Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Sunday, May 11, 2014

သတိထားဖို့ပါ


ဒီကနေ့ သတင်းထဲမှာ မြန်မာတယောက် အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေသတွင်း သတင်းဋ္ဌာန တခုမှာ ပါလာတယ်။ အဖမ်းခံရတာကလည်း အမျိုးသမီးတချို့နဲ့ဆိုတော့ မျက်နှာမထားတတ်အောင်ဖြစ်နေ ရှာတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်မတင်ပါဘူး။ နိုင်ငံရပ်ခြားမှာ တယောက်တည်းနေ နေရသူတွေအဖို့ အပျော်ရှာရင်း အခန့်မသင့်ရင် အန္တရာယ်နဲ့ကြုံတတ် ရဲဖမ်းခံရတတ်ပါတယ်။
ဒါပေမယ့် လူငယ်တွေအတွက် ရှောင်ရန်၊ ဆောင်ရန်လေးတွေ၊ သိထားစေချင်လို့ မျှဝေကြည့်တာပါ။ Domestic threats ( နိုင်ငံတွင်းမှာရှိတဲ့ အန္တရာယ်များ) နဲ့ Foreign Threats ( နိုင်ငံရပ်ခြားအန္တရာယ်များ) ဆိုတဲ့ ဘာသာရပ်ကို ယူခဲ့ဘူးတယ်။ ဒီဘာသာသာအတွက် နောက်ဆုံးတင်ရမယ့် စာတမ်းကို ရေးတဲ့အခါ ကျနော်က လူကုန်ကူးမှု့ ( Human Trafficking) အကြောင်း သုသေသန လုပ်ခဲ့တယ်။ လူကုန်ကူးတဲ့ စီးပွားရေးလုပ်ငန်းဟာ ကြောက်စရာကောင်းလောက်အောင် အမြတ်ရကြတာကိုး။ အာရပ်ကမ္ဘာက ငနဲတွေဆို ၁၈ နှစ်အောက် အဖြူမလေးတွေကို သိန်းချီပေးဝယ်တယ်။
လူကုန်ကူးမှု နဲ့ အမေရိကန်ပြည်ထောင်စုအတွင်းက ပြည့်တန်ဆာလုပ်ငန်းတွေအကြောင်း အသေးစိတ်လေ့လာဖြစ်သွားတယ်။ ကျောင်းက ချပေးလိုက်တဲ့ assignment မှာ သက်ဆိုင်ရာ ရဲစခန်းတွေဆီသွားပြီး၊ လူကုန်ကူးမှု နဲ့ ပြည့်တန်ဆာလုပ်ငန်း ကွင်းဆက်တွေကို လိုက်နေတဲ့ Undercover police တချို့ နဲ့ အင်တာဗျူးရတယ်။ အဖမ်းခံရတဲ့ ကောင်မလေးတွေနဲ့ အင်တာဗျူးရတယ်။ တရက်တော့ under cover ရဲက ကျနော်တို့ နှစ်ယောက်ကို မေးတယ်။ လက်တွေ့လိုက်လေ့လာကြည့်ပါလား တဲ့။
စိတ်ဝင်စားစရာတော့ အကောင်းသား။
(၃) ညလောက် သူတို့နဲ့ အတူလိုက်လေ့လာလိုက်တာ မြို့လေးမှာရှိတဲ့ တည်းခိုခန်းတွေအကြောင်းကို ကောင်းကောင်းသိသွားတော့တယ်။
ဒီနေရာမှာ escort service တွေအကြောင်း နည်းနည်းရှင်းပြချင်ပါတယ်။
အင်တာနက်မှာ ကောင်မလေးချောချောလေးတွေ ပုံ နဲ့ ဝန်ဆောင်မှုလုပ်ပေးနေတဲ့ Backpage.com လို ဟာမျိုးတွေပေါ့။ ဒီ ဝက်ဆိုဒ်ရဲ့ ကွန်ယက် က တကမ္ဘာလုံးမှာ ရှိတယ်။ ဥပမာ ခင်ဗျားက New York မှာ ဆိုပါစို့။ Newyork.backpage.com ကို ရိုက်ထည့်လိုက်။ escort service တွေ တန်းစီ ထွက်လာလိမ့်မယ်။ လန်ဒန် မှာပဲဖြစ်ဖြစ်၊ မယ်လဘုန်းမှာပဲဖြစ်ဖြစ်၊ အာဂျင်တီးနားမှာ ဖြစ်ဖြစ် ဒီသဘောပဲ။
မြို့နာမည် + backpage.com = အကုန်ရတယ်။
ဒါဖြင့် မေးခွန်းတခုမေးစရာရှိလာတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားမဝင်ဖြစ်တယ်။ ငွေကြေးနဲ့ ဝယ်ယူတဲ့ sex ကို လက်ပူးလက်ကြပ်မိရင် ဖမ်းခံရတတ်တယ်။
ဒါဖြင့် escort service တွေကျ ဘာလို့ခွင့်ပြုထားသလဲ။ အကြောင်းနှစ်ခုရှိတယ်။
(၁) escort service က သူတို့ဟာ ပြည့်တန်ဆာလုပ်ငန်းမဟုတ်ဘူး။ ကပြတာတွေ၊ အတူတွဲပြီး ရည်းစားလို ဒင်နာစားတာတွေ၊ နှိပ်ပေးတာတွေပဲ လုပ်တယ် လို့ ပြောထားလို့။ ပြီးမှ ညှိယူကြတာကိုး။
(၂) ရဲတွေကိုယ်တိုင် က escort service ကို လွှတ်ပေးထားရင်း လူကုန်ကူမှု လုပ်ငန်းတွေကို လိုက်ချင် လို့
ဆိုတော့ -- အရပ်သားလို နေထိုင်နေကြတဲ့ under cover ရဲတွေက ဒီအတိုင်းထိုင်နေတာမဟုတ်ဘူး။ အမျိုးသမီး ရဲ တွေ ကိုယ်တိုင်က သူတို့ကိုယ်တိုင် ပြည့်တန်ဆာလုပ်ပြီး၊ လူကုန်ကူးမှု ဂိုဏ်းတွေထဲကို ဝင်ရောက်ဆက်သွယ်တယ်။
ဒီကာလမှာ ဓါးစားခံဖြစ်တာက ခဏတဖြုတ်လာပြီး အပျော်ကြူးတဲ့ လူငယ်တွေ၊
escort service ကို လိုက်ရှာရင်း တကယ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ နဲ့ တွေ့ရင်တော့ ကံကောင်းတာပေါ့။ အထက်မှာ ပြောတဲ့ ရဲတွေ ရဲ့ စစ်ဆင်ရေးကာလနဲ့တွေ့ရင် အဖမ်းခံမှာ အသေအချာပါ။ အဖမ်းခံရတာက တညလောက်ပါ။ ဒဏ်ငွေဆောင်ပြီးရင် လွတ်ပါတယ်။ ဒါပေမယ့် တီဗွီ သတင်းမှာ ခင်ဗျားမျက်နှာကြီး ကို သေသေချာချာ ရိုက်ပြမှာပါဆိုတော့ စဉ်းစားသာကြည့်ပေတော့။
အဲ့တော့ ရိုးရိုးလေးစဉ်းစားပါ။
အင်တာနက်မှာ တခါတလေ အမေရိကန်ကောင်မလေးတွေ က စက်စက်ယိုအောင်လှတယ်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြောစရာမလိုအောင် လှတယ်။ အဲ့ဒါကို တနာရီ ဒေါ်လာ (၂၀၀) နဲ့ ဈေးခေါ်တယ်။
သတိတော့ ထားပါ။ တခါတလေ ပုံထဲက နီးပါး ရနိုင်ပေမယ့်၊ ကံမကောင်းတတ်တာများပါလိမ့်မယ်။
သုတေသန လုပ်တုံးက ရဲကားပေါ်မှာ (၃) ည လုံးလုံး ထိုင်နေမိရင်း
အဲ့သလို လှလှပပ ကောင်မလေးပုံတွေကို တပုံပြီးတပုံပြောင်း၊ ဖုံးနံပါတ် အမျိုးမျိုးပြောင်း ကြော်ငြာနေတဲ့ ရဲတွေ ကို တွေ့ခဲ့ဘူးတယ်။
လောကကြီးမှာ အတုတွေ သိတ်များပါတယ်။
တချို့အတုတွေက အန္တရာယ်များလွန်းပါတယ်။ သတိထားဖို့ပါ

0 comments:

Post a Comment