Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Monday, May 26, 2014

ထူးအယ်လင်း နဲ့ မီးမီးခဲ


ထူးအယ်လင်း နဲ့ မီးမီးခဲ ---------------------------- မေလအတွင်းမှာ ကြားခဲ့ရတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြသူများစွာ ရှိကြပါတယ်။ အားလုံးသိပြီးသားသတင်း ဆိုပေမယ့် ထူးအယ်လင်း နဲ့ မီးမီးခဲ အကြောင်းကို အနည်းငယ် ဖေါ်ပြလိုပါတယ်။   မေလ ၂၊ ၃ ရက် ရောက်လာတိုင်း မမေ့နိုင်သူ နှစ်ဦးမှာ ထူးအယ်လင်း နဲ့ မီးမီးခဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က စပြီး ၂၀၁၂ ခုနှစ်အထိ လိုအပ်တဲ့နေရာတိုင်း၊ အလှုပြုတဲ့နေရာတိုင်းမှာ မငြင်းမငြို ကူညီသူ နှစ်ဦးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မီးမီးခဲ ကိုယ်ဝန်ရှိလာတဲ့အခါ နယ်ခရီးသွားတာကို ရပ်လိုက်ရပေမယ့် ဧရာဝတီတိုင်း အနှံ့အပြား မြစ်ဝကျွန်းပေါ်၊ နယ်စပ်ဒေသ ရွာလေးတွေအထိ I Love Myanmar မိသားစုနဲ့ ထူးအယ်လင်း ခရီးနှင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ထူးအယ်လင်းက မီးမီးခဲကို ဘယ်လောက်ချစ်တယ်ဆိုတာ ပိုသိလာခဲ့ပါတယ်။   မီးမီးခဲ ကိုယ်ဝန်ရှိတယ်လို့ သိလိုက်တာနဲ့ လှေခါးထစ် တစ်ထစ်ကိုတောင် ပေးမတက်ပါဘူး။ ထူးအယ်လင်းက မီးမီးခဲကို ကလေးလေးလို ချီပြီးတော့ကို အိမ်အပေါ်ထပ်ထိ ချီပါတယ်။ ထူးအယ်လင်း နယ်ခရီးထွက်တဲ့ခါ ၂ နာရီ ၁ ကြိမ် အနဲဆုံး ဖုန်းခေါ်ကြပါတယ်။ သမီးလေးမွေးလာတဲ့အခါမှာလဲ မိသားစုဘ၀ ပိုမိုသာယာလာပါတယ်။   ဒါပေမယ့် တခုရှိပါတယ်။ ထူးအယ်လင်း အိမ်ထောင်ရှိမှန်းသိပေမယ့် ပရိတ်သတ်က ချစ်လွန်းလို့လား ထင်မိပါတယ် နယ်ခရီးသွားတဲ့အခါ ရန်ကုန်ကလိုက်လာတဲ့ ဧည့်သည်ဖြစ်ပါစေ၊ နယ်က မိန်းကလေးတွေ ဖြစ်ပါစေ၊ ထူးအယ်လင်းကို အရမ်းချစ်ကြပါတယ်။ ထူးအယ်လင်းရဲ့ လက်ကို ကိုင်ချင်တာနဲ့၊ စကားပြောချင်တာနဲ့၊ လက်မှတ်ထိုးခိုင်းတာနဲ့၊ ဓါတ်ပုံတွဲရိုက်ချင်တာနဲ့၊ ဓါတ်ပုံတွဲရိုက်ခွင့်ရရင်လဲ လက်ကို ကိုင်မှ အဲလို... ဒါပေမယ့် ထူးအယ်လင်းက ယောင်္ကျားပီသပါပေတယ်။ မလှုပ်မယှက်ပါဘဲ။   သို့သော် ဘယ်အချိန်က ဘယ်လိုဖြစ်လာလဲ အသေအခြာမသိရပေမယ့် သူတို့ ၂ ဦး အဆင်မပြေတော့လို့ မီးမီးခဲဖက်က ကွာရှင်းခွင့်တောင်းလို့ တရားဝင်ဖြစ်သွားတယ်လို့ ၂၀၁၄ မေလအတွင်းမှာ သိလိုက်ရပါတယ်။   ထူးအယ်လင်းလဲ ကယ်ရိုလင်းနဲ့ ဘာလိုလို သတင်းထွက်လာပါတယ်။ သို့သော် ကယ်ရိုလင်းက အခုဖြေရှင်းလိုက်ပါပြီ။ ထူးအယ်လင်းနဲ့ ဘာမှ မဆိုင်ကြောင်း၊ သမီးရည်းစားလဲ မဟုတ်ကြောင်း ဖြေရှင်းသွားမယ်လို့ မေလ ၂၅ ရက်နေ့မှာ ပြောကြားပါတယ်။ အဲဒီသတင်းကြားရတော့ ၀မ်းသာမိပါတယ်။   မီးမီခဲနဲ့ ထူးအယ်လင်းတို့ အခုထိ ချစ်နေကြဆဲ ဆိုတာ ရို့ရို့လေး ခံစားမိသေးတယ်။ နှစ်ယောက်စလုံး သွေးထိုးတဲ့ ဘေးစကားနားမထောင်ဘဲ နှစ်လုံးသားထဲမှာ ရှိတဲ့တိုင်း ပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးကြည့်ရင် မဖြတ်နိုင်သေးတဲ့ သံယောဇဉ်ကြိုး ချဉ်နှောင်ထားဆဲဆိုတာ မြင်လာမှာပါ။  တစ်ယောက်နဲ့တစ်ယောက် သီးခံစိတ်နဲ့ ဖြစ်ပျက်ခဲ့တာတွေ ခွင့်လွှတ်ခြင်းများစွာနဲ့ မာန်မာနလေးတွေ ချပြီး ပြန်လည်ငြိနိုင်းလို့ အခွင်းအရေးလေး ရှိနိုင်မလားလို့ မျော်လင့်ချက် မျှင်မျှင်လေး ထားမိပါတယ်။   သမီးလေးဘ၀မှာလဲ နှစ်လုံးသားဒါဏ်ရာ မကျန်စေဘူး။ သူများကြားမှာ မိဘကွဲလို့ မျက်နှာမငယ်စေချင်ဘူး။ သမီးလေးရဲ့ အနာဂတ်မှာ အားငယ်ပြီး ကြောက်လန့်တတ်တာ မရှိစေချင်ဘူး။   နှစ်ခြိုက်စွာ နားထောင်ဖူးခဲ့တဲ့ သီချင်းလေးတွေ အရင်လို ပြန်ချိုစေချင်တယ်။ နှစ်ယောက်ပေါင်း တွဲဆိုဖူးတဲ့ သီချင်းတွေကို အရသာရှိစွာ အဓိပါယ်ရှိစွာ ပြန်နားထောင်ချင်တယ်။    စေတနာ မေတ္တာဖြင့်.. I LOVE MYANMAR  #iLoveMyanmar #Myanmar

မေလအတွင်းမှာ ကြားခဲ့ရတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြသူများစွာ ရှိကြပါတယ်။ အားလုံးသိပြီးသားသတင်း ဆိုပေမယ့် ထူးအယ်လင်း နဲ့ မီးမီးခဲ အကြောင်းကို အနည်းငယ် ဖေါ်ပြလိုပါတယ်။
မေလ ၂၊ ၃ ရက် ရောက်လာတိုင်း မမေ့နိုင်သူ နှစ်ဦးမှာ ထူးအယ်လင်း နဲ့ မီးမီးခဲ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်က စပြီး ၂၀၁၂ ခုနှစ်အထိ လိုအပ်တဲ့နေရာတိုင်း၊ အလှုပြုတဲ့နေရာတိုင်းမှာ မငြင်းမငြို ကူညီသူ နှစ်ဦးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မီးမီးခဲ ကိုယ်ဝန်ရှိလာတဲ့အခါ နယ်ခရီးသွားတာကို ရပ်လိုက်ရပေမယ့် ဧရာဝတီတိုင်း အနှံ့အပြား မြစ်ဝကျွန်းပေါ်၊ နယ်စပ်ဒေသ ရွာလေးတွေအထိ I Love Myanmar မိသားစုနဲ့ ထူးအယ်လင်း ခရီးနှင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ထူးအယ်လင်းက မီးမီးခဲကို ဘယ်လောက်ချစ်တယ်ဆိုတာ ပိုသိလာခဲ့ပါတယ်။
မီးမီးခဲ ကိုယ်ဝန်ရှိတယ်လို့ သိလိုက်တာနဲ့ လှေခါးထစ် တစ်ထစ်ကိုတောင် ပေးမတက်ပါဘူး။ ထူးအယ်လင်းက မီးမီးခဲကို ကလေးလေးလို ချီပြီးတော့ကို အိမ်အပေါ်ထပ်ထိ ချီပါတယ်။ ထူးအယ်လင်း နယ်ခရီးထွက်တဲ့ခါ ၂ နာရီ ၁ ကြိမ် အနဲဆုံး ဖုန်းခေါ်ကြပါတယ်။ သမီးလေးမွေးလာတဲ့အခါမှာလဲ မိသားစုဘ၀ ပိုမိုသာယာလာပါတယ်။
ဒါပေမယ့် တခုရှိပါတယ်။ ထူးအယ်လင်း အိမ်ထောင်ရှိမှန်းသိပေမယ့် ပရိတ်သတ်က ချစ်လွန်းလို့လား ထင်မိပါတယ် နယ်ခရီးသွားတဲ့အခါ ရန်ကုန်ကလိုက်လာတဲ့ ဧည့်သည်ဖြစ်ပါစေ၊ နယ်က မိန်းကလေးတွေ ဖြစ်ပါစေ၊ ထူးအယ်လင်းကို အရမ်းချစ်ကြပါတယ်။ ထူးအယ်လင်းရဲ့ လက်ကို ကိုင်ချင်တာနဲ့၊ စကားပြောချင်တာနဲ့၊ လက်မှတ်ထိုးခိုင်းတာနဲ့၊ ဓါတ်ပုံတွဲရိုက်ချင်တာနဲ့၊ ဓါတ်ပုံတွဲရိုက်ခွင့်ရရင်လဲ လက်ကို ကိုင်မှ အဲလို... ဒါပေမယ့် ထူးအယ်လင်းက ယောင်္ကျားပီသပါပေတယ်။ မလှုပ်မယှက်ပါဘဲ။
သို့သော် ဘယ်အချိန်က ဘယ်လိုဖြစ်လာလဲ အသေအခြာမသိရပေမယ့် သူတို့ ၂ ဦး အဆင်မပြေတော့လို့ မီးမီးခဲဖက်က ကွာရှင်းခွင့်တောင်းလို့ တရားဝင်ဖြစ်သွားတယ်လို့ ၂၀၁၄ မေလအတွင်းမှာ သိလိုက်ရပါတယ်။
ထူးအယ်လင်းလဲ ကယ်ရိုလင်းနဲ့ ဘာလိုလို သတင်းထွက်လာပါတယ်။ သို့သော် ကယ်ရိုလင်းက အခုဖြေရှင်းလိုက်ပါပြီ။ ထူးအယ်လင်းနဲ့ ဘာမှ မဆိုင်ကြောင်း၊ သမီးရည်းစားလဲ မဟုတ်ကြောင်း ဖြေရှင်းသွားမယ်လို့ မေလ ၂၅ ရက်နေ့မှာ ပြောကြားပါတယ်။ အဲဒီသတင်းကြားရတော့ ၀မ်းသာမိပါတယ်။
မီးမီခဲနဲ့ ထူးအယ်လင်းတို့ အခုထိ ချစ်နေကြဆဲ ဆိုတာ ရို့ရို့လေး ခံစားမိသေးတယ်။ နှစ်ယောက်စလုံး သွေးထိုးတဲ့ ဘေးစကားနားမထောင်ဘဲ နှစ်လုံးသားထဲမှာ ရှိတဲ့တိုင်း ပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးကြည့်ရင် မဖြတ်နိုင်သေးတဲ့ သံယောဇဉ်ကြိုး ချဉ်နှောင်ထားဆဲဆိုတာ မြင်လာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် သီးခံစိတ်နဲ့ ဖြစ်ပျက်ခဲ့တာတွေ ခွင့်လွှတ်ခြင်းများစွာနဲ့ မာန်မာနလေးတွေ ချပြီး ပြန်လည်ငြိနိုင်းလို့ အခွင်းအရေးလေး ရှိနိုင်မလားလို့ မျော်လင့်ချက် မျှင်မျှင်လေး ထားမိပါတယ်။
သမီးလေးဘ၀မှာလဲ နှစ်လုံးသားဒါဏ်ရာ မကျန်စေဘူး။ သူများကြားမှာ မိဘကွဲလို့ မျက်နှာမငယ်စေချင်ဘူး။ သမီးလေးရဲ့ အနာဂတ်မှာ အားငယ်ပြီး ကြောက်လန့်တတ်တာ မရှိစေချင်ဘူး။
နှစ်ခြိုက်စွာ နားထောင်ဖူးခဲ့တဲ့ သီချင်းလေးတွေ အရင်လို ပြန်ချိုစေချင်တယ်။ နှစ်ယောက်ပေါင်း တွဲဆိုဖူးတဲ့ သီချင်းတွေကို အရသာရှိစွာ အဓိပါယ်ရှိစွာ ပြန်နားထောင်ချင်တယ်။
စေတနာ မေတ္တာဖြင့်..
I LOVE MYANMAR
‪#‎iLoveMyanmar‬ ‪#‎Myanmar‬

0 comments:

Post a Comment