ သူမရဲ့ ဖြစ်စဉ်ကို အတည်ပြုဖို့ ခက်ခဲတဲအတွက် အရေးမယူနိုင် ဖြစ်နေရတာပါ။
စင်္ကာပူ အမျိုးသမီးအခွင့်အရေး အဖွဲ့ကတော့ ဒီလိုမျိုး အဓမ္မကျင့်ခံရနိုင်မယ့် အဖြစ်မျိုးကို သိပေမယ့် အဓမ္မကျင့်ခံရတဲ့ ဖြစ်စဉ်မျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်မှာ အဓမ္မကျင့်ခံရသူကို လုံးဝ အပြစ်မတင်သင့်ပါဘူး လို့ ဆိုပါတယ်။
သင်ကော ဒီဖြစ်စဉ်မှာ ဘယ်သူအပြစ်ရှိတယ်လို့ ထင်ပါသလဲ?
Translated by Ygn News

Saturday, June 28, 2014

အမျိုးသမီးကိစ္စများအား လူမှုဝန်ထမ်းဦးစီးဌာန သတင်းပြန်ကြားရေး စင်တာသို့တိုင်ကြားနိုင်


===================
===================
အမျိုးသမီးများအနေဖြင့် မိမိတို့၏ကိစ္စရပ်များအား ရင်ဖွင့်တိုင်ကြားလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၏ သတင်းပြန်ကြားရေးစင်တာသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ၎င်းဌာနက သတင်းထုတ်ပြန်သည်။
“၂၀၁၃ ခုနှစ်၊ သြဂုတ်လကစပြီးအခုချိန်ထိ လာရောက်တိုင်ကြားမှု ၂၀ လောက် ရှိနေပါပြီ။
အမျိုးသမီးကိစ္စဆိုရာမှာ လိင်အကြမ်းဖက်ခံရတာတွေ လိမ်လည်ဖြားယောင်းခံရတာတွေ အိမ်ထောင်ရေးပဋိပက္ခတွေစတဲ့ကိစ္စတွေ ရင်ဖွင့်တိုင်ကြားနိုင်ရုံသာမက လူကုန်ကူးခံရတဲ့ကိစ္စတွေပါ တိုင်ကြားနိုင်ပြီး လူကုန်ကူးခံရတော့မယ့် မသင်္ကာစရာ အခြေအနေတွေကို သတင်းပေးနိုင်ပါတယ်။ လိုအပ်ရင်လိုအပ်သလို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကျောင်းများဌာနစိတ်မှ ဒုတိယ ညွန်ကြားရေးမှူးတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လာရောက်တိုင်ကြားသူများအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ကျန်းမာရေးကိစ္စ ဆောင်ရွက်ပေးခြင်း၊ ရဲသို့ တိုင်ကြားလိုပါက ဌာနလွှဲပြောင်းချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ နောင်အခါ တစ်နေရာတည်းတွင် ပြီးပြည့်စုံသောစနစ် (one stop service) ဖြစ်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းများအလိုက် လူမှုဝန်ထမ်းဦးစီးဌာန ၀န်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးနေပြီဟု သိရသည်။
တိုင်ကြားလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ သတင်းပြန်ကြားရေးစင်တာ၊ အမှတ် ၆၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ လူမှုဝန်ထမ်းအတတ်သင် သင်တန်းကျောင်း၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၆၆၆၆၁၉နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၊ ရုံးအမှတ် ၂၃၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနသို့လည်း တိုက်ရိုက် ဆက်သွယ် တိုင်ကြားနိုင်သည်ဟု စုံစမ်းသိရှိရသည်။
============
ထက်ထက်အောင်
Mizzima - News in Burmese

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ-တရုတ် သဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုး


===================
===================
သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဇွန် ၂၇ ရက်က တရုတ်နိုင်ငံ၌ မြန်မာ-တရုတ် သဘောတူညီချက်များကို သမ္မတနှင့်အတူ လိုက်ပါသွားသော ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည်
တရုတ်နိုင်ငံပေကျင်းမြို့သို့ ဇွန် ၂၇ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီတွင် ရောက်ရှိခဲ့ပြီး တရုတ်သမ္မတ ရှီကျင်ပင်းက ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြ§င့်တင်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ မြှင့်တင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအကူ အညီပေးရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေး၊ အာဆီယံ-တရုတ်ဆက်ဆံမှု တိုး မြှင့်ရေးနှင့် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးပွဲကို Hebei Room တွင် ဆက်လက်ကျင်းပရာ မြန်မာ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ မြန်မာ- တရုတ် ယဉ်ကျေးမှုစင်တာ အပြန်အလှန် ထူထောင်မှုဆိုင်ရာ နားလည်မှု သဘောတူညီချက်၊ ယဉ်ကျေးမှု အမွေအနှစ် အဆင်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေဖော်ထုတ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ)Cyber City အတွက် လိုအပ်သည့်ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ပစ္စည်းများ အကူအညီပေးရေး နားလည်မှုစာချွန်လွှာတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်တို့က ဌာနဆိုင်ရာဝန်ကြီးများနှင့် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး West Hall ၌ ကျင်းပသည့် တရုတ်နိုင်ငံသမ္မတ၏ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ဥက္ကဋ္ဌ မစ္စတာကျန်တဲကျန်းအား ထိုနေ့ညနေ ၄ နာရီတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေပြုရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
============
Eleven Media Group

သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်


===================
===================
လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့်
စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဟီရိုရှီ အီရှီဂူရိုက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်းစက်ရုပ်များသည် လူသားများနှင့် စက်ရုပ်များ အကြား မည်ကဲ့သို့ အပြန်အလှန် အကျိုးပြုမည် ကို လေ့ လာ နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ယင်းစက်ရုပ်များအား အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ၎င်းတို့သည် နှုတ်ခမ်းလှုပ်ကာ အသံထွက်နိုင်စွမ်းရှိခြင်း၊ မျက်ခုံး ပင့်တင် နိုင်ခြင်းနှင့် ဦးခေါင်းအား ဘေးဘယ်ညာ လှည့်ကာ လှုပ်ရှားခြင်းတို့ကို ပြု လုပ်နိုင်စွမ်း ရှိသည်။
အဆိုပါ စက်ရုပ်များအား လေဖိအားနှင့် ဆာဗို မော်တာများ အသုံးပြု ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အထိုင်စက်ရုပ်များ အဖြစ် ထုတ်လုပ် ထားသော်လည်း ၎င်းတို့၏ လက်များမှာ လှုပ်ရှားနိုင်စွမ်း ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ စက်ရုပ်များအား ရောင်းချ မည့်ဈေးနှုန်းကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ဂျပန် နိုင်ငံတွင် စက်ရုပ်များ အသုံးပြုမှုသည် လက်ပ်တော့များ အသုံးပြု သကဲ့သို့ပင် လူအများ လက်ခံနိုင်စွမ်း ရှိလာ ပြီဖြစ်ကြောင်း အီရှီဂူရိုက ပြောကြားခဲ့သည်။
သုတမောင်
============
မြ၀တီ

တောင်သူတွေ ထောင်ထဲသွားရတော့ ဘာဖြစ်သလဲ


===================
===================
ယခင်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးသမားတွေကို ထောင်ထဲ ပို့တယ်။
ယခုဗိုလ်ချုပ်ကြီးတွေလက်ထက်မှာတော့ တောင်သူလယ်သမားတွေကို ထောင်ထဲပို့တယ်လို့ ဆိုရမလား။
တချို့ဒေသတွေမှာတော့ ဒီလိုဖြစ်ရပ် ရှိနေပါလိမ့်မယ်။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မကျည်းပင်ကြာအင်းကျေးရွာက တောင်သူ ၁၂ ဦး ဖေဖေါ်ဝါရီလမှာ ထောင်ဒဏ် (၆) လ ကနေ (၃)နှစ်အထိ အသီးသီး ချမှတ်ခံရပြီပြီး
ပြည်မြို့အကျဉ်းထောင်ထဲ ရောက်သွားပါတယ်။
အဲဒီတောင်သူတွေ ဘာကြောင့် ထောင်ချခံထားရသလဲ။
အမျိုးသားသယံဇာတ ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ (NRDC)ရဲ့ ကျွန်းစိုက်ခင်းတွေကို ဖျက်ဆီးမှုနဲ့ ၂၀၁၂ ဇူလိုင်လက စတင်ကာ တရားစွဲဆိုခံရတာပါ။ ဒီနှစ်တော့ သူတို့ ထောင်ထဲ ရောက်သွားတော့တာပါပဲ။
အဲဒီတောင်သူတွေရဲ့ ယာခင်းတွေမှာ ပြန်လည်စိုက်ပျိုးဖို့အတွက် ထယ်ထိုးပေးမယ့် ယောက်ျားသားတွေ မရှိပါဘူး။
ဒါကြောင့် စာနာသူတွေထဲက တချို့က ထောင်ထဲရောက်နေသူတွေရဲ့ ယာမြေတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး သွားရောက်ထွန်ယက်စိုက်ပျိုးပေးခဲ့ကြပါတယ်။
စုပေါင်းလုပ်ကိုင်ပေးကြသူများကတော့ မကွေးတိုင်း၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာနဲ့ ပယ်ကျကျေှးရွာက တောင်သူတချို့နဲ့ မကျီးပင်ကြာအင်းကျေးရွာက တောင်သူတွေပါပဲ။
တနယ်တကျေးကနေ လာရောက် ကူညီပေးသူတွေထဲက တယောက်ဖြစ်တဲ့ စစ္စရံကျေးရွာက ကိုသန်းဦးမှာ ရည်ရွယ်ချက်တချို့ ရှိပါတယ်။
“ကျနော်တို့ စစ္စရံကျေးရွာမှာတုန်းကလည်း ထူးနဲ့ ဦးပိုင်ကုမ္ပဏီတွေက ကောစတစ်စက်ရုံဆောက်ဖို့ လာခဲ့ကြဖူးတယ်။
လယ်တွေမတရားသိမ်းတဲ့အပြင် ကျနော်တို့တောင်သူတွေကို ရိုက်နှက်ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
အခုလည်း NRDC ကုမ္ပဏီက ကြာအင်းရွာက တောင်သူတွေအပေါ် မတရား အမှုဆင်ဖမ်းဆီးထောင်ချမှုကို ကန့်ကွက်တာရယ်၊ ထွန်ပေးမယ့် ယောက်ျားတွေ မရှိတဲ့ တောင်သူတွေကို အားကူတဲ့အနေနဲ့ လာရောက် ကူညီပေးတာပါ”
ဖမ်းဆီးခံရတဲ့ တောင်သူ ဦးစံပယ်ရဲ့ ဇနီးဒေါ်ဌေးဌေးက ကူညီသူတွေကို ကျေးဇူးတင်နေပါတယ်။
“အိမ်သားမရှိလို့ မနှစ်က အဖမ်းအဆီးခံပြီး ရှင်းလင်းထားတဲ့ တောင်ယာတွေ မစိုက်ရတော့ဘူးထင်တာ။
အခု တခြားရွာသားတွေကပါ လာပြီး အားကူပေးတယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာမိတယ်။
ဒီနှစ် ကျမတို့ပြန်မစိုက်ရင် ကုမ္ပဏီက ကျွန်းပင်တွေပြန်လာစိုက်မှာ ထောင်ကျခံပြီး ခုတ်ထားတဲ့ ယာတွေ ပြန်သိမ်းခံရတော့မှာပဲ ဆိုပြီး စိုးရိမ်နေတာ”
နွား(၁၀)ရှဉ်း၊ လူ (၄၀) လောက်က ဖန်ခါပင်သစ်တောကြိုးဝင်း အစပ်မှာ ရှိတဲ့ တောင်သူတဦးရဲ့ ယာမြေအပေါ်မှာ ထွန်ယက်စိုက်ပျိုးနေတုန်း NRDC ကုမ္ပဏီက ဝန်ထမ်းများ လာရောက်ပြီး ရုပ်သံ/ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူခဲ့ကြပါတယ်။
NRDC ကုမ္ပဏီစိုက်ခင်းမန်နေဂျာ ဦးစန်းမော်ကတော့ လိုလိုအပ်ချက်အရ မှတ်တမ်းတင်နေတာပါလို့ ဧရာဝတီသတင်းဌာနကို ပြောပြပါတယ်။
“ကျနော်တို့ စိုက်ခင်းထဲမှာ လာစိုက်တဲ့အတွက် ကျွန်းပင်တွေကို ထိခိုက်မှုရှိမရှိ မှတ်တမ်း ယူထားတာပါ။
သူတို့ ဒီနေ့ထွန်ကြတာ ကွင်းအမှတ် (၂) နဲ့ (၄) မှာ ထွန်တယ်။
အဲဒီက ကျနော်တို့ သစ်တောကြိုးဝိုင်းအတွင်းက ကျွန်းစိုက်ခင်းဖြစ်နေလို့ပါ။
ကျနော်တို့ကတော့ သက်ဆိုင်ရာ သစ်တောဌာနကို တင်ပြပြီး သူတို့ကတရားစွဲပါ ဆိုမှ စွဲတာပါ။
ကျနော်တို့ကျွန်းပင်တွေ မထိခိုက်ဘူးဆိုရင် သူတို့ကြိုက်တဲ့အပင်လာစိုက်လို့ရပါတယ်”
ဖန်ခါးပင် သစ်တောကြိုးဝိုင်းအတွင်းမှာ ကျွန်းစိုက်ခင်း (၁,၇၅၀) ဧကရှိပြီး NRDC က အစိုးရထံမှ လွှဲပြောင်း ရယူထားတယ်၊
အဲဒီထဲက ဧက (၂၀၀) ဟာ တောင်သူများနဲ့ ပဋိပက္ခဖြစ်နေတဲ့  ဧရိယာဖြစ်နေတဲ့ အတွက် သစ်တောဝန်ကြီးဌာနကို ပြန်လည်လွှဲပြောင်းပေးအပ်ထားကြောင်း မန်နေဂျာ ဦးစန်းမော်က ဆက်ပြောပါတယ်။
NRDC ဟာ အဲဒိဒေသက ဖန်ခါးပင်သစ်တောကြိုးဝိုင်းအဟောင်းမြေယာများကို ၂၀၀၈ က စတင်ပြီး အစိုးရဆီကနေ နှစ်(၄၀) စာချုပ်နဲ့ မြေငှားရမ်းစိုက်ပျိုးခွင့်ရထားတာပါ။
မြေငှားရမ်းခက တဧကကို တနှစ် ကျပ် (၂၀၀) ဖြစ်ပါတယ် တဲ့။
တဧက ကျပ် (၂၀၀) ဆိုတဲ့ အချက်အလက် မှန်ကန်တယ် ဆိုရင်တော့ ဒါဟာ အင်မတန် အံ့သြစရာ နှုန်းထားပါပဲ။
တာင်သူတွေ အရေးကူညီပေးနေတဲ့ ကိုမင်းမင်းက အခုလို မြေငှားရမ်းစိုက်ပျိုးနိုင်တဲ့ အခွင့်အရေးတွေကို ဌာနေဒေသခံ တိုင်းရင်းသားတွေ ပိုပြီး ရသင့်တယ်လို့ ထောက်ပြပါတယ်။
“NRDC ဆိုတာ ဦးပိုင်ကုမ္ပဏီလိုပဲ ကြံ့ခိုင်ရေးပါတီရဲ့ ဘက်ဂရောင်း အရှိန်အဝါနဲ့ အထူးအခွင့်အရေး ရယူထားတဲ့ ကုမ္ပဏီပါ။
တနှစ်ကို တဧက နှစ်ရာကျပ်နဲ့ ကုမ္ပဏီကို ငှားလို့ရရင် တောင်သူတွေလည်း ဒီလိုငွေကြေးမျိုးနဲ့ လုပ်နိုင်ကိုင်နိုင်တာပေါ့၊
တကယ်ဦးစားပေးရမှာ ဒေသခံတောင်သူတွေကိုပါ၊ သူတို့မလုပ်နိုင်မှ လုပ်နိုင်မယ့်ကုမ္ပဏီကိုပြောရမယ့် ကိစ္စပါ။
အခုတော့ တောင်သူတွေက ဒါမျိုးလုပ်ကိုင်ခွင့်ရှိမှန်းတောင် သိခွင့် မရခဲ့ဘူး”
တောင်သူတွေ ဓားမဦးချ ခုတ်ထွင် ရှင်းလင်းထားတဲ့ မြေယာမှာ ၂၀၁၀ က စတင်ပြီး ကုမ္ပဏီက ကျွန်းပင်တွေ အတင်းဝင်ရောက် စိုက်ပျိုးခြင်းဖြစ်တယ်လို့ ကိုမင်းမင်းက ပြောပါတယ်။
တောင်ယာစိုက်ပျိုးချိန်မှာ တောင်သူတွေပြန်လည်ခုတ်ထွင်ရှင်းလင်းရာ ကျွန်းပင်များ ဖျက်ဆီးမှုဖြင့် တရားစွဲဆို ထောင်ချခံရခြင်းဖြစ်ကြောင်း သူကဆက်လက်ရှင်းပြပါတယ်
ထောင်ထဲရောက်သွားတဲ့ တောင်သူတွေရဲ့ရွာဟာ ချင်း (အရှိုချင်း) တိုင်းရင်းသားတွေ သီးသန့်နေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။
မကျီးပင်ကြာအင်း လို့ အမည်ရပြီး ၁၉၉၉ မှာ တည်ဆောက်တဲ့ ညောင်းကိုင်ဆည်၊ ၂၀၀၈ မှာ ကျွန်းသစ်စိုက်ဖို့ NRDC ကို ချပေးတဲ့ ဖန်ခါးပင်သစ်တောကြိုးဝိုင်းတို့ကြားမှာ တည်ရှိပါတယ်။
ကောင်းမြတ်မင်း
============
The Irrawaddy's Blog

Friday, June 27, 2014

ပြည်လမ်းပေါ်က ယာဉ်(၈) စီးဆင့်တိုက်တဲ့အမှု


မူးယစ်ဆေးသုံးစွဲ ထားသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦး မောင်းနှင်လာသောယာဉ်က အခြားယာဉ် ခုနစ်စီးကို ဆင့်တိုက်မှု ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့၌ ဖြစ်ပွား
မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု ယူဆရသည့်
အမျိုးသားတစ်ဦး မောင်းနှင်လာသော လင်ခရူဇာယာဉ်တစ်စီးမှ အခြားယာဉ်ခုနစ်စီးအား ဆင့်တိုက်မှု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန် ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်လာသော လင်ခရူဇာယာဉ်တစ်စီးသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ ဂိတ်ပေါက်(၁) ရှေ့အရောက်တွင် လားရာတူ မောင်းနှင်နေသော မတ်တူးအငှားယာဉ်တစ်စီးအား နောက်မှဝင်တိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဝင်တိုက်မိခဲ့ပြီး လင်ခရူဇာယာဉ်မှ ဆက်လက်မောင်းနှင်လာခဲ့ရာ ဂိတ်ပေါက်(၂)ရှေ့အနီး အရောက်တွင် မီးနီတွင်ရပ်ထားသော မတ်တူးယာဉ်နှစ်စီးအား နောက်မှဝင်တိုက်မိခဲ့ပြီး ဆက်လက်၍ စူပါကာစတန်ယာဉ်အား နောက်မှထပ်မံ တိုက်မိခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်မိခဲ့သည့် အရှိန်ဖြင့် စူပါကာစတန်ယာဉ်မှ ၎င်း၏ရှေ့ရှိ ဟွန်ဒါစီအာဗွီယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း၊ ဟွန်ဒါစီအာဗွီယာဉ်မှ ၎င်း၏ရှေ့ရှိ လိုက်ထရပ်ယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ကြောင်း၊ လိုက်ထရပ်ယာဉ်မှ ၎င်း၏ရှေ့ရှိ အငှားယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။
အဲဒီကားက ကျွန်တော့်ကားကို တိုက်သွားပြီးတော့ အရှိန်ပြင်းပြင်းနဲ့ ထပ်မောင်းသွားတယ်။ ဓာတ်တိုင်တစ်တိုင်စာ လောက်ကျော်မှ မီးပွိုင့်ရပ်နေတဲ့ ကားခြောက်စီးကို ထပ်ပြီးဆင့်တိုက်သွားတာ” ဟု ဦးစွာအတိုက်ခံခဲ့ရသည့် မတ်တူးအငှားယာဉ်၏ ယာဉ်မောင်းဖြစ်သူက ဆိုသည်။
ထို့အပြင် နောက်ဆုံးအတိုက်ခံခဲ့ရသည့် အငှားယာဉ်မောင်းဖြစ်သူ ကိုဝင်းလွင်ဦးကလည်း “နောက်ကားတွေကို အဆင့်ဆင့်တိုက်လာပြီးတော့မှ ကျွန်တော့်ကား ကို ၀င်တိုက်တာပါ။ ကားမောင်းတဲ့သူက မူးယစ်ဆေးသုံးစွဲထားပုံရတယ်။ ကားတွေကို ဆင့်တိုက်ပြီး ကားရပ်သွားတော့ ကားပေါ်ကဆင်းပြီး အနားမှာ လျှောက်ပတ်ပြီးတော့ ကနေတယ်။ နောက်ပြီးတော့ ကြားတာက စမ်းချောင်းမြို့မရဲစခန်း ရှေ့မှာလည်း သောက်ရေအိုးထဲကရေနဲ့ ရေလောင်းချိုးနေ ခဲ့တယ်လို့လည်း သိရတယ်။ ခုသူ့ကို ယာဉ်ထိန်းရဲတွေ ရောက်လာပြီးတော့ ဖမ်းခေါ်သွားတယ်” ဟု ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
“အဲဒီလင်ခရူဇာယာဉ်မောင်းက မူးယစ်ဆေးသုံးစွဲထားတယ်လို့ ယူဆရတယ်။ အသက်က ၃၀ ခန့်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဆေးကြောင်ပြီးတော့ သူ့ရဲ့နာမည်ကိုတောင် ကျွန်တော်တို့ခုချိန်အထိ မေးလို့မရသေးပါဘူး။ သူ့ကိုဖမ်းပြီး စစ်ဆေးနေပါတယ်။ နောက်ပြီး အမျိုးသမီးတစ်ဦး ခေါင်းကွဲသွားတယ်။ သူ့ကိုတော့ ဆေးရုံကားနဲ့ လာခေါ်သွားပါပြီ” ဟု အခင်းဖြစ်ပွားရာသို့ လာရောက်စစ်ဆေးနေသော ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ဇွန် ၂၇ ရက် နံနက် ၁၁ နာရီခွဲ ခန့်က ပြောကြားသည်။
ဖြစ်စဉ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားရှစ်စီးမှာ ပျက်စီးသွားခဲ့ပြီး လင်ခရူဇာယာဉ်မောင်း ဖြစ်သူအား ဖမ်းဆီးကာ အမှုဖွင့်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်

Image and video hosting by TinyPic
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို ဘယ်လို အရေးယူနေသလဲ၊ လိုင်းကြေးယူတဲ့ ရဲတွေကို ဘယ်လို အရေးယူနေသလဲ မေးတာကို သူက ခုလို ပြန်ဖြေခဲ့တာပါ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ကေတီဗွီ ၂၅ မှုနဲ့ တရားခံ ၈၄ ယောက်၊ ၂၀၁၄ ဇွန်လ အထိ ၁၁ မှုနဲ့ တရားခံ ၂၃ ယောက် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
အနှိပ်ခန်း အမှုတွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ၆၁ မှု၊ တရားခံ ၅၁၁ ယောက်၊ ၂၀၁၃ မှာ ၇၈ မှု၊ တရားခံ ၇၉၀ နဲ့ ၂၀၁၄ ဇွန်လအထိ ၆၆ မှု၊ တရားခံ ၄၂၄ ယောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။
DVB Burmese

ဆင်းရဲစဉ်က စွန့်ခွာသွားသည့် ချစ်သူဟောင်းကို စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်ခဲ့သည့် တရုတ်အမျိုးသား

Image and video hosting by TinyPic


မိမိဆင်းရဲနွမ်းပါးစဉ်က စွန့်ပစ်သွားသည့် ချစ်သူကို ချမ်းသာကြွယ်ဝလာသည့် အချိန်တွင် တရုတ်အမျိုးသား တစ်ဦးက စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်သွားခဲ့သည်။ ဝမ်ဟုသာ အမည်ဖော်ပြထားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် ဟောလီးဝုဒ် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားအသစ် Transformers: Age of Extinctionအတွက် IMAX ရုပ်ရှင်ရုံ (၄)ခုစာ လက်မှတ်များကို သိမ်းကျုံးဝယ်ယူခဲ့သည်။
ယွမ်နှစ်သိန်းခွဲ (စတာလင်ပေါင် နှစ်သောင်းလေးထောင်ဖိုးမျှ) အကုန်အကျခံ ဝယ်ယူခဲ့သည့် ယင်းလက်မှတ်များကို ဝမ်က အင်တာနက်မှတစ်ဆင့် အခမဲ့ ဝေငှသွားမည်ဟု ကြေညာခဲ့သည်။ ၎င်း၏ ထူးထူးဆန်းဆန်း အပြုအမူသည် တရုတ်နိုင်ငံရှိ Social Mediaများကြားတွင် လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။
ထိုအမျိုးသား၏ မျိုးရိုးအမည်အတိုင်း ဝမ်ဟုသာ မှည့်ခေါ်ထားသည့် ဝက်ဘ်ဆိုက်က IMAX ရုပ်ရှင်ရုံ လက်မှတ်များ ဝေငှမည့် အကြောင်းကို အတည်ပြု ရေးသားထားပြီး မွေးရပ်ဇာတိ နန်ဂျင်းကိုရော၊ ဝမ့်ကိုပါ စွန့်ခွာကာ ဘေဂျင်းသို့ ကူးပြောင်းသွားသည့် ချစ်သူဟောင်းနှင့် ဇာတ်လမ်းကိုလည်း ဖော်ပြထားသည်။
ဝမ်သည် လွန်ခဲ့သော (၇)နှစ်က ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရရှာသူ ဖြစ်သည်။ ထိုစဉ်က ၎င်းသည် ဆင်းရဲလွန်းလှသဖြင့် ချစ်သူမိန်းကလေးကို ရုပ်ရှင်ပင် လိုက်မပြနိုင်ခဲ့ချေ။ အဆိုပါ ပြစ်ချက်ဖြင့်ပင် မိန်းကလေးက ဝမ့်ကို စိတ်ပျက် ကျောခိုင်းသွားခြင်း ဖြစ်သည်။ ဝမ်သည် (၇)နှစ်တာ အတောအတွင်း ရှန်ဟိုင်းတွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာသည်အထိ ဘဝကို မြှင့်တင်ခဲ့ပြီး ယခုအခါ ရုပ်ရှင်လက်မှတ် မဝယ်နိုင်သဖြင့် စွန့်ခွာသွားသည့် ချစ်သူဟောင်းကို မိမိမည်မျှ ချမ်းသာကြောင်း ထူးခြားသည့် နည်းလမ်းဖြင့် ပြသလိုက်ခြင်း ဖြစ်သည်။
ဝမ်က ၎င်း၏ ချစ်သူဟောင်းကို ရည်စူးပြီး “တစ်ခုတည်း ငါမင်းကို ပြောချင်တာကတော့ အဲဒီတုန်းက မင်းရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှားခဲ့တယ် ဆိုတာပဲ”ဟု Weibo ဝက်ဘ်ဆိုက်မှ ၎င်း၏ Accountတွင် ရေးသားထားခဲ့သည်။ ထို့နောက်တွင်မူ ဝမ်က လက်မှတ်များ အခမဲ့ ဝေငှမည့် အစီအစဉ်ကို ကြေညာခဲ့သလို ထိုလက်မှတ်အားလုံး ဝယ်ယူသည့်အတွက် ကုန်ကျသော ယွမ်ငွေနှစ်သိန်းခွဲသည် မိမိ၏ တစ်လဝင်ငွေ တစ်ဝက်ပင် မရှိကြောင်းလည်း ဆိုသည်။
South China Morning Post၏ ဖော်ပြချက်အရ ဇွန်လ (၂၆)ရက်နေ့ထိ ဝမ်၏ ကြေညာချက်ကို လူပေါင်း(၁၁၀၀၀၀)ကျော်က မျှဝေခဲ့ပြီး မှတ်ချက်ရေးသားသူပေါင်း (၃၅၀၀၀)မျှ ရှိလာကာ အခမဲ့လက်ဆောင် ရရှိကြောင်း အတည်ပြု Blogရေးသူ (၁၅၉၀)မျှ ရှိခဲ့ကြောင်း သိရှိရသည်။
_Ref: Dailymail
7day Daily

Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက်

Image and video hosting by TinyPic
မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။
Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။
(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။
စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။
ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။
(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။
Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။
(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။
Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။
(၆) Secure Update Scanner ကို အသုံးပြုပါ။
Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။
(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။
App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။
(၈) SIM ကတ်ကို lock လုပ်ပါ။
ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။
(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။
Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။
(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။
အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။
Ref: TechRepublic
Internet Journal