Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Friday, May 30, 2014

နိုင်ငံခြားသားတွေ မြန်မာအမည်ခံပြီး စီးပွားရေးလုပ်


 မြန်မာ နိုင်ငံမှာ နိုင်ငံသား အမည်ခံနဲ့ နိုင်ငံ ခြားသား ရင်းနှီး မြှုပ်နှံ သူတွေ ရှိနေ တာကို ဖေါ်ထုတ် အရေးယူ ပေးဖို့ ပြည်သူ့ လွှတ်တော်မှာ မေးခွန်း မေးမြန်း ခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူက လာရောက် ဖြေကြားခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် အမတ် သူရ ဦးအောင်ကို ကနေ မေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဘဏ္ဍဍာရေး ဝန်ကြီး ဦးဝင်းရှိန် ကနေ ပြန်လည် ဖြေကြား ခဲ့တာပါ။

စစ်ဆေးချက် အရ နိုင်ငံခြားသား ၉ ကနေ၂၁ ဦး အထိ ဟာ နိုင်ငံသား ပုံစံနဲ့ စီးပွားရေးတွေ လုပ်နေကြောင်း၊ အဲဒီ အတွက် သူတို့ကို နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု အဖြစ် ပြန် မှတ်ပုံတင် ခိုင်းတယ်လို့ ဆိုပါတယ်။

အဲဒီ သူတွေဟာ မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေတာ ဖြစ်တယ်လို့ ပြန်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းက ရှင်းပြ ပါတယ်။

သူတို့ဟာ အဝတ် အထည်ချုပ် လုပ်ငန်းတွေ အများဆုံး လုပ်ကိုင် တာကို တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေ

ထုတ်လိုက်တဲ့စည်းကမ်း လုပ်လိုက်တဲ့အစည်ဝေး ရေးလိုက်တဲ့စာတွေ ကပ်လိုက်တဲ့ကြော်ငြာ


ထုတ်လိုက်တဲ့စည်းကမ်း လုပ်လိုက်တဲ့အစည်ဝေး ရေးလိုက်တဲ့စာတွေ ကပ်လိုက်တဲ့ကြော်ငြာ ပလူပျံနေတာဘဲ.....ဘာတဲ့ နေထိုင်စားသောက်ရာတွင် အမြဲတမ်းသန့်ရှင်း သပ်ရပ်နေစေဖို့တဲ့ ....

ကဲ စပါပြီဇာတ်လမ်းက ခုမှကိုစတာ ကြုံလို့မေးပါရစေရှင်

(၁)ဒီလိုစည်းကမ်းတွေ မှုဝါဒတွေကို ဘာကြောင့်ထပ်ခါတလဲလဲ ထုပ်နေရပါသနည်း။
(၂)အဆင့်တန်းရှိသော ၀န်ထမ်းဖြစ်စေရေး၊ နေထိုင်စားသောက်ရာတွင် အမြဲတမ်းသန့်ရှင်း သပ်ရပ်နေစေရန် ဆိုသည်မှာ အဘယ်ကိုရည်ရွယ်ပါသနည်း။

(၃)သန့်ရှင်းရေး ၀န်ထမ်းများ သည် ကိုယ်လုပ်စရာရှိသော တာဝန်များကို ပါးစပ်မှ စူပွစူပွ လုပ်ပြီး စောင်းသလိုသလို ရွဲ့သလိုလို စကားများပြောပြီး အဘယ်ကြောင့်လုပ်ဆောင်နေကြပါသနည်း
(၄)ရီဆိုက်ရှင်တွင်ကပ်ထားသော စာအား စာရေးသားသူကိုယ်တိုင် စာသား၏ ဆိုလိုရင်းကို မည်သို့ မည်ပုံနားလည်ပါသနည်း။
(၅)5-1 တွင် အဘယ်ကြောင့်သန့်ရှင်းရေးမရှိဘဲပြစ်ပယ်ထားကြပါသနည်း။

အထက်ပါ အမေးရှိသည်များကို ကျွန်မကိုယ်တိုင် အမြင်ဖြင့် ပြန်လည်ဖြေဆိုကြည့်ပါရစေ
(၁) ဘုရင်တို့၏ချမှတ်ထားသောဥပဒေစည်းကမ်း ဆိုသည်မှာ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံမရှိဆိုသကဲ့သို့ အမြဲတည်တံ့ နေရမည်သာဖြစ်သော်လည်း ထပ်ခါတလဲလဲ ပြန်ပြီးပြောပြ ပြန်ပြင်နေရသည်ဟုဆိုလျှင်...စည်းကမ်းထုတ်သူများမှချို့ယွင်းချက်ရှိနိုင်သလို လိုက်နာသူများမှလဲ ဖက်မှလဲ အားနည်းချက် ရှိနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
(၂) အဆင့်အတန်းရှိသော ၀န်ထမ်းဟု သုံးနှုန်းလိုက်ခြင်းဖြင့် ယခုလက်ရှိ ရှိနေသူများမှာ အဆင်းအတန်းမရှိသော သူများဖြစ်နေသောကြောင့် သို့တည်းမဟုတ် အဆင့်အတန်းရှိသထက်ရှိစေရန် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ထမင်းစားဆောင်များ မထားရှိဘဲ နေရာတွင်ကြုံသလိုစာနေရမှတော့ အခန်းတွေမှာ ထမင်းဟင်းအနံအသက်တွေနဲ့ ဘယ်လိုသန့်ရှင်းနိုင်ပါမည်နည်း။
(၃) အဖြေသည်ရှင်းနေပေသည် အုပ်ချုပ်သူလူတန်းစားများနှင့် ၀န်ထမ်းများအား ဂရုမစိုက် ကြောက်ရွံစရာမလိုဘဲ ထင်သလိုလုပ်ချင်တိုင်းလုပ်လို့ ရနေသေးလို့ပါ
(၄) ကပ်ထားသောစာအား ထုတ်သောသူမှာ မြန်မာစာ မြန်မာစကား၏ အတိမ်အနက် ကို နားလည်တတ်ကျွမ်းသူမဟုတ် သို့တည်းမဟုတ် အထက်လူကြီး၏ခိုင်းစေချက်အား
သေချာနားလည်ဟန်မတူဘဲ မိမိ၏ စိတ်ကူးဖြင်စာရိုက်ပြီး ကပ်လိုက်ခြင်းလည်းဖြစ်နိုင်ပေသည်( Reception တွင်ရှိသော ဖုန်းများအားကုမ်ပဏီမှ မည်သည့်ဝန်ထမ်းမှ အသုံးမပြုရ) Reception တွင်ဖုန်းလက်ခံဖြေကြားပေးနေသူများသည် အဘယ်ကုမ်ပဏီမှ ၀န်ထမ်းများဖြစ်သည်ကိုသိချင်လှပါဘိ
(၅) သန့်ရှင်းရေးဝန်ထမ်း အင်အားလုံလောက်ပါသော်လည်း စီမန်ခန့်ခွဲမှု ညံ့ဖျင်းနေလို့ပေါ့

ပြောမယ်ဆို ပြောစရာတွေ တပုံကြီးပါရှင် မနက်ကလည်း
ဖေ့စ် ဘုတ်မှာစတေးတပ်တစ်ခုတွေ့လိုက်သေးတယ်
နောက်ဘုန်းကြီးက ဆယ်ချက်ခေါက်တဲ့ အဖြစ်မျိုး ဆိုလားဘာဆိုလားပေါ့

ကားကိစ္စတွေ စာရင်းစစ်ကိစ္စတွေ နောက်မှ ပြောတော့မယ်နော်
-----------------------------------------------------------------------
ကျွန်မပြောတာ တွေကခေတ်မှီဖွံဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး တည်ဆောက်ဖို့ မဟုတ်ဘူးနော် ခတ်မှီဖွံဖြိုးတိုးတက်သော လူ့ဘောင်သစ် ရုံးတော်ကြီး ဖြစ်ပေါ်လာစေဖို့ရည်ရွယ်ပြီး ပြောပြတာ

ဒါဘဲညှော် ...

Thursday, May 29, 2014

အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)


အခုရှုပ်မှနောင်ရှင်း  သရ၀ဏ်(ပြည်)  ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ကိုကျွန်တော်ကြိုက်သည် ။ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟုနာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊ သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟုကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။မေးခွန်းအနည်းငယ်ရှိသည် ။ ခုရှုပ်မှနောင်ရှင်းဆိုသလိုထိုကိစ္စများကိုသက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါကျွန်တော်သည် ပါတီထဲသို.၀င်ရန်သာရှိပါတော.သည် ။  ပထမအချက်အနေဖြင်.ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်း နှင်.ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူပဲလားဟူသောမေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ.သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေးပါတီတစ်ခုအဖြစ်သို.ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေ သည် ပါတီတစ်ခုအတွက်သုံးလို.ရမရကျွန်တော်သိချင်သည် ။ ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေးလုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်းမှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်.ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင်.ရှိမရှိ ကျွန်တော်သိလိုပါသည် ။   ဒုတိယသိလိုသည်မှာအသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းမှဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏မူလစတင်တည်ထောင်သူတစ်ယောက်အကြောင်းကိုပါတီကရှင်းပြနိုင်လိမ်.မည်ဟုယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်ဟုခေါ်သည်.နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူ၏ချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှစုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်.ဆောက်လုပ်ထားခြင်းလောမရှင်းသဖြင်.မေးချင်ပါသည် ။ သူ.ငွေဖြင်.သူဆောက်လုပ်ထားပါသည်ဟုတစ်ခွန်းဖြေလျင်ဘာမှစောဒကတက်၍ ရှေ.ဆက်မမေးတော.ပါ ။သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်.ဆောက်ထားပါသည်ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်းထမ်းတစ်ယောက်အားတာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင်ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှအနားယူသွားသောအခါ ထိုအိမ်တွင်ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်သမ္မတအဆက်ဆက်သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်မှဆင်းပေးရပါသည် ။ နောက်သမ္မတနေရန်အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် )ရှစ်နှစ်တစ်ခါ သမ္မတများပြောင်းနေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ ၀န်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။ မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ပင်စင်ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို.ပြန်အပ်ရပါသည် ။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သားတစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှတစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင်.ပြုရန်လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည် ။ အခြား အရပ်ဘက်ဝန်ထမ်းများလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀ကရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်းမကြားဖူးပါ ။ ထို.ကြောင်.တပ်ချုပ်ကြီး( ဟောင်း)၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်အိမ်လားသိလိုခြင်းဖြစ်ပါသည် ။   ဒုတိယတစ်ချက်သိလိုသည်မှာ ပင်စင်လစာကိစ္စဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သိန်းရွှေ (ငြိမ်း) ၏ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာတစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်.ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံဥပဒေအရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်တော.သောပုဂ္ဂိုလ်တစ်ယောက်၏ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများနေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီညွတ်ခြင်းရှိမရှိ ၊ဖွဲ.စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။ တစ်ဖန်နိုင်ငံရေးဆုငွေ ( အရပ်အခေါ်ဂရယ်ဂျူတီကြေး )ချီးမြှင်.ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟုသိရပါသည် ။ထိုကိစ္စသည်ကောလဟလ လားတကယ်လား သိလိုပါသည် ။ တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင်တွက်လိုက်သော တွက်နည်းစနစ်ကိုသိလိုပါသည် ။ သာမန်အားဖြင်.၀န်ထမ်းများအငြိမ်းစားယူသောအခါ Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်သိသလောက်အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည် ။  အငြိမ်းစားမယူမီနောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။   ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းေ၇ွှ၏လုပ်သက်ကို (၄၅ )နှစ်ဖြင်.စဉ်းစား၍တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀ ) ရှိပါမှ ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်.ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား ၊ထိုသို.သိန်းတစ်ရာလစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ ။ပင်စင်တွက်နည်းမှာ နောက်ဆုံးရလစာကိုလုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သားဆိုလျင် (၅၀ )နှင်.စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်.စားရပါသည် ။ တစ်လလျင်ယခင်ကလစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်နှင်.မြှောက်ကာ (၅၀ )နှင်.စားလိုက်သောအခါ သိန်း(၉၀)ရပါသည် ။တွက်နည်းတွင်တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါထပ်ထည်.လေ.ရှိရာ ဤသိန်း(၉၀ ) မှ သိန်း(၁၀၀ )ရသွားသည်ဆိုလျင် ဖြစ်နိုင်ပါသည် ။ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်စင်မယူမီကလစာမှာ တစ်လလျင် သိန်း (၁၀၀ )ဖြစ်ခဲ.လျှင်တော.ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို.ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သိလိုသည်မှာပြည်ခိုင်ဖြိုးအသင်းကြီး၏မူလတည်ထောင်သူ နာယကကြီး ဦးသန်းရွေ၏ပင်စင်မယူခင်က ခံစားခဲ.သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀ )ကျပ် ဟုတ်မဟုတ်သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကိုမည်သည်.တွက်နည်းဖြင်.တွက်လိုက်သလဲဆိုတာသိလိုပါသည် ။ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင်ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံးနှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကိုမည်သည်.အချိုးချလစာစနစ်ဖြင်. ရယူခဲ.သလဲသိလိုပါသည် ။   နောက်တစ်ခုသိလိုသည်မှာလည်းပြည်ခိုင်ဖြိုးဥက္ကဟောင်း နှင်.ဥက္ကဌသစ်၏ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည်တစ်လ ကျပ်သိန်း(၅၀ )ပင်စင်ရသည်ဟုသိရပါသည် ။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်းပင်စင်လစာ တစ်လ သိန်း (၅၀ )ဟုသိရပါသည် ။ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လလျင် သိန်း(၅၀ ) ၊ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက်လစာ တစ်လလျင် (၃၅)သိန်းရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင်ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း နှင်. လက်ရှိဥက္ကဌသစ်တို.သည်လက်ရှိရာထူးအတွက်လဲလစာယူသည် ၊တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀ ) ၊ (၃၅) သိန်းစသည်ဖြင်. နှစ်ပြန်နှစ်လဲယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်းရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကိုထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေံဥပဒေနှင်.ညီညွတ်ပါရဲ.လားဟူ၍ဖြစ်ပေသည် ။   နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင်.သက်ဆိုင်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်းလဲပါဝင်ပါသည် ။ကျွန်တော်သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသောကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.ခင်းပေးသည်လား ၊ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်.ခင်းပေးတာလားသိလိုရင်းဖြစ်သည် ။ နိုင်ငံတော်ဘဏ္ဍာဖြင်.ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက်သုံးခွင်.ရှိမရှိသိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင်ကျေးဇူးတင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ နှင်.ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူမျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ပိုင်ဆိုင်ပါသလားဟုသိချင်စိတ်လဲဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊(ဆ)ရပ်ကွက် အတွင်းမှလမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်းခင်းပေးပါသည် ။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည်.အတွက်ကျေးဇူးတုန်.ပြန်သောအနေဖြင်.လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို.၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည် ။လမ်းခင်းရန်အတွက်ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူ ဆယ်ဦးခန်.သူတို.ခေါ်သောကားဖြင်.လိုက်သွားရပါသည် ။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မှပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်.ကျွန်တော်ယနေ.အထိမရှင်းသည်မှာ ကျွန်တော်တို.လမ်းကိုကွန်ကရစ် ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင် လား ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကိုသဲသဲကွဲကွဲမဆုံးဖြတ်တတ်ပါ ။   နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်းတစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည်ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို.သွားသောအခါ အညာဒေသ (အထူးသဖြင်. )ကျောက်ပန်းတောင်းနှင်.ညောင်ဦးကြားရွာအချို.တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ် ကားလမ်းနဘေးလူမြင်သာသောနေရာများတွင်မကြာခနတွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကိုကူညီခဲ.သဖြင်. ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ.ခြင်းဖြစ်မည် ။ သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုးအမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သောကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါနိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက်မဲဆွယ်နေခြင်းဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်.ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။   နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ၀င်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦဖြစ်ပါသည် ။၂၀၁၀ေ၇ွးကောက်ပွဲတွင်မန္တလေးတိုင်းတံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီးကာမှ သမ္မတကြီးတာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်လာသူဖြစ်သည် ။ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား ၊ ပါတီမှတရားဝင်နှုတ်ထွက်လိုက်ပြီလား သိလိုပါသည် ။ ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္ကရာထူးယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍ရမရ သိလိုပါသည် ။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခနခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင်အချင်းချင်းမို.ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်းဘက်ချင်းမို.မျက်နှာသာပေးကာခေါ်သွားသည်လားသိလိုပါသည် ။   ထိုသို.တစ်ပါတီထဲမှတက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.သူတို. ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီအသာစီးရစေရန်အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီးတစ်ခုမှပါတီဝင်အချို.သည် ကြယ်ငါးပွင်.အလံများကိုကိုင်ဆောင်ခဲ.ကြသဖြင်.အလံတော်ဥပဒေအရ အရေးယူ၍ ရသည် ၊ကန်.ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်တွင်မိန်.ကြားခဲ.ပါသည် ။ ထိုအခါသတိရ၍မေးလိုသည်မှာပြည်ထောင်စုကြံခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင်တည်ဆဲသုံးရောင် ခြယ်ဲနိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုး လွှင်.ထူခဲ.ခြင်း ကိုအလံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှအရေးယူခဲ.ခြင်းရှိမရှိ သိလိုပါသည် ။   ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည် (ဥပမာ အစိုးရအဖွဲ.၀င်နိုင်ငံ.ခေါင်းဆောင်များနှင်.လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်.လွှတ်တော်တွင်ပြည်ခိုင်ဖြိုးအမတ်များကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများမဲပေးခွင်. ၊ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်.၂၀၁၅ ရွေးကောက်ပွဲတွင်ဘယ်လိုသဘောထားသည် ၊စသည်ဖြင်. ) ။ သို.သော် အလုပ်မအားသည်.ကြားထဲမှလူကြီးများခေါင်းခြောက်မည်စိုးသောကြောင်.ဤမျှသာမေးခွန်းမေးလိုက်ပါသည် ။တကယ်မရှင်း၍မေးခြင်းဖြစ်၍ရိုင်းတာပါခဲ.လျင်ခွင်.လွတ်စေချင်ပါသည် ။ကျွန်တော်သိလိုသည်များကိုတိတိကျကျ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်သိရသည်နှင်. ကျွန်တော်ကိုယ်တိုင်လည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.၀င်ပါမည် ။မိသားစုကိုလည်းဝင်စေပါမည် ။အခြားသူများကိုလည်းဝင်ဖို.တိုက်တွန်းပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေးပါခင်ဗျား ။  သရ၀ဏ်(ပြည်)  via : Ko Nyi  -
 
ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။
ကိုယ်ထင်တာကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ကိုကျွန်တော်ကြိုက်သည် ။ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟုနာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊ သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟုကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။မေးခွန်းအနည်းငယ်ရှိသည် ။ ခုရှုပ်မှနောင်ရှင်းဆိုသလိုထိုကိစ္စများကိုသက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါကျွန်တော်သည် ပါတီထဲသို.၀င်ရန်သာရှိပါတော.သည် ။
ပထမအချက်အနေဖြင်.ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်း နှင်.ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူပဲလားဟူသောမေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ.သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေးပါတီတစ်ခုအဖြစ်သို.ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေ သည် ပါတီတစ်ခုအတွက်သုံးလို.ရမရကျွန်တော်သိချင်သည် ။ ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေးလုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်းမှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်.ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင်.ရှိမရှိ ကျွန်တော်သိလိုပါသည် ။
ဒုတိယသိလိုသည်မှာအသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းမှဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏မူလစတင်တည်ထောင်သူတစ်ယောက်အကြောင်းကိုပါတီကရှင်းပြနိုင်လိမ်.မည်ဟုယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်ဟုခေါ်သည်.နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူ၏ချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှစုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်.ဆောက်လုပ်ထားခြင်းလောမရှင်းသဖြင်.မေးချင်ပါသည် ။ သူ.ငွေဖြင်.သူဆောက်လုပ်ထားပါသည်ဟုတစ်ခွန်းဖြေလျင်ဘာမှစောဒကတက်၍ ရှေ.ဆက်မမေးတော.ပါ ။သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်.ဆောက်ထားပါသည်ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်းထမ်းတစ်ယောက်အားတာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင်ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှအနားယူသွားသောအခါ ထိုအိမ်တွင်ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်သမ္မတအဆက်ဆက်သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်မှဆင်းပေးရပါသည် ။ နောက်သမ္မတနေရန်အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် )ရှစ်နှစ်တစ်ခါ သမ္မတများပြောင်းနေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ ၀န်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။ မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ပင်စင်ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို.ပြန်အပ်ရပါသည် ။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သားတစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှတစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင်.ပြုရန်လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည် ။ အခြား အရပ်ဘက်ဝန်ထမ်းများလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀ကရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်းမကြားဖူးပါ ။ ထို.ကြောင်.တပ်ချုပ်ကြီး( ဟောင်း)၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်အိမ်လားသိလိုခြင်းဖြစ်ပါသည် ။
ဒုတိယတစ်ချက်သိလိုသည်မှာ ပင်စင်လစာကိစ္စဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သိန်းရွှေ (ငြိမ်း) ၏ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာတစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်.ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံဥပဒေအရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်တော.သောပုဂ္ဂိုလ်တစ်ယောက်၏ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများနေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီညွတ်ခြင်းရှိမရှိ ၊ဖွဲ.စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။
တစ်ဖန်နိုင်ငံရေးဆုငွေ ( အရပ်အခေါ်ဂရယ်ဂျူတီကြေး )ချီးမြှင်.ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟုသိရပါသည် ။ထိုကိစ္စသည်ကောလဟလ လားတကယ်လား သိလိုပါသည် ။ တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင်တွက်လိုက်သော တွက်နည်းစနစ်ကိုသိလိုပါသည် ။ သာမန်အားဖြင်.၀န်ထမ်းများအငြိမ်းစားယူသောအခါ Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်သိသလောက်အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည် ။
အငြိမ်းစားမယူမီနောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။
ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းေ၇ွှ၏လုပ်သက်ကို (၄၅ )နှစ်ဖြင်.စဉ်းစား၍တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀ ) ရှိပါမှ ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်.ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား ၊ထိုသို.သိန်းတစ်ရာလစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ ။ပင်စင်တွက်နည်းမှာ နောက်ဆုံးရလစာကိုလုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သားဆိုလျင် (၅၀ )နှင်.စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်.စားရပါသည် ။ တစ်လလျင်ယခင်ကလစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်နှင်.မြှောက်ကာ (၅၀ )နှင်.စားလိုက်သောအခါ သိန်း(၉၀)ရပါသည် ။တွက်နည်းတွင်တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါထပ်ထည်.လေ.ရှိရာ ဤသိန်း(၉၀ ) မှ သိန်း(၁၀၀ )ရသွားသည်ဆိုလျင် ဖြစ်နိုင်ပါသည် ။ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်စင်မယူမီကလစာမှာ တစ်လလျင် သိန်း (၁၀၀ )ဖြစ်ခဲ.လျှင်တော.ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို.ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သိလိုသည်မှာပြည်ခိုင်ဖြိုးအသင်းကြီး၏မူလတည်ထောင်သူ နာယကကြီး ဦးသန်းရွေ၏ပင်စင်မယူခင်က ခံစားခဲ.သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀ )ကျပ် ဟုတ်မဟုတ်သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကိုမည်သည်.တွက်နည်းဖြင်.တွက်လိုက်သလဲဆိုတာသိလိုပါသည် ။ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင်ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံးနှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကိုမည်သည်.အချိုးချလစာစနစ်ဖြင်. ရယူခဲ.သလဲသိလိုပါသည် ။
နောက်တစ်ခုသိလိုသည်မှာလည်းပြည်ခိုင်ဖြိုးဥက္ကဟောင်း နှင်.ဥက္ကဌသစ်၏ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည်တစ်လ ကျပ်သိန်း(၅၀ )ပင်စင်ရသည်ဟုသိရပါသည် ။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်းပင်စင်လစာ တစ်လ သိန်း (၅၀ )ဟုသိရပါသည် ။ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လလျင် သိန်း(၅၀ ) ၊ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက်လစာ တစ်လလျင် (၃၅)သိန်းရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင်ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း နှင်. လက်ရှိဥက္ကဌသစ်တို.သည်လက်ရှိရာထူးအတွက်လဲလစာယူသည် ၊တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀ ) ၊ (၃၅) သိန်းစသည်ဖြင်. နှစ်ပြန်နှစ်လဲယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်းရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကိုထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေံဥပဒေနှင်.ညီညွတ်ပါရဲ.လားဟူ၍ဖြစ်ပေသည် ။
နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင်.သက်ဆိုင်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်းလဲပါဝင်ပါသည် ။ကျွန်တော်သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသောကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.ခင်းပေးသည်လား ၊ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်.ခင်းပေးတာလားသိလိုရင်းဖြစ်သည် ။ နိုင်ငံတော်ဘဏ္ဍာဖြင်.ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက်သုံးခွင်.ရှိမရှိသိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင်ကျေးဇူးတင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ နှင်.ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူမျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ပိုင်ဆိုင်ပါသလားဟုသိချင်စိတ်လဲဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊(ဆ)ရပ်ကွက် အတွင်းမှလမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်းခင်းပေးပါသည် ။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည်.အတွက်ကျေးဇူးတုန်.ပြန်သောအနေဖြင်.လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို.၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည် ။လမ်းခင်းရန်အတွက်ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူ ဆယ်ဦးခန်.သူတို.ခေါ်သောကားဖြင်.လိုက်သွားရပါသည် ။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မှပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်.ကျွန်တော်ယနေ.အထိမရှင်းသည်မှာ ကျွန်တော်တို.လမ်းကိုကွန်ကရစ် ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင် လား ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကိုသဲသဲကွဲကွဲမဆုံးဖြတ်တတ်ပါ ။
နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်းတစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည်ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို.သွားသောအခါ အညာဒေသ (အထူးသဖြင်. )ကျောက်ပန်းတောင်းနှင်.ညောင်ဦးကြားရွာအချို.တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ် ကားလမ်းနဘေးလူမြင်သာသောနေရာများတွင်မကြာခနတွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကိုကူညီခဲ.သဖြင်. ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ.ခြင်းဖြစ်မည် ။ သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုးအမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သောကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါနိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက်မဲဆွယ်နေခြင်းဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်.ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။
နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ၀င်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦဖြစ်ပါသည် ။၂၀၁၀ေ၇ွးကောက်ပွဲတွင်မန္တလေးတိုင်းတံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီးကာမှ သမ္မတကြီးတာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်လာသူဖြစ်သည် ။ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား ၊ ပါတီမှတရားဝင်နှုတ်ထွက်လိုက်ပြီလား သိလိုပါသည် ။ ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္ကရာထူးယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍ရမရ သိလိုပါသည် ။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခနခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင်အချင်းချင်းမို.ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်းဘက်ချင်းမို.မျက်နှာသာပေးကာခေါ်သွားသည်လားသိလိုပါသည် ။
ထိုသို.တစ်ပါတီထဲမှတက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.သူတို. ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီအသာစီးရစေရန်အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီးတစ်ခုမှပါတီဝင်အချို.သည် ကြယ်ငါးပွင်.အလံများကိုကိုင်ဆောင်ခဲ.ကြသဖြင်.အလံတော်ဥပဒေအရ အရေးယူ၍ ရသည် ၊ကန်.ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်တွင်မိန်.ကြားခဲ.ပါသည် ။ ထိုအခါသတိရ၍မေးလိုသည်မှာပြည်ထောင်စုကြံခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင်တည်ဆဲသုံးရောင် ခြယ်ဲနိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုး လွှင်.ထူခဲ.ခြင်း ကိုအလံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှအရေးယူခဲ.ခြင်းရှိမရှိ သိလိုပါသည် ။
ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည် (ဥပမာ အစိုးရအဖွဲ.၀င်နိုင်ငံ.ခေါင်းဆောင်များနှင်.လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်.လွှတ်တော်တွင်ပြည်ခိုင်ဖြိုးအမတ်များကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများမဲပေးခွင်. ၊ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်.၂၀၁၅ ရွေးကောက်ပွဲတွင်ဘယ်လိုသဘောထားသည် ၊စသည်ဖြင်. ) ။ သို.သော် အလုပ်မအားသည်.ကြားထဲမှလူကြီးများခေါင်းခြောက်မည်စိုးသောကြောင်.ဤမျှသာမေးခွန်းမေးလိုက်ပါသည် ။တကယ်မရှင်း၍မေးခြင်းဖြစ်၍ရိုင်းတာပါခဲ.လျင်ခွင်.လွတ်စေချင်ပါသည် ။ကျွန်တော်သိလိုသည်များကိုတိတိကျကျ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်သိရသည်နှင်. ကျွန်တော်ကိုယ်တိုင်လည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.၀င်ပါမည် ။မိသားစုကိုလည်းဝင်စေပါမည် ။အခြားသူများကိုလည်းဝင်ဖို.တိုက်တွန်းပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေးပါခင်ဗျား ။
သရ၀ဏ်(ပြည်)
via : Ko Nyi

ဒီပဲယင်း ၁၁နှစ်ပြည့် အခမ်းအနား ဒီပဲယင်းမြို့နယ် ကျည်ရွာတွင် ပြုလုပ်မည်

ရန်ကုန်၊ မဇ္ဈိမ။              ။
ဒီပဲယင်း ၁၁ပြည့်အခမ်းအနားကို မေလ ၃ဝရက်တွင်  ဒီပဲယင်းမြို့နယ်၊ ကျည်ရွာတွင် မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ်ပါတီ (NLD)နှင့် ဒေသခံများက ပူးပေါင်း၍ ပြုလုပ်သွားမည်ဟု စစ်ကိုင်းတိုင်း NLD သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမှတ်ကြီးက မဇ္ဈိမကိုပြောသည်။
ထိုနေ့တွင် သံဃာတော်များကို ဆွမ်းကပ်ခြင်းနှင့် ဒီပဲယင်းဖြစ်ရပ်တွင် ကိုယ်တွေ့ကြုံခဲ့ရသူ နိုင်ငံရေး သမားများ နှင့် ဒေသခံရွာသားများက အတွေ့အကြုံများကို ပြန်လည်မျှဝေ ဆွေးနွေးကြမည် ဖြစ်သည်။
ကိုမှတ်ကြီး က"ဒီပဲယင်းအရေးအခင်းကို ကြုံခဲ့ရသူတွေက ခုထိ ဒီနယ်တဝိုက်မှာ အများကြီး ရှိနေတော့ ဒီပွဲမှာ သူတို့တွေလည်း လာကြမှာပါ” ဟု ပြောသည်။
ရန်ကုန်မြို့တွင်မှု ဒီပဲယင်း ၁၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်ရန် အစီအစဉ် မရှိဟု ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ သတင်းနှင့်ပြန်ကြားရေး ဒုတိယတာဝန်ခံ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။
၂ဝဝ၃ ခုနှစ် မေလ ၆ ရက်က စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နယက ဦးတင်ဦး နှင့် ပါတီဝင်များက အထက်မြန်မာပြည် ပါတီစည်းရုံးရေးခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့သို့ သွားရောက်ခဲ့ကြသည်။
ထိုစဉ်က မေလ ၃ဝရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့အနီး ကျည်ရွာသို့ ရောက်ရှိစဉ် ယခင် စစ်အစိုးရ အဖွဲ့ဝင်များ၏ လက်အောက်ခံလူများက ဝိုင်းဝန်းတိုက်ခံခြင်းကြောင့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ အမြောက်အများရှိခဲ့ပြီး ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်နဲ့ အပေးအယူ လုပ်ဖို့ လိုသလား

စစ်တပ်, ဖွဲ့စည်းပုံ ပြင်ရေး, တပ်မတော်, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, NLD , ၈၈ မျိုးဆက်ကျောင်းသား, ပြည်ထောင်စုလွှတ်တော်, အမျိုးသားနိုင်ငံရေး, ပုဒ်မ ၄၃၆, ပုဒ်မ ၅၉ (စ)

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင် ရေး အထူးအစည်းအဝေးတွေမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးတွေကို မူအားဖြင့် သဘောတူညီမှု တွေ ရှိလာပေမယ့် တပ်မတော်ကို  အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍက ထုတ်ပစ်ဖို့ ဆိုတဲ့အချက်ကို ပြင်ဆင် ရေး ဆွေးနွေးမှုတွေမှာ  အငြင်းပွားမှု ရှိနေတာမို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော် နဲ့ အပေးအယူ မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။
လွှတ်တော်အမတ် ၃၁ ဦးနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော် ဖွဲ့စည်းပုံပြင်ရေး ကော်မတီက အခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိကျတဲ့  ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ နိုင်ငံခြားသား သားသမီးနဲ့ခင်ပွန်း ရှိသူတွေ နိုင်ငံတော် သမ္မတဖြစ်ခွင့် မရှိဆိုတဲ့ ပုဒ်မ ၅၉ (စ) ပြဋ္ဌာန်းချက် ပါ အချက်အလက်တချို့ကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ခံယူဖို့ရှိပါတယ်။
ဒါပေမယ့်  အခြေခံဥပဒေမှာ  ပြဋ္ဌာန်းထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ ပြင်ဆင်ဖို့မှာတော့  အာဏာရ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တွေကြားမှာတင် သဘောထား ကွဲလွဲမှု တွေ ရှိနေတာမို့ တပ်မတော်နဲ့ အပေး အယူ လုပ်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အရေးကြီးသော အစိတ်အပိုင်း တချို့ကို ပြင်ဆင် နိုင်မယ့် အခြေအနေကို ဆိုက်ရောက်လာပါတယ်။
လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ သဘောတူညီလိုက်ပြီးတဲ့နောက် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတ ဖြစ်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ကိစ္စကို  လာမယ့် ဇွန်လမှာ ဆွေးနွေး ဆုံးဖြတ် ကြဖို့ရှိပြီး လတ်တလောမှာတော့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေက  ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်တချို့ကို  ပြင်ဆင် ပေးဖို့ တော့ သဘောတူညီထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ညွှန်ကြား ထားတာမို့ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်ဘက် အမြန်ဆောင်ရွက်လာပေမယ့် လက်ရှိ အနေအထားမှာအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေက ပြင်ဆင်ချင်တဲ့ ပြဋ္ဌာန်းချက်တွေ ပြင်ဆင် နိုင်မယ့် အလားအလာမရှိသလို တပ်မတော်နဲ့ အပေးအယူ ဆန်ဆန် သဘောမျိုး လွှတ်တော်ထဲမှာ လုပ်ဆောင် ရမယ့် ပုံစံ ရှိတယ် လို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ကျင်းပနေတဲ့ အစည်း အဝေးတွေမှာ စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ အခွင့်အရေးတွေကို ဆက်လက် ချုပ်ကိုင်ထားမယ်ဆိုတဲ့ သဘောထား တွေ ပြသခဲ့ပြီး ပုဒ်မ ၄၃၆  ပြင်ဆင်ဖို့ကိုတော့ သဘောတူညီလာတယ်လို့ သိရပါတယ်။  ဒါပေမယ့် အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်ခြင်း အစား သမ္မတသည် လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးရဲ့ အကြီးအကဲဆိုတဲ့ ပြဋ္ဌာန်းချက်ကိုတော့ လုံးဝ ပြောင်းလဲ ချင်တဲ့ ဆန္ဒ စစ်တပ်မှာ မရှိဘူးလို့ သိရပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီမှာပါဝင်တဲ့ လွှတ်တော်အမတ် တချို့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတ လက် အောက် မှာ ထားရှိဖို့ ဆိုတဲ့ ပြဋ္ဌာန်းချက် ထည့်သွင်းပြီး ဖွဲ့စည်းပုံ ပြင်ဖို့ တင်ပြ တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် အဲဒီ တင်ပြမှု ပယ်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မေလ ၁၉ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ တောက်လျှောက် ကျင်းပခဲ့တဲ့ လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ် ပြည်ထောင်စု စနစ် ထည့်သွင်းဖို့ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှုရှိမှ ပြင်ဆင်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အစား လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ ဟု ထောက်ခံရင် ပြင်ဆင်နိုင်တယ်ဆိုပြီး ပြောင်းလဲ ပြဋ္ဌာန်းဖို့၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် အစား ပါတီစုံ ဒီမိုကရေစီ စနစ် လို့ ပြောင်းလဲဖို့ ဆိုတဲ့ သဘောတူညီချက်တွေ ရရှိထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးတင်မောင်ဦးက “ အင်ဒိုနီရှားမှာလည်း တပ်က တဖြည်းဖြည်း နောက်ဆုတ် သွား တာ ပဲ။ ဒီမှာလည်း တည်ငြိမ်လာရင် လျော့ပေးသွားမှာပေါ့။  ပြင်ဆင်သင့်တာတွေ အားလုံး ပြင်ဆင်ပေးသွားမယ်။ ဖက်ဒရယ်မူ ဆိုတာ တချို့က ခွဲထွက်ခြင်းလို့ ပြောတယ်။ တပ်မတော်အစိုးရ ကလည်း အဲဒီလို မြင်ခဲ့တာပေါ့လေ။ ဖက်ဒရယ် က ခွဲထွက်ခြင်း မဟုတ်ပါဘူး။ ဖက်ဒရယ် ဆိုတာက လေ့ကျင့်ပျိုးထောင်ရင်း လှုပ်ရှားရင်းနဲ့မှ ပေါ်လာမယ့် မူတွေ ဖြစ်ပါတယ် ”လို့ ဆိုပါတယ်။
လတ်တလော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ပုဒ်မ ၄၃၆ ပြင်ဆင် နိုင်ဖို့ ဟောပြောပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်လက် ကျင်းပနေပြီး ဖွဲ့စည်းပုံ ပြင်ရေး ထောက်ခံ လက်မှတ် တွေ စုဆောင်းနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ပြောရေးဆုခွင့်ရှိသူ ဦးဥာဏ်ဝင်းက NLDအနေနဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ဖို့  လွှတ်တော်ကော်မတီသို့ တင်ပြထားတဲ့ အချက်ပေါင်း ၁၆၈ ချက် ပါဝင်ပြီး တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ မပါဝင်ဖို့ ဆိုတဲ့ အချက် ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး တွေပါ အပါအ၀င်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ အတိုးအလျော့ လုပ်ဖို့ မရှိကြောင်း ပြောဆိုပါတယ်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ကျနော်တို့က ရသမျှတော့ အကုန်လိုချင်တယ်။ အတိုးအလျှော့လည်း မလုပ်နိုင်ဘူး”လို့ ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။
တပ်မတော်အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ သဘောတူတယ်ဆိုရင် အပြောင်းအလဲ တွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ နောက်ဆုံးမှာ တပ်မတော်က ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေပေါ် မူတည်ပြီး သဘောထား ပြောင်းလဲ လာမယ်လို့ ယုံကြည်ကြောင်း  ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောသည်။
“ကျနော်တို့ကတော့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံ စစ်စစ်ဖြစ်ချင်တာ။ ဒါပေမယ့် လက်တွေ့နိုင်ငံရေးက အဲဒီလောက် အခြေအနေ မပေးသေးတဲ့ အတွက် တဆင့်ချင်း ပြောင်းလဲလာမယ်ဆိုရင်လည်း လက်ခံပေးရမှာပဲ။ ကျနော်တို့ တောင်းဆိုနေတဲ့ ၄၃၆ ကို ပြင်လိုက်နိုင်ခြင်း အားဖြင့် လွှတ်တော်ထဲမှာ ကျန်တဲ့ပုဒ်မတွေပြင်ဖို့ လမ်းပွင့်သွားလိမ့်မယ်”လို့ ကိုမြအေးက သုံးသပ်ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက လက်ရှိမှာ NLD နဲ့ ၈၈ တွေ တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအားလုံး  ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘဲ လတ်တလော ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင် ပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေကလည်း လွှတ်တော်ထဲမှာ လက်တွေ့ ဖြစ်လာနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
“တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စ ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ ဥပဒေပြုရေး အပိုင်း တွေကိုပဲ ပြင်ပေးလိမ့်မယ်။ကျန်တဲ့ ပြဋ္ဌာန်းချက်တွေက  ပြင်လို့ရမှာ မဟုတ်ဘူးလို့ မြင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ  အာဏာရ ကြံခိုင်ရေးပါတီနဲ့ စစ်တပ်က ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) တို့ကို ပြင်ဆင်ပေးမယ်ဆိုရင် တပ်မတော်အနေနဲ့ နိုင်ငံရေးမှ သိက္ခာရှိရှိ ဆုတ်ခွာမယ့် သဘောလို့ ယူဆနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
“နှစ်ဖက်စလုံးက အလျှော့အတင်းဆိုတာမျိုး ရှိသင့်တယ်။ တဖက်တည်းက သိပ်တင်းနေလို့ မရဘူး။ အခုတပ်မတော်က လည်း ဒီမိုကရေစီ ထူထောင်ရာမှာ ပါခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီ ရင့်သန်လာတဲ့အခါ အရပ်သားဆီကို တဖြည်းဖြည်း အာဏာပြန်လွှဲသွားတာမျိုး လုပ်ပြီး နိုင်ငံရေးကနေ သိက္ခာရှိရှိ နောက်ဆုတ်သွားတာမျိုး လုပ်နိုင်ရင် သိပ်ကောင်းတယ် ” လို့ ဦးဖြိုးမင်းသိန်းက ပြောဆိုပါတယ်။
လွှတ်တော်ဖွဲ့စည်းပုံပြင်ရေး ကော်မတီ နဲ့ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက ပုဒ်မ ၄၃၆ ပြင်ဆင်ပေးမယ်၊ ပုဒ်မ ၅၉ (စ) ပြင်ဖို့ရှိတယ်၊ တပ်မတော် အခန်းကဏ္ဍကို ပြောင်းလဲဖို့ရှိတယ်ဆိုပြီး မီဒီယာတွေမှာ ပြောဆိုနေတာတွေက တကယ် လက်တွေ့ဖြစ်လာဖို့ စောင့်ကြည့်ရမှာဖြစ်သလို NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုတွေကို အရှိန်လျှော့ကျအောင် ချွေးသိပ်တဲ့ ပြောဆိုမှုတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမား တချို့က သုံးသပ်ပါတယ်။
တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ တွင်တွင်ကျယ်ကျယ် ပြောဆိုနေတာမို့ ဖွဲ့စည်းပုံ ပြင်ရေး တပ်မတော်နဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့ သုံးသပ်ချက်တွေက လက်တွေ့ဖြစ်လာဖို့ မလွယ်ပေမယ့် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုတွေအားလုံး ကြိုးစားသင့်တဲ့ တိုင်းပြည် အထိမနာစေမယ့် လမ်းကြောင်းဖြစ်သလို တပ်မတော်အနေနဲ့လည်း ပြည်သူ့မျက်နှာ၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို ကြည့်လို့ နိုင်ငံရေးကနေ တဖြည်းဖြည်း စစ်တန်းလျား ပြန်လည် ဆုတ်ခွာရေး လမ်းစဉ် ကျင့်သုံးသင့်တယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြော ဆိုပါတယ်။

ယူနီဆက်ဖ် ရန်ကုန်ရုံး ငှားရမ်းခ သတင်း နောက်ကွယ်



ယူနီဆက်ဖ်, ကုသမဂ္ဂ, အိမ်ခြံမြေဈေး, မူးယစ်ရာဇာ, ခရိုနီ, ငွေကြေးခ၀ါချခြင်း, စစ်ဗိုလ်ချုပ်ဟောင်းများ, ကုသမဂ္ဂ,
ပုံပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အပါအ၀င် အပြည်ပြည်ဆိုင်ရာ အေဂျင်စီများ၏ ရုံးများလည်း ယူနီဆက်ဖ်ကဲ့သို့ ဈေးကြီးပေး ငှားရမ်းရသည်ဟု သတင်းများ ထွက်နေသည်။  (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ယူနီဆက်ဖ်လို့ အများခေါ်တဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ရဲ့ ရန်ကုန်ရုံးဟာ ယခင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အိမ်ဖြစ်ပြီး ငှားရမ်းခဟာ မတန်တဆ ဈေးကြီးပေးနေရတယ်လို့ ပြီးခဲ့တဲ့ အပတ် ဧရာဝတီက သတင်း ရေး ခဲ့တယ်။
မကြာပါဘူး၊ ယူနီဆက်ဖ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်း ခြံအမှတ် ၂၃/အေ ကို တလ အမေရိကန်ဒေါ်လာ ၈၇၀ဝ၀ (မြန်မာငွေ သိန်း ၈၈၀ ခန့်) ပေးရပြီး ၇ နှစ် ငှားရမ်းဖို့ စာချုပ်ချုပ်ခဲ့ကြောင်း၊ ဦးညွန့်တင်ဟာ လတ်တလော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်သူ၊ ဒဏ်ခတ်ပိတ်ဆို့ ခံထားရသူ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ တယ်။
ကျနော်တို့ သတင်းက ယူနီဆက်ဖ် ငွေတွေ အကြီးအကျယ် သုံးနေတာကို ရည်ရွယ်ရုံလို့ စာဖတ်သူများ မှားပြီး ယူဆနိုင်ပါတယ်။ သတင်းဟာ စစ်တပ်က ချုပ်ကိုင်ထားပြီး ခြစား ယိုယွင်းနေတဲ့ စီးပွားရေး စနစ်ကို ထောက်ပြချင်တာလည်း ဖြစ်တယ်။
သိကြတဲ့ အတိုင်း မြန်မာပြည်မှာ ကောင်းပေ့ဆိုတဲ့ အိမ်ခြံမြေ နေရာနဲ့ တိုက်တာ အဆောက်အအုံ အများစုဟာ စစ်ဗိုလ်ချုပ်ဟောင်း တွေ၊ စစ်အုပ်ချုပ်ရေးနဲ့ နီးစပ် ပတ်သက်သူ စီးပွားရေး ခရိုနီတွေ၊ မူးယစ်ရာဇာဟောင်းတွေ ပိုင်ဆိုင်ထားကြ တာပါ။ အခု တိုင်းပြည် ဒီမိုကရေစီ အကူးအပြောင်းမှာ ဒွန်တွဲပါလာတဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ဝင်လာတာ၊ အလျင်အမြန် စီးပွားရေး တံခါး ဖွင့် လိုက်တာတွေ ကနေ အကျိုးအမြတ်တွေကို သူတို့ခံစားနေကြပါပြီ။
ယူနီဆက်ဖ်နဲ့ အခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့တွေဟာ ဆင်းရဲသား ဒုက္ခသည်တွေနဲ့ ကလေးငယ်တွေကို ကူညီဖို့ မြန်မာပြည် ရောက်လာသူတွေ ပါ။ သူတို့ ရည်ရွယ်ချက် မွန်မြတ် ပါတယ်။ ဒါပေမယ့် မြန်မာ စစ်ဗိုလ်ချုပ်တွေ ဦးစီးတဲ့ စီးပွားရေး စနစ်မှားကို ဆန္ဒရှိရှိ မရှိရှိ ရှောင်မလွတ်တော့ပါ။ အရပ်သား အသွင်ဆောင် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ စည်းမျဉ်းတွေထဲက သူတို့ အလုပ်လုပ်ရ တော့တယ်။
အခု ယူနီဆက်ဖ်က ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အပျံစား ခြံကြီးကို ဈေးကြီးပေး ငှားတယ်။ တချိန်တည်း မြန်မာ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ ဘာတွေကို ဦးစားပေးသင့်သလဲ ဆိုတာ အစိုးရကို အကြံပေးတယ်။ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာ “မြန်မာ့သယံ ဇာတများမှ ဝင်ငွေကို နေရာချ သုံးစွဲရန် စဉ်းစား ဆုံးဖြတ်ရာတွင် ကလေးငယ်များအား ပထမ ဦးစား ပေးပါရန် မြန်မာအစိုးရနှင့် လွှတ်တော်များသို့ တိုက်တွန်းအပ်ပါသည်” လို့ ယူနီဆက်ဖ်က ရေးခဲ့တယ်။
အစီရင်ခံစာမှာ “အိုင်အမ်အက်ဖ်၏ အချက်အလက် များအရ  ကျန်းမာရေးနှင့် ပညာရေး အတွက် မြန်မာ့ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း အောက်သာ လျာထားခဲ့သည်” လို့လည်း ရေးထားတယ်။ “ယူနီဆက်ဖ် အနေဖြင့် လက်ရှိ မြန်မာ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ကို အခိုင်အမာ ထောက်ခံသလို ကလေးငယ်တွေ အတွက် ပိုသုံးစွဲဖို့ အချိန်ကောင်းကလည်း အခုချိန်ပင်” လို့ ယူနီဆက်ဖ်ရဲ့ မြန်မာပြည် ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘာထရန် ဘိန်းဗဲလ်က အစီရင်ခံစာမှာ ပြောခဲ့သေးတယ်။
ဘယ်လိုပဲပြောပြော၊ မြန်မာပြည် တံခါးဖွင့်ချိန် ကစပြီး ကုလသမဂ္ဂ ရုံးတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေ၊ အသစ် တိုးချဲ့လာတဲ့ သံ တမန်တွေဟာ တလ ဒေါ်လာ သောင်းချီပေးပြီး ကောင်းပေ့ညွန့်ပေ့ ဆိုတဲ့ အိမ်ခြံကျယ်ကြီးတွေကို ငှားကြတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။
သူတို့တွေဟာ အရင်က (အခု ဆူးလေရှန်ဂရီလာ ဟိုတယ်လို့ အမည်ပြောင်းထားတဲ့)  ထရိတ်ဒါး ဟိုတယ်မှာ အခြေချခဲ့ကြပြီး တိုးရစ်တွေ တည်းခိုမှု များပြားလာတာကြောင့် ဟိုတယ်ကနေ မနှစ်ကမှ ရွှေ့ခဲ့ရတယ်။
နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ များလာတာကလည်း အဆင့်မြင့်ရုံးနဲ့ ရုံးခန်းတွေ တောင်းဆိုမှု တဟုန်ထိုး မြင့်လာစေတယ်။ ရန်ကုန်မှာ ဒီလို နေရာမျိုး ကလည်း ရှားတယ်။ ဝန်ဆောင်မှု ပါတဲ့ အိမ်ခန်းတွေ ဈေးကွက်ထဲ ရှားပါးတာက ရန်ကုန်မှာ အခြေစိုက် မယ့် နိုင်ငံခြားသားတွေကို မတန်တဆ ဈေးကြီးပေးရတဲ့ စံအိမ်ကြီးတွေ ငှားဖို့ တွန်းအားပေးသလို ဖြစ်နေခဲ့တယ် လို့ လေ့လာ သုံး သပ်သူတွေက ပြောကြတယ်။
ဒီလိုနဲ့ ၂ နှစ် အတွင်း ရန်ကုန်က အချက်အခြာကျတဲ့ နေရာတွေက ရုံးခန်းဈေးတွေ ခုန်ပျံတက်ကုန် ကြတယ်။ ရန်ကုန်မြို့လယ်က ရုံးခန်းငှားခဟာ ၁ ပေ ပတ်လည်ကို အမေရိကန် ၁၀၆ ဒေါ်လာပေးရတာမို့ နယူးယောက် မြို့လယ် မန်ဟတ်တန်က ထက်တောင် ဈေး၂ ဆ ကြီးနေတယ်လို့ ကမ္ဘာ့စီးပွားရေး ထိပ်တန်းသတင်းစာ ဝေါစထရိ ဂျာနယ်က မနှစ်က ရေးခဲ့တယ်။
ဒီလို ရန်ကုန် အိမ်ခြံမြေ ရုံးခန်းဈေးတွေ မိုးပျံ သွားတာ ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့အပေါင်းအပါတွေ အိတ်ဖောင်းစရာ ဖြစ်လာပါ တော့တယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မိသားစုအပါအဝင် လက်ရှိ စစ်ဗိုလ်ချုပ်တွေရော လက်ဟောင်း စစ်ဗိုလ်ချုပ် ဟောင်းတွေရော ရန်ကုန်နဲ့ အခြားနေရာတွေမှာ အိမ်ခြံမြေ အမြောက်အမြား ပိုင်ဆိုင်ထား ကြတာကိုး။
မြန်မာပြည် အရှေ့မြောက်ပိုင်း တောင်တန်း တွေပေါ်က ဆင်းလာကြတဲ့ မူးယစ်ရာဇာတွေလည်း အကျိုးခံစား ရတယ်။ ၁၉၉၀ ပြည့်နှစ်တွေ ကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းက ရလာတဲ့ ငွေမည်းတွေဟာ အိမ်ခြံမြေတွေ ဝယ်ရောင်းတာကနေ ငွေဖြူဖြစ်နေ ကြ တယ်လို့ အနောက်တိုင်း အစိုးရတွေနဲ့ ငွေကြေး စောင့်ကြည့်ထိန်းချုပ် သူတွေက စွဲချက် တင်လာခဲ့ကြတယ်။ တကယ်တမ်းလည်း ငွေ အကြီးအကျယ်လိုခဲ့တဲ့ ယခင်စစ်အစိုးရဟာ ငွေမည်းတွေနဲ့ တိုင်းပြည် စီးပွားရေးကို ကျားကန်ခဲ့တယ်။
အခု လတ်တလောမှာလည်း မြန်မာနိုင်ငံဟာ တံခါးကို အလျင်အမြန် ဖွင့်ပေမယ့် တရားဥပဒေ စိုးမိုးမှုမရှိ၊ သယံဇာတကြွယ်ဝ ချမ်း သာမှုက ဟန်ချက် မညီတဲ့ စီးပွားရေးကို ကြီးထွားလာအောင်လုပ်၊ သူဌေးတွေ၊ အာဏာရှိသူတွေသာ အကျိုးဖြစ်စေတဲ့ အိမ်ခြံမြေ ဈေးကွက်ထဲ ငွေအလုံးအရင်း ပေါ်အောင် လုပ်တတ်ကြတဲ့ အင်ဂိုလာလို ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေရဲ့ ဥပမာနောက်ကို လိုက် နေ တာပါ။
Eden Group က စီအီးအိုလည်းဖြစ် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးချစ်ခိုင်က ရန်ကုန် အိမ်ခြံမြေဈေးတွေ မြောက်နေတာ ရပ်သွားဖို့လမ်းစ မမြင်ဘူးလို့ ကျနော့်ကို ပြောတယ်။ “ဈေးတွေ ကျဖို့ မရှိဘူး”လို့ သူက ပြောတော့ ကျနော်က “ဘယ်သူတွေများ အဲဒီအိမ်တွေကိုပိုင်ကြ တာလဲ” လို့ မေးလိုက်တယ်။ သူက ရယ်ပြီး “အဖြေကို ခင်ဗျားသိပါတယ်” လို့ ပြန်ဖြေ တယ်။
ယူနီဆက်ဖ်က ၂၀၁၃ ခုနှစ် အောက်တိုဘာလ မှာ စငှားတဲ့ ပေ ၃၃၀ဝ ကျယ်တဲ့ အင်းလျားမြိုင် စံအိမ်ကြီး ကတော့ အရင် စစ်အစိုး ရ အဖွဲ့ထဲမှာ လယ်/ဆည် ဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဦးညွန့်တင် ပိုင်ပါတယ်။ ဈေးကွက် ပေါက်ဈေး အမေရိကန် ဒေါ်လာ ၂၇ သန်း (မြန်မာငွေ သိန်းပေါင်း ၂ သိန်းခွဲ) ရှိတယ်လို့ အိမ်ပွဲစားတွေက ဆိုကြတယ်။ သတင်း ရင်းမြစ် အတော်များများက ယူနီဆက်ဖ်ဟာ ဒီအိမ်ကို တလ ဒေါ်လာ ၈ သောင်း နဲ့ ၉ သောင်းကြား ပေးရတယ်လို့ ဧရာဝတီကို ပြောကြတယ်။
ဧရာဝတီရဲ့ သတင်းပါလာပြီး ယူနီဆက်ဖ်က ပျော့ပြောင်းတဲ့ လေသံနဲ့ တရားဝင် ကြေညာချက် ထုတ်ပြန်တယ်။ ဒါပေမယ့် ငှားရမ်းခ အတိအကျကို မဖော်ပြတဲ့ အပြင် အမြင်ဆန်းတဲ့ စကားလုံးတွေ သုံးနှုန်းထားခဲ့တယ်။
“လက်ရှိဈေးကွက် ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျနော်တို့ ညှိနှိုင်းခဲ့တဲ့ ဈေးဟာ သင့်တင့်တယ်လို့ ကျနော်တို့ ယုံကြည် တယ်။ ဒီဈေးနှုန်းကလည်း ကျနော်တို့ ပေးချင်တာထက်တော့ များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ အပေးအယူ ဖြစ်ပြီး ကျနော်တို့ ရှာဖွေတဲ့ အထဲက အကောင်းဆုံး နေရာပါ” လို့ ယူနီဆက်ဖ်ရဲ့  မြန်မာပြည် ဌာနေ ကိုယ်စားလှယ်က ရေးတယ်။
ကောင်းတဲ့ အပေးအယူ ဆိုတာ အတိုးအလျှော့ ဆစ်ရတာကို ဆိုလိုတာလား၊ ပိုက်ဆံတွေ အများကြီးပေးရတာကို ဆိုလိုတာလား၊ မရှင်းလင်းပါ။
ဒီသတင်း ပြည်တွင်းပြည်ပ သတင်းတွေမှာ ပါလာပြီး ရန်ကုန် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ယူနီဆက်ဖ်ရဲ့ လစာနှုန်း ထားနဲ့ ကောင်းတဲ့ အပေးအယူအကြောင်း ပွင့်လင်းမြင်သာအောင် အသေးစိတ် ပြောဆိုဖို့ ဝိုင်း ဖိအားပေးခံရတဲ့နောက် ယူနီဆက်ဖ် က ကြေညာချက် နောက်တစောင်ထပ် ထုတ်ပြီး ရှင်းရတယ်။ ဒီတကြိမ်မှာ ရုံးငှားခဟာ တလ ဒေါ်လာ ၈၇၀ဝ၀ ဖြစ်ပြီး ဒါဟာ “မြင့်မားတဲ့ ဈေးနှုန်း” လို့ ပြန်ပြင် ပြောတယ်။
“ငှားရမ်းမှုဟာ ၇ နှစ်စာ ဖြစ်တယ်။ ဒါဟာ ခက်ခဲတဲ့ ဈေးကွက်မှာ ဈေးပြိုင်ပေးရတဲ့ နှုန်းထားလည်း ဖြစ်တယ်” လို့ ယူနီဆက်ဖ်က ဆိုတဲ့အပြင် အမည်နာမတွေ ထုတ်မပြောပေမယ့် “အပြည်ပြည်ဆိုင်ရာ အေဂျင်စီတချို့က ကျနော်တို့ တပေပတ်လည်ကို ၂ ဒသမ ၉ ဒေါ်လာ ပေးရတာထက် ပိုပေးနေကြတယ်” လို့ပါ ထည့်ပြောတယ်။
ယူနီဆက်ဖ်က ဒီတခေါက်လည်း အိမ်ပိုင်ရှင် ဘယ်သူဆိုတာ မပြောပါဘူး။ ဒါပေမယ့် She လို့ သုံးတဲ့အတွက် အမျိုးသမီးဖြစ်တယ်။
“သူ့မိသားစုဝင် တဦးဟာ တချိန်က စစ်အစိုးရထဲမှာ ဝင်ပါဖူးတယ်လို့ စွပ်စွဲချက်တွေရှိပေမယ့် အခု အုပ်ချုပ်ရေး အဖွဲ့ကနေ တရား ဝင် ထွက်ပြီး သွားပါပြီ။ ဘယ်ရာဇဝတ်မှုခင်း ဖြစ်စေ၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်စေ ခံနေရတဲ့ သူလည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။ ဒီလိုနည်းနဲ့ ယူနီဆက်ဖ်က စစ်ဗိုလ်ချုပ်ဟောင်းနဲ့ သူ့မိသားစုကို တနှစ် ဒေါ်လာ တသန်း ပေးကမ်းရတဲ့ ပြဿနာကို ဖြေ ရှင်းလိုက်တယ်။
ဦးညွန့်တင်ကတော့ ငွေထုပ်ပိုက်ပြီး ပြုံးကြည့် နေမှာပဲလို့ ကျနော်တို့ မြင်ယောင်ကြည့်နိုင်တယ်။
တကယ်တော့ ၂၀ဝ၄ ခုနှစ်မှာ ရာထူးက ရပ်ဆိုင်း ခံထိသွားတဲ့ စီးပွားအရှာတော်သူ ဦးညွန့်တင်နဲ့ သူ့ မိသားစုဟာ လဘ်စားမှုနဲ့ အာဏာအလွဲသုံးမှုတွေ ကနေ မတရားကြီးပွား ချမ်းသာလာခဲ့တာပါ။ ဦးညွန့်တင် ကလေးတွေ ကလည်း နောက်ဆုံးပေါ် ပြိုင်ကား တွေ စီးနေကြပြီး စင်ကာပူမှာလည်း တိုက်ခန်းတွေ ဝယ်ထားကြမယ် ဆိုတာ ကျနော်ကတော့ သေချာတယ်။ စင်ကာပူကလည်း မြန်မာစစ်ဗိုလ်ချုပ်တွေ၊ မူးယစ် ရာဇာတွေနဲ့ ခရိုနီတွေကို အိမ်ဝယ်ခွင့်ပေး၊ ဇိမ်ခံခွင့် ပေး၊ ဆေးကုခွင့်ပေးနေတာပဲ။
ဦးညွန့်တင်ဟာ နဝတ/နအဖ စစ်အစိုးရခေတ်မှာ ရည်ရွယ်ချက် ကြီးမားသူလို့ ဦးချစ်ခိုင်က ပြောတယ်။
“တခြား ဗိုလ်ချုပ်တွေလို သူ ဦးသန်းရွှေဘေး ကပ်ခွင့်ရကတည်းက သူရော သူ့မိသားစုပါ ကံကောင်း သွားတော့တာပဲ” တဲ့။ မိသားစုကလည်း စီးပွားအရှာ တော်တယ်။ အကောင်းဆုံး မြေနေရာတွေဝယ်တယ်။ အခွင့်အရေးတွေ အကုန်ယူ တယ်။
ဦးညွန့်တင်ဟာ ၂၀ဝ၄ ခုနှစ်မှာ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ကို ဦးသန်းရွှေက ဖြိုတုန်းက တခြားဝန်ကြီးတွေနဲ့အတူ “အငြိမ်းစားယူခွင့်” အပေး ခံခဲ့ရတယ်။ တချို့ စီးပွားရေး ရာဇဝတ်မှု၊ လဘ်စားမှုတွေနဲ့ ရုံးတင်ခံရတယ်။
၂၀ဝ၅ ခုနှစ် ဇူလိုင်လထဲမှာ Asia Times အွန်လိုင်းသတင်းဌာနက “လယ်/ဆည် ဝန်ကြီးဟောင်း ဦးညွန့်တင်နဲ့ သူ့သား ကိုသားကြီး တို့ ဘာကြောင့် အဖမ်းခံခဲ့ရသလဲဆိုရင် သူတို့မိသားစုရဲ့ နိုင်ငံခြားငွေ အလွှဲအပြောင်း၊ သွင်းကုန် လိုင်စင် လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်တာကြောင့် ပါ။ မြန်မာ့စီးပွားရေး ဘဏ်နဲ့ မြန်မာ့ စီးပွားရေ ဦးပိုင်လီမိတက် အပါအဝင် စီးပွားရေး အေဂျင်စီတွေ၊ ဝန်ကြီး ဌာနတွေနဲ့ အဓိက ဆက်နွယ်ပြီး ဒေါ်လာ ၁၀ သန်းကျော် အကျိုးအမြတ်ရတယ်” လို့ ရေးဖူးတယ်။
သတင်းမှာ လိုင်စင်မဲ့ကား အစီး ၃၀ ကျော်နဲ့ လက်ဝတ်ရတနာတွေ၊ ရွှေတွေ အမြောက်အမြား အာဏာပိုင်တွေက သိမ်းဆည်းခဲ့ ကြောင်းလည်း ရေးထားတယ်။ ဦးသန်းရွှေနဲ့ နီးစပ်သူ ဦးညွန့်တင် ခဏနေပြီး ပြန်လွတ်လာခဲ့တယ်။ တခြား ရာဇဝတ်သားတွေ၊ နိုင်ငံ ရေး အကျဉ်းသားတွေ လိုလည်း ကြမ်းကြမ်းတမ်းတမ်း အကိုင်အတွယ် မခံခဲ့ရဘူး။
Asia Times အွန်လိုင်း သတင်းဌာနက “လယ်/ဆည် ဝန်ကြီးဟောင်းနဲ့ သူ့မိသားစုဟာ လာဘ်စားတဲ့ နေရာမှာ နာမည်ကြီး တယ်။ ၂၀ဝ၄ ခုနှစ်က ဝန်ကြီးဟာ အိမ်အသစ်တလုံး ရန်ကုန်ရဲ့ လူကုံထံတွေနေတဲ့ ဆိတ်ငြိမ် ရပ်ကွက်မှာ ဆောက်ခဲ့တယ်။ အိမ်နံရံတွေမှာ ရွှေချောင်းတွေ၊ ပတ္တမြားတွေ၊ ပုလဲတွေ၊ ရတနာတွေ ကပ်ထားတယ်လို့ အိမ်နီးချင်းတွေက ဆိုကြတယ်” လို့လည်း ရေးခဲ့တော့ …အဲဒီ အိမ်ကြီးဟာ ယူနီဆက်ဖ်က ဒေါ်လာ သောင်းချီပေး ငှားနေနေတဲ့ အိမ်ကြီးများ ဖြစ်နေရော့ သလား။     ။

အရုပ်ဘ၀နဲ့ ဥက္ကဋ္ဌတော့ မလုပ်ပါရစေနဲ့

    တရုတ်ရဲ့နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ် ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင် …

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တုန်းက နိုင်ငံတကာရဲ့ စစ်မျက်နှာအနေအထားအရ ပင်လယ်သမုဒ္ဒရာပိုင်းနဲ့ ဆိုင်တဲ့ ရေပြင်တိုက်ပွဲတွေလည်း တစ်ဖက်နဲ့တစ်ဖက် ရင်ဆိုင်ယှဉ်ပြိုင် ဆင်နွှဲခဲ့ကြရလေတော့ ရေငုပ် သင်္ဘော တွေ ခိုအောင်းရမယ့်နေရာ၊ ရန်သူ့သင်္ဘောကို ရှာဖွေတိုက်ခိုက်ရမယ့် နေရာ၊ ရေပြင်အောက်က တစ်ဆင့် လျှို့ဝှက် စစ်သတင်း ကြေးနန်းတွေပို့ရမယ့် နေရာ၊ ရေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းရ မယ့် နေရာစသဖြင့် ပင် လယ်သမုဒ္ဒရာ ရေပြင်ကို အမှီသဟဲပြု အသုံးချခဲ့ကြရပါတယ်။ ကမ္ဘာ့မျက်နှာပြင်အား လုံးရဲ့ (၇၀ဒသမ၈) ရာခိုင်နှုန်းဟာ ရေပြင်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်း တစ်ခုလုံးရဲ့ (၆၀ ဒသမ ၇) ရာခိုင်နှုန်းဟာ ရေပြင်ကြီးဖြစ်ပါတယ်။ တောင်ဘက်ခြမ်း တစ်ခုလုံးရဲ့ (၀၀ ဒသမ ၉) ရာခိုင်နှုန်း ဟာလည်း ရေပြင်ကြီးသာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာ စစ်ကြီးပြီးသွားတဲ့ အချိန်ကာလရဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာ့အင်အား ကြီးနိုင်ငံ တွေဟာ သူတို့ရဲ့ရေပြင်နဲ့ ရေအောက်ပိုင်းဆိုင်ရာ စစ်နည်းဗျူဟာပိုင်းကို ပင်လယ် သမုဒ္ဒရာတွေရဲ့ ကမ်းဦး ရေတိမ် ပိုင်းဘက်မျက်နှာမူ အာရုံစူး စိုက်ပြောင်း ရွှေ့ လာခဲ့ကြပါ တယ်။ သူတို့ပြောင်းရွှေ့သွားတဲ့ ကမ်းဦးရေ တိမ်ပိုင်းဆိုတာကတော့ ကမ္ဘာ့ရေမျက်နှာပြင် ဧရိယာအားလုံးရဲ့ (၇ ဒသမ ၅) ရာခိုင်နှုန်း ပဲဖြစ်ပြီး အဲဒီကမ်းဦး ရေတိမ်ပိုင်းရဲ့ အကျယ်အ၀န်းဟာ ပင်လယ်သမုဒ္ဒရာ ကမ်းခြေမှာရှိတဲ့ ““ပျမ်းမျှရေစစ်မျဉ်း””က နေပြီး ရေအနက် အလံ (၁၀၀) နက်တဲ့ ရေအောက် ကြမ်းပြင်ပိုင်းပဲ ဖြစ်ပါတယ်။ …ဒါပေမဲ့ ကမ္ဘာမြေကြီးရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားအရ၊ ဘူမိဗေဒအနေအထား အရ၊ နေရာချင်းတော့ မတူတတ်ကြဘဲ ကမ်းဦးရေ တိမ် ပိုင်းရဲ့ အကျယ်အ ၀န်းနဲ့ ပုံပန်းသဏ္ဌာန်သွင်ပြင် လက္ခဏာတွေဟာ လည်းနေရာဒေသကိုလိုက်ပြီး ပြောင်းလဲ နေပါတယ်။ နိုင်ငံတော်တော်များများဟာ ကမ်းဦးရေတိမ်ပိုင်းကို စစ်ရေးအရရော စီးပွားရေး စားကျက်အဖြစ်နဲ့ပါ စိတ်ဝင်စားကြတယ်။ ပိုင်ဆိုင်ချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကမ်းဦးရေတိမ်ပိုင်းမှာ နိုင်ငံရဲ့ စီးပွား ရေး တိုးတက်မှုကို အများကြီးပဲ အထောက်အကူပြုနိုင်တဲ့ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ ဘူမိဗေဒဆိုင်ရာ အကျိုး ကျေးဇူးတွေဟာ ပြည့်နှက်နေလို့ပါပဲ။ ရေအောက်သယံဇာတ ပစ္စည်းမျိုးစုံအပြင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ ကလည်း အလျှံပယ်ဖြစ်နေတတ်လို့ပါ။ ဒါကြောင့်လည်း ၀ါဒကတော့ ကွန်မြူနစ်ဝါဒ။ စိတ်ဓာတ်က တတ်နိုင် သမျှ နယ်ချဲ့ပြီး စီးပွားရေး ၀ိသမလောဘ တက်သထက် တက်လာသလို ကိုယ့်ကိုယ်ကိုယ် ငါဟာမဟာ အင်အားကြီး နိုင်ငံရယ်လို့ သွေးနားထင်ရောက် ဘ၀င်မြင့်လာတဲ့ တရုတ်ဟာ အာဆီယံနိုင်ငံထဲက ပင်လယ် ကမ်းခြေနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို ဗြောင်ကျကျ ရန်စစိုးမိုးဖို့ ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။ Asia’s Super Power အာရှတိုက်ရဲ့ စူပါပါဝါမဟာအင်အားကြီး နိုင်ငံဖြစ်ချင်လှတဲ့ တရုတ်ဟာ ဗီယက်နမ် နိုင်ငံ နဲ့ ရေပြင်ပိုင်နက် အငြင်းပွားခဲ့ပါတယ်။ အဲဒီလို အငြင်းပွားနေတဲ့ကာလအတော အတွင်းမှာပဲ ပြဿနာမပြီးဆုံး မပြေလည်ခင်စပ်ကြားမှာ တရုတ်ဘက်က ဘယ်လို ရန်စကျူးကျော်လာပြန်သလဲဆိုတော့ အဲဒီအငြင်းပွား နယ်မြေ ပင်လယ်ရေပြင်ထဲမှာလာပြီး ကမ်းလွန်ရေနံတူးဖော်တဲ့ လုပ်ငန်းကို လုပ်ပြလိုက်ခြင်းပဲဖြစ်တယ်။ ဗီ ယက်နမ်ဘက်ကကည်း သူပိုင်ဆိုင်ပါတယ်လို့ နိုင်ငံတကာကို အသိအပေး သတင်းထုတ်ပြန်ထားတဲ့ကြားထဲက တရုတ်ဟာ ဒီလိုအပြုအမူမျိုးတွေ လုပ်ကိုင်လာတဲ့ အတွက် သူ့ဘက်က ကင်းလှည့် သင်္ဘော တွေကို တရုတ်ရဲ့ ကမ်းလွန် ရေနံရှာဖွေရေး စက်ယန္တရား စင်ကြီးတွေဘက် စေလွှတ်ခဲ့တယ်။ ဒါကို ဂရုမစိုက် ဘူးဆိုတဲ့ သဘောနဲ့ တရုတ်ရဲ့ စစ်သင်္ဘောကြီးတွေက ဗီယက် နမ်ဘက်က သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်လာခဲ့ တယ်။ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ပင်လယ် သမုဒ္ဒရာနဲ့ ထိတွေ့ ဆက်စပ်ပက်သတ် နေတဲ့နိုင်ငံတွေကတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ဘရူနိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေပဲ ဖြစ်တယ်။ ဒါကြောင့် အခုလိုဖြစ်ပျက်နေတဲ့ တောင်တရုတ်ပင်လယ် ရဲ့ အဓိက ပြဿနာတွေဟာ တရုတ်ရဲ့ နယ်ချဲ့လိုတဲ့စိတ်နဲ့ စီးပွားရေး သောင်းကျန်းမှု အပေါ်မှာ မူတည်နေပါတယ်။ ၂၀၁၄ ခုနှစ် ထဲမှာ တရုတ်ဟာသူ့ရဲ့ ရေတပ်အင်အားကိုလည်း တိုးချဲ့လာတယ်။ သူ့ရဲ့စီးပွားရေး အရ သယံဇာတ ပေါကြွယ်လှတဲ့ တောင်တရုတ်ပင်လယ် ရေပြင်ကြီးဟာ သူ့ရဲ့အရေး ကြီးလှတဲ့ (Very important entrence) အဓိက ၀င်ပေါက်ကြီး ဖြစ်နေတော့ သူ့အနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံငယ်ကလေးတွေကို သူဝင်လာတဲ့ ၀င်ပေါက် လမ်းကြောင်းထဲကနေ အင်အားသုံး ဖယ်ရှားရှင်းလင်းပစ်ဖို့ အကဲစမ်းကြည့် လာတာပဲဖြစ်တယ်။ အာ ဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ် အရေးအခင်းမှာ အာဆီယံ နိုင်ငံ အချင်းချင်းဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်သွားချင်တဲ့ ဆန္ဒရှိတယ်လို့ နိုင်ငံတကာ သတင်း မီဒီယာတွေက တစ်ဆင့် သိလိုက် ကြားလိုက်ရတယ်။ တရုတ်ဟာ ဂျပန်နိုင်ငံ နဲ့လည်း ရေပြင်ပိုင်နက် အငြင်း ပွားပြီး ကျွန်းစုတွေကို သူပိုင်တယ်၊ ငါပိုင်တယ်ရယ်လို့ ပြဿနာ မပြီးပြတ်သေးခင်မှာပဲ အဲဒီကျွန်း စုတွေပေါ်ကို ကျူးကျော်တက်ရောက်မှု ပြဿနာတချို့က ရှိလာပြန်ပါတယ်။ တရုတ် နိုင်ငံဟာ သဘာဝဓာတ်ငွေ့ကို မျက်က လဲ ဆန်ပျာ အသေအလဲလိုက်ရှာ နေရတာကတော့ သူ့နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့အသုံး အစွဲဟာ ဆယ်စုနှစ် ကာလအတောအတွင်း မှာ၃ဆအထိ ပိုပြီးမြင့်တက်လာဖို့ အကြောင်း ရှိတယ်လို့ ကမ္ဘာ့သုတေသန ပညာရှင် တချို့က သုံးသပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တရုတ်ဟာ မကြာသေးခင်ကပဲ ရုရှား နိုင်ငံနဲ့ သဘာဝ ဓာတ်ငွေ့ အရောင်းအ၀ယ် စာချုပ်ကို ချုပ်ဆိုခဲ့ရပြန်တယ်။ နှစ် ၃၀ သက်တမ်း စာချုပ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသက ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်က ၀ယ်ယူလိုက်တာမို့ သူ့ဆီကို ရုရှားက ပို့ပေးရမှာ ဖြစ်ပါတယ်။ သဘောတူထားတဲ့ အရောင်း အ၀ယ် စာချုပ်အရဆိုရင် သဘာဝဓာတ်ငွေ့ ၀ယ်ယူတဲ့ တန်ဖိုးငွေဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ရှိ ပါတယ်။ တရုတ်ဟာ ခုလိုရုရှားဆီက လောင်စာ စွမ်းအင် သဘာဝဓာတ်ငွေ့ ၀ယ်ယူလိုက်တဲ့အတွက် သူ့ နိုင်ငံထဲမှာ ဆယ်စုနှစ် ၃ ခုကြာအောင် သုံးစွဲနေခဲ့ရတဲ့ ညစ်ပတ်တဲ့ ကျောက်မီးသွေး လောင်စာ သုံးစွဲနေရတာကို အစားထိုးသုံး စွဲနိုင်တော့မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီလို ပိုက်ဆံတွေ အကုန်ခံပြီး တခြားနိုင်ငံက စာချုပ်စာတမ်းနဲ့ ၀ယ်ယူ ဖြည့်တင်း နေရတဲ့ လောင်စာ သဘာဝဓာတ် ငွေ့ကိစ်္စ အသုံးစရိတ်ကို နောင်နှစ်ပေါင်းများစွာမှာ လျှော့ချချင်လာတဲ့ တရုတ်ဟာ သဘာဝဓာတ်ငွေ့နဲ့ ရေအောက်သယံဇာတ တွေရရှိနိုင်မယ့် ဂျပန်က ကျွန်းစုတွေနဲ့ အာဆီယံနိုင်ငံ အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ ရေပြင် ပိုင်နက်ဘက်ကို မျက်စိကျပြီး စီးပွားရေး ခရီးစားကျက်ဖြန့်လာလေတော့ လောလောဆယ် ဗီယက်နမ်နိုင်ငံနဲ့ အကြီးအကျယ် ပြဿနာတက် လိုက်ရတာပါပဲ။ ဗီယက်နမ် တွေကတော့ သူတို့ရဲ့ ပိုင်နက်ရေပြင်မှာ လာပြီး ရန်စဗိုလ်ကျနေတဲ့ တရုတ်ရဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန့်ကျင် လိုက်ကြ တယ်။ ဗီယက်နမ် နိုင်ငံတောင်ပိုင်း စက်မှုဇုန်ဒေသမှာဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး ဆူပူအုံ ကြွမှုကြီးမှာ ဆူပူ အုံကြွတဲ့ ဗီယက်နမ်နိုင်ငံ သား ၂ သောင်းလောက်ရှိတယ်လို့ သိရပါ တယ်။ ဒီလိုတရုတ်ရဲ့ နယ်ချဲ့စီးပွားရေး သောင်းကျန်းမှု ပြဿနာမျိုးစုံတွေ ကြားထဲမှာပဲ တရုတ်စီးပွားရေး သမားကြီးတွေက ၇၀ ရာခိုင်နှုန်းလောက် ၀င်ပြီး စိုးမိုးထိန်းချုပ် ထားတာကိုခံနေရတဲ့ ကျွန်တော်တို့မြန်မာ နိုင်ငံဟာလည်း ““အငိုအရှိုက်ဇာတ်လမ်း”” တွေဟာ ဇာတ်နာသထက် နာနေရတုန်းပါပဲ။ အထက်အညာဒေသ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းမှာ မြန်မာတိုင်းရင်းသား လယ်သမားတွေရဲ့ လယ်ဧကပေါင်း ၇၀၀၀၀ ကျော် သိမ်းဆည်းတာ ခံလိုက်ရ ပြီး တရုတ် ၀မ်ပေါင် ကုမ္ပဏီရဲ့ အလိုကျ မြန်မာစစ်ကောင်စီ စစ်အာဏာပိုင်တွေက မြန်မာ့ရိုးရာ ဘိုးဘွားအစဉ် အလာ ကောင်း လက်ပံတောင်းတောင် ဒေသထဲမှာ မြန်မာ တိုင်းရင်းသားတွေ လယ်သမား၊ ယာသမား၊ ကိုင်းသမား တွေရဲ့ ကျေးရွာပေါင်း ၃၃ ရွာကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ၀မ်ပေါင် ကုမ္ပဏီဟာ ဒေသခံဘွဲ့ရလူငယ်တွေထဲ က ကုမ္ပဏီအတွက် အော်ပရေတာရာထူး ခေါ်ယူခဲ့တယ်။ လုပ်ငန်းခွင်ဝင်ဖို့ သင်တန်း ၅လပေးပြီး ကုမ္ပဏီနဲ့ စာချုပ် မချုပ်ဘဲ အော်ပရေတာ တစ်ယောက်အတွက် ထောက်ပံ့ ကြေး၁သိန်းနဲ့ ကြေးနီတူး ဖော်ရေးလုပ်ငန်း ထဲမှာ အလုပ် လုပ်ခွင့်ပေးခဲ့တယ်။ အမြဲတမ်း ၀န်ထမ်းရယ်လို့မသတ်မှတ်ဘဲ ၁၉ လကြာရင်နောက်ထပ် သင်တန်း တစ်ခုထပ် တက်ပြီးမှသာ အော်ပရေ တာတစ်ယောက်ကို လစာငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၈၀ ပေးမယ် ဆိုပြီး ဘွဲ့ရလူငယ်ဝန်ထမ်း ပေါင်း၂၃၄ ယောက်ကို ပြောခဲ့တယ်။ မြန်မာ အလုပ်သမားတွေဟာ ဂဟေဆော်တဲ့ ကိစ္စ အပါအ၀င် အက်စစ်ဓာတ်ငွေ့တွေ၊ ကြေးနီမှုန့်တွေ ကြားထဲမှာ ဒုက္ခမျိုးစုံခံပြီး လုပ်ကိုင်နေကြရတယ်။ အထူးသဖြင့် အက်စစ်ငရဲမီး ဒဏ်က ဆိုးဝါးလွန်းလှတယ်။ လုပ်ငန်းခွင်မှာ မျက်မှန်အကာအကွယ်နဲ့ အကာအကွယ် အလုပ်ဝတ်စုံ ၀တ်ထားကြတာတောင်မှ အက်စစ်ငရဲမီးဒဏ်ကို မခံနိုင်ကြဘူး။ ဒါကြောင့်ရတဲ့ တစ်လစာ ထောက်ပံ့ကြေး ငွေတစ်သိန်းနဲ့ လုပ်နေရတဲ့ အလုပ်နဲ့က မတန်လို့တစ်လကို ဒေါ်လာ၂၄၀ တိုးပေးဖို့ တောင်းကြတယ်။ ဒေသခံ ၀န်ထမ်းတွေ ဘက်ကဆန္ဒပြ တောင်းဆိုခဲ့ကြတာ ၇ကြိမ် ရှိခဲ့ပေမယ့် ကုမ္ပဏီနဲ့ မပြေလည်ဘဲ ပြီးခဲ့တဲ့ မတ်လ ၂၀၁၄ မှာ ၀န်ထမ်းတွေ အလုပ်ထုတ်ပယ်တာ ခံခဲ့ကြရတယ်။ ဒီလို နယ်တကာ လှည့်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပေါ်မှာ ပါဝါအင်အားပြ၊ နိုင်ထက်ကလူ လုပ်နေတဲ့တရုတ်နဲ့ သူ့ကုမ္ပဏီ တွေရဲ့ လုပ်ရပ်ကို အပြတ်သားဆုံး ခုချိန်မှာ ဆန့်ကျင်အုံကြွလိုက်တာကတော့ ဗီယက်နမ် နိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်ခဲ့ရပါတယ်။ တရုတ်ရဲ့ နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ်ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံ အလှည့် ကျဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင်တာပေါ့ခင်ဗျာ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတဲ့ခင်ဗျ။ စိုးရိမ်မကင်း ဖြစ်ကြရပါသည်ဆိုတဲ့ လက်သုံးစကားလောက်နဲ့တော့ တရုတ် ဘက် က ဂရုစိုက်မှာမဟုတ်ဘူးဗျ။ တရုတ်ရဲ့ အင်အားသုံး စီးပိုးကုပ်စီး ဖိနှိပ်ထားမှုအောက်မှာ ကျွန်တော့် သဘော အရသာ ဆိုရင်တော့ အရုပ်ဘ၀နဲ့ ဥက္ကဋ္ဌတော့ မလုပ်ပါရစေနဲ့လို့ အစကတည်းက ငြင်းဆိုမိခဲ့မှာ ပါခင်ဗျား။

 ဆောင်းဝင်းလတ်
 Myanmartandawsint Newspaper

ရွှေရည်စိမ် ဒီမိုကရေစီ


    တပ်မတော်အစိုးရသည် ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ်ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် . . .

မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံးဖြစ်သော လက်နက်ကိုင် အဖွဲ့အစည်းကို မြန်မာ့တပ်မတော်ဟု ယခုအခါ ခေါ်ဝေါ်နေကြပါသည်။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်ပင် မြန်မာ့တပ်မတော်ကို မကျော်နိုင်ပါ။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်း များလည်း ရှိပါသေးသည် ဆိုသော်လည်း ဒေသတစ်ခုတွင်သာ စိုးမိုးနိုင်ပါသည်။ မြန်မာ့ တပ်မတော်ကတော့ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးကို စိုးမိုးနိုင်ပါသည်။ ယခင်က မြန်မာ့တပ်မတော်သည် တိုင်းပြည်ကို စစ်ရေးအရ ကျူးကျော် လာသူများအား ခုခံကာကွယ်သည့် တာဝန်ကို ယူခဲ့ကြသော်လည်း ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ အချိန်ကိုပါ။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှသည် ယနေ့အထိဆိုပါလျှင် စစ်ရေး၊ မီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကိုပါ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ် ပါဝင် လုပ်ဆောင်နေပါသည်။ တပ်မတော်သည် အလွန်ပင် ပရိယာယ် ကြွယ်ဝပါသည်။ လက်နက်ကိုင်နေသူများ ဖြစ်သော်လည်း မိန်းမဉာဏ် အလွန်ကြွယ်ဝပါသည်။ ကြွယ်ရမှာပေါ့၊ လူ့အသက်နှင့် ရင်းရသည့် အလုပ်မို့လား။ … ကြည့်ပါ။ စစ်ကြောင်းတစ်ကြောင်းသည် မိမိပစ်မှတ်နေရာကိုသွားမည်၊ ချီတက်မည်ဆိုပါက ထင်ရှားအောင် ဥပမာ ပြရလျှင် ကမ်းနား တစ်လျှောက်ရှိ ဆူးလေဘုရားမှ ရွှေတိဂုံဘုရားသို့ ချီတက်မည်ဆိုလျှင် ဆူးလေမှ ဗိုလ်တထောင်ဘုရား၊ ကျိုက္ကဆံဘုရားတို့ကို ချီတက်သွားပြီးမှ ကန်တော်ကြီးကနေ ရွှေတိဂုံဘုရားသို့ ချီတက် ပါလိမ့်မည်။ ဆူးလေ ဘုရားလမ်းအတိုင်း ကန်တော်ကြီးကို သွားမည်မဟုတ်ပါ။ ဒါဘာကြောင့်လဲ။ ရန်သူကို လှည့်စား လိုက်တာပါ။ မထင်မှတ်သည့်လမ်းမှ သွားမှသာ ရန်သူနဲ့ မတွေ့မှာ ဖြစ်သည်။ ထိုအကျင့်က ပြည်သူ ကို အုပ်ချုပ်သည့် အခါမှာလည်း ကျင့်သုံးနေပါသည်။ ယခုအခါ တပ်မတော် အစိုးရသည် စီးပွားရေးမှလွဲ၍ (ကိုယ်ကျိုးရှာ စီးပွားရေးတော့ ကျွမ်းပါသည်) ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ် ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် နေပါပြီ။ စစ်အုပ်ချုပ်ရေး ကာလ နှစ်ပေါင်းငါးဆယ် ကျော်လာတော့ တိုင်းပြည်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဓာတ် ရေးရာတွေမှာ နိုင်ငံတကာက အံ့သြလောက်အောင် ကျဆင်းလာ၍ စစ်ယူနီဖောင်းနဲ့ ၀တ်ပြီး မအုပ်ချုပ်တော့ဘဲ အရပ်သား အစိုးရဆိုပြီး ယခင် စစ်ဗိုလ်ချုပ်တွေက ပုဆိုးဝတ်၊ ခေါင်းပေါင်းပေါင်း၊ တိုက်ပုံအင်္ကျီ တကားကားနှင့် အုပ်ချုပ်ပြလိုက်ပါပြီ။ တကယ်တော့ အသွင်ပြောင်း အစိုးရပါ။ အကျင့်မပြောင်း၊ စရိုက်မပြောင်း၊ စိတ်ဓာတ်လည်း မပြောင်းဘဲ အုပ်ချုပ်နေတာပါ။ အများက ဝေဖန်နေကြပါပြီ။ သက်ဆိုင်ရာ လွှတ်တော်ရဲ့ အကြီးအကဲတစ်ဦးနဲ့ သတင်းထောက်တစ်ဦး အမေးအဖြေ လုပ်သလို ပြည်သူကပြောရင် ပြောတဲ့လူခေါ် ခဲ့ဆို ဒုက္ခ။ ပြည်သူနဲ့အစိုးရ ယုံကြည်မှု ရှိစေချင်ရင် ဘာတွေမှ လုပ်မနေပါနဲ့။ စစ် အစိုးရတုန်းက ပါဝင်ခဲ့တဲ့ ထိပ်ဆုံးက တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များ ဆင်းပေးလိုက်ရင် ယုံကြည်မှုက အလိုလို ရသွားမှာပါ။ တကယ် ယုံကြည်မှု ရချင်ရင် အဲဒီနည်းက အမြင်သာဆုံး နည်းပါပဲ။ ဘာဖြစ်လို့ မလုပ်နိုင်ကြသလဲ။ အဖြေက ““မင်းတို့ ငါမသေမချင်း မဆင်းကြနဲ့””လို့ မှာစကား ရှိထားလို့ ထင်ပါတယ်။ နောက်တစ်ချက်က မိမိတို့ရဲ့ ဘိုးဘွား အမွေ ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်တဲ့မြေက ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို ထိပါးမှာတွေ စတဲ့ အကြောင်းတွေလည်း ပါမှာပါ။ ဘုရင်ခေတ်ကဆို တောင်စွယ်နေကွယ်ရင် သတ်စေဆိုတဲ့ အမိန့်ကို အတည်ပြုရတဲ့ အာဏာ ပါးကွက်သားဟာ လူသတ်ပြီး အသက်မွေး ခဲ့ရသေးတာ။ သူတို့ ဘယ်လို စိတ်ထားနဲ့ ထမင်းစားနိုင်ကြ ပါလိမ့်လို့ တွေးမိပါတယ်။ ဒီလိုရက်စက်စွာ ပြုလုပ်ပြီးမှ ကိုယ့်အသက်၊ ကိုယ့်မိသားစု အသက်ရှင်ရတာ စဉ်းစားကြည့်ရင် ရင်နာစရာ ကောင်းလှပါတယ်။

ငါမသေမချင်း မဆင်းကြနဲ့ စကားကို အကောင်အထည် ဖော်နေတဲ့ ဖြစ်ရပ်တွေက မြင်ရကြားရ ဖတ်ရ နေပါတယ်။ အထင်ရှားဆုံးကတော့ ၂၀၀၈ အခြေခံ ဥပဒေ ကိစ္စပါပဲ။ ဒီဥပဒေ မပြင်သရွေ့၊ မပျက်သရွေ့ ဒီမိုကရေစီ ဆိုတာ ဝေးနေဦးမှာပါ။ အခုပြောနေ လုပ်နေတဲ့ ဒီမိုကရေစီဟာ ဂျပန်ခေတ်က ဂျပန်က ပေးခဲ့တဲ့ လွပ်လပ်ရေးလိုပါပဲ။ အဲဒီတုန်းက ပြောလေ့ရှိတာကတော့ ရွှေရည်စိမ် လွတ်လပ်ရေးတဲ့။ အခုလည်း ရွှေရည်စိမ် ဒီမိုကရေစီပါပဲ။ ရွှေအစစ်မှမဟုတ်တာ။ ကြေးတို့၊ ငွေတို့ကို ရွှေရည်စိမ်ထားတာပါ။ အခြားနည်းလည်း ပြောကြ သေးသည်။ အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နောက်ချေးခံ(နွားချေးခံ) ပါပဲ။ ဆန်းစစ်ကြည့်ပါ။ အခု အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုပြီး လုပ်နေကြ၊ ညှိနေကြတယ်။ ဗိုလ်ချုပ်နေ၀င်း လက်ထက်၊ နအဖ လက်ထက်၊ အခု လက်ထက် မအောင်မြင်သေးဘူး။ နောက်တစ်ချက် ဧရာဝတီမြစ်ကိစ္စ၊ သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ ရပ်ဆိုင်းလိုက်တယ်တဲ့။ ဒီတော့ သူ့ကို ရာသက်ပန် သမ္မတအဖြစ် ထားမှဖြစ်တော့မယ်။ နောက်တစ်ခု လက်ပံတောင်း တောင်ကိစ္စ။ နောက်လယ် သိမ်းယာသိမ်း၊ အိမ်မြေတွေ သိမ်းတဲ့ကိစ္စ၊ ရခိုင်နဲ့ ဘင်္ဂါလီကိစ္စ။ ဘာမှ မအောင်မြင်သေးဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်နေ၀င်းရဲ့သတ္တိကို ချီးကျူးချင်ပါတယ်။ တော်လှန်ရေး ကောင်စီကို ဗိုလ်ချုပ်နေ၀င်း ဦးဆောင်ပြီး အုပ်ချုပ်စက မြန်မာပြည်က ကုလားတွေကို လေယာဉ်တွေ၊ သင်္ဘော တွေနဲ့ ဆိုင်ရာ နေရင်းဒေသကို ပြန်ပို့ခဲ့တယ်။ ခုအစိုးရကလည်း လုပ်လို့မရဘူးလား။ မြန်မာပြည်တွင်းမှာ တရားဝင် နေထိုင်ခဲ့တဲ့ ဘိုးဘွား လက်ထက်ကနေ မြန်မာနိုင်ငံသား စစ်စစ်တွေကို အစုလိုက်၊ အပြုံလိုက်၊ သံဃာတော်တွေကို အစုလိုက်၊ အပြုံလိုက် သေနတ်နဲ့ ပစ်မိန့် ပေးခဲ့သေးတာပဲ။ ဒီဘင်္ဂါလီကိစ္စ မရှင်းပေးနိုင်ဘူး လား။ လူ့အခွင့်အရေး တစ်ခုက ကိုယ့်နိုင်ငံမှာ ကိုယ်နေထိုင်ခွင့် ရှိတယ်။ တခြားနိုင်ငံမှာ နေချင်ပါက တခြား နိုင်ငံရဲ့ ဥပဒေနဲ့အညီ နေနိုင်ခွင့် ရှိပါတယ်။ ဥပဒေကို ဖောက်ဖျက်ပါက အရေးယူရမှာပေါ့။ ဘာကြောင့် အရေးမယူတာလဲ။ အချို့ဘင်္ဂါလီတွေ မြန်မာနိုင်ငံသားကတ်တွေ ရှိနေကြောင်း သိရပါတယ်။ အဲဒါက အဲဒီမှာ တာဝန်ကျတဲ့ လ၀က ၀န်ထမ်းတွေကြောင့် ပါပဲ။ အဲဒီဝန်ထမ်း ဘယ်သူလဲဆိုတာ ထုတ်ပေးတဲ့ ကတ်ပေါ်မှာ လက်မှတ် ထိုးခဲ့သူပါပဲ။ အဲဒီဝန်ထမ်းကို အရေးယူရမှာပါ။ အဲဒီကတ်ကို ဖျက်သိမ်းရမှာပါ။ ဘာဖြစ်လို့ အရေးမယူ တာလဲလို့ မေးချင်ပါတယ်။

နောက်တစ်ခု ပြဿနာ ဖော်ထုတ် လာပြန်ပါတယ်။ မျိုးစောင့်ဥပဒေကို လွှတ်တော်က ရေးဆွဲဖို့ သမ္မတက သ၀ဏ်လွှာ ပို့ပါတယ်။ လွှတ်တော်က သက်ဆိုင်ရာဌာနက ရေးဆွဲရန် လိုကြောင်း ပြန်ပို့ပါတယ်။ ဒီလုပ်ရပ်တွေက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ရှေးရှုစေပါတယ်။ မျိုးစောင့်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အသိနဲ့ ဆိုင်ပါတယ်။ မျိုးမစောင့်နိုင်အောင် ဖြစ်ရတဲ့ အကြောင်းတွေကလည်း စီးပွားရေးကြောင့်၊ နိုင်ငံရေး ကြောင့်၊ သွေးသားကြောင့်စတဲ့ အကြောင်းတွေ ရှိပါတယ်။ အဓိက,က လူတွေရဲ့ လောဘကြောင့် ဖြစ်ပါတယ်။ အာဏာ မစွန့်ချင်တာ၊ အာဏာရယူချင်တာ၊ မတရားလုပ်ချင်တာစတဲ့ အချက်တွေဟာ လောဘက အရင်းခံ တာပါ။ ကိုယ့် အမျိုးကို စောင့်ရှောက်သင့်တာ မှန်ပါတယ်။ ဒီလိုဆိုပါက တစ်ဖက်နိုင်ငံက လူဦးရေတွေ မတရားများလို့ နေစရာမရှိလို့ လူလုံးနဲ့ ဖိဝင်လာတာကို သွေးနှောသွားမှာကို အမျိုးပျက် သွားမှာကိုတော့ ဘာကြောင့် မတားသလဲ။ မတားနိုင်ရသလဲ။ ပြည်တွင်းရှိ ပြည်သူက ကိုယ့်ကို မဲမပေးလို့၊ မဲပေးမည့်သူ အကြိုက် လုပ်ပေးလိုက်လို့ သူ့ဆန္ဒ ကိုယ့်ဆန္ဒဖြစ်အောင် လိုက်လျောတော့ လွှတ်တော်ထဲမှာ လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ဘင်္ဂါလီ လူမျိုးတွေ ရောက်နေရတာ ဖြစ်တယ်။ ဒါတွေ ဒါတွေကို အခု အစိုးရသက်တမ်း သုံးနှစ်ပြည့်ထိ အချိန်ဆွဲ နေပါတယ်။ နောက်လည်း အချိန် ဆွဲထားမှာပါ။ ဘာကြောင့်လဲဆိုတော့““ငါ မသေမချင်း မင်းတို့မဆင်းနဲ့”” လို့မှာစကား ရှိထားလို့လားဟု . . .။

  မြိုင်တင်လှိုင်

 Myanmartandawsint Newspaper

Wednesday, May 28, 2014

အိုဘယ့်...NGO



  NGO တွေအတွက် သုတေသန အမြဲလုပ်နေတဲ့ စိုပြေ့ဆရာတစ်ယောက်က ပြောဖူးသည်။၈၀% နှင့် ၂၀% ကိစ္စဖြစ်သည်။ အန်ဂျီအိုတွေ အလှူငွေရတာ ၁၀၀% ရှိလျှင် ပြည်သူတွေဆီရောက်တာ ၂၀ ရာခိုင်နှုန်းပဲရှိသည်တဲ့။ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက အန်ဂျီအိုက လူတွေ အသုံးစရိတ်နဲ့ကုန်သည်ဟု ဆရာက ဆိုသည်။အစကတော့ စိုပြေလည်း ဆရာ့စကားကို မယုံ။ ဟုတ်နိုင်ပါ့မလားဟု တွေးမိသည်။

အန်ဂျီအိုဆိုတာ အစိုးရက ပြည်သူတွေအတွက် မလုပ်နိုင်သည့် ကိစ္စများကို လိုက်လံဆောက်ရွက်ပေးရသော အဖွဲ့အစည်းမဟုတ်လား။ပြီးတော့ ပရဟိတ သမားတွေလုပ်ကြတာ။ ဒါကြောင့် အန်ဂျီအိုတွေက လူတွေဟာ အနစ်နာခံပြီး ပြည်သူတွေအတွက် လုပ်ပေးနေတာလို့ စိုပြေ ထင်တာပေါ့လေ။အခုတော့ စိုပြေ ယုံသွားပြီ။

ဟိုတနေ့က သတင်းတပုဒ်တတ်လာသည်။ ယူနီဆက်အဖွဲ့ရဲ့ အိမ်ခန်းငှားခက တစ်လကို ဒေါ်လာ ၈၇၀၀၀ ဆိုပဲ။ ဒေါ်လာ ၈၇၀၀၀ ဆိုတော့မြန်မာငွေနဲ့ ပြန်တွက်လိုက်ရင် ကျပ်သိန်းပေါင်း ၈၃၀ ကျော်နေပြီ။ ဒါတောင် တလစာပဲရှိပါသေးသတဲ့။တနှစ်စာ ဆိုရင် သိန်းပေါင်း ၁ သောင်းကျော်သွားပြီ။ အဲ့လိုမျိုး ၇ နှစ် စာချုပ် ချုပ်ထားတာဆိုပဲ။ ဒါဆို ကျပ်သိန်းပေါင်း ၇ သောင်းကျော်။နည်းနည်းနောနော ငွေမဟုတ်။နောက်ပြီးငှားတဲ့ အိမ်ကလည်း ဗိုလ်ချုပ်ဟောင်းတစ်ဦးအိမ်ဆိုပဲ။ ဗိုလ်ချုပ်ဟောင်းဆိုတော့ အမေရိကန်ရဲ့ တစ်ဦးချင်း ဗီဇာပိတ်ဆို့မှုတို့ စီးပွားရေးပိတ်ဆို့မှုတို့ ခံထားရတဲ့ အိမ်ဖြစ်မပေါ့လေ။ဒီဗိုလ်ချုပ်က အိမ်ငှားခတောင် ဒီလောက် ဈေးရတဲ့ အိမ်ကို ဘယ်လို ပိုင်ဆိုင်ခဲ့လဲ ဆိုတာကတော့ သူ့အကြောင်းနဲ့သူပေါ့လေ။ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာတာလည်း ဖြစ်နိုင်သည်။ဒါကတော့ သူ့အလုပ်။

ယူအန်အဖွဲ့အစည်းဖြစ်သည့် ယူနီဆက်အနေဖြင့် ဒီထက် ဈေးပေါတဲ့နေရာမှာ ငှားပြီး ပိုသည်ငွေကို ကလေးသူများအကျိုးအတွက် ပိုပြီး လုပ်လို့ရမှာပဲ ဟုလည်း စိုပြေ့ဥာဏ်သေးသေးလေးနှင့် တွေးမိသည်။သူတို့ ငှားသည့် နေရာက တကယ့်ဈေးကြီးသည့် ၀င်ဒါမီယာထဲက အိမ်။ အဲ့ဒီနေ့ရာမှာမဟုတ်ဘဲ အခြားနေရာမှာ ငှားလျှင် ဒီလောက် ဈေးကြီးမည်မဟုတ်။ သူတို့ကတော့ သွားရေးလာရေးလွယ်ကူသည့် နေရာကို ငှားသည်ဟု အကြောင်းပြနိုင်သည်။ တကယ်တော့ ယူအန်က ၀န်ထမ်းတွေအတွက် အိမ်တိုင်ယာရောက် ကားတွေ စီစဉ်ပေးထားတာပဲမဟုတ်လား။ဒါဆို ဘယ်လောက်ဝေးဝေး လာလို့ရသည်ပဲ။

စိုပြေတို့နေသည့် သန်လျှင်က အိမ်ဆိုလျှင် အိမ်ငှားခကျပ်ငါးသောင်းပဲပေးရသည်။ယူနီဆက် ရုံးခန်းလုပ်ထားသည့် အိမ်ကြီးအိမ်ကောင်းမျိုးဆိုလျှင် အလွန်ဆုံးပေးရ ကျပ်ငါးသိန်းလောက်သာရှိမည်။ အပိုင်ဝယ်လျှင်တောင် သိန်းငါးထောင်မကျော်နိုင်။ အခု သူတို့ငှားထားသည့် သိန်း ၈၃၀ ကျော်နှင့် ဆိုလျှင် အစွန်းထွက်ပင် ကုန်လိမ့်မည်မဟုတ်။ ကိုယ်ပိုင်ကားလေးစီး၊ ဖယ်ရီးကားလေးစီးပြီး အေးဆေးလာလို့ရသည်။ အခုတော့ ပိုက်ဆံအလကား သပ်သပ်ဖြုန်းတီးသည်ဟု စိုပြေမြင်မိသည်။ မှားချင်လည်း မှားလိမ့်မည်။ယူအန်အဖွဲ့အစည်း ၀င်ဒါမီယာထဲပဲ ငှားရမည်ဟု အစိုးရက အမိန့် မထုတ်ထားတာတော့ သေခြာသည်။

နောက်နေ့ကြတော့ သတင်းတပုဒ်ထပ်တတ်လာပြန်သည်။ ယူနီဆက်အဖွဲ့အစည်းတခုထည်းမဟုတ်။ WHO ကလည်း ဒေါ်လာ ၈၃၀၀၀ နှင့် အိမ်ငှားသည်တဲ့။သူများတွေတော့ မသိ။ စိုပြေကတော့ ထိုငွေတွေကို နှမြှောမိသည်။ ထိုငွေတွေနှင့် မြန်မာပြည်သူများ အကျိုးအတွက် အများကြီးလုပ်ပေးလို့ရနိုင်သည်ဟု မြင်မိသည်။မြန်မာပြည်က ကလေးတွေအတွက် လိုအပ်တာတွေအများကြီးရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အစုံ အစိုးရက ဘာမှ သေချာမလုပ်ပေးနိုင်သေး။ အစိုးရမလုပ်ပေးနိုင်တော့ အန်ဂျီအိုတွေကများ လုပ်ပေးမလားလို့ သူတို့အိမ်ငှားခနဲ့တင် ဘက်ဂျက်ကုန်သွားနိုင်သည်။

ကြုံတုန်းပြောရလျှင် ယူအန်တွေ၊ အန်ဂျီအိုတွေမှာ လုပ်နေသည့် နိုင်ငံခြားသားတွေက လခတွေကို နင့်နေအောင် ယူထားကြသည်။နိုင်ငံခြားသား အန်ဂျီအိုဝန်ထမ်းတစ်ယောက်အတွက် လခက ဒေါ်လာ တစ်သောင်း အထက်မှာရှိသည်ဟု စိုပြေ့ဆရာက ပြောဖူးသည်။မြန်မာဝန်ထမ်းကျတော့ရော... ဒေါ်လာ တစ်ထောင်အောက်တွေချဉ်းပဲဖြစ်သည်။ အန်ဂျီအိုဝန်ထမ်း တော်တော်များများဆိုလျှင် စိုပြေတို့ သတင်းစာဆရာတွေထက်ပင် လစာနည်းသေးသည်။တကယ်တမ်းလုပ်ရတော့ မြန်မာဝန်ထမ်းတွေပဲဖြစ်သည်။ နိုင်ငံခြားသားတွေကတော့ ဟိုပွဲလေးတတ်လိုက်၊ ပရော့ဂျက်လေးရေးလိုက်နှင့် အေးဆေးပင်။

တခါက အင်္ဂလန်အခြေစိုက် အန်ဂျီအိုကြီးတခု မြန်မာပြည်တွင် ရုံးစိုက်သည်။ အင်္ဂလန်ရုံးမှာ အလုပ်လုပ်နေသည့် မြန်မာတစ်ယောက်ကမြန်မာပြည်ရှိ အဆိုပါ အန်ဂျီအိုကြီးဆီသို့ ပြောင်းရွှေ့ရသည်။ လခကတော့ အင်္ဂလန်မှာ ပေးထားသည့် လခ ဒေါ်လာ တစ်သောင်းလောက်ဖြစ်သည်။မကြာခင်မှာပဲ အဆိုပါ မြန်မာလည်း လခ ဒေါ်လာ ၁၀၀၀ အောက်ဖြစ်သွားသည်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာဖြစ်နေလို့တဲ့။သူလိုကိုယ်လို ဘာမှမတတ်သည့် နိုင်ငံခြားသားများလည်း အန်ဂျီအိုတွင်လုပ်လျှင် လခကောင်းသည်။ သူ့တို့ထက် တော်သည့် ထက်သည့် မြန်မာတွေကတော့ သူတို့လခထက် အဆငါးဆယ်လောက် နည်းသည့်လခလေးဖြင့်လုပ်နေရရှာသည်။

အန်ဂျီအိုမှာအလုပ်လုပ်တဲ့ မြန်မာတွေများ နိုင်ငံခြားမှာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာပြည်ပြန်လာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။မြန်မာဆိုတာနှင့် ခံပေတော့။နိုင်ငံခြားမှာတော့ အန်ဂျီအိုဈေးကွက်ဆိုတာရှိသည်ဟု ကြားဖူးသည်။ သူတို့ဆီမှာတော့ အန်ဂျီအိုအလုပ်သည် စီးပွားရေးအလုပ်လိုဖြစ်သည်။ယခုလည်း မြန်မာပြည်မှာ သူတို့လိုဖြစ်နေပါပြီ။

မြန်မာပြည်ကလည်း နည်းနည်းတော့ ဆန်းသည်။ အန်ဂျီအိုမှာ အလုပ်ရဖို့ တော်ဖို့လိုသည်။ လူတော်ဖို့မဟုတ်။အမျိုးတော်ဖို့ဖြစ်သည်။ အန်ဂျီအိုမှာလုပ်နေသူတစ်ယောက်ယောက်နှင့် အမျိုးတော်ရမည်။ ဒါမှ အလုပ်ရမည်ဖြစ်သည်။အစိုးရအလုပ်ထက်ပင် ခက်သေးသည်။

နောက်ပြီး အန်ဂျီအိုတွေကို မေးမြန်းဖို့ဆိုလျှင် အစိုးရကို မေးရသည်ထက်ပင် ခက်သေးသည်။ ယခုဆိုလျှင် အစိုးရကိုတောင် ဘာမေးမေးရနေသည်။အန်ဂျီအိုတွေကတော့ ဒီလိုမဟုတ်။ အရာအားလုံး လျို့ဝှက်ထားကြသည်။ တစ်ခုခုမှားဖြေမိလျှင် အလုပ်ပြုတ်မှာကြောက်ပုံရသည်။လခကောင်းတွေဆိုတော့ အလုပ်ပြုတ်မှာကြောက်ပေမပေါ့လေ။ခရီးသွားလျှင် အကောင်းစားဟိုတယ်မှာ တည်းသည်။ အကောင်းစား အစားအစာစားသည်။ အကောင်းစားယာဉ်စီးသည်။နောက်ပြီးအန်ဂျီအိုဝန်ထမ်းဟောင်းတဦးရေးထားသည့် စာကို ဖတ်ဖူးသည်။ သူရေးထားသည်က အန်ဂျီအိုတွေအနေနှင့် ပစ္စည်းဝယ်လျှင် ဈေးကြီးကြီးနှင့် ၀ယ်ပြီး ဆိုင်က ကော်မရှင် ယူကြသည်တဲ့။ကြားလို့မှမကောင်း ပြည်သူ့အတွက် လခကောင်းကောင်းနှင့် အလုပ်လုပ်နေပြီး ပြည်သူတွေအတွက် ပစ္စည်းတွေအပေါ်မှာ ကော်မရှင်တွေ ပြန်ယူသည်။

အထက်ကရေးခဲ့သည့် တလ သိန်း ၈၃၀ တန်အိမ်ငှားခသည်လည်း ကော်မရှင်များ ယူထားသလား စဉ်းစားစရာဖြစ်သည်။မြန်မာ့ အိမ်ခြံမြေဈေးကွက် ဈေးကြီးရသည့် အကြောင်းအရင်းတွင် အန်ဂျီအိုတွေလည်း တထောင့်တနေရာက ပါနိုင်သည်။ဘာပဲဖြစ်ဖြစ်လေ။ စိုပြေနဲ့ မဆိုင်ပါဘူး။ သူ့အလုပ်သူလုပ်နေကြတာပဲ။မြန်မာ ပြည်သူတွေက တနေ့ ၂၀၀၀ နဲ့ လောက်အောင် စားနေကြတာမဟုတ်လား။ ပြည်သူတွေကို အကြောင်းပြပြီး သူတို့ အန်ဂျီအိုတွေယူအန်တွေ ကောင်းကောင်းနေ၊ ကောင်းကောင်းစား နိုင်ရင် ပြီးတာပါပဲလေ။စိုပြေတို့က ဘုရားသခင်နောက်ဆုံးမှ ဖန်တီးခဲ့တာဆိုတော့ မျောက်တွေနဲ့ သိပ်မခြားဘူးလို့ သူတို့ ထင်ရင်ထင်မှာပေါ့။


စိုပြေ

ဟိုတုန်းက မန္တလေးနဲ့ လျှပ်စစ်မီး


မန္တလေး, လျှပ်စစ်မီး, ဆီမီးမြင်းမိုရ်ပွဲ, Mandalay Electric Company, Messrs. Dick Kerr and Company
ပန်းချီ သရုပ်ဖော် စိုးဝင်းငြိမ်း
မန္တလေးတွင် လျှပ်စစ်မီးကို သက္ကရာဇ် ၁၂၄၆ ခုနှစ် သီတင်းကျွတ်လမှ စတင်ခဲ့သည်ဟု ဆိုသော်လည်း နန်းတွင်း၌ မီးရောင်စုံ အကြီး အကျယ် ထွန်းညှိ၍ ပွဲလမ်းသဘင် ဆင်ယင်သည်မှာ သက္ကရာဇ် ၁၂၄၂ ခုနှစ်က အထင်အရှား ရှိခဲ့ဖူးသည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း အချိန် မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင်များပီပီ ဆီမီး မြင်းမိုရ်ပွဲများ ဆင်နွှဲကြရာ၌ နန်းမြို့တော် အတွင်း လွှတ်တော်မြောက်တွင် အရှေ့မြင်းမိုရ်နှင့် ရုပ်စုံစင်၊ အနောက်စမုတ်ဆောင် တောင်ရှေ့ ယာဘက်တွင် အနောက်မြင်းမိုရ်နှင့် ရုပ်စုံစင်၊ ဝင်းတော်လေးမျက်နှာတွင် ရွှေဆင်တော် ထားရန် တန်ဆောင်း လေးရပ်နှင့် ရုပ်စုံစင်၊ မြေနန်း တောင်ယာဘက်တွင် အရှေ့ဝင်္ကပါတော်၊ အနောက်စမုတ် ဝဲယာတွင် လေးကျွန်း မြင်းမိုရ် ဝင်္ကပါတော်၊ တောင်နန်းတော်ဦး ပွဲကြည့်ဆောင်ရှေ့တွင် စက်ယန္တရား များနှင့် လုပ်ဆောင်ရသော ဖာရစီ ဇာတ်ရုံတော်ကြီးများဖြင့် ခင်းကျင်းထားသည်။
ထိုဖာရစီ ဇာတ်ရုံတော်တွင် ဖာရစီ ကုလားအမျိုးသားတို့ ဘာသာ တီးမှုတ် ကခုန်စေခြင်းဟု ဆိုသောကြောင့် ထိုစဉ်ကတည်းက နန်းတွင်းတွင် နိုင်ငံခြား အနုပညာကို နေရာပေးနေပေပြီ။
မီးရောင်စုံ ထွန်းညှိရာတွင်လည်း မြန်မာဝန်မင်း အရာရှိများနှင့် အတူ တရုတ်၊ ကုလား၊ ယိုးဒယား၊ လင်းဇင်း၊ မီးပန်းအရာရှိတို့က အလစ်အလပ် မရှိ ကြီးကြပ်ရသည် ဟု ဆိုသည်။ ထိုစဉ်က ထွန်းညှိသည့် မီးရောင်စုံများ ကိုလည်း ကြည့်ပါဦး။
ရွှေနန်းတော်မှ တဆယ့်ခြောက်ဌာန ဘုရားရှင်တို့ ဆီမီးစောင်းတန်း သွယ်တန်းရာတွင် အရပ်ရပ် အရှည်တာ တသောင်း ခြောက် ထောင် (၃၅ မိုင်နီးပါး) ရှည်လျားသည်ဟု ဆို၏။ ထိုမီးစောင်းတန်းများတွင် ၁ တာ (၁၁ ပေ ကျော်) အတွင်း မှန်မီးအိမ် သုံးလုံးနှုန်းဖြင့် မှန်မီးအိမ်လုံးရေ လေးသောင်းရှစ်ထောင်၊ တညလျှင် လေးလဲကျ ကျောက်ဖယောင်းတိုင်ပေါင်း တသန်း တသိန်း ငါးသောင်း နှစ်ထောင်၊ ပန်းထီး ကိုးထောင်ကျော်၊ ပန်းတံခွန် ကိုးထောင်ကျော်နှင့် အတူ ရောင်စုံမီး၊ ဥပါမီး၊ မီးလင်းမြွေစသော မီးပျံအမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ဆင်သံ မြင်းသံ စသော ရှို့မီး အမျိုးမျိုးတို့ဖြင့် ထွန်းညှိပူဇော် ခဲ့သည်။
ပွဲသဘင်များတွင် ရုပ်စုံ အမြင့် သဘင်များ၊ ယိုးဒယားဇာတ်ကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ကျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်၊ တရုတ်နဂါး အတီးအက၊ ဖာရစီ အတီးအကများ ပါအစုံအလင်ပါ ရှိခဲ့သည်ဆို၏။ ဆီမီး မြင်းမိုရ်ပွဲ၌ပင် နန်းတွင်း ၌ တရုတ်နဂါး၏ အလွန့်အလူးနှင့် တရုတ် မောင်းသံ၊ တရုတ် စည်သံတို့ ထိုစဉ်ကတည်းက စီစီ ညံခဲ့ပေပြီ။
ပွဲခင်းတလျှောက် တညဥ့်လုံး တူရိယာသံစဉ် မပြတ်ဖြင့် မဆိတ်စေရ၊ မီးကြပ်အရာရှိ၊ ထွန်းလူ အမှုထမ်းတို့ ကလည်း မီးအိမ်မီးပွင့်၊ အပျက် အယွင်း အစဲ အငြိမ်း မရှိစေရ တဲ့။
ထိုစဉ်က မန္တလေး၏ သီတင်းကျွတ်တန်ဆောင်မုန်း ဆီမီးမြင်းမိုရ်ပွဲကား ကျိတ်ကျိတ်တိုး စည်းကားကာ မီးရောင်စုံသည် ဝတိံတာ ထိုးဖောက်လောက် မည်။ တူရိယာသံစုံလည်း ဘဝဂ်တိုင် ညံညံစည် ပေလိမ့်မည်။
မြန်မာတို့ကား ဤသို့သော ဆီးမီးမြင်းမိုရ်ပွဲ၌သာ မြတ်စွာဘုရားရှင်ကို ရည်ညွှန်းပူဇော်သော အားဖြင့် ဆီမီး မှန်အိမ်၊ ကျောက် ဖယောင်းတိုင် တို့ကို ဖောချင်း သောချင်း သုံးစွဲခဲ့ကြသည်။ သာမန် နေ့နေ့ညည၌ ကား မီးအလင်းရောင်ကို လိုသလောက်သာ ချွေချွေ တာတာ သုံးစွဲခဲ့ကြပုံ ပေါ်သည်။
အဘယ်ကြောင့်ဆို သော် ၁၈၈၁ ခုနှစ်တွင် ကန်ထရိုက် စာချုပ်အရ ငွေကျပ် ၆၀၇၅ တန်ဖိုးရှိ ပြင်သစ် မီးစက် ၅ လုံးသာ ဝယ်ယူ တင်သွင်း သဖြင့် နန်းဆောင်ပေါင်း ၅၀ နီးပါး အတွက် ထိုအရေ အတွက်မှာ လိုသည့်နေရာ အရေးပေါ် သုံးရန်အတွက်ပဲ ဖြစ်ပုံ ရ သည်။ သို့မဟုတ် စက်ရုံ တော်များ အတွက် အသုံးပြုရန်လည်း ဖြစ်နိုင်သည်။
မြန်မာလူမျိုးတို့၏ အိမ်ခန်း ဖွဲ့စည်းပုံတွင် အလင်းရောင်ကို ကဲလား တံခါးရွက်များဖြင့် ဖွင့်ယူသည့် စနစ်ကို အသုံးများသည်။ နေဝင် မိုးချုပ်လျှင် ကဲလားတံခါးချပ် ပိတ်လိုက်ရုံဖြင့် လုံခြုံမှုကို ရစေ၏။ ညဥ့်အချိန်၌ လင်းလင်း ချင်းချင်းရှိမှုကို အိမ်ခန်းများအတွင်း၌ များစွာလိုလားပုံ မရချေ။
ထို့အတူ မြို့တွင်း လမ်းများ၌လည်း ရေနံဆီသုံး တပင်တိုင် မီးအိမ်ကြီးများပဲ စိုက်ထူကာ လင်းချင်း စေခဲ့ခြင်း ကလည်း ပါတော်မူပြီး ခေတ်တိုင်အောင် ဖြစ်သည်။ သီပေါမင်း လက်ထက်က “မီးကြပ်အရာရှိ” ဟူသော ရာထူးဖြင့် လမ်းမီးတိုင်များ ညစဉ် မီးထွန်းညှိရေး ဆောင်ရွက်သည့် တာဝန်ခံကို ခန့်အပ်ခဲ့သလို ပါတော်မူပြီး နောက်တွင် လမ်းမကြီးများပေါ်မှ မီးအိမ်များတွင် ညနေစောင်းသည်နှင့် ရေနံဆီလောင်စာ ဖြည့်တင်းခြင်း၊ မီးစာစစ်ဆေး လဲလှယ်ခြင်း၊ မီးထွန်းညှိခြင်း စသော အလုပ်များ အတွက် ကြီးကြပ်ရသူကိုလည်း “မီးတိုင်အုပ်” ဟု ရာထူးနာမည် မှည့်ခေါ် တာဝန်ပေးခဲ့သည်။
မန္တလေးကို အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက် ခေတ်နောက်ကျနေသော မြို့ပြကို တဆင့်ချင်း ပြုပြင်ယူရာ မြူနီစီပယ် ဖွဲ့စည်းခြင်း၊ လမ်းခင်းခြင်း၊ တယ်လီဖုန်း သွယ်တန်းခြင်း၊ ဟောင်းနွမ်းနေသော မြန်မာပိုင် တဲအိမ်များ ဖျက်သိမ်း၍ နိုင်ငံခြားသားပိုင် အိုးအိမ်များ အတွက် ဂရန်မြေများ ချထားခြင်း၊ တပင်တိုင် ရေနံဆီမှန်အိမ် မီးတိုင်များကို ပြလမ်းများတွင် ထွန်းညှိခြင်း၊ မီးဘေးသင့်ခံရသော ဈေးချိုတော်ကို အသစ်ပြင်ဆင် ဆောက်လုပ်ခြင်းများ ဆက်တိုက် ဆောင်ရွက် ခဲ့သည်။
အင်းဝ၊ အမရပူရမှ မန္တလေးအထိ အစဉ်အဆက် ပါလာသော မြို့၏ ပင်မဗဟိုချက် အသည်းနှလုံး ဖြစ်သော ဈေးချိုတော်ကို အရှေ့တိုင်း၏ အကြီးအကျယ် ဆုံးသောဈေးကြီးအဖြစ် တည်ဆောက်နိုင်ရန် ညှိနှိုင်း ဆွေးနွေးကြကာ ဆုံးဖြတ်ပြီးသည်နှင့် မန္တလေးတွင် လျှပ်စစ်ဓာတ်အား စတင် သုံးစွဲနိုင်အောင် အကောင်အထည် ဖော်ခဲ့သည်။
ထိုကြောင့် ၁၉၀၂ ခုနှစ် အောက်တိုဘာလမှာပင် Mandalay Electric Company ကို စတာလင် ပေါင် တသိန်းဖြင့် မတည် ရင်းနှီးမြှုပ်နှံ လိုက်သည်။ ချက်ချင်းလက်ငင်း ဆိုသလိုပင် ဒီဇင်ဘာလ အတွင်း၌ Messrs. Dick Kerr and Company နှင့် လုပ်ငန်း ဆိုင် ရာ စာချုပ်များ ချုပ်ဆိုလိုက် ကြသည်။ ဒစ်ကား ကုမ္ပဏီမှာ လန်ဒန်အခြေစိုက် ဖြစ်ပြီး ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ္တား မြို့များ၌လည်း ဓာတ်ရထားနှင့် လမ်းများ ဖောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။ လန်ဒန်၌ ၁၉၀၂ ခုနှစ် စတာလင် ပေါင် နှစ်သိန်းဖြင့် မတည် မှတ်ပုံတင်ခဲ့သော ကုမ္ပဏီလည်း ဖြစ်သည်။
တကယ်တော့ အင်္ဂလိပ်အစိုးရသည် မန္တလေးတွင် လျှပ်စစ်ဓာတ်အားကို စတင်သုံးစွဲရန် စီမံလိုက်ပုံမှာ ၎င်းတို့၏ ဓာတ်ရထားများ အဆင်သင့် ပြေးဆွဲနိုင်ရေးကို အဓိက ထားခဲ့ခြင်း ဖြစ်သည်။ အရင်းရှင် စီးပွားရေး စနစ်ကို ခိုင်မာစွာ အခြေချ အသားကျ နေသော နေမဝင် တိုင်းပြည်ကြီး ဖြစ်သောကြောင့် ၎င်း၏ ကိုလိုနီ မှန်သမျှတွင် ကိုယ်ကျိုးစီးပွား ပဓာနကို အခြေခံပြီးမှ မြို့ပြ ခေတ်မီရေးကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့ လျှပ်စစ်ဓာတ်အား ကုမ္ပဏီ၊ ဓာတ်ရထား ကုမ္ပဏီများ အတွက် မန္တလေးမြို့ ၂၆ ဘီ အာဇာနည် လမ်းမကြီးနှင့် ၇၈ လမ်း ဆုံ တောင်ဘက် ကျုံးနံဘေးတွင် ရေနွေးငွေ့အားသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ၊ ဓာတ်ရထား ကုမ္ပဏီ ရုံးခန်း၊ ဓာတ်ရထားများ ထားရန် ဂိုဒေါင်နှင့် ဝပ်ရှော့တို့ကို ဝင်းကြီး တဝင်းတွင် စုစည်းနေရာ ပေးခဲ့သည်။ ထိုဝင်းအား နှောင်းခေတ် အထိ ဓာတ်စက်ရုံဝင်း ဟု ခေါ်တွင်ခဲ့ကြသည်။
ဓာတ်ရထား ပြေးဆွဲမှု ကွန်ရက်မှာ မန္တလေး ဈေးချိုတော်ကို မဏ္ဍိုင်ထား၍ ဈေးချို-ဂေါဝိန်၊ ဈေးချို-ဘုရားကြီး၊ ဈေးချို-ရုံးကြီး ဟူ၍ လိုင်းသုံး လိုင်း ခွဲလိုက်၏။ စုစုပေါင်း အရှည် ၇ မိုင်ရှိသည်။ ထို ဓာတ်ရထားလိုင်းများ အတွက် လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်း ရ သည်။ ဓာတ်ရထား ပြေးသံလမ်းများ ခင်းရသည်။ ဓာတ်ရထားတွဲ များမှာ အရှည် ၃၅ ပေ ၄ လက်မခွဲ၊ အကျယ် ၆ ပေ၊ အမြင့် ၈ ပေခန့်ရှိပြီး Electric Railway and Tramway Carriage Works Limited က ဆောက်လုပ်ပေးခဲ့သည်။ ဓာတ်ရထားပေါင်း ၂၄ စင်း ပြေးဆွဲခဲ့၏။ ဓာတ်ရထား တတွဲတွင် ခရီးသည် ၄၈ ယောက် စီးနင်း လိုက်ပါနိုင်သည်။
မန္တလေးတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီး ရေနွေးငွေ့ အင်ဂျင်ဖြင့် လျှပ်စစ် ဓာတ်အားပေးသည်နှင့် ၁၉၀၄ ခုနှစ်၊ ဇွန်လ ၁၇ ရက် တွင် ဓာတ်ရထားများကို စတင် ပြေးဆွဲခဲ့သည်။ မန္တလေး ၇၈ လမ်းပေါ်ရှိ ဓာတ်ရထားကုမ္ပဏီ ရုံးခန်းရှေ့မှ မန္တလေး မြို့မျက်နှာဖုံး မြို့မိ မြို့ဘများ၊ အရာရှိအရာခံများ၊ မြို့သူမြို့သား များနှင့်အတူ ဘုရင်ခံ ဆာဟျူး ဘတ်ရန့်စ်က ဓာတ်ရထားလိုင်းများအား ဖွင့် လှစ် ပေးခဲ့သည်။
ဓာတ်ရထားများ စတင်ပြေးဆွဲပြီးနောက် မန္တလေးမြို့တွင်း၌လည်း လျှပ်စစ်မီးများ သုံးစွဲနိုင်ခဲ့သည်။ တဆင့်ပြီးတဆင့် ရုံးများ၊ လူနေ အိမ်များတွင်လည်း လျှပ်စစ်မီးများ တပ်ဆင်ကာ လျှပ်စစ်ကို တွင်ကျယ်စွာ အသုံးပြုစေ၏။
၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ပြီးသည့် နောက် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လာကာ မြန်မာပိုင် ဆိုက်ကားများကို အလုံး အခဲ နှင့် အားပေးလိုက်ကြသဖြင့် အင်္ဂလိပ် ကုမ္ပဏီကြီး ကျီးနှင့် ဖုတ်ဖုတ်ဖြစ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းပြီးနောက် ထိုဓာတ် စက်ရုံအတွင်းမှ အင်ဂျင်ဓာတ်အားပေးစက်ကြီးကို အသုံးပြု၍ မန္တလေးကို လျှပ်စစ်ဓာတ်အား ဖူလုံစွာ ပေးဝေနိုင်ခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက် လောပိတ ရေအား လျှပ်စစ် စက်ရုံကြီးများမှ တပြည်လုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားများ ပေး သောအခါ မန္တလေးသည် “အလိုမဲ့ ထွန်းလင်း စေနိုင်သော” လျှပ်စစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နိုင်ခဲ့သည်။
အကယ်၍  အကြောင်းအမျိုးမျိုးကြောင့် လောပိတ လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်လျှင်ပင် အင်ဂျင်ဓာတ်အားပေး စက်ကြီးနှိုး၍ စက္ကန့် မလပ် လျှပ်စစ်အားဖြည့်တင်းပေးခဲ့၏။
ဒါက ဟိုတုန်းက မန္တလေး။     ။

Tuesday, May 27, 2014

မြန်မာပြည်မှာ ဒါမျိုးတွေ ရှိတယ်

မြန်မာပြည်မှာလည်း ဒါမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက အခု ဖော်ပြပါ ဓာတ်ပုံနဲ့ စာကို ရေးပြီး သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 

 ဓာတ်ပုံ- မစုစုနွေး ဖေ့စ်ဘုတ်

"ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။" လို့ ဖော်ပြထားပါတယ်။ 

အဲဒီလို ကြိုးတုတ်ရိုက်နှက်ခံထားရတာနဲ့ပတ်သက်ပြီး မစုစုနွေးက အခုလို ရေးသား ထားပါတယ်။ 

(26 5 2014 ) နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးမှ ခိုင်းစေချက်အရ လူငှား(၆)ယောက်မှာ(၁၉၉၀)ခုနှစ်ကဦးကျော်သန်း ကော်ဖီစီမံကိန်းဆိုပြီး သိမ်းစည်းထားသော လယ်မြေများအား ဒေါ်မိမိလေးမှ မြေကွက်များရိုက် ရောင်းချနေပြီး ခြံစည်းရိုးခတ်ရန် ကျောက်တိုင်/သဲ/အုပ်/များလာချသဖြင့် သိမ်းစည်းခံ လယ်သမားများမှ သွားရောက်ကြည့်ရှုခဲ့တာကို ဒေါ်မိမိအေး ငှားထားသော လူငှားများမှ တစ်ယောက်ချင်းစီ ဖမ်း/ကြိုးနဲ့တုတ် /ရိုက်ခဲ့သဖြင့် လယ်သမား(၆)ယောက်မှာ ဒဏ်ရာ ရရှိခဲ့ကြပါသည် (၃)ယောက်မှာ စိုးရိမ် ရတဲ့ အခြေအနေဖြစ်နေပါသည်။

Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း
ကိုအောင်ဇော်မင်းPh(0947140524) ပြင်ဦးလွင်
ကိုဇော်ထိုက်Ph(09403759742)ပြင်ဦးလွင်ကို ဆက်သွယ်ပါ ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး ကော်မတီက မနက်ဖန်နံနက်(6:00)ရီကားနဲ့ ပြင်ဦးလွင်ကို လိုက်သွားပါမည် ။




အိမ့်သံစဉ် ~



 ဧရာဝတီ

Monday, May 26, 2014

ဆြာဒင်၏ ကျပ်နှစ်ထောင်တန်အာချောင်မှု တရားစီရင်ခန်း

၂၇၊၀၅၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။  http://7daydaily.com/story/11723#.U4PaKSior90  ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်း  (မင်းဒင်)  (၁) "တွေးတွေးပြီးတော့ တဝဲလည်လည်၊ မျှော်လင့်ချက်ရည်ရွယ်ချက်တွေ ကင်းမဲ့ယွင်းခဲ့လေတယ်။ကိုယ်တစ်ယောက်တည်း အတွေးဗိမာန် ကြီး တည်ဆောက်ကာရယ်။ စိတ်ကူးယဉ်သက်သက် မှတ်ချက်တွေရေးကာ ဆိုဖူးခဲ့တဲ့တေးသံဝယ် ရေပြင်ကိုကြည့်ကာကြည်ကာ ကြည်နူးမှုရဲ့အရိပ်ဝယ် နှစ်သက်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ် မှန်းခြွေမေလာမှူးမယ် လွမ်းနေ၊နေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ်"  တေးပြုစာဆိုကိုလှမိုး၊တေးသံရှင်ကိုခင်လတ်၏"ကမ်းခြေဇေယျာဦး"အမည်ရှိ ခေတ်ဟောင်းဂန္တဝင်တေးတပုဒ်ကို ဆြာဒင်တေးသီကျူးနေ သည့်အရပ်ဒေသကား စစ်ကိုင်းမြို့အနီးမှ ဧရာဝတီမြစ်ကမ်းပါးတွင်မဟုတ်မူပဲ၊ဖူးခက်မြို့အမ်မခန်အရပ်ရှိ အိမ်အိုကြီးတစ်လုံးတည်ရှိရာ ခြံကျယ်ကြီးတစ်ခု၏ရှေ့မှ ကွန်ကရစ်ရေမြောင်းဘေးတွင် ဖြစ်ချေ၏။နေလုံးနီနီသည် ညနေစောင်းအချိန်မို့အနောက်ဂေါယာကျွန်းဆီ ယွန်းလုလုအချိန်တွင် ဆြာဒင်၏အိမ်ပေါက်တစ်ဒါဇင်ကျော်မျှသော ကြောင်အုပ်၏ဖင်သရမ်းမှုကြောင့် အိမ့်အနောက်တောအုပ်ဆီမှ တိုက်ခတ်လာသည့် လေနုအေးသည် ကြောင်ချေးနံ့ဖြင့် သင်းပျံ့လျက်ရှိလေ၏။  "ဆြာဒင်၊ပေါင်ချိန်ရှိပါသလားရှင်" ဆြာဒင့်နောက်ကျောဘက်ဆီမှ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် ဆတ်ကနဲသမင်လည်ပြန်စောင်းငဲ့ကြည့်မိသည့်အခါ တွင် ကား ခပ်နွမ်းနွမ်းအဝတ်အစား၊အသက်အားဖြင့်လေးဆယ်ကျော်ခန့်ရှိမည့် ခပ်ရွယ်ရွယ်အမျိုးသမီးတစ်ဦးကို တွေ့မြင်ရလေ၏။ သူသည် နှပ်ချေးတွဲလောင်းနှင့်သုံးနှစ်အရွယ်ကလေးတစ်ဦးကို ခါးထစ်ခွင်လျက်ရှိ၏။သူ့နံဘေးတွင်မူ ခင်ပွန်းယောက်ျားဖြစ်ဟန်ရှိသည့် ညောင်နာ နာ လူရွယ်တစ်ဦးသည်လည်း နှုတ်နည်းစွာ ငူငူကြီးရပ်လျက်ရှိ၏။အဆိုပါအမျိုးသမီးကြီးကို အကဲခတ်ရသည်မှာ အကြောက် အလန့် ရှိပုံမရပဲ မှန်ရာကို ဟောဟောဒိုင်းလုပ်ရဲကိုင်ရဲဇတ်ဇတ်ကြဲဖြစ်ပုံရ၏။မည်သို့ဆိုစေ သူ့အမေးကို ဆြာဒင်တစ်ယောက်တည်ငြိမ် အေးဆေး စွာပင် ဖြေဆိုသမှုပြုလိုက်ရပေသည်။ "ပေါင်ချိန်ချင်ရင် အိမ်ထဲမှာ ရှိလေရဲ့။ကီလိုပါ ချိန်လို့ရပါတယ်လေ၊အထဲကိုကြွပြီး ချိန်ချင်တာသာ ချိန်ပါလေတော့"  "ဟင်း ဆြာဒင်ပြောင်ချော်ချော်မလုပ်ပါနဲ့၊ကျမတွေ့ချင်တာက တရားသူကြီး မျက်နှာမည်းပေါင်ချိန်ရှင့်၊အမှုဖွင့်ချင်လို့" ငယ်ထိပ်ကို တည့်တည့်ထုကာမှ စဉ်းငယ်ရိပ်မိခဲ့ရချေပြီ။သည်သူငယ်မကား မတရားမှုသို့တည်းမဟုတ် မကျေနပ်ချက် တစ်စုံတစ်ရာ ရှိ ဟန်တူပေရာ ဆြာဒင်မှာ ဖြစ်ကြောင်းကုန်စင်ကို သိနိုင်ရန်အလို့ငှာ အိမ်တွင်းသိုကြွပါမည့်အကြောင်း ဖိတ်ခေါ်သမှုပြုလိုက်ရလေသည်။ "ဆြာဒင်လိုလူမျိုးနဲ့ နဖူးတွေ့ဒူးတွေ့နေကမင့်ဟာ၊ပေါင်ချိန်ကို ရှာစရာလိုသေးလား မယ်မင်းကြီးမရယ်။ဆြာဒင်ရဲ့ ရုံးတော်ရှေ့က စည်ကြီး ကိုသာတီးလိုက်ပါလေ။အဲ၊အိမ်အတွင်းသို့သာကြွပါလေ။ရွှေဉာဏ်တော်ကလော်တိုင်းထွက်လေသည့် ဆြာဒင်၏မဟာ ဖြုတ်ဦးနှောက် ဖြင့် တရားမျှတမှုကို ဖြစ်စေပါအံ့"  (၂) ပေါင်ထင်းလျှန်ဟုအမည်ကျော်ကြားလေသည့် ပညာရှိခုံသမာဓိတရားသူကြီးမင်းကား တရားတဘောင်အမှုအခင်းကြီးငယ်တို့တွင်  မှူးကြီးမတ်ရာသေနာပတိမဆိုထားနှင့်၊မင်းဧရာဇ်နှင့် မိဖုရားကိုသာမက ဧကရာဇ်၏မယ်တော်ကိုပင် ညှာတာသက်သာခွင့်မပေး အစဉ် အမြဲတော်တည့်မှန်ကန်စွာ ဆုံးဖြတ်ခဲ့လေသည့်  စိနရာဇဝင်ထဲမှ ပုဂ္ဂိုလ်ကျော် တစ်ဦးဖြစ်ပေတည်း။သူ၏ကြောင်းရာဗျုပ္ပတ်ကို လွန်ခဲ့ သောဆယ်စုနှစ်များဆီက မြဝတီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှတစ်ဆင့် မြန်မာပြည်သူတို့ရင်းနှီးခဲ့ကြချေသည်။ ဤသူ ငယ်မ သည် အသိဉာဏ်နုံနဲ့သည့်အားလျော်စွာ ပေါင်ချိန်တည်းဟူသော တရားသူကြီးသည် ယခုထက်တိုင်သက်ရှိထင်ရှားရှိနေ လေသေးသည် ဟုထင်မြင်နေခြင်း ဖြစ်တန်ရာသည်။  "ကဲ၊မယ်မင်း၊အဘယ်သော အမှုကို အဘယ်အတွက်ကြောင့်ဖွင့်လိုပါသနည်း။ဆြာဒင်နှင့်ဆုံတွေ့ကြပြီဖြစ်၍ ဆြာဒင်သည်ပေါင်ချိန်ထက် သာလွန်ထက်မြက်ရဲဝံ့သူဖြစ်သည့်အားလျော်စွာ မယ်မင်း၏တိုင်ချက်ကို လက်ခံကြားနာပါအံ့" "ဆြာဒင် မလုပ်ရဲလောက်ဘူးနော်" ဆြာဒင့်ရှေ့တွင် ပုဆစ်တုပ်လျက်ပျဝပ်ကျိုးနွံစွာရှိနေသည့် တရားလိုသူငယ်မ၏သတိပေးစကားကြောင့် ဆြာဒင့်ရင်မှာ ထိတ်ကနဲဖြစ်သွား သော်ငြား ဟန်ကိုယ်ဖို့ဟူသောဆိုရိုးရှိသည်မဟုတ်တုံလော။ "ဆိုမှာသာဆိုပါလေမယ်မင်း၊ဇမ္ဗူထိပ်မင်းကရာဇ်တို့၏မတရားမှုကိုသော်မှ ဆြာဒင်၏အသက်ကိုစွန့်လျက် မှန်ရာကိုဖြစ်စေပါအံ့၊ အဘယ် အမှုပေနည်း"  "အာချောင်မှုပါဆြာဒင်၊ကျူးလွန်သူက ဒုသမ္မတပါ" "ဟေ" ဆြာဒင်မှာဟေတစ်လုံးသာအော်နိုင်လျက် တကိုယ်လုံးကြက်သီးဖျန်းကနဲထသွားပြန်သော်တည့် မရဲသော်လည်းပြေးခဲစေ ဟုပညာရှိတို့ ဆိုလေရာ ယင်းသူငယ်မ၏လျှောက်တင်ချက်ကို ဟန်မပျက်ရှေ့ဆက်နားထောင်ရပြန်၏။ "ကျွန်တော်မတို့လင်မယားယိုးဒယားပြည်ဖူးခက်ကိုရောက်နေတာ ဆယ့်ငါးနှစ်ဝန်းကျင်ရှိပါပြီဆြာဒင်၊စားဝတ်နေရေးချောင်လည်ရုံ ဝင်ငွေ ရရေး အတွက် တစ်နေ့ဆယ့်နှစ်နာရီမျှ ပင်ပန်းဆင်းရဲစွာလုပ်ခဲ့ရသော်ငြား ထိုင်းပုလိပ်တို့နှိပ်စက်သည်ကြောင့် ဝမ်းဝသော်ငြား နေ့စဉ်နှင့် အမျှ ကျီးလန့်စာစား ဖြစ်ရပါသည်။ယခုအခါ ဇာတိရွာတွင်ဒီမိုကရေစီစံနစ်ထွန်းကားပြီးဖြစ်၍ မိခင်တိုင်းပြည်မှာပင် ရရာ အလုပ်ဖြင့် ကျိုးကုပ်အသက်မွေးရန်စီစဉ်ဆဲတခဏ၌ ဒုသမ္မတမင်း၏ တစ်နေ့နှစ်ထောင်ကျပ်ဖြင့် ထမင်းနပ်မှန်သည်ဟူသော အာချောင်စကား ကြောင့် ကျွန်တော်မတို့မှာ ဂယောင်ခြောက်ချား နေရပ်သို့ပြန်နိုင်အင်အားမရှိတော့ပဲ၊ ယိုးဒယားပြည်တွင်သာ ကျွန်သက်ဆက် ရှည်ဖွယ် ရှိပါသဖြင့် လိုအပ်သလို ထိရောက်စွာအရေးယူပေးစေချင်ပါသည်ဆြာဒင်ရှင့်"  (၃) ဤသူငယ်မကား အပြောအဆိုချက်ချာပေစွ။အမည်နာမကား မရွှေတုတ်ဟုတွင်၏။ မင်းဘေးစိုးဘေးကိုမကြောက်ရွံ့ယောင်တကား၊ ခင်ပွန်းဖြစ်သူဥပဓိရုပ်စုတ်ချာချာငနဲကမူ ယောင်တီးယောင်အနှင့်ကလေးငယ်၏နှပ်ချေးဖတ်တို့ကို အလုပ်မရှိအလုပ်ရှာ ငြင်သာစွာခွာ လျက်ရှိ၏။ဆြာဒင်သည် ဒုသမ္မတဟူသောာ အမည် နာမကိုကြားရကာစပင်လျှင် ဒူးတတဆတ်ဆတ်တုန်လျက်ရှိသည့်ကြားမှ မရဲဘဲ ကျွဲပြဲစီးမိပြီဖြစ်၍ ပေါက်သည့်နဖူးမထူးတော့ပြီမို့ ရှိစုမဲ့ နတ်မောက်ရွှေပင်ဇာတိသွေးကို ဇွန်းခြစ်ခြစ်ကာ မာန်ပါပါဖြင့်အောက်ပါ အတိုင်း မြွက်ဟစကားဆိုလေ၏။ "သူငယ်မ၊ကောင်းလှပေပြီ။ကျွန်သက်ရှည်မည့်အရေးမှာ တွေးထိုက်လှပေသည်။ခုံသမာဓိမင်းတို့မည်သည် ငွေကြေး၊သြဇာအာဏာတို့ကို ထိတ်လန့်တုန်လှုပ်ခြင်းကင်းလျက် မှန်ရာကိုဖြောင့်မတ်စွာ ဆုံးဖြတ်ရာသည်ချည်းဖြစ်၍အဂတိတရားလေးငါးတို့မှ ကင်းစေ ရာ၏။ အဆိုပါအရေး ကိစ္စတွင် ထိုပုဂ္ဂိုလ်သည် မည်သည့်အတွက်ကြောင့် ဤသို့အာချောင်ရကြောင်းဆြာဒင်သိသော်ငြား အများပြည်သူ ထင်သာမြင်သာရှိရန် အလို့ငှာ တပည့်ကျော် လေမင်းသား၊ကပ္ပလီနှင့်ဖေကြည်ခေါ်အာရုံတို့ကို စနည်းနာရန်အလို့ငှာ အချင်းဖြစ်ဇာတိမြေ သို့ ယခုပင်စေလွှတ် ပေအံ့။နောက်လေးဆယ့်ရှစ်နာရီအကြာတွင် တရားလိုသူငယ်မနှင့်တကွ မင်းပရိတ်တို့သည် ဆြာဒင်၏ အိမ်ဂေဟာ တွင် စုရုံးကြကုန်လော့"  ထိုသို့လျှင် ဆြာဒင်သည် အခင်းဖြစ်အမှုတွင်ပြစ်မှုကျူးလွန်သည်ဟုသံသယဖြစ်၊စွပ်စွဲခြင်းခံရသူဒုသမ္မတစံမြန်းရာ နေပြည်တော်သို့ တပည့်ကျော်တို့အား တစ်ဦးလျှင် ထိုင်းဘတ်နှစ်ထောင်၊ဗမာငွေအားဖြင့် ကျပ်ခြောက်သောင်းစီထုတ်ပေးလျက် ဖူးခက်မှသည်ရနောင်း ၊ထိုမှ ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ကူးဖြတ်စေလျက် နေပြည်တော် သို့ ကုန်းလမ်းခရီးပြင်းနှင်စေရန် ညွန်ကြားစေလွှတ် လေသည်။  ထို့မှ နှစ်ရက်ကာလပြည့်မြောက်သည့်နေ့တွင် တပည့်ကျော်သုံးဦးဘေးမသီရန်မခပြန်လည်ရောက်ရှိလာကြရာ ဆြာဒင်သည် အိမ်တော်တွင် အသင့်ရောက်ရှိနေကြသည့် တရားလို မရွှေတုတ်နှင့် ဆြာဒင်၏ တရားစီရင်ခန်းသတင်းအစအနကို ကြားသိကြ လေ သည့်အနီးအဝေးမှ ဧည့်ပရိသတ်များ ရှေ့မှောက်တွင် တပည့်ကျော်တို့ စနည်းနာ သိရှိမှတ်သား လာသမျှ အကြောင်းခြင်းရာ အပြည့်အစုံ ကို မခြွင်းမချန်ဖွင့်ဟပြောဆိုစေတော့၏။ ထိုအခါ တရားလိုနှင့်မရွှေတုတ်အပါအဝင် ပရိသတ်အပေါင်းမှာ နားရွက်မျှပင် မခတ်နိုင်ကြပဲ အပ်ကျသံပင်ကြားရအောင်တုတ်တုတ်မျှ မလှုပ်ကြဘဲ ဆြာဒင်၏ပညာဉာဏ်စွမ်းကို ရင်သပ်ရှုမော အံ့ဘနန်းကြီးစွာရှိလှသည့် မျက်နှာပေးကိုယ်စီဖြင့် ငံ့လင့်ကြကုန်၏။  (၄) တပည့်ကျော်သုံးဦးသားအနက် ကိုယ်တိုင်ကိုယ်ကျကြုံလာရသည့်အဖြစ်သနစ်ကို ဦးစွာဖွင့်ဟသူမှာ ကပ္ပလီငယ်ဖြစ်ချေသည်။ "ဆြာဒင်ခင်ဗျာ၊အဆိုပါဒုသမ္မတကြီးမှာရေတပ်ထွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဟုဆိုပါ၏။ကာလပေါက်ဈေးသိန်းငါးရာဝန်းကျင် တန် သည်ဟု ကျနော်မျိုးရမ်းသမ်းခန့်မှန်းသည့်အကောင်းစားကားကြီးဖြင့် ရုံးတက်ပါသည်။ဒုသမ္မတကြီးသည် မာန်မာနရှိဟန်မတူ၊လမ်းဘေး မုန့်ဟင်းခါးဆိုင်တွင် ပြည်သူတို့နှင့်လက်ရည်တပြင်တည်း၊အီကြာကွေးအပါအဝင်အကြော်နှင့်နှစ်ပွဲစားသည်ကိုတွေ့မြင်ခဲ့ရပါသည်။ ရှယ်ပေါ့ဆိမ့်လက်ဖက်ရည် တစ်ခွက်ကိုလည်း သောက်ပါ၏။ အဆိုပါ မုန့်ဟင်းခါးဖိုးနှင့်လက်ဖက်ရည်ဖိုးကျသင့်ငွေမှာ ကျပ်နှစ်ထောင် တိတိဖြစ်ပြီး ထိုဆိုင် တွင်အသင့်ရှိနေသည့် ကြေးရည်တတ် တစ်ဦးက စေတနာအလျောက် ကြားဝင်၍ဒကာခံသည်ကိုတွေ့မြင်ရပါ၏"  ဆြာဒင်၏ရုံးတော်ရှေ့တွင် ၎င်း၏အတွေ့အကြုံကို လွတ်လပ်သောမိမိဆန္ဒအလျောက်ဖွင့်ဆိုသောာဒုတိယပုဂ္ဂိုလ်မှာ ဖေကြည်ခေါ် အာရုံဖြစ်၏။ "ဆြာဒင်၊ဒုသမ္မတကြီးကား နံနက်စာကို အိမ်တွင်စား၍နေ့လည်စာကို ရုံးတွင်သုံးဆောင်ပါ၏။ပါစကဝမ်းမီးတောက်၍ အစာကြေရန် အလို့ငှာ ဝိုင်အနီကို အသားနှင့် လည်းကောင်း၊ဝိုင်အဖြူကို ငါးအစရှိသော ပင်လယ်စာနှင့်လည်းကောင်း ရံဖန်ရံခါသုံးဆောင်ပါ၏။ နိုင်ငံ တစ်ကာအဆင့်မှီ ဝိုင်တစ်လုံး၏တန်ဖိုးမှာ ဗမာငွေဖြင့်တွက်ချက်လျှင် ကျပ်နှစ်သိန်းဝန်းကျင်ဖြစ်ပါ၏။ အဆိုပါစားရိတ်အတွက် ကျခံသည့် ငွေစာရင်း ခေါင်းစဉ်မှာ နိုင်ငံတော်ဧည့်ခံစားရိတ်မှဖြစ်ပါသည်။ဒုသမ္မတကြီးသည် လွန်စွာသနားညှာတာစိတ်ရှိသူဖြစ်ပြီး သမ္မတရုံး ဝန် ထမ်း အသီးသီးအား မောင်တို့ကြိုက်သလိုသုံးပါလေဟူသော မိန့်မှာစကားကိုဆိုရင်း တစ်ဦးလျှင် ကျပ်တစ်ရာတန်တရွက်နှုန်း မကြာခဏ စေတနာဗလဗွဖြင့်စွန့်ကြဲ ပေးကမ်းသည်ဟုလည်းကြားသိရပါ၏"  ၎င်းနောက် တတိယမြောက်ပုဂ္ဂိုလ်လေမင်းသားသည် သူ၏အတွေ့အကြုံကို ဆက်လက်တင်ပြဖွင့်ဟပြန်ပါသည်။ "ဆြာခင်ဗျာ၊ခရီးစဉ်၏နောက်ဆုံးညတွင် တပည့်ကြီးသည် ဒုသမ္မတ၏အိမ်တော်တွင်းတိုင် အမှတ်မထင်ရောက်ရှိသွားခဲ့ရာ အိမ်တော်၏ အိပ်ခန်းတွင်းမှ ဒုသမ္မကတော်၏မဲမောင်းပြစ်တင်သံကို နားဖြင့်ဆတ်ဆတ်ကြားခဲ့ရပါသည်။ရှင်မသိတဲ့ကိစ္စကို မသိသလိုနေ၊ တောင်ပြော မြောက် ပြောအာမချောင်နှင့်၊ကြက်သွန်၊ငြုပ်သီးနှင့် အာလူးမကျန်ဈေးတွေတက်နေပြီ။တစ်ကျပ်မှာ  ဘယ်နှစ်ပြား ရှိတယ် ဆိုတာမသိပဲ လူအမြင် ကပ်အောင်မလုပ်နှင့်၊ဘာမှမပြောပဲနေရင် အကောင်းဆုံး၊အခုကိစ္စမှာ ကိုရဲထွဋ်ကယ်လို့ရှင်သက်သာ တယ်မှတ်။ နောက်တစ်ခါ လူရှေ့သွားရင် ကျုပ်ကိုယ်တိုင် ရှင့်ပါးစပ်ကို ပလာစတာကပ်ပေးလိုက်မယ် ဟူ၍ဖြစ်ပါသည်"  တပည့်ကျော်တို့၏ဖွင့်ဟပြောဆိုချက်အသီးသီးဆုံးခန်းတိုင်သည်နှင့် တရားလိုမရွှေတုတ်သည် ဖျတ်ကနဲမတ်တတ်ရပ်တဲ့ကာ .. "တော်ပြီတော်ပြီ ဆြာဒင်၊ကျွန်တော်မျိုးမနားလည်ပါပြီ။လက်စသတ်တော့ သူ့ခမျာငွေရေးကြေးရေးကို ကလေးသာသာ လောက်ပဲ သိသေးတာကိုး၊ဗွေယူမိရင် ကျမသာအရူးဖြစ်တော့မပေါ့။သူဘာပြောပြော ကျမတို့က လုပ်အားကိုရောင်းတာပဲ၊ အလုပ်ရှင်နဲ့ညှိနှိုင်း ဖို့သာအဓိကပါ။တရားတဘောင်တွေ မဖြစ်ချင်တော့ပါဘူး။သူစိတ်ချမ်းသာမယ်ထင်တာပြောပါစေလေ။သူလည်း အိမ်က ကိုကြွက်နီနဲ့ ဘာထူးလို့တုန်း"  ဤတွင် ကြွရောက်နားထောင်နေကြသည့် ပရိသတ်တို့ထံမှ ကျွက်ကျွက်ညံသောထောက်ခံဆွေးနွေးသံတို့သည် နေရာအနှံ့မှထွက်ပေါ် လာပြန်၏။   "ဟုတ်တယ်ဟ၊ရွှေတုတ်ရ၊ဇာတ်သမား၊ကလေးနဲ့အရူးတွေပြောရင်မှန်တတ်တယ်။အကောင်းဘက်ကစဉ်းစားရင်သူ့စကားဟာ ဗမာငွေ တန်ဖိုးတက်မဲ့သဘော" "ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း၊သြဘာနိမိတ်ထွန်းသတဲ့၊မင်္ဂလာလို့မှတ်ကြဟေ့" "အေးဟ၊ငါတို့ဒုသမ္မတအူမြူးရင် တိုင်းပြည်အေးချမ်းမဲ့သဘောပဲ" "ဘာမှမသိလို့ပြောမိတာ အပြစ်လို့မဆိုနိုင်ပါဘူး" "သူ့မိန်းမကြိမ်းထားပြီဆိုတော့နောက်တစ်ခါမပြောရဲလောက်တော့ပါဘူး"  ထိုခဏ၌ ဆြာဒင်၏ပညာဉာဏ်ကိုကောင်းချီးပေးလေဟန်ရှိသည်ထင့်၊ဆြာဒင့်အိမ်မှကြောင်အရွယ်မျိုးစုံသည် တညောင်ညောင်အသံဖြင့် ဆူညံစွာ အာခေါင်ခြစ်အော်ဟစ်မြည်ကြွေးကြရုံမျှမက အိမ်အနောက်တောအုပ်မှ လေပြင်းတစ်ချက်တိုက်လာပြန်ရာ အော်ဂလီဆန်စရာ ကြောင်ချေးနံ့ တသင်းသင်းသည် ဆြာဒင်၏ အိမ်တွင်းသို့ပါ ထုံသင်းကြိုင်လှောက်နေလေတော့၏။တရားရုံးစားရိတ်ကို ဆြာဒင်၏ရှိစုမဲ့စု ချွေးနည်းစာဖြင့် ကျခံစေလျက် အဆိုပါအမှုသည် နှစ်ဘက်ကြေလည်ငြိမ်းအေးမှုရပြီးသကာလ ပြီးဆုံးခြင်းသို့ရောက်ခဲ့လေပြီ။ သြဘာလက်ခုပ်သံများ နှင့်အတူ လက်ခေါက်မှုတ်သံတရွှီရွှီအပြင် ဝမ်းစမိုးသံသောသောညံလေသတည်း။ ဤသို့လျှင် ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်းအဆုံးတွင်လည်း ဆြာဒင်၏ပညာဉာဏ်ဂုဏ်သတင်းသည် တပည့်ကျော်များနှင့် ရပ်ဝေးရပ်နီးမှပရိသတ်မင်းတို့အလယ်၌ ထင်ပေါ်ကျော်စောခြင်းသည် နောက်ထပ်တစ်ကြိမ်ဖြစ်ပြန်လေသတည်း။

(၁)
"တွေးတွေးပြီးတော့ တဝဲလည်လည်၊ မျှော်လင့်ချက်ရည်ရွယ်ချက်တွေ ကင်းမဲ့ယွင်းခဲ့လေတယ်။ကိုယ်တစ်ယောက်တည်း အတွေးဗိမာန် ကြီး တည်ဆောက်ကာရယ်။ စိတ်ကူးယဉ်သက်သက် မှတ်ချက်တွေရေးကာ ဆိုဖူးခဲ့တဲ့တေးသံဝယ် ရေပြင်ကိုကြည့်ကာကြည်ကာ ကြည်နူးမှုရဲ့အရိပ်ဝယ် နှစ်သက်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ် မှန်းခြွေမေလာမှူးမယ် လွမ်းနေ၊နေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ်"

တေးပြုစာဆိုကိုလှမိုး၊တေးသံရှင်ကိုခင်လတ်၏"ကမ်းခြေဇေယျာဦး"အမည်ရှိ ခေတ်ဟောင်းဂန္တဝင်တေးတပုဒ်ကို ဆြာဒင်တေးသီကျူးနေ သည့်အရပ်ဒေသကား စစ်ကိုင်းမြို့အနီးမှ ဧရာဝတီမြစ်ကမ်းပါးတွင်မဟုတ်မူပဲ၊ဖူးခက်မြို့အမ်မခန်အရပ်ရှိ အိမ်အိုကြီးတစ်လုံးတည်ရှိရာ ခြံကျယ်ကြီးတစ်ခု၏ရှေ့မှ ကွန်ကရစ်ရေမြောင်းဘေးတွင် ဖြစ်ချေ၏။နေလုံးနီနီသည် ညနေစောင်းအချိန်မို့အနောက်ဂေါယာကျွန်းဆီ ယွန်းလုလုအချိန်တွင် ဆြာဒင်၏အိမ်ပေါက်တစ်ဒါဇင်ကျော်မျှသော ကြောင်အုပ်၏ဖင်သရမ်းမှုကြောင့် အိမ့်အနောက်တောအုပ်ဆီမှ တိုက်ခတ်လာသည့် လေနုအေးသည် ကြောင်ချေးနံ့ဖြင့် သင်းပျံ့လျက်ရှိလေ၏။
"ဆြာဒင်၊ပေါင်ချိန်ရှိပါသလားရှင်"
ဆြာဒင့်နောက်ကျောဘက်ဆီမှ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် ဆတ်ကနဲသမင်လည်ပြန်စောင်းငဲ့ကြည့်မိသည့်အခါ တွင် ကား ခပ်နွမ်းနွမ်းအဝတ်အစား၊အသက်အားဖြင့်လေးဆယ်ကျော်ခန့်ရှိမည့် ခပ်ရွယ်ရွယ်အမျိုးသမီးတစ်ဦးကို တွေ့မြင်ရလေ၏။ သူသည် နှပ်ချေးတွဲလောင်းနှင့်သုံးနှစ်အရွယ်ကလေးတစ်ဦးကို ခါးထစ်ခွင်လျက်ရှိ၏။သူ့နံဘေးတွင်မူ ခင်ပွန်းယောက်ျားဖြစ်ဟန်ရှိသည့် ညောင်နာ နာ လူရွယ်တစ်ဦးသည်လည်း နှုတ်နည်းစွာ ငူငူကြီးရပ်လျက်ရှိ၏။အဆိုပါအမျိုးသမီးကြီးကို အကဲခတ်ရသည်မှာ အကြောက် အလန့် ရှိပုံမရပဲ မှန်ရာကို ဟောဟောဒိုင်းလုပ်ရဲကိုင်ရဲဇတ်ဇတ်ကြဲဖြစ်ပုံရ၏။မည်သို့ဆိုစေ သူ့အမေးကို ဆြာဒင်တစ်ယောက်တည်ငြိမ် အေးဆေး စွာပင် ဖြေဆိုသမှုပြုလိုက်ရပေသည်။
"ပေါင်ချိန်ချင်ရင် အိမ်ထဲမှာ ရှိလေရဲ့။ကီလိုပါ ချိန်လို့ရပါတယ်လေ၊အထဲကိုကြွပြီး ချိန်ချင်တာသာ ချိန်ပါလေတော့"
"ဟင်း ဆြာဒင်ပြောင်ချော်ချော်မလုပ်ပါနဲ့၊ကျမတွေ့ချင်တာက တရားသူကြီး မျက်နှာမည်းပေါင်ချိန်ရှင့်၊အမှုဖွင့်ချင်လို့"
ငယ်ထိပ်ကို တည့်တည့်ထုကာမှ စဉ်းငယ်ရိပ်မိခဲ့ရချေပြီ။သည်သူငယ်မကား မတရားမှုသို့တည်းမဟုတ် မကျေနပ်ချက် တစ်စုံတစ်ရာ ရှိ ဟန်တူပေရာ ဆြာဒင်မှာ ဖြစ်ကြောင်းကုန်စင်ကို သိနိုင်ရန်အလို့ငှာ အိမ်တွင်းသိုကြွပါမည့်အကြောင်း ဖိတ်ခေါ်သမှုပြုလိုက်ရလေသည်။
"ဆြာဒင်လိုလူမျိုးနဲ့ နဖူးတွေ့ဒူးတွေ့နေကမင့်ဟာ၊ပေါင်ချိန်ကို ရှာစရာလိုသေးလား မယ်မင်းကြီးမရယ်။ဆြာဒင်ရဲ့ ရုံးတော်ရှေ့က စည်ကြီး ကိုသာတီးလိုက်ပါလေ။အဲ၊အိမ်အတွင်းသို့သာကြွပါလေ။ရွှေဉာဏ်တော်ကလော်တိုင်းထွက်လေသည့် ဆြာဒင်၏မဟာ ဖြုတ်ဦးနှောက် ဖြင့် တရားမျှတမှုကို ဖြစ်စေပါအံ့"
(၂)
ပေါင်ထင်းလျှန်ဟုအမည်ကျော်ကြားလေသည့် ပညာရှိခုံသမာဓိတရားသူကြီးမင်းကား တရားတဘောင်အမှုအခင်းကြီးငယ်တို့တွင် မှူးကြီးမတ်ရာသေနာပတိမဆိုထားနှင့်၊မင်းဧရာဇ်နှင့် မိဖုရားကိုသာမက ဧကရာဇ်၏မယ်တော်ကိုပင် ညှာတာသက်သာခွင့်မပေး အစဉ် အမြဲတော်တည့်မှန်ကန်စွာ ဆုံးဖြတ်ခဲ့လေသည့် စိနရာဇဝင်ထဲမှ ပုဂ္ဂိုလ်ကျော် တစ်ဦးဖြစ်ပေတည်း။သူ၏ကြောင်းရာဗျုပ္ပတ်ကို လွန်ခဲ့ သောဆယ်စုနှစ်များဆီက မြဝတီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှတစ်ဆင့် မြန်မာပြည်သူတို့ရင်းနှီးခဲ့ကြချေသည်။ ဤသူ ငယ်မ သည် အသိဉာဏ်နုံနဲ့သည့်အားလျော်စွာ ပေါင်ချိန်တည်းဟူသော တရားသူကြီးသည် ယခုထက်တိုင်သက်ရှိထင်ရှားရှိနေ လေသေးသည် ဟုထင်မြင်နေခြင်း ဖြစ်တန်ရာသည်။
"ကဲ၊မယ်မင်း၊အဘယ်သော အမှုကို အဘယ်အတွက်ကြောင့်ဖွင့်လိုပါသနည်း။ဆြာဒင်နှင့်ဆုံတွေ့ကြပြီဖြစ်၍ ဆြာဒင်သည်ပေါင်ချိန်ထက် သာလွန်ထက်မြက်ရဲဝံ့သူဖြစ်သည့်အားလျော်စွာ မယ်မင်း၏တိုင်ချက်ကို လက်ခံကြားနာပါအံ့"
"ဆြာဒင် မလုပ်ရဲလောက်ဘူးနော်"
ဆြာဒင့်ရှေ့တွင် ပုဆစ်တုပ်လျက်ပျဝပ်ကျိုးနွံစွာရှိနေသည့် တရားလိုသူငယ်မ၏သတိပေးစကားကြောင့် ဆြာဒင့်ရင်မှာ ထိတ်ကနဲဖြစ်သွား သော်ငြား ဟန်ကိုယ်ဖို့ဟူသောဆိုရိုးရှိသည်မဟုတ်တုံလော။
"ဆိုမှာသာဆိုပါလေမယ်မင်း၊ဇမ္ဗူထိပ်မင်းကရာဇ်တို့၏မတရားမှုကိုသော်မှ ဆြာဒင်၏အသက်ကိုစွန့်လျက် မှန်ရာကိုဖြစ်စေပါအံ့၊ အဘယ် အမှုပေနည်း"
"အာချောင်မှုပါဆြာဒင်၊ကျူးလွန်သူက ဒုသမ္မတပါ"
"ဟေ"
ဆြာဒင်မှာဟေတစ်လုံးသာအော်နိုင်လျက် တကိုယ်လုံးကြက်သီးဖျန်းကနဲထသွားပြန်သော်တည့် မရဲသော်လည်းပြေးခဲစေ ဟုပညာရှိတို့ ဆိုလေရာ ယင်းသူငယ်မ၏လျှောက်တင်ချက်ကို ဟန်မပျက်ရှေ့ဆက်နားထောင်ရပြန်၏။
"ကျွန်တော်မတို့လင်မယားယိုးဒယားပြည်ဖူးခက်ကိုရောက်နေတာ ဆယ့်ငါးနှစ်ဝန်းကျင်ရှိပါပြီဆြာဒင်၊စားဝတ်နေရေးချောင်လည်ရုံ ဝင်ငွေ ရရေး အတွက် တစ်နေ့ဆယ့်နှစ်နာရီမျှ ပင်ပန်းဆင်းရဲစွာလုပ်ခဲ့ရသော်ငြား ထိုင်းပုလိပ်တို့နှိပ်စက်သည်ကြောင့် ဝမ်းဝသော်ငြား နေ့စဉ်နှင့် အမျှ ကျီးလန့်စာစား ဖြစ်ရပါသည်။ယခုအခါ ဇာတိရွာတွင်ဒီမိုကရေစီစံနစ်ထွန်းကားပြီးဖြစ်၍ မိခင်တိုင်းပြည်မှာပင် ရရာ အလုပ်ဖြင့် ကျိုးကုပ်အသက်မွေးရန်စီစဉ်ဆဲတခဏ၌ ဒုသမ္မတမင်း၏ တစ်နေ့နှစ်ထောင်ကျပ်ဖြင့် ထမင်းနပ်မှန်သည်ဟူသော အာချောင်စကား ကြောင့် ကျွန်တော်မတို့မှာ ဂယောင်ခြောက်ချား နေရပ်သို့ပြန်နိုင်အင်အားမရှိတော့ပဲ၊ ယိုးဒယားပြည်တွင်သာ ကျွန်သက်ဆက် ရှည်ဖွယ် ရှိပါသဖြင့် လိုအပ်သလို ထိရောက်စွာအရေးယူပေးစေချင်ပါသည်ဆြာဒင်ရှင့်"
(၃)
ဤသူငယ်မကား အပြောအဆိုချက်ချာပေစွ။အမည်နာမကား မရွှေတုတ်ဟုတွင်၏။ မင်းဘေးစိုးဘေးကိုမကြောက်ရွံ့ယောင်တကား၊ ခင်ပွန်းဖြစ်သူဥပဓိရုပ်စုတ်ချာချာငနဲကမူ ယောင်တီးယောင်အနှင့်ကလေးငယ်၏နှပ်ချေးဖတ်တို့ကို အလုပ်မရှိအလုပ်ရှာ ငြင်သာစွာခွာ လျက်ရှိ၏။ဆြာဒင်သည် ဒုသမ္မတဟူသောာ အမည် နာမကိုကြားရကာစပင်လျှင် ဒူးတတဆတ်ဆတ်တုန်လျက်ရှိသည့်ကြားမှ မရဲဘဲ ကျွဲပြဲစီးမိပြီဖြစ်၍ ပေါက်သည့်နဖူးမထူးတော့ပြီမို့ ရှိစုမဲ့ နတ်မောက်ရွှေပင်ဇာတိသွေးကို ဇွန်းခြစ်ခြစ်ကာ မာန်ပါပါဖြင့်အောက်ပါ အတိုင်း မြွက်ဟစကားဆိုလေ၏။
"သူငယ်မ၊ကောင်းလှပေပြီ။ကျွန်သက်ရှည်မည့်အရေးမှာ တွေးထိုက်လှပေသည်။ခုံသမာဓိမင်းတို့မည်သည် ငွေကြေး၊သြဇာအာဏာတို့ကို ထိတ်လန့်တုန်လှုပ်ခြင်းကင်းလျက် မှန်ရာကိုဖြောင့်မတ်စွာ ဆုံးဖြတ်ရာသည်ချည်းဖြစ်၍အဂတိတရားလေးငါးတို့မှ ကင်းစေ ရာ၏။ အဆိုပါအရေး ကိစ္စတွင် ထိုပုဂ္ဂိုလ်သည် မည်သည့်အတွက်ကြောင့် ဤသို့အာချောင်ရကြောင်းဆြာဒင်သိသော်ငြား အများပြည်သူ ထင်သာမြင်သာရှိရန် အလို့ငှာ တပည့်ကျော် လေမင်းသား၊ကပ္ပလီနှင့်ဖေကြည်ခေါ်အာရုံတို့ကို စနည်းနာရန်အလို့ငှာ အချင်းဖြစ်ဇာတိမြေ သို့ ယခုပင်စေလွှတ် ပေအံ့။နောက်လေးဆယ့်ရှစ်နာရီအကြာတွင် တရားလိုသူငယ်မနှင့်တကွ မင်းပရိတ်တို့သည် ဆြာဒင်၏ အိမ်ဂေဟာ တွင် စုရုံးကြကုန်လော့"
ထိုသို့လျှင် ဆြာဒင်သည် အခင်းဖြစ်အမှုတွင်ပြစ်မှုကျူးလွန်သည်ဟုသံသယဖြစ်၊စွပ်စွဲခြင်းခံရသူဒုသမ္မတစံမြန်းရာ နေပြည်တော်သို့ တပည့်ကျော်တို့အား တစ်ဦးလျှင် ထိုင်းဘတ်နှစ်ထောင်၊ဗမာငွေအားဖြင့် ကျပ်ခြောက်သောင်းစီထုတ်ပေးလျက် ဖူးခက်မှသည်ရနောင်း ၊ထိုမှ ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ကူးဖြတ်စေလျက် နေပြည်တော် သို့ ကုန်းလမ်းခရီးပြင်းနှင်စေရန် ညွန်ကြားစေလွှတ် လေသည်။
ထို့မှ နှစ်ရက်ကာလပြည့်မြောက်သည့်နေ့တွင် တပည့်ကျော်သုံးဦးဘေးမသီရန်မခပြန်လည်ရောက်ရှိလာကြရာ ဆြာဒင်သည် အိမ်တော်တွင် အသင့်ရောက်ရှိနေကြသည့် တရားလို မရွှေတုတ်နှင့် ဆြာဒင်၏ တရားစီရင်ခန်းသတင်းအစအနကို ကြားသိကြ လေ သည့်အနီးအဝေးမှ ဧည့်ပရိသတ်များ ရှေ့မှောက်တွင် တပည့်ကျော်တို့ စနည်းနာ သိရှိမှတ်သား လာသမျှ အကြောင်းခြင်းရာ အပြည့်အစုံ ကို မခြွင်းမချန်ဖွင့်ဟပြောဆိုစေတော့၏။
ထိုအခါ တရားလိုနှင့်မရွှေတုတ်အပါအဝင် ပရိသတ်အပေါင်းမှာ နားရွက်မျှပင် မခတ်နိုင်ကြပဲ အပ်ကျသံပင်ကြားရအောင်တုတ်တုတ်မျှ မလှုပ်ကြဘဲ ဆြာဒင်၏ပညာဉာဏ်စွမ်းကို ရင်သပ်ရှုမော အံ့ဘနန်းကြီးစွာရှိလှသည့် မျက်နှာပေးကိုယ်စီဖြင့် ငံ့လင့်ကြကုန်၏။
(၄)
တပည့်ကျော်သုံးဦးသားအနက် ကိုယ်တိုင်ကိုယ်ကျကြုံလာရသည့်အဖြစ်သနစ်ကို ဦးစွာဖွင့်ဟသူမှာ ကပ္ပလီငယ်ဖြစ်ချေသည်။
"ဆြာဒင်ခင်ဗျာ၊အဆိုပါဒုသမ္မတကြီးမှာရေတပ်ထွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဟုဆိုပါ၏။ကာလပေါက်ဈေးသိန်းငါးရာဝန်းကျင် တန် သည်ဟု ကျနော်မျိုးရမ်းသမ်းခန့်မှန်းသည့်အကောင်းစားကားကြီးဖြင့် ရုံးတက်ပါသည်။ဒုသမ္မတကြီးသည် မာန်မာနရှိဟန်မတူ၊လမ်းဘေး မုန့်ဟင်းခါးဆိုင်တွင် ပြည်သူတို့နှင့်လက်ရည်တပြင်တည်း၊အီကြာကွေးအပါအဝင်အကြော်နှင့်နှစ်ပွဲစားသည်ကိုတွေ့မြင်ခဲ့ရပါသည်။ ရှယ်ပေါ့ဆိမ့်လက်ဖက်ရည် တစ်ခွက်ကိုလည်း သောက်ပါ၏။ အဆိုပါ မုန့်ဟင်းခါးဖိုးနှင့်လက်ဖက်ရည်ဖိုးကျသင့်ငွေမှာ ကျပ်နှစ်ထောင် တိတိဖြစ်ပြီး ထိုဆိုင် တွင်အသင့်ရှိနေသည့် ကြေးရည်တတ် တစ်ဦးက စေတနာအလျောက် ကြားဝင်၍ဒကာခံသည်ကိုတွေ့မြင်ရပါ၏"
ဆြာဒင်၏ရုံးတော်ရှေ့တွင် ၎င်း၏အတွေ့အကြုံကို လွတ်လပ်သောမိမိဆန္ဒအလျောက်ဖွင့်ဆိုသောာဒုတိယပုဂ္ဂိုလ်မှာ ဖေကြည်ခေါ် အာရုံဖြစ်၏။
"ဆြာဒင်၊ဒုသမ္မတကြီးကား နံနက်စာကို အိမ်တွင်စား၍နေ့လည်စာကို ရုံးတွင်သုံးဆောင်ပါ၏။ပါစကဝမ်းမီးတောက်၍ အစာကြေရန် အလို့ငှာ ဝိုင်အနီကို အသားနှင့် လည်းကောင်း၊ဝိုင်အဖြူကို ငါးအစရှိသော ပင်လယ်စာနှင့်လည်းကောင်း ရံဖန်ရံခါသုံးဆောင်ပါ၏။ နိုင်ငံ တစ်ကာအဆင့်မှီ ဝိုင်တစ်လုံး၏တန်ဖိုးမှာ ဗမာငွေဖြင့်တွက်ချက်လျှင် ကျပ်နှစ်သိန်းဝန်းကျင်ဖြစ်ပါ၏။ အဆိုပါစားရိတ်အတွက် ကျခံသည့် ငွေစာရင်း ခေါင်းစဉ်မှာ နိုင်ငံတော်ဧည့်ခံစားရိတ်မှဖြစ်ပါသည်။ဒုသမ္မတကြီးသည် လွန်စွာသနားညှာတာစိတ်ရှိသူဖြစ်ပြီး သမ္မတရုံး ဝန် ထမ်း အသီးသီးအား မောင်တို့ကြိုက်သလိုသုံးပါလေဟူသော မိန့်မှာစကားကိုဆိုရင်း တစ်ဦးလျှင် ကျပ်တစ်ရာတန်တရွက်နှုန်း မကြာခဏ စေတနာဗလဗွဖြင့်စွန့်ကြဲ ပေးကမ်းသည်ဟုလည်းကြားသိရပါ၏"
၎င်းနောက် တတိယမြောက်ပုဂ္ဂိုလ်လေမင်းသားသည် သူ၏အတွေ့အကြုံကို ဆက်လက်တင်ပြဖွင့်ဟပြန်ပါသည်။
"ဆြာခင်ဗျာ၊ခရီးစဉ်၏နောက်ဆုံးညတွင် တပည့်ကြီးသည် ဒုသမ္မတ၏အိမ်တော်တွင်းတိုင် အမှတ်မထင်ရောက်ရှိသွားခဲ့ရာ အိမ်တော်၏ အိပ်ခန်းတွင်းမှ ဒုသမ္မကတော်၏မဲမောင်းပြစ်တင်သံကို နားဖြင့်ဆတ်ဆတ်ကြားခဲ့ရပါသည်။ရှင်မသိတဲ့ကိစ္စကို မသိသလိုနေ၊ တောင်ပြော မြောက် ပြောအာမချောင်နှင့်၊ကြက်သွန်၊ငြုပ်သီးနှင့် အာလူးမကျန်ဈေးတွေတက်နေပြီ။တစ်ကျပ်မှာ ဘယ်နှစ်ပြား ရှိတယ် ဆိုတာမသိပဲ လူအမြင် ကပ်အောင်မလုပ်နှင့်၊ဘာမှမပြောပဲနေရင် အကောင်းဆုံး၊အခုကိစ္စမှာ ကိုရဲထွဋ်ကယ်လို့ရှင်သက်သာ တယ်မှတ်။ နောက်တစ်ခါ လူရှေ့သွားရင် ကျုပ်ကိုယ်တိုင် ရှင့်ပါးစပ်ကို ပလာစတာကပ်ပေးလိုက်မယ် ဟူ၍ဖြစ်ပါသည်"
တပည့်ကျော်တို့၏ဖွင့်ဟပြောဆိုချက်အသီးသီးဆုံးခန်းတိုင်သည်နှင့် တရားလိုမရွှေတုတ်သည် ဖျတ်ကနဲမတ်တတ်ရပ်တဲ့ကာ ..
"တော်ပြီတော်ပြီ ဆြာဒင်၊ကျွန်တော်မျိုးမနားလည်ပါပြီ။လက်စသတ်တော့ သူ့ခမျာငွေရေးကြေးရေးကို ကလေးသာသာ လောက်ပဲ သိသေးတာကိုး၊ဗွေယူမိရင် ကျမသာအရူးဖြစ်တော့မပေါ့။သူဘာပြောပြော ကျမတို့က လုပ်အားကိုရောင်းတာပဲ၊ အလုပ်ရှင်နဲ့ညှိနှိုင်း ဖို့သာအဓိကပါ။တရားတဘောင်တွေ မဖြစ်ချင်တော့ပါဘူး။သူစိတ်ချမ်းသာမယ်ထင်တာပြောပါစေလေ။သူလည်း အိမ်က ကိုကြွက်နီနဲ့ ဘာထူးလို့တုန်း"
ဤတွင် ကြွရောက်နားထောင်နေကြသည့် ပရိသတ်တို့ထံမှ ကျွက်ကျွက်ညံသောထောက်ခံဆွေးနွေးသံတို့သည် နေရာအနှံ့မှထွက်ပေါ် လာပြန်၏။
"ဟုတ်တယ်ဟ၊ရွှေတုတ်ရ၊ဇာတ်သမား၊ကလေးနဲ့အရူးတွေပြောရင်မှန်တတ်တယ်။အကောင်းဘက်ကစဉ်းစားရင်သူ့စကားဟာ ဗမာငွေ တန်ဖိုးတက်မဲ့သဘော"
"ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း၊သြဘာနိမိတ်ထွန်းသတဲ့၊မင်္ဂလာလို့မှတ်ကြဟေ့"
"အေးဟ၊ငါတို့ဒုသမ္မတအူမြူးရင် တိုင်းပြည်အေးချမ်းမဲ့သဘောပဲ"
"ဘာမှမသိလို့ပြောမိတာ အပြစ်လို့မဆိုနိုင်ပါဘူး"
"သူ့မိန်းမကြိမ်းထားပြီဆိုတော့နောက်တစ်ခါမပြောရဲလောက်တော့ပါဘူး"
ထိုခဏ၌ ဆြာဒင်၏ပညာဉာဏ်ကိုကောင်းချီးပေးလေဟန်ရှိသည်ထင့်၊ဆြာဒင့်အိမ်မှကြောင်အရွယ်မျိုးစုံသည် တညောင်ညောင်အသံဖြင့် ဆူညံစွာ အာခေါင်ခြစ်အော်ဟစ်မြည်ကြွေးကြရုံမျှမက အိမ်အနောက်တောအုပ်မှ လေပြင်းတစ်ချက်တိုက်လာပြန်ရာ အော်ဂလီဆန်စရာ ကြောင်ချေးနံ့ တသင်းသင်းသည် ဆြာဒင်၏ အိမ်တွင်းသို့ပါ ထုံသင်းကြိုင်လှောက်နေလေတော့၏။တရားရုံးစားရိတ်ကို ဆြာဒင်၏ရှိစုမဲ့စု ချွေးနည်းစာဖြင့် ကျခံစေလျက် အဆိုပါအမှုသည် နှစ်ဘက်ကြေလည်ငြိမ်းအေးမှုရပြီးသကာလ ပြီးဆုံးခြင်းသို့ရောက်ခဲ့လေပြီ။ သြဘာလက်ခုပ်သံများ နှင့်အတူ လက်ခေါက်မှုတ်သံတရွှီရွှီအပြင် ဝမ်းစမိုးသံသောသောညံလေသတည်း။
ဤသို့လျှင် ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်းအဆုံးတွင်လည်း ဆြာဒင်၏ပညာဉာဏ်ဂုဏ်သတင်းသည် တပည့်ကျော်များနှင့် ရပ်ဝေးရပ်နီးမှပရိသတ်မင်းတို့အလယ်၌ ထင်ပေါ်ကျော်စောခြင်းသည် နောက်ထပ်တစ်ကြိမ်ဖြစ်ပြန်လေသတည်း။

၂၇၊၀၅၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။
http://7daydaily.com/story/11723#.U4PaKSior90