Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Tuesday, May 20, 2014

ဖမ်းဆီးခံရသော တရုတ်ဝန်ထမ်း နှစ်ဦး ၃၄ နာရီခန့်အကြာတွင် ပြန်လွတ်




တရုတ်နိုင်ငံသား ဝန်ထမ်းနှစ်ဦး ဖမ်းဆီး ခံထားရခြင်းနှင့်ပတ်သက်၍ မြန်မာဝမ် ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများက မေလ ၁၉ ရက် ညနေတွင် သတင်းစာရှင်းလင်း ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံအချို့က ဖမ်းဆီးထိန်း သိမ်းထားသော မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦး သည် မေလ ၁၉ ရက် ညနေတွင် ပြန်လည် လွတ်မြောက်လာ ကြောင်း သတင်းရရှိသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားအင်ဂျင်နီယာ နှစ်ဦးနှင့် မြန်မာနိုင်ငံသား ယာဉ် မောင်း တစ်ဦးကို လက်ပံတောင်း တောင်ကြေးနီစီမံကိန်းအတွင်းရှိ ဆည်တည်းရွာဟောင်းတွင် ဒေသ ခံ ၂၀ ခန့်က မေလ ၁၈ ရက် နံ နက် ၉ နာရီခွဲခန့်တွင် ခေါ်ဆောင် သွားခြင်းဖြစ်သည်။
ယာဉ် မောင်းဝန်ထမ်းကို ယင်းနေ့ ည နေ ၆ နာရီကျော်တွင် ပြန်လွှတ် ပေးခဲ့သော်လည်း တရုတ်နိုင်ငံ သားနှစ်ဦးမှာ ၃၄ နာရီခန့် အကြာတွင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
‘‘ည ၇ နာရီ ၁၅ မိနစ်မှာ ပြန်လွတ်လာပါတယ်’’ဟု မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ ထိပ်တန်း အရာရှိ မစ္စတာဂမ်းရီက အတည် ပြုပြောကြားသည်။
တရုတ်နိုင်ငံသား နှစ်ဦးကို ထိန်းသိမ်းခဲ့ပြီးနောက် ဒေသခံ များက ရဲတပ်ဖွဲ့က ဖမ်းဆီးထား သော တက်ကြွလှုပ်ရှားသူ ကို အောင်စိုးကို အမြန်ပြန်လွှတ်ပေး ရန်၊ ကိုအောင်စိုးနှင့် တရုတ်နိုင်ငံ သား နှစ်ဦးကို ဖလှယ်ခြင်း ဆောင်ရွက်ပေးရန်၊ လက်ရှိခြံ စည်းရိုးခတ်ခြင်းအားလုံး ဖြိုဖျက် ပေးရန်နှင့် နိုင်ငံတော်မှ မြေယာ ထောက်ပံ့ကြေးရယူရန်၊ ပယ်ချ ထားသော မြေယာများအပေါ် ခြံ ခတ်ခြင်းရပ်ဆိုင်းရန် စသည့် တောင်းဆိုချက်များကို မေလ ၁၈ ရက်က တောင်းဆိုခဲ့သည်။
ထို့အပြင် ဒေသခံများက ထပ်မံ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး ကို တောင်းဆိုမှုများ ထပ်မံပေးပို့ ခဲ့ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။
လွတ်မြောက်လာသော တရုတ်နိုင်ငံသားတစ်ဦး က ၎င်း တို့ကိုဒေသခံများက နှိပ်စက် ညှဉ်းပန်းခြင်းမရှိဘဲ ကောင်းမွန် စွာ ဆက်ဆံကြောင်း သတင်း ထောက်များသို့ စကားပြန်မှ တစ် ဆင့် ပြောသည်။ ၎င်းတို့လွတ် မြောက်ရန် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် ဒေသခံများညှိ နှိုင်းခဲ့ကြပြီး မည်သည့် အချက်များ ညှိနှိုင်းလိုက်လျောပေးခဲ့ရ ကြောင်းကို မူမသိရှိကြောင်း ယင်းတရုတ်နိုင်ငံသားအင်ဂျင်နီယာက ဆက်လက်ပြောသည်။
မေလ ၁၈ ရက်က ဒေသခံ များတောင်းဆိုသော တောင်းဆို ချက်များသည် လိုက်လျောရန် မဖြစ်နိုင်သည့် တောင်းဆိုချက် များဖြစ်ကြောင်း မစ္စတာဂမ်းရီက မေလ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ထိန်းသိမ်းခံထားရသူများ လွတ်မြောက်နိုင်ရေးအတွက် တာ ၀န်ရှိသူများနှင့် ဒေသခံတို့တွေ့ ဆုံညှိနှိုင်းပွဲကိုလည်း မေလ ၁၉ ရက်နေ့လယ်ကပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိန်းသိမ်းထားခြင်း ခံရ သော တရုတ်နိုင်ငံသား နှစ်ဦးကို ပြန်လည် ခေါ်ယူရန် သွား ရောက်ညှိနှိုင်းသော လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဒေသခံတို့ကြား မေလ ၁၈ ရက် ည ၁၁ နာရီခန့်တွင် ပဋိ ပက္ခများဖြစ်သွားခဲ့ပြီး ရဲတပ် သား စိန်မြင့်နှင့် ကောင်းမြတ်သူတို့ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ တပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းရေးအဖွဲ့မှ ဆိုင်ကယ် ၁၂ စီး၊ မော်တော်ယာဉ် ငါးစီး ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

0 comments:

Post a Comment