Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Monday, March 31, 2014

ဓားစာခံများကို ကယ်တင်ခြင်း





ဒီတစ်လအတွက် ငိုစရာအကောင်းဆုံးဟာသတစ်ခုကိုပြောပြပါမည်။
ဒီမိုကရေစီရေချိန်ဘယ် လောက်မြင့်သလဲအပေါ်မူတည် ပြီးမှ တပ်မတော်သားများ လွှတ် တော်တွင်းမှ ထွက်ခွာသွားမည် ဆိုသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ (ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း) ဦးတင်အေး၏ စကား ဖြစ်ပါသည်။ တပ်မတော်က မြန်မာ့နိုင်ငံရေးအာဏာကို သိမ်း ယူချုပ်ကိုင်ပြီး ၅၂ နှစ်နီးပါး အကြာမှာ ဗိုလ်ချုပ်ဟောင်းတစ် ဦးက ပြောလိုက်သည့် စကား လည်းဖြစ်သည်။
မရယ်ပါနှင့်။ ငိုရမည့်အချိန် ဖြစ်ပါသည်။ ငိုရမည့်အကြောင်း ကတော့ ဒီမိုကရေစီ၏ အသက် သွေးကြောဖြစ်သည့် ရွေးကောက် ပွဲများကို ဦးဆောင်ကြီးကြပ်ရသူ က ရွေးကောက်ပွဲမလိုဘဲ အော် တိုမက်တစ် ခန့်အပ်ခံရသူများ ဘက်က ကာကွယ်ပြောဆိုခြင်း ကြောင့်ဖြစ်ပါသည်။ ဒီမိုကရေစီ ရေချိန်မြင့်လာဖို့ တပ်မတော်သား များ လွှတ်တော်အတွင်းမှာ လို အပ်နေဟု ပြောခြင်းဖြစ်သည်။
ဒီမိုကရေစီမြင့်မားလာမှုနှင့် လွှတ်တော်အတွင်းမှ စစ်သားများ နေရာယူမှုအကြားက ဆက်စပ်မှု ကို ကြိုးစားတွေးခေါ်ကြည့်ကြရ အောင်ပါ။ ဒီနေရာမှာ မေးခွန်း သုံးခုကို ကျွန်တော်တို့အဖြေထုတ် ကြည့်မည်။
မေးခွန်းအမှတ်(၁)က လွှတ် တော်အတွင်းမှာ တပ်မတော်သား များရှိနေခြင်းက ဒီမိုကရေစီမြင့် မားလာမှုကို ဘယ်လိုအထောက် အကူပြုသလဲဆိုသည့် မေးခွန်း ဖြစ်သည်။
ဂရိဘာသာစကားက ဆင်း သက်လာသည့် ‘ဒီမိုကရေစီ’ဆို သည့်စကားသည် Demos နှင့် Kratos ဆိုသည့်စကားလုံးနှစ်လုံး ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ Demos ကို ‘ပြည်သူ’ (People) ဟုအနက်ဖွင့်ပြီး Kratos ကို ‘အုပ် ချုပ်မှု’(Rule)ဟု အဓိပ္ပာယ်ဖွင့်ကြ သည်။ နှစ်ခုပေါင်းလိုက်လျှင် ဒီမို ကရေစီကို ‘ပြည်သူလူထု၏ အုပ် ချုပ်မှု’ဟု ဆိုရမည်။
သို့ဆိုလျှင် ဒီမိုကရေစီစနစ် မှာ ပြည်သူလူထုကိုယ်တိုင်က တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ပါ သလဲ။ ရှင်းပါသည်။ ပြည်သူလူ ထုက ရွေးကောက်ပွဲများမှတစ် ဆင့် သူတို့နှစ်သက်ရာကိုယ်စား လှယ်များကိုရွေးချယ်ပြီး အုပ်ချုပ် စေခြင်းဖြစ်ပါသည်။ ဒီလိုနဲ့ ရွေး ကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံယန္တရားများဖြစ်လာကြ သည်။ ရွေးကောက်ပွဲများ လွတ် လပ်ပြီးတရားမျှတလာလေ လွှတ် တော်အတွင်းမှာ စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်များ နေရာ ရလာလေ ဒီမိုကရေစီထွန်းကား လာလေဖြစ်သည်။
ဒီမိုကရေစီထွန်းကားလာဖို့ အတွက် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးကောက်တင်မြှောက် ပေးဖို့ တာဝန်ရှိသူက ပြည်သူ့ မဲဆန္ဒမလိုအပ်ဘဲ ရီမုတ်ကွန်ထရိုး ဖြင့် ခန့်အပ်သည့် တပ်မတော် သားကိုယ်စားလှယ်များဘက်က ကာကွယ်ပြောဆိုခြင်းသည် မြန်မာ့နိုင်ငံရေးတစ်စုံတစ်ရာ မှားယွင်းနေသည်ကို ပြသလိုက် ခြင်းဖြစ်သည်။
ဒီမိုကရေစီမြင့်မားမှ တပ် မတော်သားကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှ ထွက်ပေးရ မှာလား။ (သို့မဟုတ်) ဒီမိုကရေစီ မြင့်မားဖို့အတွက် လွှတ်တော် အတွင်းမှ တပ်မတော်သားကိုယ် စားလှယ်များထွက်ပေးရမှာလား ဆိုသည်ကို ဗိုလ်ချုပ်ကြီးဟောင်း များ ဖြေဖို့လိုပါသည်။
မေးခွန်းအမှတ်(၂)က ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ စကားသည် သူ၏ ‘ကြားနေမှု’ကို ဘယ်လောက်ထိပါးစေသလဲဆို သည့် မေးခွန်းဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရီမုတ်ကွန်ထရိုးဖြင့် ညွှန်ကြား သည့် တပ်မတော်သားကိုယ်စား လှယ်များဘက်က ကာကွယ်ပြော ဆိုနိုင်သည်။ သို့မဟုတ် ‘ဗိုလ်ချုပ် ဟောင်းများကလပ်’ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက တပ်မတော်သားကိုယ်စားလှယ်များဘက်က ထောက်ခံနိုင်သည်။ နိုင်ငံရေး သမား (သို့မဟုတ်) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးကလည်း အလားတူမှတ်ချက်မျိုးပြုကောင်း ပြုနိုင်သည်။
သို့သော် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတစ်ဦးအနေနှင့် တော့ အခြေခံဥပဒေပြင်ဆင်ဖို့ စောနေသေးကြောင်းနှင့် လွှတ် တော်တွင်း တပ်မတော်သားကိုယ် စားလှယ်များလိုအပ်နေသေး ကြောင်းကို မပြောမီနောက်တစ် ကြိမ် ပြန်စဉ်းစားသင့်သည်။
မေးခွန်းအမှတ်(၃)က ပြီးခဲ့ သည့် ၅၂ နှစ်သည် တပ်မတော် အတွက် တိုင်းပြည်ကို အုပ်ချုပ် ခွင့်နှင့် ဥပဒေရေးဆွဲခွင့်အာဏာ ကို ချုပ်ကိုင်ဖို့ မလုံလောက်သေးဘူးလားဆိုသည့် မေးခွန်းဖြစ်သည်။
တက္ကသိုလ်မှာတော့ ၂ နှစ် ဆက်တိုက်ကျလျှင် အပြင်ဖြေဆို ခွင့်လျှောက်ထားရပြီး သုံးနှစ်ဆက် တိုက်ကျလျှင် ကျောင်းမှထွက်ရ သည်။ ၅၂ နှစ်သည် တစ်စုံတစ် ယောက်၏ မအောင်မြင်မှုကို သက်သေပြဖို့ ကောင်းကောင်း ကြီးလုံလောက်သော အချိန် အတိုင်းအတာဖြစ်သည်။
၅၂  နှစ်အတွင်း ဒီမိုကရေစီ ဇီးရိုးဖြစ်ခဲ့သည်။ စီးပွားရေးချွတ် ခြုံကျသွားသည်။ ဗိုလ်ချုပ်ကြီး များ၏ အိတ်ကပ်ဖောင်းကား ပေါက်ကွဲထွက်လာသည်။ မြန်မာ့ မူးယစ်ဆေးဝါးကမ္ဘာကို လွှမ်းစေ ခဲ့သည်။ တိုင်းရင်းသားအချင်း ချင်း စိတ်ဝမ်းကွဲမှု အစိတ်စိတ် အမြွှာမြွှာဖြာသွားသည်။ အဆိုး ဆုံးကတော့ တပ်မတော်ကို လူ တစ်စုက ၅၂ နှစ်ကြာ ပြန်ပေး ဆွဲသွားခဲ့ခြင်းဖြစ်သည်။
စာမေးပွဲစကားနှင့်ပြောရ လျှင် ဒီမိုကရေစီ၊ စီးပွားရေး၊ ခြစားမှု၊ ရာဇဝတ်မှု၊ ပြည်ထောင် စုစိတ်ဓာတ်နှင့် လုံခြုံရေးဆိုသည့် ခြောက်ဘာသာလုံးမှာ ဘာသာစုံ ကျသည်ဟု ပြောရမည်။
တပ်မတော်၏ ဂုဏ်သိက္ခာ အကြောင်းပြောရသည့်အခါများ မှာ တိုင်းပြည်ကို အမှန်တကယ် ချစ်သည့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်များကို တွေးမိပြီး ရင်နာရပါသည်။ တပ်မတော်ကို ပြန်ပေးဆွဲသွားသူ များနှင့် ပြန်ပေးဆွဲခံရသူ တပ် မတော်သားများဟု ခွဲခြားရှုမြင်ပါ သည်။
တပ်မတော်ကို နိုင်ငံရေး နယ်ပယ်မှ လွတ်ကင်းအောင် ပြုလုပ်ဖို့ကြိုးစားခြင်းသည် တပ် မတော်သားများကို ၎င်းတို့နှင့် ထိုက်တန်သည့်ဂုဏ်သိက္ခာပြန် လည်ရရှိရန်အတွက် အားထုတ် ခြင်းဖြစ်ပါသည်။
တပ်မတော်ကို ပြန်ပေးဆွဲ သွားခဲ့သူများက ဓားစာခံများကို နေရာတော်တော်များများမှာ ဖြန့် ကြက်ချုပ်နှောင်ထားခဲ့ကြသည်။ ပထမဦးဆုံး ကယ်တင်ကြရမည့် ဓားစာခံများကတော့ လွှတ်တော် အတွင်းမှာ ချုပ်နှောင်ထားခံကြရ သည့် တပ်မတော်သားများဖြစ်ပါ သည်။
ဓားစာခံများကို ကယ်တင်ဖို့ အတွက် ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ်ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါသည်။ ပြည်သူ့ဆန္ဒကို အမှန်တကယ်ဖော်ထုတ်နိုင်ဖို့ အတွက် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲများလိုအပ် သည်။ ရွေးကောက်ပွဲများ လွတ် လပ်ပြီး တရားမျှတဖို့အတွက် ဘက်မလိုက်သန့်ရှင်းသည့် ရွေး ကောက်ပွဲကော်မရှင်တစ်ခုလို အပ်သည်။
သို့မဟုတ်လျှင်တော့ ထင် ရှားသည့် အမေရိကန်သတင်းစာ ဆရာကြီး အိတ်ခ်ျအယ်လ်မန်ကန် ပြောခဲ့သလိုသာဖြစ်လိမ့်မည်။
‘‘ရွေးကောက်ပွဲဆိုတာ ခိုးရာ ပါပစ္စည်းတွေ လေလံတင်တဲ့ပွဲ ပါပဲ’’။။

Saturday, March 29, 2014

ညီမလေး သဘောပေါက်နိုင်မှာပါ..



ကျွန်တော်အရမ်းခင်တဲ့ ညီမလေးတစ်ယောက်ကပြောပါတယ်. အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တယ်. အမေစုမှ အမေစု..တဲ့
 
.
 

 .
အခုကျတော့ အမေစု ကဘာမှမလုပ်နိုင်မှန်း သိသွားပြီတဲ.. သူက..ကုလားတွေဘက်ကလိုက်တယ်.လို့ကြားတယ်..တဲ့ အဲဒါဘယ်လိုလုပ်မလဲ.....တဲ့..

__________________

ညီမလေးကို..ကျွန်တော် ဒီပိုစ့်ထဲကနေပဲ.. စိတ်ရှည်လက်ရှည်ဖြေကြားပေးလိုက်ပါ့မယ်....၊

ဒီမေးခွန်းကြောင့်......ကျွန်တော် သဘောပေါက်မိတာက. သာမန် ကိုယ့်အလုပ်ကိုပဲလုပ်ပြီး နိုင်ငံရေးစိတ်မ၀င်စားတဲ့သူအချို့ဟာ..မီဒီယာအချို့နဲ့ Social မီဒီယာတွေကတက်လာတဲ့ ၀ါဒဖြန့်မှုတွေနောက်ကို မျောပါနိုင်တဲ့အလားအလာရှိတယ်ဆိုတာ သဘောပေါက်လာပါတယ်၊
ဝါဒဖြန့်သူတွေနဲ့အာဏာရှင်တွေဟာ... လူထုခေါင်းဆောင်ရဲ့ ထင်ရှားမှုနဲ့ လူအများက
အာရုံစူးစိုက်မှုတွေကို အသုံးချပြီး အာဏာရှင်အုပ်စုဘက်ကို.. ပြည်သူတွေက မြားဦးမလှည့်အောင်
ပါးနပ်စွာ လှည့်ပတ်ကစားသွားကြပါတယ်..၊

အဲဒီလိုပဲ နိုင်ငံတကာလူ့အခွင့်အရေးအိုင်ကွန်တစ်ခုဖြစ်တဲ့ ဒေါ်စုကို ပြည်သူအချို့ စိတ်နာစေဖို့အတွက်..
"လူ့အခွင့်အရေး Vs ဘာသာရေး "စစ်မျက်နှာကို မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ခဲ့ကြပါတယ်...
လူ့အခွင့်အရေး ညံ့ဖျင်းခဲ့လို့ သူတို့ကိုကမ္ဘာကအဖက်မတန်သလိုထားခဲ့တာကို
အခုထက်ထိ အညှိုးထားနေကြဟန် တူပါတယ်..၊

အဲဒီစစ်မျက်နှာမှာ ပွဲဆူစေဖို့ကတော့. ပြည်သူတွေစိတ်ထဲမှာ ဘာသာခြားတွေကို မုန်းတီးသွားစေမဲ့
အရေးအခင်းတွေကို ပက်ပက်စက်စက် ဖန်တီးခဲ့ကြတာပါပဲ။
ဘာသာရေးမုန်းတီးဓာတ်ခံရှိသူတွေပေါများလာရာမှ.. အဲဒီသူတွေထဲကို..စနစ်ကျနတဲ့ စကားတွေပဲပြောတတ်တဲ့.. ဒေါ်စုပါတီရဲ့...အာဘော်တစ်ခုကို ထည့်သွင်းပြီး လူတွေရဲ့မျှားဦးကို ဒေါ်စုဘက် လှည့်စေခဲ့ပါတယ်..

အဲဒီအတွက် အာဏာရှင်တွေထွက်ပေါက်ချောင်သွားသလို.. ဘင်္ဂံလီတွေကို ၀ှိုက်ကဒ်ပေးတာတွေ ၊ လွှတ်တော်ထဲကို နယ်စပ်ဒေသဖွား ဘင်္ဂံလီတွေထည့်သွင်းတာတွေစတဲ့ သမိုင်းတရားခံဖြစ်နိုင်တဲ့ အနေအထားတွေကိုပါ..
ပြည်သူက အာရုံမစိုက်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်...၊

------------------------

နောက်တစ်ခုကတော့ ဒေါ်စုကလွှတ်တော်ထဲရောက်ပေမဲ့.. အာဏာရှိတာမဟုတ်သလို လုပ်ပိုင်ခွင့်ဆိုတာလဲ. သူရရှိထားတဲ့ လွှတ်တော်အမတ်အဆင့်နဲ့ တရာဥပဒေကော်မတီ
ဥက္ကဌ ရာထူးပဲရှိပါတယ်..၊ အစိုးရ၀န်ကြီးအဆင့် နဲ့တောင်မှ..လုပ်ပိုင်ခွင့် ၊အဆောင်အယောင်နဲ့
ရာထူးအဆင့်ခြင်းယှဉ်ရင်...ဆီနဲ့ရေ လိုကွာခြားသေးတာပါ..
အစိုးရကပေးတဲ့ ...အိမ်တစ်လုံးကားတစ်စီးတောင်မရှိလို့ နေပြည်တော်မှာ အိမ်ငှားနေရတာပဲကြည့်ပါလေ..
မြို့နယ်အုပ်ချုပ်ရေးမှုးအဆင့်တောင် အစိုးရဆီကရတဲ့ သင့်တော်တဲ့အဆောင်အယောင် ရှိပါသေးတယ်...

အစိုးရဌာနဆိုင်ရာအကြီးအကဲဖြစ်မှပဲ...သူလုပ်လို့ရနိုင်မှာတွေ အများကြီးပါ...
အဲဒါကြောင့်လဲ သမ္မတဖြစ်ချင်တယ်လို့ ပွင့်လင်းစွာပြောခဲ့တာပါပဲ.. သူပြောတာဒီ့ထက်ရှင်းတာမရှိပါဘူး..
အမေရိကန်စတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာလဲ.. သမ္မတလောင်းတိုင်းက ..ဒီလိုပဲပြောပါတယ်..
နိုင်ငံရေးပါတီထောင်အရွေးခံမှတော့..သမ္မတဖြစ်ချင်လို့ပေါ့ဗျာ...

"တိုင်းပြည်ကိုမလွဲမရှောင်သာအုပ်ချုပ်လိုက်ရပါတယ်"...ဆိုတဲ့ စကားမျိုးတွင်တွင်သုံးပြီး..နှစ် ၃၀ လောက် ဖိနှိပ်အုပ်ချုပ်လို့ အကုန်ရောင်းစားသွားတဲ့ သူမျိုးတွေကို ကြိတ်လေးစားနေတဲ့ အတန်းအစားတွေသာ...ဒေါ်စုရဲ့ပွင့်လင်းမှုကို ဝေဘန်ကြတာပါ..၊

အဲဒီတော့ အစိုးရအဖွဲ့ဝင်တွေကိုသာ... ယူထားတဲ့ရာထူးတွေ..ယူထားတဲ့အဆောင်အယောင်တွေနဲ့ တန်အောင် လုပ်ရမဲ့သူတွေမလုပ်သေးတာကို..အရင်ထောက်ပြသင့်ပါတယ်။

------------------------

ဒေါ်စုမှာရှိတာကတော့..သူ့အရည်အချင်းတွေပါပဲ.. နိုင်ငံတကာလေးစားမှု ၊ပညာတတ်ဆန်မှု ၊ဇွဲ..၊
အမြင်ကျယ်မှုနဲ့ ...ဆင်ခြင်တုံတရားဖြစ်ပါတယ်... မည်သည့်နိုင်ငံကိုမဆို ပွဲလယ်တင့်ပါတယ်..
သူပြောတဲ့စကားမှာ မှတ်သားစရာတွေရှိပါတယ်.. နာမည်ကြီး ကမ္ဘာ့တက္ကသိုလ်ကြီးတွေကကျောင်းသားတွေကအစ အလေးအနက်ထား သုံးသပ်ကြပါတယ်..
စင်ကာပူလိုစီးပွားရေးနိုင်ငံကြီးတစ်ခုကို သူမှတ်ချက်လေး
တစ်ခုချလိုက်တာနဲပဲ အဲဒါကိုသွက်သွက်ခါအောင်သုံးသပ်နေကြပါပြီ.၊

အဲဒီလိုသွားတဲ့နိုင်ငံတကာခရီးစဉ်တိုင်းမှာ.. နိုင်ငံတကာက သွားဖိတ်ကြားစီစဉ်လို့သွားရတာချည်းပါပဲ.. အစိုးရစရိတ်နဲ့ ပြည်သူ့ဘဏ္ဍာကို ဖြုန်းနေတယ်ထင်ပါသလား...၊

ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေ အထင်ကြီးအားကျပြီး စားဝတ်နေရေးပြေလည်အောင်သွားရောက်အလုပ်လုပ်ကိုင်တဲ့.နိုင်ငံတွေရယ်..
အာဏာရှင်တွေကိုယ်တိုင် ကျမ်းမာရေး ၊ပညာရေးကအစ၊ နေရေးထိုင်ရေးအထိ အမေကျော်ဒွေးတော်လွမ်းကာ သွားရောက်ခဲ့တဲ့..့  နိုင်ငံကြီးတွေကတောင်သူ့ကိုလေးစားမှတော့..

ကျွန်တော်တို့ ဟာ...နွားခြေရာခွက်ထဲကနေရုန်းထွက်သင့်ပါပြီ..

-----------------------------

ဒီလောက် ထက်မြက်နေတာကို ဘာလို့အစိုးရထဲမရောက်တာလဲ လို့မေးရင်တော့..

လွှတ်တော်ထဲမှာတောင် ၀ှိုက်ကဒ်ကိစ္စ အရေးယူဖို့စတဲ့အဆိုတွေတောင် ၀ိုင်းကန့်ကွက်ခံရတာ... တစ်ယောက်ကိုတစ်မဲသာပေးခွင့်ရှိတဲ့ဒေါ်စုပါတီရဲ့  အင်အားအနည်းငယ်က သူနိုင်စွမ်းရှိတာလေးတွေကိုပဲလုပ်လို့ရနိုင်မှာဆိုတာ သဘောပေါက်သင့်ပါတယ်..

အာဏာရှင်တွေဟာ...ဒေါ်စုကို သမ္မတဖြစ်စေချင်ဖို့နေနေသာသာ.. ၀န်ကြီးအဆင့်တောင်ဖြစ်စေချင်ကြမှာမဟုတ်ဘူးလို့ မြင်ပါတယ်..  ထက်မြက်တဲ့ဒေါ်စုသာဝန်ကြီးဖြစ်လို့ရှိရင်..၊ အတွင်းစည်းထဲရောက်သလိုဖြစ်ပြီး...
ဝန်ကြီးဌာနတွေမှာ ကြိတ်ရှင်းနေရတဲ့အာဏာရှင်ရဲ့အရှုပ်ထုတ်တွေကို မြေလှန်မှာကို အမှန်တကယ်ကြောက်ရွံ့နေကြမှာပါ...

ဥပမာ ၁၁ ဘီလျံကိစ္စသာတကယ်ရှိခဲ့ပါက.. ဒေါ်စု ဘဏ္ဍာရေးဝန်ကြီးဖြစ်ရင်ဘယ်လိုရှင်းမလဲ..

မြစ်ဆုံကိစ္စ.. .ဒေါ်စုသာ လျှပ်စစ်ဝန်ကြီးဖြစ်ရင်ဘယ်လိုဖြစ်သွားမလဲ..

သစ်တွေပြောင်နေတဲ့ကိစ္စ..ဒေါ်စုသာ သစ်တောဝန်ကြီးဖြစ်ရင်ဘယ်လိုဖြစ်သွားမလဲ..

ဂက်စ်ပိုက်လိုင်းတွေ၊ဂက်စ်ရောင်းရငွေတွေကိစ္စ. .ဒေါ်စု စွမ်းအင်ဝန်ကြီးဖြစ်ရင် ဘယ်လိုဖေါ်ထုတ်မလဲ..

တစ်ဒေါ်လာခြောက်ကျပ်ပ်နဲ့ ဖြတ်ပြီး နှစ်ပေါင်းများစွာ အိတ်ထဲထည့်နေတဲ့ ကိစ္စတွေကို..
ဒေါ်စုသာ စီပွားရေးဝန်ကြီးဖြစ်ရင်ဘယ်လိုအထုတ်ဖြေမလဲ..

ကြေးနီတောင်တွေသယံဇာတသိုက်တွေ၊ရတနာသိုက်တူးတာတွေကိစ္စ.. ဒေါ်စုသာ... သတ္တုတွင်းဝန်ကြီးဖြစ်ရင်..ဘယ်လိုမြေလှန်မလဲ..

ဦးပိုင်ကိစ္စတွေ၊ အောက်ခြေစစ်သားတွေဆင်းရဲတာတွေကို.. ဒေါ်စုသာစီးပွားရေးဝန်ကြီးဖြစ်ရင်၊
ကာကွယ်ရေးဝန်ကြီးဖြစ်ရင်..၊ ဘယ်လိုရှင်းထုတ်မလဲ...

အဲဒီ အခြေအနေတွေကို...၊
ဒေါ်စုပြောပြောနေတဲ့..တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး နဲ့ လူ့အခွင့်အရေးစတဲ့ ပေတံတွေနဲ့တိုင်းတာနဲ့ကို...အကုန်..ခါဆင်းသွားမှာပါ..၊

အဲဒီလိုအနေအထားတွေကို.. ဘယ်သူကမတွေးပဲ...မကြောက်ပဲနေမှာလဲဗျာ..၊ တွေးလေ ကြောက်လေ..တွေးလေ လန့်လေပေါ့...

အဲဒီတော့ ဒေါ်စုဟာ..ဘယ်လောက်တော်တော်.. အာဏာရှင်တွေဟာ...ဒေါ်စုကို...
သမ္မတလို နိုင်ငံ့ဦးသျှောင်အဖြစ်ထားဖို့နေနေသာသာ.. ဘယ်သူက...၀န်ကြီးအဆင့်တောင်ဖြစ်စေချင်မှာလဲနော်..

----------------------

နောက်တစ်ခုကတော့...

တရုတ်ပြည်ရဲ့အိပ်မက်ပါ...
တရုတ်ပြည်ဟာအန္ဒိယသမုဒ္ဒရာဘက်ကိုထွက်တဲ့ထွက်ပေါက်ကို အိမ်မက်မက်နေခဲ့တာကြာပေါ့ဗျာ...၊
မြန်မာပြည်ရဲ့သယံဇာတကိုလဲ အလကားနီးပါးရသေးတယ်.. မြန်မာပြည်မြေကိုနင်းပြီး...ဒေသတွင်းမှာ သူ့သြဇာချဲ့ထွင်လို့လဲ ရသေးတယ်ဆိုတာ..ဘယ်လောက်တောင်.ရခဲ့တဲ့အခွင့်ရေးပါလဲ..၊

ကိုယ့်ခြံထဲက ရွေအိုးတွေကိုလဲ တူးသွားသေးတယ်..၊ ကိုယ့်ကိုလဲ...မုန့်ပဲသားရေစာလောက်ပဲပေးသေးတယ်..
ကိုယ့်အိမ်ဦးခန်းမှာလဲ..ထိုင်သေးတယ်.. ကိုယ့်ခြံကိုခြေကုတ်ယူပြီး..ပတ်ဝန်းကျင်ကိုလဲရန်ရှာလို့ရတယ်.. ဆိုတော့ကာ...မြန်မာပြည်ဟာ..တရုတ်ရဲ့ အလကားရတဲ့ အဖိုးတန်ဆုတစ်ဆုပါပဲ..၊

မြန်မာအစိုးရက...ညံ့ဖျင်းစွာနဲ့..သာမန်ဆိပ်ကမ်းတစ်ခုလို့ပဲမြင်ပေခဲ့မဲ့.. တရုတ်တွေရဲ့.စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်တဲ့....အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာကို..ခြိမ်းခြောက်နိုင်တဲ့. ရခိုင်ပြည်နယ်..၊ ကျောက်ဖြူဒေသကြီးကို ဈေးပေါပေါနဲ့ရပြီးတဲ့အချိန်မှာ.. အဲဒီ စိတ်ကူးယာဉ်အိပ်မက်ကြီး ရေရှည်တည်တံ့ရေးအတွက်. ကာကွယ်ဖို့လိုလာပါတယ်...

အဲဒါကတော့.နိုင်ငံတကာမှာဝင်ဆံ့တဲ့.ဒေါ်စုသာသမ္မတဖြစ်ရင်.. သူတို့ရဲ့အိပ်မက်တွေ ပျောက်သွားနိုင်မလား..ဆိုတဲ့ စိုးရိမ်မှုတွေပါပဲ..၊

အဲဒီအတွက်..ရခိုင်ဒေသနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ.. တရုတ်ရဲ့..စိတ်ကူးယာဉ်အိပ်မက်တွေကိုခြိမ်းခြောက်နိုင်ခြေရှိနေတဲ့.. ထက်မြက်တဲ့အမြင်ရှိတဲ့...ဒေါ်စုကို...လက်မခံပဲ မုန်းတီးနေမှ.. ဖြစ်မှာပါ...၊
အဲဒါကြောင့်..ဒေါ်စုနဲ့ NLD ကို စိတ်ဓာတ်ပြင်းထန်တဲ့ ဒေသခံတွေက.မုန်းတီးစေရေးအတွက်နည်းမျိုးစုံနဲ့
လုပ်ကြဦးမှာပါပဲ...၊

အဲဒါကိုနားလည်ကြဖို့လိုပါတယ်...၊

အမြင်ကျယ်ကျယ်နဲ့ သတိထားဖို့လဲလိုပါတယ်..

အနေအထားတွေက နိုင်ငံရေးတွေမဟာဗျူဟာတွေ ကိုယ်ကျိုးစီးပွားတွေ အများကြီးပါနေပါတယ်...၊

ကျွန်တော်တို့ရဲ့ ဒေါ်စုဟာ..
အာရှတိုက်တောင်ပိုင်းမှာရှိတဲ့..တရုတ်ရဲ့ မဟာဗျူဟာ ချိန်ခွင်လျာကို လှုပ်ခါသွားစေနိုင်သူတစ်ဦးဖြစ်မှန်းမသိဖြစ်နေပါတယ်

အဲဒါတွေကိုအမြင်ကျယ်ကျယ်နဲ့ နားလည်ရပါတော့မယ်..

----------------------------

သေချာတာကတော့..

မျက်မှောက်ခေတ်မှာ..မြန်မာနိုင်ငံသားတွေဂုဏ်တက်စေတာ ဒေါ်စုကြောင့်ပဲ ဖြစ်ပါတယ်..

သူမဟာ..နိုင်ငံတကာသွားတိုင်း သူ့ရဲ့အရည်အချင်းသတ်သတ်နဲ့ မြန်မာ့အမျိုးသမီးအ၀တ်အစား တွေကိုဝင်ဆင်တာကြောင့်..
မြန်မာကို ကမ္ဘာက ထူးခြားစွာသိရှိလက်ခံခဲ့သူပါ..

မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားပုံကို ကမ္ဘာက စိတ်ဝင်စားလာတယ်..
မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်ကိုက.. မြန်မာရိုးရာ ၀တ်စုံအတွက် ပိုပြီးဂုဏ်ယူတတ်လာပါတယ်..

မြန်မာနိုင်ငံဟာ...အမှန်တကယ်ဆိုရင်.. အာဏာရှင်တွေအုပ်ချုပ်ထားတဲ့အတွက်...
စီးပွားရေးညံ့ဖျင်းပြီး.. မူးယစ်ဆေးဝါးထွက်ရှိမှုအများဆုံးနဲ့ အဂတိလိုက်စားမှု ကမ္ဘာ့ဒုတိယအဆင့် မှာရှိနေဆဲနိုင်ငံတစ်ခုပါ..

အဲဒီလိုနိုင်ငံတစ်နိုင်ငံကို.. ကမ္ဘာ့ချမ်းသာပြီး..အင်အားကြီးနိုင်ငံအဆင့်မပြောနဲ့
အာဆီယံအဆင့်နိုင်ငံလောက်ကတောင်.. ဆေးဖေါ်ကျောဖက်လုပ် ဖို့ဆိုတာ..
အမှန်အတိုင်းပြောရရင်...(၁၀)နှစ်လောက် သေကောင်ပေါင်းလဲ လုပ်ရင်ကို..
မဖြစ်နိုင်သေးတဲ့အခြေအနေပါ..

အဲဒီအနေအထား..အဆင့်အတန်းကို... သူမ အကျယ်ချုပ်ကလွှတ်ပြီး တစ်နှစ်အတွင်းမှာ..
ဒေါ်စုက ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ်..။တကမ္ဘာလုံးက လေးစားမှုနဲ့ သူမကိုနေရာပေးမှုက
အရမ်းကို အံ့သြစရာကောင်းလောက်အောင်ဖြစ်ခဲ့ပါတယ်။

သူမကိုနိုင်ငံတကာက လေးစားမှုတွေရဲ့နောက်မှာ.. မြန်မာလူမျိုး..ဆိုတာ ကပ်ပြီး ပါလာတာကို..
နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ လက်တွေ့ကျေနပ်စွာနဲ့ လှိုက်လှိုက်လှဲ လှဲ ခံစားခဲ့ကြရမှာပါ..

-----------------------------

ပြီးရင်..သူမဟာ..ကမ္ဘာမှာ နာမည်တစ်လုံးနဲ့နေပါတယ်..၊ ပြောဆိုသုံးသပ်မှု မှန်ကန်ပါတယ်..၊
ပညာနဲ့ဆင်မြင်မှုရှိပါတယ်...၊ မျက်တောင်တဆုံးမက ကြည့်တတ်ပါတယ်။

ပြီးရင်..မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် နှစ် ၅၀ အတွင်းမှာ. အရည်အချင်းပြည့်တဲ့ခေါင်းဆောင် အုပ်ချုပ်တာ..
အထူးသဖြင့်...ပညာတတ်ခေါင်းဆောင်အုပ်ချုပ်တာကို
မြန်မာပြည်သူတွေ မခံစားခဲ့ကြပါဘူး....

သူသာလုပ်ပိုင်ခွင့်ရှိရင်..ကျွန်တော်တို့လက်လှမ်းမမီနိုင်တဲ့ အုပ်ချုပ်မှု ယန္တယားကိုင်တွယ်ပုံတွေကို မြင်ရမှာဖြစ်ပါတယ်..၊
ကမ္ဘာ့တိုးတက်တဲ့ မိတ်ဆွေ နိုင်ငံတွေက..သူ့ဆီလာမှာဖြစ်ပါတယ်..

အဲဒီအချိန်မှာ..သူ့အရည်အချင်း သူ့သိက္ခာကြီးနဲ့..
ဘာမှဟုတ်တဲ့.ကုလားဦးစားပေးတာတို့ဘာတို့..ဆိုတာကြီးကို..
အလကားနေ..ဘယ်သူက လုပ်နေမှာလဲဗျာ..
သူတို့င်းပြည်အတွက် သူ့အလုပဲသူလုပ်မှာပေါ့..

လုပ်ချင်ရာလုပ်ပြီး..ထင်ရာစိုင်းခဲ့တဲ့..
နာမည်ပျက်တွေပွထနေတဲ့..
ကမ္ဘာက ၀ိုင်းပယ်ခံရတဲ့...၊
လူမိုက်အာဏာရှင်မှ
မဟုတ်ပေပဲ...နော်

-------------------------

ညီမလေးလဲ သဘောပေါက်မယ်လို့ထင်ပါတယ်ဗျာ..

(ပုရစ်)

..................

လွပ်လပ်စွာရှဲနိုင်ပါသည်

ထောင်ကုတင်နဲ့ ဝတ်စုံတွေ သူ့ အတွက်အရမ်းသေးနေလို့ ထောင်ဒဏ်က လွတ်ခဲ့တဲ့ လူထွားကြီး

Saturday, March 29, 2014


အရပ် ၇ပေ နဲ့ ၂ လက်မရှိတဲ့ ရာဇ၀တ်သားတစ်ယောက်ဟာ အကျဉ်းထောင်မှာရှိတဲ့ အိပ်ရာကုတင်ထက် အရမ်းကြီးနေလို့ ထောင်ကနေလွှတ်ပေးခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် လူထွားကြီး ဂျုဒ်မက်ဒ်ကက်ဖ် ဟာ အကျဉ်းသားဝတ်စုံတွေနဲ့ လည်း မတော်တဲ့အတွက် ထောင်အပြစ်ဒဏ်ကလွှတ်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ရာဇ၀တ်မှုအမြောက်အများကို ၀န်ခံထားတဲ့ မက်ဒ်ကက်ဖ်ဟာ Klinefelter လို့ ခေါ်တဲ့ ကြီးထွားမှုဖြစ်စဉ် မမှန်တဲ့ရောဂါကို ခံစားနေရသူပါ။

လူထွားကြီးမက်ဒ်ကက်ဖ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူ့ ကိုယ်လုံးကြီးနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ရယ်စရာပါ။ မက်ဒ်ကက်ဖ်ဟာ အပြစ်မရှိတဲ့အမျိုးသမီးတစ်ယောက်ကို လေသေနတ်နဲ့ ပစ်ပြီး ခြောက်လှန့် ခဲ့တဲ့အမှု၊ ခရစ်စမတ်လက်ဆောင်တွေ ခိုးယူခဲ့မှု နဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်းရုံးကို လာဘ်ထိုး ထားတဲ့ငွေတွေကို ခိုးယူခဲ့မှုရယ်ကြောင့် အမှုရင်ဆိုင်နေရတာပါ။

အချုပ်ထဲမှာ ၇၅ ရက်ကြာနေထိုင်ခဲ့ပြီးနောက် မက်ဒ်ကက်ဖ်ကို ချမှတ်ထားတဲ့ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ မက်ဒ်ကက်ဖ်တစ်ယောက် အချုပ်ခန်း ထဲနေထိုင် ခဲ့စဉ်ကလည်း သူ့ ရဲ့ ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ တော်တဲ့ အကျဉ်းသားဝတ်စုံနဲ့ ကုတင် တွေမရှိလို့ သူ ဒုက္ခရောက်ခဲ့ရပါသေးတယ်။

မက်ဒ်ကက်ဖ်ဟာ အရပ် ၇ပေ၂လက်မ ရှိပေမယ့် ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်မျိုးသာရှိတယ်လို့ လည်း သိရပါတယ်။

Ref: Mirror.co.uk
Trend Myanmar

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစတချို့ ရှာဖွေရေးလေယာဉ်တွေ့ရှိ


ပျောက်နေဆဲဖြစ်တဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာရဲ့ မြောက်ဖက်ရွှေ့ပြီး ရှာနေတဲ့နေရာမှာ အရာဝတ္ထုတွေကို ရှာဖွေရေး လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့ပါတယ်။ Perth မြို့ရဲ့ အနောက်ဖက် မိုင် ၁၁၀၀ ကျော်လောက်က အသစ်ပြောင်း ရှာနေတဲ့ နေရာမှာ အရာဝတ္ထုတွေကို နယူးဇီလန် တော်ဝင်လေတပ်က Orion ကင်းထောက်လေယာဉ် ကနေ တွေ့ရှိခဲ့တယ်လို့ (AMSA) သြစတြေးလျ ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက  ပြောပါတယ်။

လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ကို ပြန်ပို့ပေးပြီး အတည်ပြုနိုင်ဖို့ လုပ်နေပြီလို့ AMSA ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်၊ အဲဒီ့နေရာဆီကို စနေနေ့ မတိုင်ခင်တော့ သင်္ဘောတွေ ရောက်နိုင်မှာ
မဟုတ်ဘူးလို့ ပြောပါတယ်။ ပျောက်နေတဲ့ လေယာဉ်ဟာ အရင်ခန့်မှန်းထားထက် ပိုမြန်တဲ့နှုန်း နဲ့ ပျံသန်းခဲ့ပုံရပြီး လောင်စာကလဲ ပိုစောပြီးကုန်သွားနိုင်တဲ့အတွက်  လေယဉ်ပျံသန်းတဲ့ အကွာအဝေး ပိုတိုခဲ့တယ်လို့ စုံစမ်းစစ်ဆေးနေသူတွေက တွက်ချက်ခဲ့ပြီး ရှာဖွေတဲ့နေရာကို အရင်ရှာနေတဲ့ နေရာထက် မိုင် ၆၀၀ ကျော် အရှေ့မြောက်ဖက်ကို ပြောင်းပြီး ဒီကနေ့ သောကြာနေ့မှာ ရှာဖွေခဲ့ကြပါတယ်။

လေယာဉ်ပျောက်ရှာဖွေရေးအတွက် ရထားတဲ့ သဲလွန်စတွေထဲ မှာ အခုရရှိတဲ့ ရေဒါအချက်အလက်တွေဟာ စိတ်အချရဆုံးဖြစ်တယ်လို့ AMSA အထွေထွေမန်နေဂျာ John Young ကပြောခဲ့ပါတယ်။ အရင်နေရာမှာ ရှာဖွေခဲ့တာကိုလဲ အလဟဿလို့ မမြင်ဘူးလို့ သူကဆိုပါတယ်။

ပင်လယ်ကြီးဟာ ရွေ့လျားနေတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပါတ်တွေတုန်းက ဂြိုလ်တုပေါ်ကနေတွေ့ခဲ့တဲ့ အပိုင်းအစတွေက အခု နေရာသစ်မှာ တွေ့တာတွေနဲ့ တူနိုင်တယ်လို့ မလေးရှားသယ်ယူပို့ဆောင်ရေး ယာယီဝန်ကြီး Hishammuddin Hussein ကပြောပါတယ်။

အရင်ရှာနေတဲ့ နေရာနားမှာ နောက်ထပ် အရာဝတ္ထုတွေမြင်ရတဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို ထိုင်းနဲ့ ဂျပန်နိုင်ငံတွေကနေရရှိထားတယ် လို့လဲ ဝန်ကြီး ဟူစိန်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့နည်းလမ်းကောင်း












တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ
မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။
 

အသုံးပြုပုံကတော့ 
(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
 

(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
 

(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
 

(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို
တွေ့ရပါလိမ့်မယ်။
 

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ်အသားဖြူပြီး ထိရောက်တယ်ဆိုမှာသာသင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ်လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့်တစ်ခြားအရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

ငွေကြေးအလွဲသုံးမှု တသက်တကျွန်း ပြစ်ဒဏ်ချ





ဓာတ်မြေသြဇာဖိုး ကျပ်ငွေ သိန်း ၂၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကွေးတိုင်း မင်းဘူးခရိုင် တရားရုံးကနေ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးလှဌေးကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ အစိုးရ သတင်းစဉ် ဖော်ပြချက်အရ သိရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း၊ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်အပြီးမှာ အများပြည်သူပိုင် ငွေကြေး အလွဲသုံးမှုနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး ၁ ယောက်ကို ခုလို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်တဲ့ သတင်း ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

DVB

ရန်ကုန် အပါအဝင် မြို့ကြီးအချို့ နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်






ရန်ကုန်၊ မတ် ၂၈

ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများပါ လွန်ကဲအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်မြို့တော် အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရက်ပိုင်းအတွင်း ယခုနှစ် နွေရာသီ၏ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုမှာလည်း ကော့သောင်းမြို့နှင့် ထားဝယ်မြို့တို့တွင် အန္တရာယ်ရှိ လွန်ကဲအဆင့် အညွှန်းကိန်း ၁၃ အထက်ကို ရောက်ရှိနေပြီး ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အညွှန်းကိန်း ၁၂ ထက် ကျော်လွန် ရောက်ရှိနေသဖြင့် သတိပြုရန် လိုကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှအပ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ယခု ရက်အနည်းငယ်အတွင်း နေ့အပူချိန်များ တိုးလာမည် ဖြစ်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

နေ့အပူချိန်များ ဆက်တိုက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်မှုများလည်း အန္တရာယ်ရှိအဆင့် ရောက်ရှိနေခြင်းကြောင့် အသက်အရွယ် ကြီးမြင့်သူများနှင့် ကလေးသူငယ်များ အပူဒဏ်ကို ရှောင်ရှားကြရန်နှင့် နေပူထဲသို့ သွားလာ လှုပ်ရှားသူများသည် အပူဒဏ်ကို ကာကွယ်နိုင်မည့် ထီး၊ ဦးထုပ် စသည်တို့ကို ဆောင်သွားရန် လိုကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

The Voice Weekly

သားမယားအဖြစ်ပေါင်းသင်းခဲ့ကြပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းသူများကို အရေးယူပေးရန် တိုင်တန်း




ရန်ကုန်၊ မတ် ၂၉

၁၂.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ
ဒေါ်----၏ သမီးဖြစ်သူသည် ၎င်းအလုပ်လုပ်ကိုင်သော အထည်ချုပ်
စက်ရုံသို့ အလုပ်ဆင်းရန်ထွက်သွားရာမှ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် စုံစမ်းရှာဖွေနေခဲ့ပြီး ၂၀.၂.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာမြို့မရဲစခန်း၌ လူပျောက် တိုင်တန်းထားရှိခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ ပျောက်ဆုံးနေရာမှ ၁၃.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင်
ဒေါ်----ထံသို့ သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းခဲ့ရာ သမီးဖြစ်သူသည် အဆိုပါနေ့က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာ
ဘုရားပွဲသို့သွားရောက်စဉ် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စိုး၏
မွေးစားသားဖြစ်သူ ဗိုက်ပူနှင့်တွေ့ရှိပြီး ချစ်ကြိုက်ကြောင်းပြောဆိုကာ
ခေါ်ဆောင်သွားသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ဗိုက်ပူနှင့် သားမယားအဖြစ်
(၄)ရက်ခန့် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ထို့နောက် ဗိုက်ပူမှဒေါ်စိုးထံတွင်
ရောင်းစားခဲ့ကြောင်း၊ ဒေါ်စိုးမှ ၎င်း၏သားအရင်းဖြစ်သူ ဗိုက်ပူဆိုသူနှင့် ထပ်မံပေါင်းသင်းနေထိုင်စေပြီး ပြည့်တန်ဆာအဖြစ်လုပ်ကိုင်စေခဲ့ကြောင်း၊
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် တစ်နာရီလျင် အခကြေးငွေ
(၄၀၀၀)ကျပ်ရရှိသော်လည်း လုပ်အားခငွေကို ဒေါ်စိုးမှ မပေးခဲ့ကြောင်း
တို့ကို သမီးဖြစ်သူမှပြောပြသဖြင့် သိရှိခဲ့ရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခဲ့
ကြသူ ဒေါ်စိုးနှင့် ၎င်း၏မွေးစားသား ဗိုက်ပူ၊ သားအရင်း ဗိုက်ပူတို့(၃)ဦးကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၃၉၃/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုဖွင့်
ကာ ဒေါ်စိုးနှင့် ၎င်း၏ မွေးစားသား ဗိုက်ပူ၊ သားအရင်း ဗိုက်ပူတို့ကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Friday, March 28, 2014

စစ်တွေရုန်းရင်းဆန်ခတ်မှုတွင် မိုးပေါ်ထောင်ပစ်သည့်ကျည် ရေချိုးနေသည့်ကလေးငယ်အား ထိမှန်သေဆုံး




ရေချိုးနေစဉ် ကျည်ထိမှန်၍ သေဆုံးခဲ့သော မညိမ်းမ၏ ရုပ်အလောင်းကိုကြည့်၍ ပူဆွေးစွာငိုကြွေးနေသော မိခင်နှင့် မိသားစုဝင်များကို စစ်တွေဆေးရုံတွင် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့စဉ် အသက် (၁၁)နှစ်အရွယ်မိန်း ကလေးတစ်ဦး သေနတ်ကျည် ဆန်ထိမှန်၍ သေဆုံးခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိ တစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။
ယင်းမိန်းကလေးသည် စစ် တွေမြို့ရွာကြီးမြောက်ရပ်ကွက်မှ မညိမ်းမဆိုသူဖြစ်ပြီး ရုန်းရင်းဆန် ခတ်ဖြစ်သည့်နေရာတွင်မရှိဘဲ နေအိမ်၌ရေချိုးနေစဉ် မလှမ်း မကမ်းရှိရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားရာနေရာမှ မိုးပေါ်ထောင် ခြောက်လှန့်ပစ်ခတ်သောကျည် ဆန် မတော်တဆထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါအရာရှိက ဆိုသည်။
မတ်လ ၂၈ ရက်ညနေ ၃ နာရီကပြုလုပ်ခဲ့သော မညိမ်းမ၏ အသုဘကို တာဝန်ယူဆောင်ရွက် ပေးခဲ့သော
စစ်တွေ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးထွန်းလှိုင်က ‘‘ဆေးရုံမှာမနေ့က ညနေပိုင်းကတည်းက ဆုံးသွားတာပါ။ ဒီကိစ္စက ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူး။ မတော်တဆ ဖြစ်သွားတယ်ဆိုတာလည်း လူထုကိုရှင်းပြခဲ့ပါတယ်။ အခု အေးအေးဆေးဆေးဖြစ်သွားပြီ’’ဟုပြောသည်။
မတ်လ ၂၆ ရက်ညမှစတင်၍ စစ်တွေမြို့တွင် အိုင် အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူဝန် ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာလုပ်သည်ဟု သတင်း များ ထွက်ပေါ်ရာမှ တစ်ဆင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သေ နတ်အကြိမ်ကြိမ်မိုးပေါ်ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်။
မညိမ်းမသည် မတ်လ ၂၇ ရက်ညနေတွင် နေအိမ်၌ သေနတ်ကျည်ဆန် ထိမှန်သွားကာ ဆေးရုံတွင်သေဆုံးခဲ့၍ နာရေးကူညီမှုအသင်း အကူအညီဖြင့် သင်္ဂြိုဟ်လိုက်ကြောင်း စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းက ဆိုသည်။
ယင်းမိန်းကလေး၏အသုဘ သို့ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိ အဖွဲ့အစည်းများက ငွေကြေးကူ ညီပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
မညိမ်း မသေဆုံးခဲ့ရခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲ ရန်မိုးပေါ်ထောင်ပစ်သော ရော်ဘာကျည်ဆန်မှာ အရာဝတ္ထု တစ်ခုနှင့်ထိ၍ လမ်းကြောင်း ပြောင်းထိမှန်ခြင်းဖြစ်နိုင်ကြောင်း ဦးထွန်းလှိုင်ကဆက်လက်ပြော သည်။ မတ်လ ၂၆ ရက်ညမှ စတင်၍ နှစ်ရက်တာဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့တွင် ကုလ အပါအဝင် အိုင်အင်န်ဂျီအိုရုံး၊ နေအိမ် ၃၀ခန့် ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံခြားသား များအပါအဝင် အိုင်အင်န်ဂျီအိုဝန် ထမ်း ၇၀ ကျော်ကို ဘေးကင်းရာ တွင် လုံခြုံရေးဖြင့်ထားကာ ရန် ကုန်မြို့သို့ ပို့ဆောင်ခဲ့ရသည်။

7 Day New

Wednesday, March 26, 2014

သတင်းတစ်ခု ထွက်လိုက်သေးတယ်လေ ချောင်းသာသွားရမလိုလို


မင်္ဂလာပါရှင်
ပြောပြစရာတွေလည်း တစ်ပုံကြီးကျန်နေတဲ့ အထဲက လက်ရှိ ဖြစ်နေတာလေးတွေ
နည်းနည်းလောက်ပြောပြမယ်နော်
သတင်းတစ်ခု ထွက်လိုက်သေးတယ်လေ ချောင်းသာသွားရမလိုလို
ကျိုက်ထီးရိုးကို လိုက်ပို့မလိုလိုဆိုပြီးတော့လေ
အားလုံးသိလိုက်ကြမှာပါ ခုတော့လဲ ဒါတွေဒါတွေ ပြီးခဲ့ပါပြီ...ပြီးခဲ့ပါပြီ လို့
သီချင်းလေးညဉ်းရမလိုတောင်ဖြစ်သွားတယ်
အဆင်မပြေမှုပေါင်း သောင်းခြောက်ထောင်နဲ့လူများပြီးပွဲမစည်ခဲ့ဘူးလေ
နောက်ဆုံးတော့ မဲဖောက်တဲ့ Hair Dryer အစုတ်လေးနဲ့ ကျေးနပ်ခဲ့ရတဲ့သူတွေ
FB မှာပေါက်ကွဲသံသဲ့သဲ့လေးကြားလိုက်ရတော့တာပါဘဲ။
ကဲ ထားလိုက်ပါတော့...
ခုတလော ဘာတွေဖြစ်နေကြတယ်မသိဘူး FB မှာ ပေါက်ကွဲသံစဉ်တွေဖတ်ဖတ်နေရတယ်..
တစ်ခုခုတော့ထူးခြားနေတယ်ဆိုတာအမှန်ဘဲ
ြေေပြောမယ်သာပြောတယ် လစာကြတိုးတောင်းချင်ကြတယ် အလုပ်ကြပြန်တော့လဲ
ဟုတ်တိပတ်တိမလုပ်ချင် ဟိုအလုပ်လိုလို ဒီအလုပ်လိုလို လုပ်ပြီး ထမင်းစားချိန်အကြောင်းပြ
ပတ်သတ်သဝေထိုးပြီး အချိန်ကျော်မှ နေရာပြန်ရောက်နေတဲ့အဖြစ်တွေကလည်းတွေ့နေရတော့
ပြောမိဆိုမိတာပေါ့လေ..
သူများတွေဒီလောက် အလုပ်တွေများ ပြီး လူတွေမနိုင်မနင်းဖြစ်နေကြတဲ့ အချိန်မှာ အေးအေးလူလူ
ငွေဆောင် ကို ဟန်းနီးမွန်းကြတဲ့လူတွေကလဲရှိသေးပါသရှင်
အဲလူတွေကလဲ လစာကြ တိုးပြီးလိုချင်လိုက်တာပြောမနေနဲ့တော့...အလုပ်ကြတော့လဲ.....(ကြိုးစားကြပါတယ်)
ဒါတွေလည်းထားလိုက်ပါတော့လေ
စကားမစပ်ပြောရအုံးမယ်ရှင် အဘဘယ်တော့ဒီကနေ လစ်မှာလဲဆိုတာ သိတဲ့လူရှိရင်ပြောကြပါအုံးရှင် လစ်တော့မယ်လို့ အသံလေးကလဲ ဟုတ်စနိုးနိုး ကြားနေရပြန်တယ်
လစ်မယ်ဆိုလဲလစ်ပါဒါပေမဲ့ သားသားမီးမီးတွေကို နှုတ်ဆက်ပွဲလေးလုပ်ပြီးမုန့်ကျွေးဖို့ နီးစပ်ရာ လူတွေလည်းလက်တို့ပေးအုံး ဆုံးမသြ၀ါဒ ကထာလေးကလည်းမကြားရတာကြာတော့ လွမ်းနေရပါသတဲ့ရှင်....
အခန်းပြောင်းတဲ့လူတွေလည်း မေးကြည့်လိုက်ကြအုံးနော် အဆင်ပြေကြတယ်မဟုတ်လား
ဘာလားပေါ့....
ကဲပါလေ...ပြောမယ်ဆို ပြောစရာတွေကတစ်ပုံကြီးကျန်နေသေးတယ်...
ကျွန်မပြောချင်တာကတော့ အလုပ်ကိုကြိုးစားပြီး လုပ်ကြ အလုပ်မလုပ်ဘဲ လစာလည်းတိုးမတောင်းကြနဲ့ ...အန်ကယ်တို့ အဘတို့က အားလုံးလိုလေသေးမရှိအောင်
စောင့်မကြည့်ရှုထားတယ်ဆိုတာ မြင်ရုံနဲ့သိနိုင်တယ်လေ.. အားနည်းချက်ဆိုလို့ management လေးဘဲ မလုပ်နိုင်တာ...သိလား.....
နောက်မှဘဲ ပြောတော့မယ်ရှင်....
ခုတော့ အလန်းဇယားလေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဟန်းနီးမွန်းကို အသိအမှတ်ပြုပေးလိုက်ပါတယ်ရှင်

ADMIM
သတင်းချစ်သူအဖွဲ့

Monday, March 24, 2014

လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရအတည်ပြု

ခိုင်လုံသောအထောက်အထားမရှိသေးသဖြင့် တရုတ်မိသားစုဝင်များလက်မခံ

မတ်လ ၂၄ ရက်က ဘေဂျင်းမြို့ လီဒိုဟိုတယ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌

 ရုပ်သံသတင်းကိုကြည့်ရှုပြီးနောက် မလေးရှားလေကြောင်း MH 370 လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ မိသားစုဝင်တစ်ဦး သတင်း ထောက်များအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို တွေ့ရစဉ်။ ယင်းမတိုင်မီတွင် ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာထဲတွင် ခရီးလမ်းဆုံးသွားခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဓာတ်ပုံ− ရိုက်တာ)
မလေးရှားဝန် ကြီးချုပ်နာဂျစ်ရာဇာတ်က လေ ယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင်း သို့ပျက်ကျခဲ့ ခြင်းဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီး နောက် အသက်ရှင်ကျန်ရစ်သူ ရှိလေဦးမလားဆိုသည့် မိသားစု ၀င်တို့၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။
ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီ နှင့် မတော်တဆမှုလေ့လာ စုံစမ်း ရေးမှ ဂြိုဟ်တုအချက်အလက် များအပေါ် သုံးသပ်ချက်များ ကိုအခြေခံ၍ မလေးရှားဝန်ကြီး ချုပ်နာဂျစ်ရာဇာတ်က ကြေညာ လိုက်ခြင်းဖြစ်သည်။ သို့သော် ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်း ကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိပေ။
လေယာဉ် ဆင်းသက်နိုင်သည့် နေရာများနှင့် ဝေးကွာလှသော ပင်လယ်ပြင်တွင် လေယာဉ်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ သေချာကြောင်းကိုသာ ၎င်းက ပြောဆိုခဲ့သည်။
ရုပ်ဝတ္ထုပစ္စည်းအထောက်အ ထားမရှိခြင်းအတွက် ဖြေသိမ့်နိုင် ရန်ခက်ခဲ့သည်ဟု လေယာဉ်ခရီး သည် ဖိလစ်ဝုဒ်၏ လက်တွဲဖော် မစ္စစ်ဆာဘက်ခ်ျကဆိုသည်။
အခြားလူများကလည်း အာ ဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ကောက်ချက်ဆွဲလိုက်ရခြင်းနှင့်ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်ထုတ်ပြန်ရန် တောင်းဆိုနေကြသည်။
‘‘လေယာဉ် အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိ ဘူးဆိုတော့ ဒီကိစ္စအမှန်တကယ် မပြီးသေးဘူး’’ ဟု မစ္စစ်ဘက်ခ်ျကဆိုသည်။
ဘေဂျင်းစံတော်ချိန် ည ၉နာ ရီ ၄၆မိနစ်တွင် ဘေဂျင်းမြို့ရှိ လီ ဒိုဟော်တယ်ကွန်ဖရင့်ခန်းမတွင် စာသားမက်ဆေ့ခ်ျပို့သော ဖုန်းသံ များမြည်လာပြီး မက်ဆေ့ခ်ျမှာတရုတ်ဘာသာစကားဖြင့်မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်သည်။
၁၆ရက်ကြာ သံသယ၊ မယုံ ကြည်မှုများနှင့် မလေးရှားအာ ဏာပိုင်များအပေါ် အကြီးအ ကျယ်ဝေဖန်မှုများရှိခဲ့ပြီးနောက် ဖုန်းစာသားမက်ဆေ့ခ်ျမှာ နောက် ဆုံးစော်ကားမှုဖြစ်သည်ဟု တရုတ်မိသားစုများကဝေဖန်သည်။
သတင်းကို အတည်ပြုရန် အခန်းအတွင်းရှိ ရုပ်သံဖန်သားပြင်များပေါ်တွင် မလေးရှားဝန်ကြီးချုပ်ပုံပေါ်ထွက်လာသောအခါ စူးစူးဝါးဝါးအော် ဟစ်သံများ၊ ငိုကြွေးသံများစတင် ပေါ်ထွက်ခဲ့သည်။
လေယာဉ်ပေါ်တွင် ခရီး သည်အများစုမှာ တရုတ်နိုင်ငံ သားများဖြစ်ပြီး စုစုပေါင်း ၁၅၂ ဦးလိုက်ပါခဲ့သည်။
တရုတ်ဂြိုဟ်တုက ယင်းနေရာတွင် အရာဝတ္ထုအချို့ကို တွေ့ရှိကြောင်း ပြောဆိုခဲ့သော်လည်း မတ်လ ၂၄ ရက်က သွားရောက်ခဲ့သည့် အမေရိကန် ရှာဖွေရေးအဖွဲ့က တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။
ထို့နောက် သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် အရာဝတ္ထုနှစ်ခုကို တွေ့ရှိကြောင်း ထပ်မံပြောဆိုလိုက်ပြီးနောက် မလေးရှားဝန်ကြီးချုပ်က အတည်ပြုချက်ထုတ်ပြန်လိုက်သည်။
ယင်းပစ္စည်းများမှာ မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေး ထောင့်ပုံရှိ ပစ္စည်းဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ လေယာဉ် ပျက်မှဖြစ်နိုင်ဖွယ်ရှိသော နောက် ဆုံးတွေ့ရှိထားသည့် ပစ္စည်းများ ဖြစ်သည်။ သို့သော် လေယာဉ်မှ အကြွင်းအကျန်ဟု ကံသေကံမ ပြောဆိုနိုင်ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်း ပစ္စည်းများကို ဝေဟင်မှ တွေ့ရ ခြင်းဖြစ်ပြီး လက်ဝယ်ရရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံအသီးသီး မှ ရှာဖွေရေးအဖွဲ့များက ဂြိုဟ်တုမှ နောက်ဆုံးမြင်တွေ့ရသည့် ပစ္စည်းများကို ရရှိရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး လက်ဝယ်အပျက်အစီးမရှိ၍ စိစစ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းချက်အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်။
နောက်ဆုံးအကြိမ် လေ ယာဉ်နှင့် လေကြောင်းထိန်းသိမ်း သူများအဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အ တွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ် ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့သည်။ ထိုအချိန်မှာ ပင် အနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက် ကြားဆီသို့ ဦးတည်ပျံသန်းသွား ကြောင်း စစ်တပ်ရေဒါက ဖမ်းယူ ရရှိခဲ့သည်။ ရေဒါမှ ပျောက်ကွယ် မသွားမီ လေယာဉ်သည် ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့ သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက် က စီအင်န်အင်န်သို့ ပြောဆိုခဲ့ သည်။
‘‘အရင်က နားမလည်နိုင်ခဲ့ တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက်ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ် သောင်းနှစ်ထောင်အနိမ့်မှာ ပျံ သန်းတယ်ဆိုတာက လေယာဉ် ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ် တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင် တယ်။ ဒါကြောင့် လေယာဉ်မှူး က ပေအနိမ့်ကနေပဲ လေယာဉ် ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ ဟု အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာန မှ ယခင်စုံစမ်းရေးအရာရှိနှင့် လေ ကြောင်း သုံးသပ်သူ မေရီရှိအာဗို ကရှင်းပြသည်။
သို့သော် အချို့လေ့လာသူ များက နောက်ဆုံးရရှိသည့် သ တင်းအချက်အလက်များအပေါ် ယုံကြည့်စိတ်ချနိုင်မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသ ယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲ ရန် မသင့်သေးဟုဆိုသည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဇုန်ကို ဘာကြောင့်ရှာဖွေရသနည်း။
ဂြိုဟ်တု အချက်အ လက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာတွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆို သည်။ ယင်းကို မလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။
အစောပိုင်းသြစတြေးလျနှင့် တရုတ်အာဏာပိုင်များကလည်း အလားတူ ဂြိုဟ်တုပုံများကို ထုတ်ပြန်ခဲ့သည်။ တရုတ် ဂြိုဟ်တုပုံအရ ၇၄ ပေနှင့် ၄၃ ပေအရွယ်ရှိ အရာဝတ္ထုကို တွေ့ရှိရသည်။ သို့သော် သြစတြေးလျ ရှာဖွေရေးအဖွဲ့က အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် မတ် ၂၂ ရက်အထိ တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။

ရှာဖွေသည့်နေရာ တကယ်မှန်ကန်ပါသလား။
အသေအချာတော့လည်း မ ပြောနိုင်ပေ။ အားလုံးက ခန့်မှန်း ချက်နှင့် အနီးစပ်ဆုံးရှာဖွေနေခြင်း သာဖြစ်သည်။ ရေပြင်တွင် မျော နေသော သစ်ခံပြားနှင့် အခြား ပစ္စည်းများကို တွေ့ရုံမျှဖြင့် လေ ယာဉ်အစိတ်အပိုင်းဟု မပြောနိုင်ကြောင်း လေ့လာသူများကဆိုသည်။ နောက်ဆုံး တွေ့ရှိထားသော အရာဝတ္ထုနှစ်ခုကို လက်ဝယ်ရချိန်တွင် ပို၍ တိကျသော အဖြေတစ်ခုခု ထွက်လာနိုင်ပါသည်။
လက်ရှိတွင်မူ ဂြိုဟ်တုမှပုံများနှင့် ဝေဟင်မှ ပုံများကို အခြေခံပြီး ဖြစ်နိုင်ခြေများကို ခန့် မှန်းနေရချိန်သာ ရှိနေသေးသည်။ မလေးရှားဝန်ကြီးချုပ်က သမုဒ္ဒ ရာအတွင်းသို့ လေယာဉ်ပျက်ကျ ကြောင်း အတည်ပြုချက်ထုတ် ပြန်ခဲ့သော်လည်း လေယာဉ်ခရီး သည် မိသားစု အားလုံးကမူလက်မခံကြသေးပါ။ ဆက်လက် ရှာဖွေနေဆဲ အဖွဲ့တစ်ခုခုက တိ ကျသော အထောက်အထားရရှိ ချိန်အထိ ဆက်လက်စောင့်မျှော် နေကြဦးမည်ဖြစ်ပါသည်။
(နိုင်ငံတကာ သတင်းဌာနများ၏ ရေးသားချက်များကို ခင်မေဇော် နှင့် ရဲမင်း စုစည်းဘာသာပြန်ဆိုသည်)
 7 Day Daily New

အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည်




မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်သွင်းထားပြီ ဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အခုလို ဝန်ထမ်းလစာတွေ တိုးမြင့်ပေးမယ့် တချိန်တည်းမှာပဲ တခြား ဝန်ထမ်းမဟုတ်တဲ့ အပြင်အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးနိုင်ဖို့အတွက်လည်း အစိုးရက ကော်မီတီဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော် အစိုးရက ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အခြေခံ ဝန်ထမ်းလစာတွေ တိုးမြှင့်ပေးဖို့ အစိုးရ ဘတ်ဂျက်ကော်မီတီက ရေးဆွဲထားတဲ့ အဆိုပြုချက်ကို လွှတ်တော်ကို တင်သွင်းထားတာဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် လွှတ်တော်အမတ်အများစုက ကန့်ကွက်ဖို့ အလားအလာ မရှိတဲ့ အပြင် လွှတ်တော်မှာ လက်ရှိအာဏာရပါတီက အမတ်နေရာအများစု အနိုင်ရထားတာဖြစ်တဲ့အတွက် မနက်ဖြန် မတ်လ ၂၅ ရက်နေ့ လွှတ်တော် စည်းဝေးပွဲအတွင်း ဒီအဆိုပြုချက် အတည်ဖြစ်နိုင်ခြေများတယ်လို့ အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်၊ ပူးပေါင်းငွေစာရင်း ကော်မီတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဒီဥပဒေအရဆိုလို့ရှိရင်တော့ ၂၀၁၄၊ First April ကနေပြီးတော့ တရားဝင်ဖြစ်မှာကိုး။ ဒီဟာကို မနက်ဖြန်ကျနော်တို့ အတည်ပြုပြီးလို့ရှိရင် ၂၀၁၄၊ ဧပြီလကစပြီးတော့ သူတို့ဆွဲထားတဲ့ Figure အတိုင်း သူတို့ပေးတော့မှာ။ သူတို့ဆွဲထားတဲ့အတိုင်းပါတဲ့ Detail စာရင်းပေါ့နော်၊ ဘယ်သူ ဘယ်လောက် ဘယ်လောက်ဆိုတဲ့စာရင်းအတိုင်း သူတို့ထုတ်ပေးလိုက်တော့မှာပါ။”

မေး။    ။ ဆိုတော့- တိုးပေးလိုက်တယ်ဆိုတော့ သူတို့မှာ အကြောင်းပြချက်ရော ရှိသလားဗျ။ ကျနော်ဆိုလိုချင်တာက နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းက ဒါလောက်ရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့လစာကို ဒီလို လိုက်ညှိပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တိုးပေးတာလား။

ဖြေ။     ။ အဲလိုသဘောပေါ့။ ဒါကတော့ ထုတ်တော့မပြောဘူးပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံက ငွေကြေးဖောင်းပွမှုနှုန်းက ရှိနေတာကိုး။ အခြေခံစားကုန်တွေက တနှစ်ထက်တနှစ် တက်နေတာကိုး။ နောက်တစ်ခု ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်တော့ဗျာ- နောက်နှစ်ကျတော့ ရွေးကောက်ပွဲကာလဗျာ။ ဒီအစိုးရအနေနဲ့ကျတော့လည်း စည်းရုံးရေးသဘောမျိုးလည်း ရှိတာပေါ့ဗျာ။ ပါတီက အစိုးရဖွဲ့တဲ့အချိန်မှာ ဒါတွေ ဒါတွေ ရှိတယ်ဆိုတဲ့ Image ကိုလည်း လိုချင်တာကိုး။

ယေဘုယျအားဖြင့်တော့ ဝန်ထမ်းလစာတွေတိုးမြင့်ပေးလိုက်ရင် ငွေကြေးဖောင်းပွမှုနှုန်း ကြီးထွားလာလေ့ရှိတာကြောင့် လစာတိုးပေးတဲ့အပေါ် ဝမ်းသာ ဝမ်းနည်း ဖြစ်ကြရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်း အစိုးရက နိုင်ငံပိုင် စီးပွားလုပ်ငန်းကြီးတွေရဲ့ ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ချက်တွေ ရှိလာတဲ့အတွက် ဒီတခါမှာတော့ အရင်လစာတိုးတာတွေထက် ပိုပြီး ထူးခြားမှုရှိနိုင်တယ်လို့ ဦးဖုန်းမြင့်အောင်က သုံးသပ်ပါတယ်။

“ဒီနေ့ Figure မှာတော့ capital တော်တော်များများ လျှော့လိုက်တယ်ဗျ။ နောက်တစ်ခါကျတော့ ဘာဖြစ်သလဲဆိုလို့ရှိရင် အခု ကျနော်တို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက ဘာပုံစံကို အစပျိုးထားလဲဆိုလို့ရှိရင် အခု နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေ အတော်များများကို အရှိန်လျှော့ပစ်လိုက်ပြီ။ အရှိန်လျှော့ပစ်လိုက်တဲ့အတွက် အခု သူတို့ တော်တော်များများကို ပုဂ္ဂလိကတွေ၊ ဖက်စပ်တွေ တော်တော်များများ ပေးတယ်ပေါ့ဗျာ။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးတွေမှာ ငွေကို ထင်သလိုသုံးတယ်။ အဲဒီဟာက တိုင်းပြည်ကို ပိုပြီး ဒုက္ခရောက်တာပါ။ အခု နေပြည်တော်မှာတို့ ဘာတို့ရှိတဲ့လူတွေဆိုရင် ကျနော်တို့ အရင်ခေတ်ကနဲ့မတူဘူးပေါ့နော်။ ဦးသန်းရွှေလက်ထက်မှာဆိုလို့ရှိရင် capital တွေ တအားများပြီး နေပြည်တော်ကြီးက စည်ကားပြီးတော့ ကန်ထရိုက်တွေရဲ့ ပွဲတော်ကြီး၊ မြို့တော်ကြီးဖြစ်နေတာပေါ့။ အခုကျတော့လည်း အားလုံး ဒါတွေ ရှင်းသွားပါပြီ။ နောက်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်တွေဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်တွေ ကျနော်တို့က ဖြန့်ပေးလိုက်တာပေါ့နော်။ အဲဒါတွေကတော့ တနှစ်နှစ်နှစ်အတွင်းမှာ သိသာလိမ့်မယ်။ SOE Capital တွေ လျော့တဲ့အတွက် inflation rate ကတော့ သက်သာလိမ့်မယ်။ ဝန်ထမ်းလစာတိုးပေးတာကတော့ စည်းရုံးရေးအရ တိုးပေးတာပဲ။ သို့သော်ငြားလည်း တဘက်က ပြန်ကြည့်လို့ရှိရင်တော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ဘရိတ်အုပ်တာတော့ ကြိုဆိုရမယ့်အချက်ပါဗျ။”

အစိုးရဝန်ထမ်းလစာတွေအပြင် တခြား အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြင်ပ အလုပ်သမားတွေရဲ့ အခြေခံလာစာ တိုးမြှင့်ပေးရေးအတွက်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရက ကော်မီတီဖွဲ့ပြီး အချက်အလက်တွေကို စုဆောင်းနေတယ်လို့ - အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မီတီအဖွဲ့ဝင် - အလုပ်သမားကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

“ဟုတ်ကဲ့။ ၂ ပိုင်း ပြောရမှာပေါ့နော်။ တပိုင်းက အစိုးရဝန်ထမ်းပိုင်းပေါ့။ အစိုးရဝန်ထမ်းပိုင်းကတော့ ၂ သောင်းတိုးပေးမယ်ဆိုပြီးတော့ အစိုးရပိုင်းကနေ ကြော်ငြာထားတာကိုး။ နောက်တပိုင်း Survey ကောက်နေတဲ့ဟာကျတော့ ပုဂ္ဂလိကပိုင်းက အလုပ်သမား၊ ဝန်ထမ်းတွေပေါ့။ သူတို့တွေကို တရက်လုပ်ခ လစာ၊ အခကြေးငွေဘယ်လောက် သတ်မှတ်ရင်ဖြစ်မလဲဆိုတဲ့အနေအထားကို ပြန်လိုက်ကောက်တာ။ ကောက်ပြီးလို့ရလာတော့မှ အမျိုးသားကော်မီတီ တင်ပါလိမ့်မယ်။ အဲဒီ အမျိုးသားကော်မီတီကျမှ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ နောက် ပညာရှင်အားလုံး ဆွေးနွေးပြီးတော့မှ ဘယ်လောက် သတ်မှတ်သင့်သလဲဆိုတာ ပြန်သတ်မှတ်ရမှာ။ သတ်မှတ်လိုက်တာကလည်း အတည်ရယ်လို့ မဟုတ်ပါဘူး။ ထွက်လာတဲ့အချိန်မှာ အလုပ်သမားတွေကနေပြီး ပြန်ကန့်ကွက်ခွင့်ရှိတယ်။ အဲဒီဟာကို။”

ဒီကော်မီတီကိုတော့ အလုပ်သမားဝန်ကြီး ဦးအေးမြင့်က ဦးဆောင်နေတာဖြစ်ပြီး လာမယ့် ဇူလိုင်နဲ့ သြဂုတ်လတွေလောက်မှာ စစ်တမ်းကောက်ယူမှုတွေ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း အခြေခံ ဝန်ထမ်းလစာတွေကို ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ တပြေးညီဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေအကြား ဝန်ထမ်းလစာ ၅ ကြိမ် တိုးမြှင့်ပေးခဲ့တာမှာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် ဇန်နဝါရီလက တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
VOA

လိင်နဲ့ ကျန်းမာရေး

1. Sex Relieves Stress စိတ်ဖိအားကျစေတယ်
လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။
2. Sex Boosts Immunity ခုခံအားတက်စေတယ်
Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။ Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တပါတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာပြုသူတွေနဲ့ သိပ်များများ ပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။
3. Sex Burns Calories (ကယ်လိုရီ) ကျစေတယ်
မိနစ် ၃ဝ ကြာ လိင်ဆက်ဆံမှုကနေ ၈၅ (ကယ်လိုရီ) ကုန်စေတယ်။ များတယ် မထင်ရပေမဲ့ အကြိမ်ပေါင်း ၄ဝ ကျော်ရင် ကယ်လိုရီပေါင်း ၃ဝဝဝ ကျော်တယ်။ တနည်းပြောရရင် ကိုယ်အလေးချိန် (၁) ပေါင်ကျစေတယ်။ American Association of Sexuality Educators and Therapists အမေရိကန် လိင်ကျန်းမာရေးပညာရှင် Patti Britton (ပက်တီ-ဘရင်တန်) က ပြောပါတယ် Sex is a great mode of exercise "(ဆက်စ်) ဟာ လေ့ကျင့်ခန်းကောင်း တခုဖြစ်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ တိုးတက်စေတယ်။"
4. Sex Improves Heart Health နှလုံးကျန်းမာရေး အားပေးတယ်
အစဉ်အလာ ထင်တာတခုက နှလုံးရောဂါသည်ဟာ လိင်ဆက်မှုပြုတဲ့ခါ Stroke (စထုပ်ခ်) ရစေနိုင်မလား စိုးရိမ်တယ်။ ဒါပေမဲ့ Journal of Epidemiology and Community Health က သိပ္ပံပညာရှင်တွေ အဆိုအရ ယောက်ျားပေါင်း ၉၁၄ ယောက်ကို အနှစ် ၂ဝ ကြာလေ့လာမှုအရ အဲလိုမဖြစ်စေတာကို သိရတယ်။ တပါတ်မှာ ၁ ကြိမ် နဲ့ ၂ ကြိမ် ဆက်ဆံမှုပြုသူ ယောက်ျားတွေထဲက တဝက်မှာ Fatal heart attack သေစေနိုင်တဲ့ နှလုံး (အတက်ခ်) ရတာ နည်းကြတာကိုပါ သိလာရတယ်။
5. Sex Boosts Self-Esteem ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ပိုစေတယ်
University of Texas (တက္ကဆပ်စ်) တက္ကသိုလ်က ပြုစုထားတဲ့ လူတွေဘာလို့ လိင်ဆက်ဆံမှုပြုကြသလဲ ဆိုတဲ့ အကြောင်းတရား ၂၃၇ ပါးထဲမှာ ကိုယ်ကိုယ်ကို အထင်ကြီးစိတ်ဆိုတာလဲ ပါတယ်။ ဒီအချက်ကို (ကိန်းဘရစ်ခ်ျ) က ပညာရှင် Gina Ogden (ဂျီနာ-အော်ဒင်) ကလဲ ထောက်ခံချက်ပေးပါတယ်။ သူမပြောတာက ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသူတွေမှာ လိင်ဆက်ဆံတာဟာ ပိုကောင်းတယ်ဆိုတဲ့ အသိစိတ် ရချင်ကြလို့ဖြစ်တယ်။
6. Sex Improves Intimacy တယောက်နဲ့ တယောက် ပိုပြီးရင်းနှီးစေတယ်
Having sex လိင်ဆက်ဆံကြမယ်၊ Orgasms (အောဂဇင်) လဲ ရမယ်ဆိုရင် Oxytocin (အောက်စီတိုဇင်) ဟော်မုန်း ပိုထွက်လာမယ်။ နှစ်ယောက်သား ပိုပြီးခိုင်မြဲတဲ့ စည်းနှောင်မှုကို ရစေမယ်၊ ယုံကြည်မှု တည်ဆောက်ရာလဲ ကျတယ်။ University of Pittsburgh and the University of North Carolina တက္ကသိုလ် ၂ ခုက ပညာရှင်တွေ သွေးမဆုံးသေးတဲ့ အမျိုးသမီး ၅၉ ဦးကိုလေ့လာရာက အဖြေထုတ် လိုက်ပါတယ်။ အဲဒီအခါ ကိုယ်အဖေါ်အတွက် ရက်ရောမှုပါ ပိုလာကြသေးတယ်။
7. Sex Reduces Pain နာတာကိုသက်သာစေတယ်
Oxytocin (အောက်စီတိုဇင်) ဟော်မုန်း များလာနဲ့အတူ Endorphins (အင်ဒိုဖင်) လဲ တက်လာတယ်။ ဒါကနေ နာတာကို သက်သာစေမယ်။ “ခေါင်းကိုက်တာ၊ အဆစ်နာတာ၊ ရာသီမလာခင်နာတာ ဘာလို့နာနာ လိင်ဆက်ဆံပါ” လို့ အကြံပြုတယ်။ Bulletin of Experimental Biology and Medicine မှာ ရေးထားတာတခု ရှိတယ်။ လူ ၄၈ ယောက်ကို Oxytocin vapor အငွေ့ရှူခိုင်းပြီး လက်ထိပ်တွေကို ဆိတ်နည်းနဲ့ အနာခံနိုင်မှုကိုတိုင်းပြီး စမ်းသပ်ခဲ့တာဖြစ်တယ်။
8. Sex Reduces Prostate Cancer Risk ဆီးကျိတ်ကင်ဆာ အဖြစ်နည်းစေတယ်
ငယ်ရွယ်သူတွေ Ejaculations သုက်လွှတ်တာ အကြိမ်များသူတွေမှာ သူတို့ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်မှာကို နည်းစေနိုင်တယ်လို့ British Journal of Urology International မှာ သြစတြေးလျှ ပညာရှင်တွေကနေ ရေးထားပါတယ်။ ရောဂါရှိပြီးသားလူတွေမှာတော့ ထူးခြားစေမှု မရှိတာတွေ့ရတယ်။ Journal of the American Medical Association မှာလဲ တလမှာ ၂၁ ကြိမ်နဲ့အထက် သုက်လွှတ်ကြ သူတွေဟာ အသက်ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းကြတယ်လို့ ရေးထားတယ်။
9. Sex Strengthens Pelvic Floor Muscles တင်ပါးဆုံတွင်းက ကြွက်သားတွေ အားကောင်းစေတယ်
အမျိုးသမီးတွေမှာ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းလို့ခေါ်တဲ့ Pelvic floor muscle exercises လုပ်ရင် တင်ပါးဆုံတွင်းက ကြွက်သားတွေ၊ အရွတ်တွေ အားကောင်းစေတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ် ကျတာကို မဖြစ်အောင် တားနိုင်တယ်။ ရှိနေရင်လဲ သက်သာစေမယ်။ တကယ်လို့ လိင်ဆက်ဆံနေချိန် အခိုက်အတန့်မှာ ဒီလေ့ကျင့်ခန်းမျိုး လုပ်ရင် စောစောကလို အားကောင်းစေ တာတွေအပြင် သာယာမှုကိုပါ ပိုပေးစွမ်းနိုင်တယ်။
10. Sex Helps You Sleep Better ကောင်းကောင်းအိပ်ပျော်စေမယ်
Orgasm (အော်ဂဇင်) ရလို့ ထွက်လာတဲ့ Oxytocin (အောက်စီတိုဇင်) ကြောင့် ပိုပြီးအိပ်ပျော်စေတယ်။ အိပ်စက်ခြင်းဟာ သွေးတိုးကျစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။
ဒီဆေးစာမှာ အကျိုးဘက်ကနေကြည့်တာချည်းသာ ပါတယ်။ အားလုံးကောင်းပါသည်ခင်ဗျားလို့ မယူဆစေချင်ပါ။ သတိထားစရာတွေ ဆက်တွဲဖြစ်တတ်တာတွေ၊ ရှောင်သင့်တာတွေ မပါတာ သတိပြုပါ။
ဒေါက်တာတင့်ဆွေ (၁ဝ-၄-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - လိင်နဲ့ ကျန်းမာရေး 

အိန္ဒိယအမျိုးသမီးများအတွက် မုဒိမ်းမှုမှ ကာကွယ်ပေးမည့် သေနတ်



အိန္ဒိယနိုင်ငံဟာ လတ်တလောကာလအတွင်း အမျိုးသမီးတွေအတွက် လက်ကိုင်သေနတ် အသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

ဒီသေနတ်ရဲ့ နာမည်ကိုတော့ ၂၀၁၂ ဒီဇင်ဘာလက ဒေလီမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသူရဲ့အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားပါတယ်။

ခုတော့ ဒီသေနတ်ကို အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ဈေးကွက်တင် ရောင်းချနေ ပါတယ်။

နိုင်ငံပိုင် သေနတ်ထုတ်စက်ရုံ အိန္ဒိယ အော်ဒီနန့်စ်စက်ရုံရဲ့ အထွေထွေမန်နေဂျာ အဗ္ဗဒူလ် ဟာမိဒ်က “ဒါက ပေါ့ပေါ့ပါးပါးလေးပါပဲ။ ၅၀၀ ဂရမ်ပဲ လေးပြီး လုပ်ဆောင်ချက်ကလည်း သိပ်လွယ်ပါတယ်။ ကြာရှည်သုံးလို့ ရပြီးတော့ ပြောင်းဝကိုလည်း သိပ်မထိခိုက်ဘဲ ကျည်ဆန် ၅၀၀ လောက်ထိကို ပစ်နိုင်ပါတယ်။ ဒါလေးကို အမျိုးသမီးတွေ ဘယ်နေရာကို မဆို သယ်သွားလို့ ရပါတယ်။ ဒါလေးကို ပိုက်ဆံအိတ်ထဲတောင် ထည့်လို့ရတဲ့ အနေတော်လောက်ကို အရွယ်အစား ငယ်ပါတယ်” လို့ ပြောပါတယ်။

ဒီသေနတ်ကို နီယာဘ်ဟိက် သို့မဟုတ် မကြောက်မလန့်လို့လည်း ခေါ်ပါတယ်။ နီယာဘ်ဟိက်ရဲ့ အဓိပ္ပာယ်တူ စကားလုံးဟာ ၂၀၁၂ က သေဆုံးသွားတဲ့ ဒေလီက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသူကို အိန္ဒိယစာနယ်ဇင်းက ပေးထားတဲ့ အမည်ပြောင်လည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီသေနတ်ဟာ အဲဒီမိန်းကလေးကို ဂုဏ်ပြုတာပါလို့ ဟာမိဒ်က ပြောပါတယ်။

“ကျနော်တို့က အဲဒါကို တခုခုလုပ်ပေးဖို့လည်း စဉ်းစားခဲ့ပါတယ်။ ကျနော်တို့ စက်ရုံက ၀န်ထမ်းတွေဆီကနေ ဝေဖန် အကြံပြုချက်တွေလည်း ရှာခဲ့ပါတယ်။ အကြံပေးချက်တွေလည်း အများကြီး ရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ နီယာဘ်ဟိက် ဆိုတဲ့ နာမည်အပေါ် သဘောတူသွားကြတယ်။ ခုတော့ ဒီသေနတ်ကို ဆောင်ထားတဲ့ အမျိုးသမီးတွေ ဘေးကင်း လုံခြုံတယ်လို့ ခံစားရမှာဖြစ်ပြီး ဘယ်သူ့ကိုမှလည်း မကြောက်ရတော့ဘူးပေါ့ဗျာ။ ဒါ သေချာတယ်။”

သေနတ်ကို ဒေါ်လာ ၂ ထောင်နဲ့ ရောင်းချတာ ဖြစ်ပြီး အဲဒီငွေကြေးတန်ဖိုးဟာ တိုင်းပြည်မှာ နှစ်စဉ် ပျမ်းမျှဝင်ငွေရဲ့ ၂၁ ဆ နီးပါးလောက် ရှိပါတယ်။ ဒါပေမယ့်လည်း ခုထိ သေနတ် ၂ ဒါဇင်ကျော် ရောင်းချခဲ့ရတာကြောင့် တုံ့ပြန်မှုက ကောင်းမွန်ပြီး စုံစမ်းမေးမြန်းမှု ၁၀၀ ကျော်လောက် လက်ခံဖြေကြားခဲ့ရပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားတဲ့ ၈၀ ရာခိုင်နှုန်း က အမျိုးသမီးတွေ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် အမျိုးသမီး ရှို့ဟက “အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် ဒီလို လက်နက်မျိုးကိုရအောင် လုပ်ပေးတာ အရေးကြီးပါတယ်။ ခုဆို အမျိုးသမီးတွေလည်း ဒီပစ္စည်းတွေကို လိုက်လျောညီထွေ သုံးတတ်အောင် လုပ်ဆောင်ထားရပါမယ်။ ဘာလို့လဲဆိုတော့ ဘာတွေ ဘယ်လိုကြုံရမယ်ဆိုတာ တကယ် မသိကြတဲ့အခါ ဒီပစ္စည်းတွေက ကိုယ့်အတွက် အချိန်မီ အလိုအပ်ဆုံးပစ္စည်း ဖြစ်လာတာပေါ့။ အမျိုးသမီးတယောက်အတွက် အချိန်မရွေး တခုခု ဖြစ်တတ်တယ်လေ” လို့ ပြောပါတယ်။

ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဒီးပါအတွက်ကတော့ ဒါဟာ တခြား ပြဿနာတွေကို ဖန်တီးလာနိုင်တယ်လို့ ပြောပါတယ်။

“ဒါကို တရားဝင်ကိုင်ဆောင်ခွင့် ပြုလိုက်ပြီဆိုရင်၊ တလွဲသုံးတာတွေ အများကြီး ဖြစ်လာတော့မှာပါ။ အမျိုးသမီးတွေဟာ တခြားသူတွေအပေါ် ပုဂ္ဂိုလ်ရေး ကလဲ့စားချေတာတွေ လုပ်လာတော့မှာပါ။ ကျမ သိပ်တော့ အသေချာကြီး မပြောနိုင်ပါဘူး။”

လူ့အခွင့်အရေးအဖွဲ့တွေကတော့ သေနတ်ထုတ်လုပ် ဖြန့်ဖြူးလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြပါတယ်။

ဒါဟာ လေးနက်ပြင်းထန်တဲ့ လူမှုရေးပြဿနာတွေကို ဈေးကွက်တင်ဖို့ ထွင်လုံးအနေနဲ့ သုံးစွဲကြတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အမျိုးသမီးများ သေနတ်ဘေးမှ ရှင်သန်သူများ ကွန်ရက်အဖွဲ့ခေါင်းဆောင် ဘီနာလက်ရှ်မီး နီပရမ်က “ဒီသေနတ် မ၀ယ်နိုင်ရင်ကော နီယာဘာယာက အသက်ရှင်နေဦးမှာလား။ ကျမတို့လို မိသားစုတွေ ဒီလောက်ဆင်းရဲနေကြတာကို။ ဈေးနှုန်းတွေကလည်း နီယာဘာယာမိသားစုရဲ့ ၁ နှစ်စာဝင်ငွေထက်တောင် ပိုများနေသေးတယ်။ ဒါ သူ့ကို အမှတ်ရနေတာတွေအတွက် စော်ကားမှုတခုပဲ” လို့ ပြောပါတယ်။

လက်နက်တခု ပိုင်ဆိုင်ထားခြင်းဟာ ရန်လိုနေတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတယောက်ကို လုပ်ပိုင်ခွင့် ပေးထားတာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။

“သေနတ်တလက် ရှိနေတာဟာ ရှင့်ကို တကယ်ပဲ လုံခြုံမှု ပေးထားတာ မဟုတ်ဘူးဆိုတာ သုတေသနက ပြနေပါတယ်။ တကယ်တော့ ရှင့်မှာ သေနတ်တလက် ရှိတယ်ဆိုရင် ရှင် အသေပစ်သတ်ခံရမယ့် အရေးက ရှင့်မှာ သေနတ်မရှိတဲ့ အခြေအနေနဲ့ နှိုင်းကြည့်မယ်ဆိုရင် ၁၂ ကြိမ်ကျော်လောက်တောင် ရှိနေတာလေ။ နောက်ပြီးတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေကလည်း အများကြီး မြင့်တက်လာနေတာ အဲဒါကနေ သူ့ကို ဆန့်ကျင်တဲ့ဘက်တောင် ပြန်လှည့်သွားနိုင်တယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာ ဂီလာနီက နယူးဒေလီကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

ဦးသိန်းစိန်ဖတ်ဖို့ CPJ အိတ်ဖွင့်ပေးစာ

 

 -
CPJ လို့ ခေါ်တဲ့  စာနယ်သမားများ အကာအကွယ်ပေးရေးကော်မတီက သမ္မတဦးသိန်းစိန်ကို တနင်္လာနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ထားပါတယ်။

စာထဲမှာ အဖမ်းခံထားရတဲ့ ယူနတီဂျာနယ်ဝိုင်းတော်သားတွေအကြောင်းလည်း ဖော်ပြထားတာ တွေ့ရမှာပါ။

သူတို့တွေဟာ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို  ပြည်သူ့ လွှတ်တော်က အတည်ပြု ထားပြီးပြီ၊ သမ္မတ လက်မှတ်ထိုးဖို့ ကျန်နေတယ်၊ ဒီဥပဒေကို လက်မှတ်မထိုးဖို့လည်း သမ္မတကို တိုက်တွန်းထားပါတယ်။

Committee to Protect Journalists
https://cpj.org

အစိုးရ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အများရဲ့ ယုံကြည်မှုရဖို့ ဆိုရင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို အတည်မပြုဖို့ လိုအပ်မယ်လို့ စာရဲ့ အဆုံးသတ်မှာ တိုက်တွန်းထားပါတယ်။
စာနယ်ဇင်းသမားတွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ထောင်ထဲပို့မယ့် ဥပဒေတွေကိုလည်း ဖျက်သိမ်းဖို့ လိုအပ်တယ်လို့လည်း ရေးထားပါတယ်။

နယူးယောက်မြို့အခြေစိုက် CPJ ရဲ့ မူရင်းစာကို http://www.cpj.org/2014/03/passage-of-burma-media-bill-would-reverse-free-pre.php မှာ  ဖတ်ရှုနိုင်ပါတယ်။

ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ စာအုပ် အင်တာဗျုး


ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ
ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ စာအုပ် အင်တာဗျုး

ဆရာအောင်သင်းအမေး၊ ဆရာဦးအေးမောင် အဖြေ

သင်း။ ။ ကဲ- ဆရာရေ၊ ဒီတစ်ခါတော.ဖြင်. “ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ” စာအုပ်ကြောင်းကို လှည်.ပါရစေတော.။

အေး။ ။ မေးပါ ကိုအောင်သင်း မေးပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပြောချင်ပါတယ်။

သင်း။ ။ ပထမဆုံး မေးလိုက်ချင်တဲ. မေးခွန်းကတော. ဆရာဒီစာအုပ်ကို ဘာကြောင်.ရေးခဲ.သလဲ။ ဆိုလိုတာက ဆရာရယ်၊ တစ်ယောက်ယောက်က တိုက်တွန်းလို. ရေးခဲ.တာလား၊ ကိုယ်.သဘောကိုယ်.ဆန္ဒ အရရေးခဲ.တာ ဆိုရင်လည်း ဘာကြောင်. ရေးချင်စိတ်ပေါက်လာခဲ.သလဲဆိုတဲ.မေးခွန်းပါပဲ။

အေး။ ။ဒီဗုဒ္ဓနှင်.ဗုဒ္ဓဝါဒ စာအုပ်ကို ရေးဖို. ဘယ်သူကမှ မတိုက်တွန်းခဲ.ပါဘူး။ မတိုက်တွန်းတဲ. အပြင်တစ်ချို.ကဆိုရင် ဒီစာအုပ်ကို မရေးဖို.တောင်သတိပေးခဲ.ဖူးပါသေးတယ်။ ဒါပေမဲ. ကျွန်တော်ရေးခဲ.တယ်။ ရေးပြီးတော. စာရေးဆရာတစ်ယောက်ဆီကို ဖတ်ပြီးထင်မြင်ချက်ပေးဖို. စာမူကိုပေးလိုက်ပါတယ်။ တကတဲ ကိုအောင်သင်းရယ်၊ စာမူကို ပြန်မပေးတော.ပါဘူး။ ကျွန်တော်.ဆီမှာ မိတ္တူ ကျန်ရစ်ခဲ.သေးလို. ကံကောင်းတယ် ဆိုရမှာပေါ. ကိုအောင်သင်းရယ်။


သင်း။ ။ဘာဖြစ်လို.လဲ ပြန်မပေးတာလဲ အဲဒီစာရေးဆရာက ဒီစာအုပ်ကို မထုတ်စေချင်လို.များလား။

အေး။ ။မပြောတတ်ပါဘူး။ အဲဒါကြောင်. ဖြစ်ချင်လည်း ဖြစ်မှာပေါ.။
ကျွန်တော်လည်း မေးမြန်းမနေတော.ပါဘူး။

သင်း။ ။ အင်း- ဒီလိုဆိုတော. တိုက်တွန်းတဲ.သူ မရှိတဲ.အပြင် တားမြစ်တဲ. သူတွေတောင်ရှိခဲ.သေးတာကိုး။ ဒါကြောင်. ကျွန်တော်က ဘယ်လိုက ဘယ်လို ရေးချင်စိတ်ပေါက်လာခဲ.သလဲ ဆိုတာကို မေးတာပါဆရာ။

အေး။ ။ရေးချင်စိတ်ပေါက်တာကတော. ကျောင်းသားဘဝကတည်းကပဲ ကိုအောင်သင်းရေ။ ဒီလို-ဒီလို၊ ကျွန်တော်က အထက်တန်းကျောင်းသားဘဝကတည်းက စာလေးပေလေး ဖတ်တာကိုတော. ဝါသနာပါတယ်။ ဒီတော. နည်းနည်းပါးပါး စဉ်းစားဆင်ခြင်တတ်တဲ. အချိန်ကစပြီး ပတ်ဝန်းကျင်မှာရှိတဲ. လူအများစုရဲ. ဘာသာရေးယုံကြည်ချက်တစ်ချို.ကို တယ်ပြီးဘဝင်မကျခဲ.ချင်ဘူး။ ဒါနဲ.ပဲ ကောလိပ်ကို ရောက် လာတော. အင်္ဂလန်ပြည် ဗုဒ္ဓဘာသာအသင်းက ထုတ်ဝေတဲ. ဗုဒ္ဓဘာသာ ဆိုင်ရာစာအုပ်တွေကို ရှာပြီးလေ.လာခဲ.ပါတယ်။အဲဒီမှာ တင် ဘာကိုသွားတွေ.သလဲဆိုတော. ကျွန်တော်တို. ရှေးမြန်မာဗုဒ္ဓစာပေမှာ မတွေ.ဖူးတဲ. ဗုဒ္ဓဒေသနာ တစ်ချို.ကိုလည်း သွားတွေ.တယ်။ နောက်ပြီး ကမ္ဘာ. အသိပညာရှင်ကြီးတွေက ဗုဒ္ဓဝါဒကို ထောက်ခံပြီးရေးသား ထားတာတွေကို လည်း သွားပြီးတွေ.ပြန်တယ်။အဲဒီမှာတင် ဒီစာအုပ်ကို ရေးချင်စိတ် ပြင်းပြင်းပြပြ ဖြစ်လာမိတာပါဘဲ။ အဲ- ၁၉၆၂ ရောက်တော. ကျွန်တော်.ရည်မှန်းချက် ရုပ်လုံးပေါ်လာတော.တာပေါ.လေ။

သင်း။ ။နားလည်ပါပြီဆရာ။ ကျွန်တော်ဒီမေးခွန်းကို မေးလိုက်တာက အသိပညာရှင်တစ်ယောက်ဖြစ်လာဖို.၊ စာပေပညာရှင်တစ်ယောက်ဖြစ်လာဖို. ဘယ်လိုအဓိဌာန်ပြုရတယ်။ ဘယ်လောက်ကြိုးပမ်းရတယ်ဆိုတာကို ကျောင်းသားလူငယ်တွေသတိ ပြုမိစေချင်လို. ဒီမေးခွန်းကို တမင်ထည်.ပြီးမေးတာပါဆရာ။ နောက်ထပ်ပြီးမေးလိုက်ချင်တာက ဆရာဟာတကယ်. ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို.သိနေကြပြီးသားပါ။ ဒါပေမဲ. ဆရာ.လေ.လာမှုကို ကြည်.လိုက်တော. ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ. စူးစမ်းလေ.လာနည်းမျိုးမဟုတ်ပဲ အပြင်ကလှမ်းပြီးလေ.လာနေသလိုလို ထင်ရတယ်ဆိုပါရစေတော. ဆရာရယ်။ဗုဒ္ဓဆိုတာ တကယ်ရှိခဲ.ဖူးလားလို. မစူးစမ်းရုံတမယ်ပဲ ရှိတော.လောက်အောင် လေ.လာထားတာကို တွေ.ရပါတယ်။ကျွန်တော်ပြောလိုက်တာလွန်သွားရင် လည်းခွင်.လွတ်ပေတော. ဆရာရေ။ ဘာကြောင်.ဒီလိုဖြစ်သွားရတာကို သိချင်ပါတယ်ဆရာ။

အေး။ ။အင်း- ကိုအောင်သင်းရဲ. မေးခွန်းက အတော်လေးကို ရှည်ရှည်ဖြေရလိမ်.မယ်၊ ဒီတော. တစ်ခြားအပိုင်းတွေကို မဖြေမီ ပြောချင်တာက ကိုအောင်သင်းရဲ. မေးခွန်းထဲ မှာပါတဲ. “ဗုဒ္ဓဘာသာဝင်” ဆိုတဲ. ဝေါဟာရနဲ. ပတ်သက်ပြီး ကျွန်တော်နားလည်သလောက် ရှင်းပြချင်ပါတယ်။ ဒီဝေါဟာရကို ဗုဒ္ဓဝါဒီ အများစုရဲ. အစဉ်အလာခံယူချက်မျိုးနဲ. မဟုတ်ပဲ ဗုဒ္ဓရဲ. အလိုနဲ.အညီ နားလည်ရမယ်ဆိုရင် ဗုဒ္ဓဝါဒီတစ်ဦးဟာ တစ်- ဗုဒ္ဓ အထူးပြုဟောကြားခဲ.တဲ.တရားတွေ (ဥပမာအားဖြင်. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးဆိုတာမျိုးတွေကို) စူးစမ်းလေ.လာခြင်း၊ နှစ်- ကျေကျေညက်ညက် နားလည်ခြင်းနဲ. သုံး- လိုက်နာကျင်.သုံးခြင်းဆိုတဲ. အင်္ဂါသုံးပါးနဲ. ပြည်.စုံရပါမယ်။
ဒီနေရာမှာ တစ်ဆက်တည်း ပြောလိုက်ချင်တာက စူးစမ်းလေ.လာရမယ်ဆိုတာ ဗုဒ္ဓက အတော်ကြီးကို လေးအနက်ထားပြီး ဟောကြားခဲ.တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ကိုအောင်သင်းရေ၊ ခဏရပ်ပြီးစဉ်းစားကြည်.လိုက်စမ်းပါ။ စူးစမ်းတယ်လို. ဆိုလိုက်ကတည်းကသိချင်လို.မဟုတ်လား။ သိပြီးသားကိစ္စကို ဘယ်သူကစူးစမ်းနေတော.မှာလဲ။ သိချင်လို.သာစူးစမ်းတာပဲ မဟုတ်လား။ သိချင်တယ်ဆိုကတည်းက သို.လော၊ သို.လောဖြစ်လို.မဟုတ်လား။ သို.လော သို.လောဆိုတာ ဟာ သံသယပဲ မဟုတ်လား ကိုအောင်သင်း။ မရယ်နဲ.လေ- ကိုအောင်သင်း၊ ကျွန်တော်ပြောတာ မဟုတ်ဘူးလား။

သင်း။ ။ ဟုတ်ပါတယ်ဆရာ၊ ကျွန်တော်ရယ်တာက တစ်ဆင်.ပြီးတစ်ဆင်. ဆရာရဲ. ကောက်ချက်တွေ တက်တက်သွားတာကို သဘောကျလွန်းလို.ရယ်လိုက်တာပါ။ ဟုတ်ပါတယ်ဆရာ သံသယပေါ.။ ကဲ - ဆက်ပါဦး ဆရာ။

အေး။ ။ စူးစမ်းတယ်ဆိုတာ သံသယစိတ်ကြောင်.ပေါ်လာတာချည်းပဲပေါ.။ သို.သော်လည်း နေရာတကာမှာ သံသယစိတ် လွန်ကဲနေပြန်ရင်လည်း အသိပညာတိုးပွားမှု မရှိနိုင်တော.ဘူး။ ဒါကြောင်. အသိပညာရှာတဲ. အခါမှာ သံသယစိတ် လွန်ကဲမှုနဲ. မျက်စိမှိတ် ယုံကြည်မှုဆိုတဲ. အစွန်းနှစ်ခုကို ရှောင်ပြီး အလယ်လမ်းကို လိုက်ဖို.လို ပါတယ်။
ဒီတော. ကိုအောင်သင်းရဲ.မေးခွန်းကိုဆက်ပြီး ဖြေရမယ်ဆိုရင် ကမ္ဘာ.သမိုင်းမှာ ဗုဒ္ဓဟာထင်ရှားဧကန်ရှိခဲ.ပါရဲ.လားဆိုတဲ. သံသယမျိုးကျွန်တော်.မှာဘယ်သောအခါက မှမပေါ်ပေါက်ခဲ.ပါဘူး။ ဒါပေမဲ.ကိုအောင်သင်းရေ- ဗုဒ္ဓဝါဒကို ဟိုရှေးဦးလက်မွန် စပြီးလေ.လာခဲ.ကြတဲ. အနောက်တိုင်းပညာရှင်တွေမှာတော.ဖြင်. အဲဒီသံသယမျိုးဖြစ်ခဲ.ကြဖူးသေးတယ်နော်။ သေသေချာချာ စဉ်းစားကြည်. လိုက်ပြန်တော.လည်း အဲဒီလိုဖြစ်ခဲ.ကြတာသိပ်တော.မထူးဆန်းလှဘူးကိုအောင်သင်းရဲ.။ ဒီတုန်းက သူတို.ဆီမှာ ပါဠိဘာသာလေ.လာမှုကမရှိသေးဘူး။ သက္ကတစာပေ လေ.လာမှုသာရှိသေးတာ။ ဒီတော. သက္ကတစာပေမှာ တွေ.ရတဲ. “မဟာယာန” ဗုဒ္ဓဝင်ကိုသာ သိခွင်.ရကြတာပေါ.။ သက္ကတစာပေမှာ ပါတယ်ဆိုတဲ. ဗုဒ္ဓဝင်ဆိုတာကလည်း ဗုဒ္ဓရဲ. တန်ခိုးပြမှုတွေနဲ. ဖောင်းပွပြီး ဗုဒ္ဓကို စကြဝဠာအရှင် ထာဝရသခင်လိုဖြစ်အောင် တင်ပြထားလေတော. အနောက်တိုင်းဗုဒ္ဓသုတေသီတွေရဲ. စိတ်ထဲမှာ သို.လောသို.လော ဆိုတဲ. သံသယတွေ ပေါ်ခဲ.ရတာပေါ.။ အခုတော.ဖြင်.ဗုဒ္ဓအကြောင်းသုတေသနပြုမှုတွေက ခိုင်မာလာပြီဖြစ်တဲ. အတွက် ဒီလိုသံသယမျိုး ( အဲ- ဗုဒ္ဓဆိုတာ တကယ်ရှိဖူးလားဆိုတဲ. သံသယမျိုး) ရှိတဲ. အနောက်တိုင်းသုတေသီရယ်လို. မရှိတော.ပါဘူး။
ဒါပေမဲ. တစ်ခုတော.ရှိတယ်ကိုအောင်သင်းရေ- သက်တော်ထင်ရှား ရှိစဉ်ကဗုဒ္ဓကို သူတို.ရှုမြင်ပုံနဲ. ကျွန်တော်တို. ဗုဒ္ဓဘာသာဝင်တွေ ရှုမြင်ပုံမှာ မတူတဲ. ကွာဟချက်တစ်ခုတော. တွေ.ရတယ်။

သင်း။ ။ဆိုစမ်းပါဦးဆရာ။ ကျွန်တော်တို.က ဆရာ.ဆီက အဲဒီလိုဟာမျိုးလေးတွေကြားချင်တာပါ။

အေး။ ။သူတို.ရဲ. ထင်မြင်ချက်ကို ကျွန်တော်ရဲ. စာအုပ်ထဲမှာလဲ အတော်လေး စုံစုံစေ.စေ. ရေးခဲ.ပြီးဖြစ်ပါတယ်။ ကိုအောင်သင်းလည်းတွေ.မှာပေါ.။ ဒီလိုလေ- ဗုဒ္ဓရှိစဉ်အခါက `ဘဂဝါ` ဆိုတဲ. စကားကိုပဲ သုံးစွဲခဲ.ကြတယ်။ `ဗုဒ္ဓ` ဆိုတဲ.စကားလုံးဟာ ထိပ်တန်းပညာရှိသူတော်သူမြတ်တွေကိုသာ ညွန်းခြင်းဖြစ်တယ်။ ဗုဒ္ဓခေတ်မတိုင်မီ ပွင်.ခဲ.တဲ. ဗုဒ္ဓအဆူဆူဆိုတာ ကတော. ရှေးခေတ်အဆက်ဆက်က ရှိခဲ.ဖူးတဲ. ပညာရှိသူတော်စင်များကိုသာ ရည်ညွန်းချင်းဖြစ်တယ်လို. ဆိုကြတယ်။
ရှေးအစဉ်အလာ ဗုဒ္ဓစာပေနယ်ထဲကမထွက်လိုတဲ.၊ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ. ဒီအဆိုကို လက်ခံဖို.မလွယ်ပေမဲ. ကမ္ဘာအသိပညာနယ်ပယ်မှာ ကျင်လည်နှံ.စပ်ချင်တဲ. လူတစ်ယောက်အဖို.တော. အတော်လေး ဆင်ခြင်သုံးသပ်ဖို.ကောင်းတဲ. အချက်ပဲလို.ကျွန်တော်ထင်မြင်မိတယ်။
ဆိုကြပါစို. ကိုအောင်သင်းရယ်၊ ဥပမာ- သိပ္ပံပညာရှင်တစ်ဦးဟာ ပြဿနာတစ်ရပ်ကို လေ.လာစူးစမ်းတယ်၊ နောက်တော.အဖြေကိုတွေ.ရှိသွားတယ်။ အဲဒီအဖြေတွေ.ရှိချက်ဟာ သူ.တစ်ယောက်တည်းရဲ. ဦးနှောက်ထဲက လုံးခနဲ ခဲခနဲ ထွက်လာတာမှ မဟုတ်ပဲ။ သူ.အရင်က သိပ္ပံပညာရှင်တွေရဲ. တွေ.ရှိချက်တွေနဲ. တစ်နည်းမဟုတ်တစ်နည်း တစ်စိတ်တစ်ဒေသအားဖြင်. ဆက်သွယ်နေမှာပဲ မဟုတ်လား။

သင်း။ ။ ဟုတ်တာပေါ.ဆရာ ၊ အိုင်းစတိုင်းရဲ.တွေ.ရှိချက်ဟာ နျူတန်ရဲ. တွေ.ရှိချက်တွေနဲ. ဆက်စပ်ချင်ဆက်စပ်နေမှာပေါ.။

အေး။ ။အဲဒီလိုပဲ တစ်ခြား အသိပညာနယ်ပယ်၊ အတတ်ပညာနယ်ပယ်တွေမှာလည်း အသိပညာတိုးတက်မှုဟာတစ်ဆင်.ပြီးတစ်ဆင်. တက်ခဲ.ရတာဟာ ဓမ္မတာပါပဲ။ ဒီလိုပဲ (ကိုအောင်သင်း လည်းသိပြီးသားဖြစ်မှာပါ။) ကမ္မဝါဒ၊ ဘဝသံသရာ၊ ဈာန်တရား၊ ဒုက္ခသစ္စာ အစရှိတဲ. အချို.သောဗုဒ္ဓတရားတွေဟာ ဗုဒ္ဓမပေါ်မှီကတည်းက ရှေးအိန္ဒိယပြည်မှာ ရှိခဲ.ပြီး တရားတွေကိုး။ ဒီလိုပါပဲ။ လောကမှာ ရှိရှိသမျှ သင်္ခါရဓမ္မတွေနဲ. တစ်ခြားဟာတွေအားလုံးဟာ အဟောင်းနဲ.အသစ်ဒွန်တွဲနေတာချည်းပါပဲ။
ဗုဒ္ဓဝါဒဟာ အဲဒီလိုရှိခဲ.ပြီးသားဖြစ်တဲ. အယူဝါဒတွေနဲ. ထွေးရောယှက်တင် ဖြစ်နေတဲ. အတွက်ကြောင်. `ဗုဒ္ဓရဲ. ပညာဂုဏ်` ဟာတစ်ပြားသားမျှ နိမ်.ကျသွားတယ်လို. ကျွန်တော်ဖြင်. မထင်မဘူး။ ဗုဒ္ဓက ရှေးဆရာတွေရဲ. တရားတွေကို အကြွင်းမဲ. လက်ခံ ခဲ.တာမှ မဟုတ်ပဲ။ ရှေးဆရာတွေရဲ. ကမ္မဝါဒတွေဟာ ဗုဒ္ဓဒေသနာတွေမှာ သိသိသာသာ ကြီပြောင်းလဲသွားပုံကို ရှေ.ပိုင်းမှာ ကျွန်တော်ကိုအောင်သင်းကို ပြောခဲ.သေးသားပဲ မဟုတ်လား။
ဒီနေရာမှာ ပြောလိုက်ရဦးမယ် ကိုအောင်သင်းရေ။ ဗုဒ္ဒရဲ. ဂုဏ်တော်တစ်ပါး မှာအပါအဝင်ဖြစ်တဲ. `ပညာဂုဏ်` ဆိုတာကို ကျွန်တော်တို. ခြေခြေမြစ်မြစ် လေးလေးနက်နက်နားလည်ဖို. လိုအပ်တယ်လို. ကျွန်တော်ထင်မိတယ်။ ဗုဒ္ဓဒေသနာတွေအရ ပညာဟာ ဗုဒ္ဓလမ်းစဉ်မှာ အမြတ်ဆုံးတရား ဖြစ်တယ်။ အဓိပ္ပယ်အားဖြင်. အလွန်နက်နဲ ကျယ်ပြောပါတယ်။ သိသင်.သိအပ်တဲ. အမှန်တရားအားလုံးကို သိမြင်ခြင်း၊ သိမြင်တဲ. အတိုင်းကျင်.ကြံနေထိုင်ခြင်းထိအောင် အကျုံးဝင်နေတယ်ကိုအောင်သင်းရဲ.။ ဒီ `ပညာ` ကြောင်.လည်း ဗုဒ္ဓက `ငါဘုရားကို မြင်သောသူသည် ငါ.တရားကိုမြင်၏။ ငါ.တရားကို မြင်သောသူုသည် ငါဘုရားကို မြင်၏ ` လို.မိန်.ကြားခဲ.တယ် မဟုတ်လား ကိုအောင်သင်းရဲ.။

သင်း။ ။နားလည်ပါပြီဆရာ၊ ပညာဆိုတာဟာ အမှန်ကိုသိယုံသာလျင် မကအမှန်ကိုလိုက်နာကျင်.သုံးနိုင်တဲ. စိတ်ဓာတ်၊ ကျင်သုံးခြင်တဲ. စိတ်နှလုံးရှိပါမှ ပြည်.စုံတယ်လို. ဆိုရမှာပေါ.။ ဟုတ်တယ်ဆရာ၊ ကျွန်တော်တို.မြန်မာလူမျိုးတို.ရဲ. ခံယူချက်မှာပညာရှိဆိုတာဟာ သိနားလည်ရုံသာမဟုတ်ဘဲ အကျင်.ပါဖြူစင်တဲ. သဘောကိုဆောင်နေတယ်လို. ကျွန်တော် နားလည်မိပါတယ်။

အေး ။ ။ဗုဒ္ဓရဲ.စိတ်နှလုံး ယဉ်ကျေးသိမ်မွေ.မှု၊ စိတ်ဓာတ်မြင်.မြတ်မှု၊ သူတစ်ပါးကို ကြင်နာသနားတတ်မှု၊ အမှားကိုခွင်.လွတ်တတ်မှု စတဲ.ကြည်ညိုဖွယ်ရာစရိုက်လက္ခဏာတော်တွေဟာ သူ.ခေတ်ကလူတွေရဲ. စိတ်နှလုံးမှာ ထင်းထင်းကြီးဖြစ်အောင်ကိုပဲ စွဲပြီးကျန်ရစ်ခဲ.တယ်။ အဲဒါကြောင်. ဗုဒ္ဓနဲ. ခေတ်ပြိုင် သို.မဟုတ် သူ.အရင်မတိုင်မီက ပေါ်ပေါက်ခဲ.တဲ. အိန္ဒိယဘာသာရေး ခေါင်းဆောင်တွေရဲ. အမည်တွေဟာ မှေးမှိန်ပျောက်ကွယ်သွားသော်လည်း ဗုဒ္ဓရဲ.အမည်ကတော. ဒီနေ.ထိအောင်ထင်ရှားကျန်ရစ်ခဲ.တာဖြစ်တယ်လို. အနောက်နိုင်ငံ ဗုဒ္ဓဘာသာသုတေသီပညာရှင်တွေကမှတ်ချက်ချခဲ.ကြပါတယ်။ အဲဒီမှတ်ချက်ကို ကျွန်တော်ဖြင်.သံသယမရှိ လက်ခံမိပါတယ်။ ဘာကြောင်.လဲဆိုတော. အနောက်တိုင်းဗုဒ္ဓဘာသာဆိုင်ရာ ပညာရှင်တွေထဲမှာ ဗုဒ္ဓဟောခဲ.တဲ.တစ်ချို.တစ်ရားတွေကို နှစ်သက်လက်ခံခြင်း မပြုနိုင်တဲ. ပညာရှင်အချို.ကတောင် ဗုဒ္ဓရဲ. စိတ်ဓာတ်မြင်.မြတ်မှုကိုတော. တလေးတစား ဝန်ခံပြီးကြည်ညိုကြပါတယ်။

သင်း။ ။နောက်တစ်ခု မေးချင်တာက ဆရာကိုးကားလိုက်တဲ. ကျမ်းတွေထဲမှာ အနောက်နိုင်ငံက ကျမ်းတွေတော်တော်များများကြီးကို တွေ.ရပါတယ်။ဆရာက သူတို.ကို အတော်ပဲလေးလေးစားစား ကိုးကားထားတယ်လို. ထင်မိကြပါတယ်။ ဘယ်လိုအရည်အသွေးကြောင်. လေးစားပါသလဲ။ ဒီမေးခွန်းကို မေးလိုက်ရတာက ကျွန်တော်.ဆီက စာပေသမားလူငယ်တွေ သတိပြုသင်.တဲ.အချက်တွေ ထွက်လာစေချင်လို. မေးလိုက်ရတာပါပဲဆရာ။

အေး။ ။ကိုအောင်သင်းရေ၊ အဲဒီလိုမေးလိုက်မယ်ဆိုရင်တော. ကျွန်တော်က အတော်များများလေးကို ပြန်ပြီး ပြောရတော.မယ်။ ပထမအချက်က ဗုဒ္ဓတရားတွေကို တင်ပြရာမှာ အနောက်တိုင်းဗုဒ္ဓကျမ်းစာပေတွေကို ကျွန်တော် အများကြီးမကိုးကား ဘူး။ စာအုပ်ရဲ. နိဒါန်းမှာ ကျွန်တော် ရေးလိုက်တဲ. အတိုင်း ဆဌသင်္ဂါယနာတင် မြန်မာပြန်သုတ္တန်နဲ. ဝိနည်းပိဋကတ်ကိုသာ အများဆုံးကိုးကားပြီး ရေးသားခဲ.ပါတယ်။ နောက်ပြီး အဲဒီကောက်နှုတ်ချက်ကိုလည်း သက်ဆိုင်ရာ နိကာယ်သုတ္တန်အမည်နဲ. တကွတိတိကျကျ ဖော်ပြထားခဲ.ပါတယ်။နောက်ပြီး အနောက်တိုင်း ဗုဒ္ဓကျမ်းပြုဆရာတွေ ဟာလည်းစင်စစ်အားဖြင်. အဲဒီ နိကာယ်ငါးကျမ်းကိုပဲ မှီငြမ်းပြုပြီး ရေးသားခဲ.ကြတာပါ ပဲ။
သူတို.စာအုပ်တွေကို ကျွန်တော်မကိုးကားဘူး မဟုတ်ပါဘူး။ ကိုးကားခဲ.ပါတယ်။ အဲဒါတွေက ဗုဒ္ဓမပေါ်မှီက အိန္ဒိယပြည်ရဲ. အခြေအနေ၊အထူးသဖြင်. ဘာသာအယူဝါဒ၊ ဘာသာရေးအတွေးအခေါ်၊ လူနေမှုစနစ်ဆိုင်ရာ ကိစ္စတွေသာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကို မြန်မာဗုဒ္ဓဘာသာစာပေမှာ မတွေ.ရဘူး။ ဒါပေမဲ. ကိုအောင်သင်းရယ် ဗုဒ္ဓဝါဒစာပေကို ရေး တော.မယ်ဆိုရင် အဲဒါတွေကို ချန်ပစ်ခဲ.ဖို.လည်းမသင်.ဘူး မဟုတ်လား။ အဲဒါကြောင်.ကိုးကားရတာပါ။ နောက်ပြီးကိုးကားရတဲ.အကြောင်း နောက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော. ဗုဒ္ဓဝါဒနဲ. ကိုက်ညီနေတဲ. သူတို.ဆီက ပညာရှင်ပုဂ္ဂိုလ်ကျော်ကြီးတွေရဲ. အရေးအသားမျိုးတွေကို တင်ပြချင်လို.ပါပဲ။သူတို.ရည်ညွန်းတဲ. စာအုပ်စာတမ်းတွေကို ကိုယ်က လက်လှမ်းမမီလေတော. သူတို. ကောက်နုတ်ဖော်ပြထားတာတွေလောက်ကိုပဲ ကျွန်တော်က ကိုးကားနိုင်တာပေါ.လေ။ ကျွန်တော်ဒီစာအုပ်ကို ရေးခဲ.တာမှာ အဲဒီနှစ်ချက်ကလွဲလို. အနောက်နိုင်ငံ ကျမ်းပြုဆရာက တစ်ခြား အထောက်အကူ ပြောပလောက်အောင် ဘာမှမရခဲ.ပါဘူး။ တစ်နည်းပြောလိုက်ရမယ်ဆိုရင် သူတို.ကို သိပ်အထင်ကြီး လောက်စရာ မတွေ.ရပါဘူး။ဗုဒ္ဓဘာသာဝင်အများစုရဲ. အစဉ်အလာ ယုံကြည်ချက်နဲ.ဆန်.ကျင်နေတဲ. ကမ္မဝါဒ၊ ဘဝသံသရာ၊ ရဟန္တာဆိုင်ရာ ဗုဒ္ဓဒေသနာတွေကို သူတို.စာအုပ်တွေထဲမှာ တစ်ခါမှ ကျွန်တော်မတွေ.ခဲ.မိဘူး။

သူတို.လေ.လာမှုမှာ ကြီးမှားတဲ. တစ်ခြားဟာကွက်ကြီးတစ်ခုကတော. ဗုဒ္ဓလက်ထက်ရဟန်းသံဃာအကြောင်းကို လျစ်လျုရှုထားခြင်းပါပဲ။ ဗုဒ္ဓအလိုတော်ကျ ရဟန်းသံဃာရဲ. အခြေခံဖွဲ.စည်းပုံကို မီးမောင်းထိုးပြထားတဲ. ဝိနည်း ပိဋကတ်ဟာသိပ် စိတ်ဝင်စားဖို.ကောင်းတယ် ကိုအောင်သင်းရဲ.။ ရဟန်းသံဃာတော်တို.ရဲ. ဒီမိုကရေစီကျင်.သုံးမှု၊ လွပ်လပ်ပြီး တစ်သွေးတစ်မိန်.ဆိုတာမျိုး မရှိမှု၊ ရဟန်းနဲ. လူတို.ရဲ.တရားနဲ. အညီ အချင်းချင်းဆက်ဆံမှု၊ ဗုဒ္ဓရဲ.အံ.မခန်း စိတ်ဓာတ်မြင်.မြတ်မှု စသည်အားဖြင်. မှတ်သားကြည်ညိုစရာတွေ တစ်ပုံကြီးပါလာတယ် ကိုအောင်သင်းရဲ.။

ဒီနေရာမှာ ဗုဒ္ဓက “ငါဘုရား၏ တရားကို ကြားနာရသော်လည်း အချို.ပုဂ္ဂိုလ်တို.သည် အကျွတ်တရား ရကြလိမ်.မည်မဟုတ်။ အချို.ပုဂ္ဂိုလ်များမှာမူကား ငါဘုရား၏တရားကို မကြားနာရသော်လည်း အကျွတ်တရား ရကြလိမ်.မည်” လို. ဟောကြားထားတဲ. ဒေသနာကို ကျွန်တော်တို. မမေ.သင်.ဘူး။
အဲဒီဒေသနာထဲမှာ ဗုဒ္ဓမိန်.ကြားခဲ.တဲ.အတိုင်းပဲ ဗုဒ္ဓရဲ.ဒေသနာတွေကို မကြားနာဖူး၊ မလေ.လာဖူးပါဘဲနဲ.ကို မိမိတို.စိန္တာမယဥာဏ်စွမ်းနဲ. အမှန်တရားကို သိမြင်သွားခဲ.ကြတဲ. အနောက်နိုင်ငံသားတွေလည်း ရှိတာပါပဲ။ဥပမာ- ကိုအောင်သင်းရယ်၊ ဂျာမန်ဒဿနဆရာကြီး ‘ရှိုပင်ဟွာ’ ဆိုလို.ရှိရင် လူတွေကို တဏှာလောဘစိုးမိုးနေတဲ. အတွက်လူ.ဘုံကြီးဟာ ဒုက္ခဘုံကြီးဖြစ်နေပုံကို အထောက်အထားများစွာနဲ. အလေးအနက် တင်ပြခဲ.ပြီးတဲ.နောက်မှာ ကမ္ဘာကျော် အသိပညာ ရှင်ကြီးဖြစ်သွားခဲ. တာပဲ ကိုအောင်သင်းရဲ.။ သူ.တင်ပြချက်တွေ ကလည်း ကျွန်တော်တို. ရှေးရိုးအစဉ်အလာ ခံယူချက်တွေနဲ. မတူဘူး။ တကယ်လေးနက်ပြီး သေသေချာချာ စဉ်းစားကြဖို. ကောင်းတဲ. အချက်တွေမို.. သူတို.လိုအနောက် တိုင်းအသိပညာ ရှင်တွေကို ကျွန်တော်.စာအုပ်တွေထဲမှာ တတ်နိုင်သမျှ ကိုးကားထည်.သွင်းခဲ.ခြင်းဖြစ်ပါတယ်။

သင်း။ ။ နားလည်ပါပြီ ဆရာ။တကယ်ဆိုတော. ဆရာက ဗုဒ္ဓဝါဒနဲ. ပတ်သက်လာ ရင် ကျွန်တော်တို.ဆီက တကယ်. ပညာကျော် ဆရာတော်ကြီးများ ကြပ်မပ်ပြီး လုပ်ဆောင်ခဲ.တဲ. သံင်္ဂါယနာတင် ပါဋကတ်မြန်မာပြန်ကိုသာ လေးထားပြီး ပြုစုခဲ.တယ်။ ပြီးတော.မှ စာဖတ်သူတွေအဖို. အပြန်.ကျယ်စွာ စဉ်းစားနိုင်အောင်သာလျှင် ကမ္ဘာ.အသိပညာရှင်တွေရဲ. အဆိုအမိန်.တွေ၊ သုတေသနပြုချက်တွေ၊ ထင်မြင်ချက်တွေ ကိုထည်.သွင်းခဲ.တယ်ဆိုတာ ပေါ်လွင်နေပါပြီ။ နောက်ပြီး ဆရာက ဗုဒ္ဓဝါဒကို တကယ်တမ်းလေ.လာတော.မည်ဆိုရင် ပိဋကတ်မြန်မာပြန်ကို သေချာလေ.လာသင်.ကြောင်း သတိပေးလိုက်သလိုပါပဲ ဆရာ။
ကဲ-ဆရာရေ၊ ကျွန်တော်လည်း ဆက်ပြီး မေးချင်တာတွေကတော. အများကြီးပါပဲ။ ဒါပေမဲ. မမေးချင်တော.တဲ. အကြောင်းတွေကလည်း အများကြီးပဲ။

အေး။ ။ဟုတ်ပါ.- ကိုအောင်သင်းရေ၊ ကိုအောင်သင်း မေးလာရင်တောင် မှ ကျွန်တော်ကလည်း မဖြေချင်တဲ. အကြောင်းတွေက အများကြီးပဲ။

သင်း။ ။ဒီတော. အခွင်.သာရင်တော. ကျွန်တော လာခဲ.ပါရစေဦး၊ ဆရာ. ကိုသာကျန်းကျန်းမာမာ အသက်ရှည်ပါစေလို. ဆုတောင်းခဲ.ပါတယ်။

အေး။ ။ကဲ-ကို အောင်သင်း ပေးတဲ. ဆုအတိုင်း အပြည်.ပြီး စောင်.နေပါရစေဗျား။

 ဆရာဦးအေးမောင်

တောင်းရမ်းစားသောက်မှုများ ဆက်လက်တည်ရှိဆဲ



တောင်းရမ်းစားသောက်သူများရဲ့အပြုအမူများဟာ စာရိတ္တမဏ္ဍိုင် ပျက်ြပားစေခြင်း၊ မြို့အဂါင်္ရပ်ကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးများမှာ တောင်းရမ်း စားသောက်သူများ ပပျောက်ရေးကို သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီများကလည်းကောင်း၊ အခြားမြို့ကြီးတွေမှာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များကလည်းကောင်း၊ စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အခြေအနေမဲ့များနဲ့ မိဘမဲ့လေလွင့် ကလေးသူငယ်များ ပပျောက်ရေးအဖွဲ့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်က အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ အခြေအနေမဲ့ ကလေးသူငယ်များကို တွေ့ရှိပါက သက်ဆိုင်တဲ့ သင်တန်းကျောင်းများသို့ ပို့ဆောင် ထိန်းသိမ်း စောင့်ရှောက်ပေးနေတယ်။ ကိုယ်လက်အဂါင်္ မသန်စွမ်းသူများကို လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး စောင့်ရှောက် ကျွေးမွေးနေတယ်။ တောင်းရမ်း စားသောက်သူများကိုလည်း ဥပဒေအရ အရေးယူနေတယ်။ တောင်းရမ်းစားသောက်သူများ ပပျောက်စေရန်အတွက် ထိန်းသိမ်းရေးစခန်းများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး ထိန်းသိမ်း စောင့်ရှောက်ပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ သင်ကြားပေးခြင်းစတဲ့ လုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာန၊သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်း၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့စတဲ့ အဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သြဂုတ်လ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်ရှုရပါတယ်။


မန္တလေးမြို့မှာ တောင်းရမ်းစားသောက်သူများ ပပျောက်ရေးကို ဆောင်ရွက်နေတဲ့အတွက် အရင်က တွေ့ကြုံရတဲ့ အနေအထားမျိုး နည်းပါးသွားပေမယ့် ရှိနေဆဲပါပဲ။ မြို့ခံ ယာဉ်ပိုင်ရှင်တစ်ဦးက “၇၈ လမ်းနဲ့ ၃၅ လမ်း လမ်းဆုံမှာ အများဆုံး ကြုံရတယ်။ မီးနီမိလို့ရပ်နေတုန်း ကားဘေးမှာ လာရပ်ပြီး မပေးမချင်း တောင်းနေတော့တာ။ မီးစိမ်းလို့ ကားထွက်တော့မယ် ဆိုရင်လည်း သူတို့ကို မပွတ်မိအောင် ဂရုစိုက်နေရတာကိုက အလုပ်တစ်လုပ်၊ မီးပွိုင့်မှာ ကား၊ ဆိုင်ကယ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ သူတို့က လူခွဲပြီးတော့ တောင်းကြတာ” လို့ ပြောပြခဲ့တယ်။ ဆိုင်ကယ်ပိုင်ရှင်တစ်ယောက်ကလည်း “၃၅ လမ်း ခုံးကျော်ပေါ်ကနေ ၇၈ လမ်းဘက်ကို အဆင်းဗျာ၊ ကိုယ်က ယာဉ်ကြော ရှုပ်လို့ ရှေ့ကို အာရုံစိုက်နေတုန်း ဆိုင်ကယ်ကို နောက်ကနေ ဆွဲထားပြီးတော့ တောင်းတယ်ဗျာ” လို့ပြောပြပါတယ်။ မြို့ခံတချို့ကတော့ တောင်းရမ်းနေသူတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေကို သိချင်လို့ တောင်းရမ်းသူကို ကျပ်ငါးရာ ပေးလိုက်တယ်။ ဖိအားပေးထားတာကြောင့် တောင်းရမ်းသူက တန်ဖိုးများတာကို ရရင် ကြိုးကိုင်သူဆီကို ချက်ချင်းပြေးပေးတော့ ၇၈ လမ်းမှာ အခန့်သားထိုင်စောင့်နေတဲ့သူကို လက်ပူးလက်ကြပ် တွေ့ရပါရော။ ဒါက နေ့ခင်းပိုင်းမှာပါ။

ညပိုင်းမှာတော့ ၁၀ နာရီကျော်ကျော်မှာ တောင်းရမ်းသူတွေကို ရုပ်ဆိုးဆိုးလူ ဆိုင်ကယ်နဲ့ လာပြီးတော့ ကြိုတယ်။ နောက်ကနေ လိုက်ကြည့်တော့ မြို့သစ် အစွန်အဖျားကပါ။ တချို့ကတော့ စက်ဘီးနဲ့ လာကြိုတယ်။ မန္တလေးမြို့ အနောက်ဖျား၊ ဧရာဝတီမြစ်ဘေးက တာရိုးအနီးမှာ ကျူးကျော်တဲငယ်နဲ့ နေတယ်လို့ ကြားရပါရဲ့။ တောင်းရမ်းသူတွေကို သက်ဆိုင်ရာက စီမံချက်နဲ့ အရေးယူနေတဲ့အခါ လမ်းဆုံမှာ အရေအတွက်လျှော့ပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေဘက် ရွှေ့ပြောင်း စတေး ရှောင်ကြတယ်။ လက်ဖက်ရည် ဆိုင်ရှင်တစ်ဦး ပြောပြတာက တောင်းရမ်းသူတစ်ဦးဟာ တစ်နေ့ကို ကျပ် ၄၀၀၀ မရရင် ညှဉ်းပန်းခံရပါတယ်တဲ့။ တောင်းရမ်းသူ တစ်ဦးရဲ့တစ်ရက်တာ ရငွေနဲ့ ပတ်သက်လို့ မန္တလေး ဆေးရုံကြီးဝန်းကျင်မှာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ကြားခဲ့ဖူးတယ်။ အိမ်မီးလောင်တဲ့ ဖြစ်စဉ်မှာ မိခင်နဲ့ ညီက တိမ်းပါး၊ ဖခင်က အရေးယူခံရ၊ ကလေးငယ်က မီးလောင်ဒဏ်ရာကို ဆေးရုံမှာ ကုသမှုခံယူရတယ်။ ဆေးရုံက ဆင်းလာတော့ သူ့မှာ ပြန်စရာ အိမ်ကမရှိ။ ဆွေမျိုးရင်းချာလည်း မရှိတော့ လမ်း ၃၀ ၀န်းကျင်မှာပဲ ချာလည်ချာလည်ပေါ့။ သူ့ရဲ့ဦးခေါင်းက မီးလောင်ဒဏ်ရာက ကုသလို့ ပျောက်ကင်းသွားပေမယ့် ဆံပင်မပေါက်တော့ဘဲ အရေပြားတင်းတင်း ပြောင်ပြောင်ကြီးပဲ ကျန်နေတယ်။ ကြင်နာ သနားတတ်သူများက သူ့ကို ပေးကမ်းကြလို့ တစ်နေ့ကို ကျပ်တစ်သောင်းခွဲလောက် အနည်းဆုံးရတယ်။ ဒါပေမယ့် သူက ထမင်းပဲစားရတယ်။ ညနက်ရင် အမူးသမားတွေက သူ့ဆီကနေ လုကြလို့ ငိုရှိုက်ရင်း ညတွေကို ဖြတ်ကျော်ခဲ့ရပါသတဲ့။

သက်ဆိုင်ရာက စီမံချက်နဲ့ အရေးယူနေလို့ တောင်းရမ်းသူတွေက ပရိယာယ်တစ်မျိုး ဆင်လာတယ်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေကို ၀င်ပြီးတော့ ဆေးမြစ်စုံ ရောင်းပါသတဲ့။ အမျိုးအစား မမှန်တဲ့ ပစ္စည်းတွေကို မတန်တဲ့ဈေးနဲ့ ၀ယ်လိုက ၀ယ်၊ မ၀ယ်ရင်တော့ မုန့်ဖိုးလေး ပေးပါဦးပေါ့။ တချို့ကတော့ ရာသီပေါ် ပန်းကုံးတွေ လိုက်ရောင်းတယ်။ မ၀ယ်လို့ ကျန်နေရင် ဆိုင်အပြင်ဘက်ကနေ မျက်နှာငယ်လေးနဲ့ ရပ်နေရှာရဲ့။ ပန်းတွေ မကုန်မချင်း အိမ် မပြန်ရဲပါဘူးတဲ့။ မိုးရွာရင်လည်း မိုးစိုတဲ့အတိုင်း ရပ်လို့။

တောင်းရမ်းသူများ ပပျောက်ဖို့ဆိုရင် ထိန်းသိမ်း စောင့်ရှောက်မှုအပြင် နောက်ကွယ်ကနေ ကြိုးကိုင် စေခိုင်းနေသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူရမှာပါ။ ကြိုးကိုင်သူတွေက မြန်မာတို့ရဲ့ ကြင်နာသနား ကူညီတတ်တဲ့ ကရုဏာ စိတ်ရင်းကို ပျော့ကွက်အနေနဲ့ အချောင်နှိုက်နေတယ်။ အများကလည်း မျက်မြင်အပေါ်ယံကိစ္စတွေကို ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ သဒ္ဓါတရားဟာ ရေသာခို အချောင်သမားတွေအတွက် ပံ့ပိုးနေတာကို မြင်အောင် ကြညြ့်ကပါ။ အများက အသိစိတ်နဲ့ ပူးပေါင်းဆောင်ရွက် ကူညီမှုဟာ ဘာမှမသိ နားမလည်တဲ့ အသုံးချခံ ကလေးငယ်များရဲ့ အနာဂတ်၊ စာရိတ္တမဏ္ဍိုင်တို့ကို မြှင့်တင်ပေးရာ ရောက်ပါတယ်။

ပွဲမောင်
မန္တလေးအလင်း
စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၁ ခုနှစ်

မြ နဲ့ မောင်




mya&maung
သည်နေ့ညကျမှ မြကို ထူးထူးခြားခြား သူ သတိရမိနေသည်။ အဝေးဆီမှ သဲ့သဲ့ပျံ့လွင့်လာသော အငြိမ့်ဆိုင်းကြောင့် ဖြစ်မည်ထင်သည်။ တကယ်တော့ သည်ညမှ မဟုတ်။ ယခုလို အကြောင်းတိုက်ဆိုင်တိုင်း မြကို လွမ်းရပါသည်။ အကြောင်းတိုက်ဆိုင်မှုတွေကလည်း ရံဖန်ရံခါ ရှိနေတတ်ပြန်တော့ မြကို အောက်မေ့သည့်စိတ်က လောင်စာနှင့် မပြတ်သော မီးပမာ တညီးညီးတောက်လောင်လွန်းလှသည်။ ညှင်းသွဲ့သွဲ့မြူးနေသော ဆောင်းမပီ့တပီ လေစိမ့်စိမ့်နှင့်အတူ မြ ခေါင်းမှ စံပယ်ပန်းရနံ့များကို ခုတစ်မုဟုတ်ချင်း နမ်းရှိုက်လိုက်ရသလိုလို၊ စည်းဝါးတကျ ချိုအေးစွာ သီဆိုလိုက်သော သီချင်းသံသည်ပင်လျှင် မြ နှုတ်ဖျားမှ ထွက်ကျလာသလိုလို မရေရာသော စိတ်အစဉ်သည် သူ့ကို လှည့်စားလျက်ရှိသည်။

လွန်ခဲ့သည့် ၁၅ နှစ်က မြနှင့် သူ တရားဝင်နှုတ်ဆက် လမ်းခွဲခဲ့ကြသည်။ အင်း .. သည်လိုတော့လည်း မဟုတ်သေး။ တရားဝင်နှုတ်ဆက်သည်ဟု သုံးနှုန်းရန်အတွက် သူသည် မြ၏ တရားဝင်ချစ်သူလားဆိုတာ ဖြေဖို့ခက်သည်။ သေချာသည်က မြဟာ သူ၏ သည်းဦးပန်းဖြစ်သည်။ မြဟာ သူ့နတ်သမီး။ မြ၏ ပြုံးဟန်၊ ပြောဟန်၊ ဆိုဟန်၊ ကဟန်၊ ဆံနွယ်လေးများကို လက်နှင့်သပ်လိုက်သည်ကစလို့ မျက်လုံးလေးဝင့်ကာ ကြည့်လိုက်သည်အဆုံး မြနှင့်ပတ်သက်သမျှ သူ့အတွက် ကဗျာဆန်ခဲ့သည်။ မြကို လှသည်ဟု သူ မဆိုလို၊ သို့ပေမယ့် မြမှာ ညှို့ဓာတ်ရှိသည်။ ထိုညှို့ဓာတ်သည် ပုရိသအများအပြားကို ၀ပ်ဆင်းလာနိုင်အောင် စွမ်းအားရှိသည်။ သူကရော.. မြထံမှာ ဘယ်အရာကို စွဲလန်းခဲ့မိပါသလဲ။ တံကောက်ကွေးကျော်ခန့် ရှည်လျားပြီး စံပယ်နှစ်ခက် အမြဲလိုလို ပန်ဆင်ထားတတ်သည့် မြ၏ ကေသာနုထွေးနက်ကိုလား၊ အသားညိုစိမ့်စိမ့်ပေမယ့် ကိုယ်ဟန်ကျော့ရှင်းပြီး သွဲ့သွဲ့နွဲ့နွဲ့လေး၊ မမှီသလို မှီသလိုလေး ရပ်တတ်သည့် မြ၏ ကောက်ကြောင်းများကိုလား၊ သနပ်ခါးရေကျဲ လိမ်းထားပြီး နှုတ်ခမ်းဆိုးဆေး ခပ်ဖျော့ဖျော့ ဆိုးကာ ပြုံးယောင်ယောင် ရှိနေတတ်သည့် မြ၏ မျက်နှာထားကိုလား ဘယ်အတွက်ကြောင့်ရယ် မဆိုသာ။ မြကို ချစ်ခဲ့သည့်အတွက် စွဲလန်းခဲ့တာလား၊ စွဲလန်းရာမှ ချစ်ခဲ့တာလား သေချာမဝေခွဲနိုင်သော်လည်း မြသည် တချိန်က သူ့ကမ္ဘာဖြစ်ခဲ့သည်မှာ ငြင်းမရ။

၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ၏ ဆောင်းတစ်ညတွင် သူ မြကို စတင်စွဲလန်းခဲ့သည်။ အရိုးထဲစိမ့်အောင် အေးသော မန္တလေးဆောင်း၏ အအေးဓာတ်သည် ပွဲခင်းထဲတွင် မြ၏ အက၊ အလှအောက်၌ နစ်မြောစီးဝင်နေသော သူ့ကို တုန်ခိုက်နေအောင် မစွမ်းဆောင်နိုင်။ သို့ပေမယ့် ဆိုင်းသံ ဗုံသံများနှင့်အတူ သူ့နှလုံးသား တဒိတ်ဒိတ်ခုန်နေသည်။ ဗလောင်ဆူ ဗြောင်းဆန်နေသည်။ မျက်ခွံတ၀က်ပိတ်ထားသော မျက်ဝန်းအောက်မှ ခပ်မှေးမှေးလေးထားကာ ကြည့်လိုက်သော စင်ပေါ်မှ အကြည့်စူးစူးတချက်နှင့် ဇာတ်စင်အောက်မှ သူ၏ အကြည့်တို့ တိုးတိုက်လိုက်မိချိန်တွင် ဥက္ကာပျံတစင်း သူ့နှလုံးသားထဲသို့ ရုတ်တရက်ဝင်ဆောင့်လိုက်သည့်ပမာ တုန်ခါကျဉ်တတ်သွားသည်။ ထိုအခိုက် မြ၏ သီချင်းကလည်း သူ့ကို သရိုးသရီဖြစ်စေပြန်သည်။

“မြနဲ့မောင်နဲ့ အခုမှ တွေ့တာ… လူပါးမ၀ခင်တုန်းက ပြောပြတော့ ရယ်စရာပါ… ထမီလေးတိုတိုဝတ်ကာ.. မြ ငယ်စဉ်မှာ.. လူထဲမ၀င်ခင်သေးတော့ အလှပြင်ဆင်ရှာ.. မယ်ရင်ကုန်ကုန်ပြောမယ်.. တောသက်သက်မို့ ဘယက်ဒွါရရာ.. ရွှံ့တွေကပ်စီ.. ကပ်စီ.. ပုတီးလုပ်ကာ ဆွဲရပါတယ်… အုန်းမှုတ်ပဲ့ကို ရှာရှာ.. ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ… ကိုကိုများက မြှောက်စားပေမယ့် ဟိုတုန်းကလို မပျော်ပါ… မောင်မောင်တို့က မြှောက်စားပေမယ့် အရင်တုန်းကလောက် မပျော်ပါ”

“မြယမုန်” အငြိမ့်ဆိုသည့် နဖူးစည်းအောက်တွင် မြသည် ယမင်းရုပ်လေးတရုပ်နှယ် ပျော့ပျော့ပျောင်းပျောင်းလေး ကနေသည်။ သူ ပြုံးမိသည်။ မြကို သူ ချစ်မိနေပြီဟု သူကိုယ်သူ ၀န်ခံမိသဖြင့် ပြုံးခြင်းဖြစ်သည်။ သည်တုန်းက သူက ဒဿနိက ဒုတိယနှစ်။ မြက သူ့ထက် ငါးနှစ် ကြီးသူမို့ ကျောင်းပြီးနှင့်ပြီ။ တက္ကသိုလ်ကျောင်းသူ ဦးဆောင်ပြီး ကသည့်အငြိမ့်မို့ မြ၏ အငြိမ့်က သဘင်အနုပညာနှင့် ပတ်သက်လျှင် ဒိတ်ဒိတ်ကြဲကျော်ကြားသော မန္တလေးတွင် သာ၍ထင်ရှားသည်။

……………………….
မြနှင့် သူ အတူရှိခဲ့သည့်အချိန်တလျှောက်လုံးတွင် မြသည် သူနှင့် နီးသလိုလို၊ ဝေးသလိုလို၊ သူကလည်း မြကို နားလည်သလိုလို၊ နားမလည်သလိုလို၊ မြကလည်း သူ့ကို အထာပေးသလိုလို မပေးသလိုလို မရေမရာ မသဲမကွဲ မှုန်ရီရီ ၀ိုးတ၀ါးနှင့် သူတို့ဇာတ်လမ်းက ပုံဖမ်းရခက်လှသည်။ အလွန်ဝေးလံ ခေါင်ပါးလှသော အညာရွာလေးတရွာမှ တက္ကသိုလ်တက်နိုင်သည်အထိ ထွန်းပေါက်ခဲ့သော မြသည် သူ့ရွာ၏ အိပ်မက်၊ သူ့မိသားစု၏ ရတနာ။ တောပန်းလေးပေမယ့် ရနံ့ကြူတော့ ချူချင်သူ များခဲ့သည်။ သည်တော့ ဒုတိယနှစ်တွင် မြ မေတ္တာမျှရမည့်သူ ရှိလာသည်။ ထိုသူကြောင့်ပင် မြ ဘ၀ပျက်ခဲ့ရသည်တဲ့။ နောက်တော့ သူဌေးတယောက်၏ အပျော်မယားလိုလို၊ နောက်တဖန် တစ်ခုလပ်အမျိုးသားတယောက်နှင့်လည်း တိတ်တိတ်ပုန်း ညားသလိုလို မသေချာသော သတင်းစကားများမှာ တက္ကသိုလ် ညနေခင်းများတွင် လက်ဖက်ရည်ဆိုင်၌ အပျင်းပြေ ပြောစရာ ပုံပမာဖြစ်ခဲ့ရသည်။ ကျောင်းပြီးတော့ မြမြဝေဆိုသော ဘ၀ကို ကန့်လန့်ကာချပြီးနောက် မြယမုံနာမည်နှင့် အငြိမ့်စင်ပေါ်ရောက်သည်။

မြမြဝေဘ၀ မည်သို့ ရှိခဲ့သည် ဖြစ်စေ၊ သူ ချစ်သည်က မြယမုံကိုလေ။ မြသည် စကားတတ်လွန်းသည်။ အငြင်းမသန်ဘဲ တခွန်းထဲနှင့် ချက်ကောင်းမိအောင် ပြောကာ အနိုင်ပိုင်းတတ်သည်။ သူက ပြန်၍ နှုတ်လှန်ထိုးမည်ကြံတိုင်း ပြုံးထေ့ထေ့နှင့် မှေးစင်းကာ ကြည့်လိုက်သော အကြည့်ကြောင့် သက်ပြင်းပူတွေကိုသာ သူ မှုတ်ထုတ်လိုက်ရသည်။ ထိုသို့ မျက်ဝန်းများကို မှေးစင်းကာ ကလူ၏သို့ မြူ၏သို့ မျက်နှာထားနှင့် နှုတ်ခမ်းထောင့်စွန်းလေး တွန့်ရုံမျှ ပြုံးသော ဟန်သည် မြ၏ ကိုယ်ပိုင်ဟန် ဖြစ်လိမ့်မည်။ သူကြားဖူးသော ဥက္ကလာမအေးကြည်၏ အပြုံးမျိုးသည်လည်း ထိုသို့ ဖြစ်လိမ့်မည်ထင်သည်။

“မြကို ချစ်တယ်။ သိပ်ချစ်တာပဲ” မြနှင့် တွေ့တိုင်း သူက ဆီမန်းရွတ်သလို တတွတ်တွတ် ပြောတတ်သည်။
“မြကတော့ ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်။ ဒီလိုကြားလိုက်ရလို့ နားခါးကောင်း ခါးမယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားပဲ။ မြက အမှန်တရားကို သစ္စာလိုထားပြီး ဆိုတယ်။ ဒါပေမယ့် လူတွေ တော်တော်များများကတော့ ညာနေကြတယ်။ ကဲ.. မောင်မောင့်ကို မေးမယ်။ မောင်မောင် ကိုယ့်ကိုယ်ကိုထက် သူများကို ချစ်တာ သေချာလား”။ သည်တခွန်းထဲနဲ့တင် သူ ဘာဆက်ပြောရမည်မှန်း မသိတော့။

“မြဟာ သိပ်စကားကတ်တာပဲ။ သတ္တ၀ါမှန်သမျှ အတ္တမကင်းနိုင်ကြဘူးလေ။ ဒါပေမယ့် ဒီအတ္တတွေကိုပဲ အလျှော့အတင်းလုပ်၊ အပေးအယူပြုပြီး ဘ၀ကို ရှင်သန်နေရတာပဲ။ မြ တွေးတာတွေဟာ သိပ်တဖက်သတ်ဆန်လွန်းတယ်”

သူဟာ မြကို ချစ်တာမဟုတ်၊ စွဲလန်းရုံသက်သက်ဟာ မြက စွပ်စွဲသည်။ စိတ်ကူးယဉ်ဆန်လွန်းသူ၊ ခံစားတတ်လွန်းသူ၊ အိပ်မက် မက်ရတာ မွေ့လျော်လွန်းသူတဲ့။ မြကို ပိုးပန်းကြသူ အများစုလိုတော့ သူ ဓနအင်အား မတောင့်တင်းပါ။ သို့ပေမယ့် မြသည် သူ့စက်ဘီးထိုင်ခုံနောက်ကနေ ပျော်ပျော်ရွှင်ရွှင် လိုက်ပါပြီး သူနှင့်အတူ တမြို့လုံး ခြေဆန့်ရသည်ကို ရွှင်မြူးနေတတ်သည်။ သူတို့နှစ်ဦး ကျုံးဘေးတွင် စက်ဘီးရပ်ပြီး လမ်းလျှောက်ကြသည်။ ညဈေးတန်းတွင် စာအုပ်မွှေကြသည်။ လမ်း ၃၀ ပေါ်က အလင်းဖွင့်သော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင် ပြောင်းထိုင်ကြသည်။ ဒါကို ဘ၀အရသာဟု သူက ထင်သည်။ မြနှင့် သူနှင့် အိမ်ထောင်ထူထောင်ကြပြီးလျှင်လည်း သူက သီချင်းဆိုလိုက်၊ မြက ကလိုက်၊ သူက အာရုံတွေ စက်ကုန်ဖွင့်ပြီး အတွေးပင်လယ်ထဲတွင် မျောလွင့်ကာ စာတိုပေစ ရေးနေချိန်တွင် မြက ကော်ဖီပူတခွက် ဖျော်ပေးလိမ့်မည်။ ထိုအချိန်တွင် လရောင်က သစ်ရွက်ကြို သစ်ရွက်ကြားမှတဆင့် သူတို့ အခန်းအတွင်းသို့ လဲ့လဲ့ကလေး ဖြာကျသက်ဆင်းနေလိမ့်မည်။ မြကြိုက်သော စံပယ်ပန်းရနံ့များက လေဝေ့တိုင်း သင်းထုံလို့ပေါ့။ ညသန်းခေါင်ချိန်မို့ လေကလည်း တဖြူးဖြူးရှိနှင့်နေမည်။ သူက သူ့စိတ်ကူးကို ထိုမျှလောက် ပြောပြလိုက်ရုံနှင့် မြက “ဒါက ဘ၀မှ မဟုတ်ဘဲကွယ်။ မောင်မောင် သိပ်ရိုးတာပဲ” ဟု သူ့ကို စတင် ထိုးနှက်တော့သည်။ သူက သူ့ကို ထိုးနှက်သည်ဟု မြင်သော်လည်း မြက သူ့ကို တကယ့်ဘ၀ထဲသို့ တွန်းပို့နေခြင်းဟု ခံယူသတဲ့။ သူ လိုက်မမီတော့ပါ။

“ယောက်ျားတွေဟာ မိန်းမတွေထက် ပိုပြီး စိတ်ကူးယဉ် တတ်ကြတယ်။ ခံစားလွယ်တတ်ကြတယ်” မဟုတ်တာလို့ သူ ငြင်းမည်အပြုတွင် မြကာ လက်ကာပြပြီး ဆက်ပြောသည်။

“လက်တွေ့ဆန်ချင်ပြန်တော့လည်း သူတို့အပြင် နှစ်ယောက်မရှိဘူး။ ဘာလို့လဲဆိုတော့ စိတ်ကူးယဉ်ခြင်းဟာ မိန်းမအလုပ်၊ လက်တွေ့ဆန်မှုဟာ ယောက်ျားတို့ရဲ့ သရုပ်သကန်လို့ ယူဆထားကြတာကိုး။ ဒီလိုဖြစ်တာဟာ မြ ထင်တာ ပြောရမယ်ဆိုရင် ကလေးသဘာဝအရ မိခင်ရဲ့ အထိအတွေ့ကြောင့် နူးညံ့သိမ်မွေ့တဲ့ စိတ်ကလေးဟာ ဒါဟာ ယောက်ျား၊ ဒါဟာ မိန်းမ စသဖြင့် ခွဲခြားဘောင်ခတ်ပြီး ပုံစံသွင်းလိုက်တဲ့ ပတ်ဝန်းကျင်၊ အထူးသဖြင့် သူတို့နဲ့ အနီးကပ်ဖြစ်တဲ့ အဖေတို့၊ အစ်ကိုတွေကြောင့် တစ်ချို့လည်း ရုတ်ခြည်းဖြစ်ချင်ဖြစ်မယ်၊ တစ်ချို့လည်း တဖြည်းဖြည်းချင်းပေါ့… ကျားဗီဇဆိုတာကို သူတို့ ပျိုးထောင်လိုက်ရတယ်။ တစ်ခါတစ်လေ သူတို့ငယ်စဉ်က မိခင်နဲ့အတူရှိခဲ့ဖူးတဲ့ နူးညံ့မှုတွေကို မသိစိတ်ကနေ ပြင်းပြင်းထန်ထန် တောင့်တမိတဲ့အခါ နှစ်သိမ့်ယုယမှု၊ အေးငြိမ်းမှုတွေကို လိုချင်လာပြန်ရော။ အဲဒီမှာ သူတို့ကပဲ ဦးဆောင်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်က ရိုက်သွင်းလိုက်တဲ့ မာနတရားနဲ့ ပဋိပက္ခဖြစ်ကြတော့တာပဲ။ သူတို့ ၀ိရောဓိနဲ့ သူတို့ ပိတ်လှောင်မိနေတော့တာပဲလေ။ သိပ်စိတ်နုတဲ့ ယောက်ျားမျိုးဆိုရင် အစွန်းနှစ်ဘက် ကူးလူးရတာနဲ့ ပင်ပန်းနုံးချိကြရတယ်”

မြကို သူ ငေးကြည့်နေမိသည်။ မြသည်လည်း လူသားတဦး၏ ဂုဏ်ရည်နှင့်အညီ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိသည်။ သို့သော် သဘင်သုခုမ အနုပညာနှင့် အသက်မွေးနေသူတဦး၏ စကားလုံးများသည် ကဗျာမဆန်လိုက်တာဟု သူက အထင်ရောက်နေဆဲ။

“မြ ပြောတာတွေအတွက် ခေါင်းရှုပ်သွားလားဟင်။ မြကို လိုက်မမီဘူး။ မြဟာ မောင်မောင့်ကို နားမလည်ပါဘူးလို့များ တွေးကော တွေးနေမိသလား” သည်လိုကျပြန်တော့လည်း သူ ရှက်သွားမိသည်။ မြဟာ လူကဲခတ်တော်တာကိုတော့ ၀န်ခံရလိမ့်မည်။ သူ့အတွေးတွေကို ချက်ချင်း ဖမ်းဆုပ်မိသည်။

“လူတွေဟာလေ မင်းကို ကိုယ်နားမလည်ဘူးတို့၊ ကိုယ့်ကို ဘယ်သူကမှ နားမလည်ပါဘူးတို့ ပြောရင် မြ သိပ်ရယ်ချင်တာပဲ သိလား။ တကယ်က သူများကို ကိုယ်က နားလည်ဖို့ဆိုတာရော ကိုယ့်ကိုလည်း  သူများတွေက နားလည်ဖို့ဆိုတာတွေရောက ကျော်ပြီး စဉ်းစားလိုက်တာပဲ။ ဒီမှာတင် သူတို့ရဲ့ အတ္တက ပေါ်လွင်လာတယ်။ ဘာလို့ ကိုယ့်ကိုယ်ကို အရင်နားလည်ဖို့ မကြိုးစားတာလဲ။ ငါဟာ ဘာလဲ၊ ငါဟာ ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုလူလဲဆိုတာ အရင်နားလည်အောင် ဂဃနဏ အားမနာတမ်း ဆန်းစစ်မိတဲ့သူ ဘယ်နှယောက်များ ရှိလို့လဲ”

ထိုနေ့ကစပြီး မြနှင့် ဘာသဘောတရားရေးရာမှ မဆွေးနွေးတော့ဟု သူ ဆုံးဖြတ်လိုက်သည်။ သူသည် မြ ပြောသလို ရိုးကောင်း ရိုး၊ အ ကောင်း အ၊ အသက်အရွယ်၊ အတွေ့အကြုံ နုငယ်နေသေးကောင်း နုငယ်နေလိမ့်မည်။ သို့ပေမယ့် သူ့ အိပ်မက်ကား ရိုးရှင်းပါသည်။ ကဗျာတွေ ရွတ်ရင်း၊ သီချင်းတွေဆိုရင်းသာ သူတို့၏ ဆည်းဆာကို လှပစေလိုပါသည်။ သို့မဟုတ်က မြ၏ ဘ၀နှင့်ယှဉ်ကာ ပေါက်ဖွားလာသော အတွေးအမြင်များကြောင့် သူ့အာရုံနောက်ကျိ ရှုပ်ထွေးသွားလိမ့်မည်။

ဒါတောင် မြက ပြောသေးသည်။ “ထမင်းဝထားနှင့်မှ စိတ်ကူးယဉ်လို့ကောင်းတာပါ ဆရာကြီးရယ်” တဲ့။ ကဲ… ဘယ်လောက်များ အနုပညာမဆန်လိုက်လေသလဲ။

“ညနေတိုင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အာဘောင်အာရင်းသန်သန်နဲ့ မောင်မောင် ငြင်းခုံနေတဲ့ အတွေးအခေါ်ပညာရပ်တွေ၊ ကမ္ဘာကျော်ဒဿနပညာရှင်တွေရဲ့ အဆိုအမိန့်တွေဆိုတာကလည်း စာအုပ်ဖတ်ပြီးမှ မောင်မောင် သိလာရတာတွေပါ။ ဘ၀ရဲ့ အဓိပ္ပာယ်စစ်စစ်က တကယ့်ဘ၀ထဲမှာပဲ ရှိပါတယ် မောင်မောင်ရယ်။ ဒါကို မြင်အောင် မကြည့်နိုင်သရွေ့ မောင်မောင်ဟာ ဘောင်တွေထဲက ဘယ်တော့မှ ရုန်းထွက်နိုင်မှာမဟုတ်ဘူး”

သည်တော့လည်း သူ ငေါ့မိသည်။
“မြကတော့ ကြည့်တတ်ပြီပေါ့လေ။ ဆိုစမ်းပါဦး..။ မီးရောင်အောက်ကို ၀င် လူပြက်တွေနဲ့တွဲပြီး အသုံးတော် မခံချင်လည်း ကပြ၊ ဆိုပြရတာတွေဟာ ဘ၀၊ အငြိမ့်မန်နေဂျာက ထိပ်ပုတ်ခေါင်းပုတ်လုပ်တာကို မကြည်သာလည်းပဲ ရယ်ပြ၊ ပြုံးပြရတာတွေဟာ ဘ၀လို့။ ဒါတွေအားလုံး ကျွန်တော် သိပါတယ်။ မြပြောတဲ့ မြရဲ့ ဘ၀ဒဿနက မြဘ၀နဲ့ပဲ ယှဉ်ပြီး ကွက်ကွက်လေးပဲ သိလာရတာတွေလေ။ ကျွန်တော်တို့ ဆွေးနွေးငြင်းခုံတယ်ဆိုတာ ဒီ့ထက်မက ပိုကျယ်ပြန့်တယ်”

သူ့စကားဆုံးတော့ မြက ပုခုံးတွန့်လေသည်။ သူ၏ မူပိုင်အပြုံးဖြစ်သော နှုတ်ခမ်းထောင့်စွန်းလေး ကွေးရုံမျှ ယဲ့ယဲ့ပြုံးသည်။ မျက်လုံးလေး မှေးစင်းကြည့်သည်။ ထို့နောက် သိမ်မွေ့စွာသက်ပြင်းချလျက် အဝေးသို့ ဆွေးရီရီလေး ငေးပြန်သည်။

“နောက်လကျရင် မြ လက်ထပ်တော့မယ်”

ထိုခဏ.. တစက္ကန့်၏ သုံးပုံတစ်ပုံမျှသာကြာညောင်းသော အချိန်တိုလေးဖြစ်ပါသည်။ သို့သော် သူ ဘယ်လို အသည်းကွဲပြရမည်မသိလောက်အောင်ပင် ကမ္ဘာပျက်သွားခဲ့လေသည်။

…………………………………………………….

မြဟာ တကယ်တော့ မြပါပဲလေ။ သူကသာ ပိုးဖလံမျိုးပီပီ မီးကို တိုးခဲ့တာပါ။ ရာသီနှစ်ကျော့စာမျှ နေ့နေ့ညည ချည်နှောင်ခဲ့သော သံယောဇဉ်ကြိုးများကို အဆက်ဖြတ်ချင်တော့လည်း လွယ်လိုက်တာ။ “ရှင့်ကို ကျွန်မ အလိုမရှိတော့ဘူး” ဟု ပြစ်ပြစ်ခါခါ မပြောရုံတစ်မယ် စိမ်းကားသွား၏။ မသက်ဆိုင်တော့ပါကြောင်း တစ်ဦးနှင့်တစ်ဦး တရားဝင်မကြေညာတော့သော်ငြား သူကလည်း သူ့မာနနှင့်သူမို့ နေစိမ့်ခဲ့ပါသည်။ မြကတော့ သူ ပြောခဲ့သည့် စကားအတိုင်း မုဆိုးဖိုတရားသူကြီးတစ်ယောက်နှင့် ရုံးတက် လက်မှတ်ထိုးကာ နှစ်ဖြာရွှေလက် ဂဟေဆက်သွားခဲ့သည်။ သည်အကြောင်းကို သိရပြန်တော့လည်း “သြော်…. တော်တော် ဘ၀ဆန်သူကြီးပေကိုး” ဟု သရော်တော်တော်တွေးကာ သူ နာကျင်နေမိသည်။ မဲပြာပုဆိုး နှစ်ကျပ်တန် ဇာတ်ခင်းသွားသည်ဟု တွေးပြီး ပြစ်ပြစ်နှစ်နှစ် သူ စွပ်စွဲခဲ့သည်။

အိမ်ထောင်ကျပြီးသည့်နောက် မြ အငြိမ့်ဆက်မကတော့ပါ။ မြကို စိတ်နာသည့်အရှိန်ဖြင့် သူကလည်း အငြိမ့်ပွဲ၊ ဇာတ်ပွဲများဘက်သို့ ခြေဦးမလှည့်ဖြစ်တော့ပါ။ ယခင် လက်ဖက်ရည်ဆိုင်ထိုင်ရာကနေ မြ လက်ထပ်ပြီးသည့်နောက်တွင်တော့ ဗောဓိကုန်းဝန်းကျင်တ၀ိုက်ရှိ ဖယောင်းတိုင်မှိန်ဖျော့ဖျော့ထွန်းထားသော ဘီအီးဆိုင်များဘက်သို့ အရောက်များခဲ့သည်။ ငွေစကြေးစရွှင်လျှင်တော့ အမြည်းကောင်းကောင်းရနိုင်သော စားသောက်ဆိုင်များဘက်သို့ပေါ့။ ထိုနေရာများသည် သူတို့ အပေါင်းအသင်းတစ်စု လေ့လာခဲ့သော၊ ကောက်ချက်ချမိသော အတွေးအခေါ်ပညာများ ဖလှယ်ရာ ဘူမိနက်သန်ဖြစ်လာခဲ့သည်။

သည်ကြားထဲ အကြောင်းတိုက်ဆိုင်လျှင် တိုက်ဆိုင်သလို “မြကို လွမ်းလှချည့်” ဟူ၍ သူ မျက်ရည်ကျဖြစ်ခဲ့သည်။ သူ့ဟာသူ မျက်ရည်ကျရုံမက၊ သူနှင့် ဆက်နွှယ်လာသော နှုတ်ခမ်းနီမလေးများကိုလည်း မြကို သူ ဘယ်လောက်ချစ်ကြောင်း၊ လွမ်းရကြောင်း စာဖွဲ့ပြတတ်သေးသည်။ သည်လိုနှင့် သူက မြ ဟုယူဆသော မြပေါင်းစွာနှင့် နှစ်ပါးသွားဇာတ်ကခဲ့သည်။ ထို့နောက် ထိုသူတို့ကို မြ မဟုတ်ဟုဆိုကာ အိပ်မက်ထဲတွင် ထားရစ်ခဲ့သော မြကို ဆက်လက်အရှာထွက်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုကျော်တိုင်သည်အထိ မြ ဘယ်ရောက်နေသည်၊ မြ ဘ၀ ဘယ်လိုနေသည် သူမသိသော်လည်း မြကို တမ်းတပြီး လွမ်းရတာကို သူ နှစ်ခြိုက်လာသည်။ မြအကြောင်း ပြောပြီး အချစ်ရှုံးသမားဘ၀ ခံယူရသည်ကို သူ သဘောတွေ့လာသည်။

သို့သော် ဆယ်နှစ်ကြာပြီးမှ မထင်မှတ်သော ဆောင်းတွင်းနံနက်ခင်းတစ်ခုတွင် မြ သူ့ဘ၀ထဲသို့ ပြန်ဝင်လာသည်။ သူ့ကြီးတော်ကြီးက ဖုန်းလာနေတယ် ဟု ဆို၍ အိမ်အောက်ထပ်သို့ ဆင်းကာ သူ ဖုန်းကိုင်မိသည်။

ထိုနေ့သည် ကဗျာဖွဲ့ကောင်းလောက်အောင် လှပမနေပါ။ နေလည်း မသာ၊ ပန်းလည်း မမွှေး၊ လေလည်း မအေးပါဘဲနှင့် သူ့အတွက်တော့ အမှတ်တရဖြစ်ခဲ့သည်။

“မောင်မောင်လားဟင်။ မြ… အဲလေ ကျွန်မ မြမြဝေပါ”

“မြ” ဟု နောက်ဆက်တွဲစကားကို ကြားလိုက်ရမှ အသံကို သူ ကျက်မိတော့သည်။ တကယ်ဆို မောင်မောင် ဟုခေါ်ကတည်းက သူ သိသင့်ခဲ့ပါသည်။ မြတစ်ယောက်ကလွဲ၍ သူ့ကို မည်သူကမှ ထိုနာမ်စား မသုံးစဖူး။ မနှင်ဘဲ ထွက်၊ မခေါ်ဘဲ ရောက်လာသူကို သူ ဘယ်လို ဆီးကြိုရမည်မှန်း မသိပါ။ ဆယ်နှစ်ကျော် တ ပြီး ငိုခဲ့ရသည့် မိန်းမတစ်ယောက်က သူ့ထံကို ဖုန်းခေါ် နှုတ်ခွန်းဆက်သည်ကို သူ နည်းနည်းတော့ ရင်ခုန်သင့်သည်ထင်ပါသည်။ သို့ပေမယ့် အသက်ရှူသံတို့နွေးထွေးနေရမည်ထက် ဘာရယ်မသိသော ခံစားချက်ဖြင့် သူ စိတ်ရှုပ်ထွေးနေမိသည်။ မြ ကို သူက အိပ်မက်ထဲမှာသာ နေစေချင်သည်လေ။

တစ်ခုခုတော့ သူ ပြောမှဖြစ်မည်။

“ဟုတ်ကဲ့။ ကျွန်တော် မှတ်မိပါတယ်။ နေကောင်းတယ်မဟုတ်လားဟင်”

“နေကောင်းလားဆိုတော့ …. အင်း ထားပါလေ။ ကျွန်မ ရုတ်တရက်ကြီး ဖုန်းဆက်လိုက်လို့များ အံ့သြသွားမလားမသိဘူး။ မနက် ၁၀ နာရီမှာ ကျွန်မ အော်ပရေးရှင်း နောက်တစ်ကြိမ် ထပ်ဝင်ဖို့ရှိတယ်။ ဒါပေမယ့် အခြေအနေအရ ကျွန်မကို ဆံပင်တွေဖြတ်ပစ်ဖို့ ပြောနေကြလို့။ အဲ့ဒါလေ…”

မြ ပြောနေသည့်စကားတွေကို သူ နည်းနည်းမှ ဆက်စပ်လို့မရပါ။ အလောသုံးဆယ်နိုင်လွန်းသည်ဟု ထင်သည်။ လေသံအရ မြမှာ မောဟိုက်နေသွင်ရှိပြီး စကားလုံးများကလည်း ဗလုံးဗထွေး။ ခွဲစိတ်ခန်းဝင်ရမယ်၊ ဆံပင်ဖြတ်ရမယ်၊ ဒါနဲ့ သူ့ဆီ ဖုန်းဆက်တာ ဘာဆိုင်လို့လဲ… သူ တရစပ်တွေးရင်း အဖြေရှာသော်လည်း ဝေခွဲမရသေး။ မြကတော့ သူပြောချင်တာ ပြောပြီးသည့်နောက် ရှိုက်ငိုနေသည်။ သည်ရှိုက်သံစွက်သော ဆို့နင့်နေသောအသံကိုတော့ ဖုန်းလိုင်းမှတဆင့် သူ အတိုင်းသားကြားနေရသည်။

“ဒီတော့ ကျွန်တော် ဘယ်လို ကူညီပေးရမှာလဲ” မ၀ံ့မရဲနှင့် သူ မေးလိုက်မိသည်။

“ကျွန်မလေ ဒီဆံပင်တွေကို ဆယ်နှစ်ကျော်လုံးလုံး ဒူးအထက် တစ်ခါမှ မညှပ်ခဲ့ဖူးဘူး။ ဒီအတိုင်း ထိန်းသိမ်းထားခဲ့တယ်။ ခုလေ.. ခု.. ခုတော့ ဖြတ်ပစ်ရတော့မယ်တဲ့။ မောင်မောင် ချစ်တယ်ဆိုတဲ့ ဆံပင်တွေကို ဖြတ်ပစ်ရတော့မယ်တဲ့။ အဲဒါ စိတ်မကောင်းလို့… ကျွန်မလေ.. ကျွန်မ” ပြောရင်းနှင့် မြသည် စကားမဆက်နိုင်ဘဲ သည်းသည်းထန်ထန် ငိုတော့သည်။ မြ၏ စကားမဆုံးသော်လည်း သူ ဇာတ်ရည်လည်ချေပြီ။

သည်တစ်ခါမှ သူသည် ကမ္ဘာပျက်ရုံမက ကမ္ဘာပျက်စဉ်က ကျန်ခဲ့သော ဒြပ်ထုပင်လျှင် ခုတော့ မှုန့်မှုန့်ကြေလေပြီ။ ဟိုတစ်ချိန်က မြနှင့်သူ တွေ့စဉ်တိုင်း မြ ပေးသည့် အကြီးမားဆုံးအခွင့်အရေးမှာ သူ့ဆံနွယ်လေးတွေကို နမ်းရှိုက်ခွင့်သာဖြစ်သည်။ ထိုသို့ နမ်းရှိုက်ခွင့်ရတိုင်းလည်း “မြက သိပ်ကုသိုလ်ကံကောင်းတာပဲ။ မြနဲ့သာ လက်ထပ်ခွင့်ရရင် နေ့တိုင်း ခေါင်းဖီးပေးချင်တယ်” ဟု ပြောခဲ့သည်ကိုလည်း အမှတ်ရသည်။ ဆံပင်ညှပ်မည်ဆိုတိုင်းလည်း သူ့ကို တိုင်ပင်မှ ကျေနပ်ခဲ့သည်။

တကျော့ပြန်၍ မြသည် အိပ်မက်မှ သူ့ကို နှိုးလိုက်ပြန်ပါပြီ။ ဖုန်းချပြီးနောက် သူသည် မျက်ရည်တွေတွေကျခဲ့သည်။ သို့ပေမယ့် သည်မျက်ရည်သည် မြအတွက် သူ ကျခဲ့သော နောက်ဆုံးသော မျက်ရည်ဖြစ်၏။

မြ ဆေးရုံတက်နေစဉ်အတွင်း ဆေးရုံသို့ သူ တစ်ခါသာ ရောက်ပါသည်။ မြ၏ ခင်ပွန်းသည်ကိုရော၊ မြ၏ သမီးလေးကိုပါ သူ အားပေးနှစ်သိမ့်ခဲ့သည်။ ရင်သားကင်ဆာကြောင့် ရင်သားတစ်ခြမ်း ဖြတ်ထုတ်ခဲ့ရပြီး ဓာတ်ကင်ပြီး ကုသော်လည်း နှစ်လအကြာတွင် မြ ဆုံးပါးလေသည်။

ဘာလိုလိုနှင့် မြ ကွယ်လွန်သည်မှာ ငါးနှစ်ရှိခဲ့ပြီ။ မြ ကြွေလွင့်ပြီးသည့်နောက်တွင်တော့ မြကို တ ပြီး သူ မငိုဖြစ်တော့ပါ။ မြနှင့် သူ့ဇာတ်လမ်းကိုလည်း အရသာခံပြီး သူ မပြောဖြစ်တော့ပါ။ မြအပေါ် သူ ဘယ်လိုမြတ်နိုးရကြောင်း စကားစရမည်ကိုပင် သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်တိုင်းတော့ အမှန်တကယ် လွမ်းရပါသည်။ သို့သော် သူသည် မြကို အိပ်မက်ထဲတွင်သာ ထားခဲ့သည်မဟုတ်၊ ထိုအိပ်မက်ကိုပါ မေ့ပြစ်လိုက်သည်ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မဖွင့်ဟဖြစ်တော့ပေ။

မြရေ… နေခဲ့တော့။

မျက်ရှု
ဇန်န၀ါရီ ၁၃၊ ၂၀၁၄ ခုနှစ်
(၂၀၁၄ ခုနှစ်၊ မတ်လ ထုတ် စုံနံ့သာမဂ္ဂဇင်းတွင် ဖော်ပြပြီး)

အဆင့်အတန်း နှင့် ရင့်ကျက်မှု ခွဲခြားခြင်းနည်းလမ်း











လူ တစ်ယောက်ရဲ့ အဆင့် အတန်းကို သူ့ရဲ့ ပညာ အရည်အချင်း နဲ့ မခွဲသလို ရင့်ကျက်မှုကိုလည်း အသက်အရွယ်နဲ့ မခွဲခြား ပါ။

သူတစ်ဦး တစ်ယောက်၏ ဆင်ခြင်တုံ၊ ကိုယ်ချင်းစာတရား တရားနှင့် သဘောထား ကြီးမြတ်မှု တို့က သာ အဆင့်အတန်းကို ခွဲခြား သွားပေးခြင်း ဖြစ်သည်။ ငွေကြေးဖြင့် ရရှိသော ဂုဏ်ပကာသန ကို ပိုင်ဆိုင် သူ ဝန်းကျင် တွင် ယင်း ငွေ နှင့် ဂုဏ်ကို လိုချင်သူ၊ အထင်ကြီး သူများသာ ဝန်းရံပြီး ယင်း အရာများ မရှိတော့ သည့် အခါ ထိုသူ အားလုံး ပျောက်ကုန် လိမ့် မည်။

ခိုးဖွက် ဖျက်စီး၍ မရသော အတတ်ပညာ မြင့်မားမှု၊ ကောင်း မွန် မြင့်မြတ်သော အကျင့် စာရိတ္တနှင့် စိတ်ထား၊ သဘောထား ကြီးခြင်း တို့က မည်သည့် အခြေ အနေ ရောက်ရောက် ပျက်ဆီး မသွား တတ်သော ဂုဏ်နှင့် ဝါ ဖြစ်ပြီး ရွှေငွေ၊ စည်းစိမ် အစရှိသဖြင့်တို့က အလိုအလျောက် ခြံရံ ကုန်သည်။

 ဖိုးသူတော်(www.phothutaw.com)
Credit : innewsmyanmar

ဥက္ကလာပ စေတီတော်ပေါ်တွင် စိတ်ကြွဆေး ရောင်းချသည့် ပန်းထိမ်ဆရာကို ဖမ်းမိ












တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပ စေတီတော်တွင် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က စိတ်ကြွဆေးပြားများ ရောင်းချနေသော ပန်းထိမ်ဆရာ တစ်ဦးထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ဗိုလ်တာရာလမ်းတွင် နေထိုင်သူ ပန်းထိမ်ဆရာ ဦးမြင့်လှကို ဥက္ကလာပ ဘုရားရင်ပြင် မြောက်ဘက်မုခ် အနီးတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြိုတင်သတင်း ရရှိထားသဖြင့် ကြိုတင် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တောင်ဥက္ကလာ (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူ စစ်ဆေးခဲ့တာ။ WY ဆေးပြား တစ်ထောင်ကျော်ကို သူ့လွယ်အိတ်ထဲက ဖမ်းဆီးရမိခဲ့တယ်။ လတ်တလော သူနဲ့ပတ်သက်ပြီး စိတ်ကြွဆေးပြား ရောင်းချသူနဲ့ သုံးစွဲသူတွေရဲ့ ကွင်းဆက်တွေကို ဆက်လက် စုံစမ်းနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ပန်းထိမ်ဆရာထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိသော ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၆ ထုပ်၊ ဆေးပြား ၅၀ ပါ တစ်ထုပ်၊ စုစုပေါင်းဆေးပြား ၁၂၅၀ နှင့်အတူ လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း၊ ပန်းထိမ်ဆရာကို တောင်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ) /၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။


  ဖိုးသူတော်(Phothutaw.com)
  Credit To : The Voice Weekly

ရှေ့တန်း စစ်စခန်းတစ်နေရာ.










ဘယ်လို အကြောင်းတရားတွေကြောင့် စစ်ထဲဝင်ဝင် သူတို့ကိုယ် သူတို့ မပိုင်တော့ပါဘူး၊ တစ်သွေးတစ်သံ တစ်မိန့်အရ ထားရာနေ စေရာသွားပါပဲ။ သူတို့တွေရဲ့ စိတ်ထဲမှာ အခြေခံဥပဒေ ပြင်ဖို့၊ မျိုးစောင့်ဥပဒေ ဆိုတာတွေထက် နယ်မြေအေးချမ်းဖို့၊ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ မိသားစုနဲ့ ပြန်ဆုံဖို့ကိုသာ စိတ်ကူးယဉ်နေကြတာပါ၊သေချာတာကတော့ ဘယ်အချိန် ပြန်ရမလဲဆိုတာ --- သူတို့ကိုယ်တိုင် မသိနိုင်ပါဘူး။

  ရှေ့တန်း စစ်စခန်းတွေ ရောက်လာတဲ့ ဓာတ်ပုံ သတင်းထောက်တွေရဲ့ အကူအညီ တောင်းမှုကြောင့် သေနတ်အစား ကင်မရာကို ပြောင်းကိုင်ပေးနေရတာပါ။ တခြားသူတွေကိုပဲ ရိုက်လာတဲ့ ဓာတ်ပုံ သတင်းထောက်တွေခမျာ တစ်နှစ်တစ်ခါ ရောက်ဖို့ မလွယ်ကူတဲ့ ရှေ့တန်းစခန်းမှာ ကိုယ်တိုင် ဓာတ်ပုံ အရိုက်ခံချင်ကြပါတယ်။

  ရှေ့တန်း စခန်းတွေအတွက် အသက်တမျှ အရေးအကြီးဆုံးက ဆက်သွယ်ရေး စက်ပါပဲ။ ကွပ်ကဲဗျုဟာနဲ့ အဆက်အသွယ် မပြတ်မှသာ စစ်ဆင်ရေး ညွှန်ကြားချက်တွေ သိရမှာ ဖြစ်သလို ရန်သူ သတင်းအချက် ရယူပြီး မြေပြင်တိုက်ပွဲ အခြေအနေကို ပြန်လည် ပေးပို့နိုင်မှာပါ။

လုံးတီးဆန်နဲ့ တောထဲက တွေ့ရတဲ့ အသီးအရွက်တွေနဲ့ပဲ ဝမ်းရေးကို ဖြေရှင်းကြရတာပါ။ စစ်ကြောင်း ချီတက်နေစဉ် အတွင်းမှာ “စားချက်” ချက်တာနဲ့ စားတာ နာရီဝက်ထက် ပိုပြီး အချိန်မရကြပါဘူး။ ရှေ့တန်း စစ်မျက်နှာမှာ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့အတွက် တပ်မတော်သားတွေဟာ ထမင်းကို စိတ်ဖြောင့်ဖြောင့် မစားနိုင်ကြပါဘူး။ စားနေရင်းနဲ့ တိုက်ပွဲ ဖြစ်နိုင်တဲ့အတွက် ဆက်သွယ်ရေးစက်၊ ကျည်ထိုးထားတဲ့ သေနတ်တွေကို အသင့်ပြင်ထားရပါတယ်။

မုတ်ဆိတ်ကျင်စွယ် ဆံပင်စုတ်ဖွားတွေ ရိတ်ဖို့ကို သူတို့ သတိမရပါဘူး။ သူတို့ ပတ်ဝန်းကျင်မှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ သတိပြုမိဖို့ အမြဲ နိုးကြားနေရတာပါ။ သတိတစ်ချက် လွတ်သွားရင် သူနဲ့ ရဲဘော်ရဲဘက်တွေ အသက်ဘေးနဲ့ တွေ့ရမှာပါ။

မြို့ကြီးပြကြီးတွေက ပြည်သူတွေ လုံလုံခြုံခြုံ နေနိုင်ရေးအတွက် ရှေ့တန်း စစ်စခန်းမှာ တာပေါ်လင်စလေး မိုးပြီး မြေပြင်ပေါ် တပ်မတော်သားတွေ ရက်ရှည်လများ အိပ်စက်ရပါတယ်။ စစ်မြေပြင်မှာ အနားရတဲ့ အချိန်လေးမှာ လက်နက်ရိက္ခာတွေ သယ်ဖို့ နှီးခြင်းတောင်းလေးကို အချိန်ယူပြီး ရက်နေရတာပါ။

ဘိန်းခင်းတွေ ဖျက်ဆီးဖို့နဲ့ သစ်ခိုးထုတ်တာတွေ တားဆီးဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ မရေတွက်နိုင်အောင်ပါ။

  ရှေ့တန်း စစ်ဆင်ရေးတွေ ပြီးလို့ နောက်တန်း ပြန်လာရင်လည်း အနားမရပါဘူး။ ပြည်တွင်း ပဋိပက္ခတွေ ထိန်းသိမ်းဖို့ လုပ်ပေးရတာပါပဲ။

ရပ်နေတဲ့သူက သတိရှိနေရလို့ ရှေ့ဆုံးကနေ သွားရတဲ့ ပွိုင့်က နိုးကြားနေရတာပါ၊ ရန်သူအလစ်ချောင်း တိုက်ခိုက် မခံရအောင်နဲ့ မိုင်းမနင်းမိရအောင် လုပ်နေရတာပါ။


ဖိုးသူတော်(Phothutaw.com)
Credit:The Voice Weekly