Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Sunday, May 25, 2014

အိမ်ခြံမြေ ပူးဖောင်းပေါက်မည်ကို ဘဏ်များစိုးရိမ်


အိမ်ခြံမြေဈေးကြီး သော မြန်မာနိုင်ငံတွင်
အိမ်ခြံမြေ ပူးဖောင်းပေါက်မည်ကို ပြည်တွင်း
 ဘဏ်လုပ်ငန်းများ စိုးရိမ်နေကြောင်း ပုဂ္ဂလိက
ဘဏ်များမှ တာဝန်ရှိသူများကပြောသည်။


‘‘ဘဏ်ချေးငွေအများစုမှာ အိမ်ကို အပေါင် အာမခံထား တယ်။ ဒီလိုထားတဲ့အခါလက်ရှိ ပေါက်ဈေးနဲ့ တွက်ပြီးထားတာ။ ဈေးကျသွားရင် ပိုင်ရှင်က ပြန်မ ရွေးရင် ဘဏ်က ဆုံးရှုံးမှုတွေကြီး သွားမယ်’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ ဒုတိယဥက္ကဋ္ဌဦးသိန်းခိုင် က ‘‘ငွေရေး၊ ကြေးရေးဈေးကွက် ၏ အခြေခံ သဘောတရားနှင့် စတော့အိတ်ချိန်းတွင် လုပ် ဆောင်ပုံများ’’ခေါင်းစဉ်ဖြင့် မေလ၂၅ ရက်တွင် ပြုလုပ်သော ဟော ပြောပွဲ၌ ပြောကြားသည်။

ပြည်တွင်း၌ဘဏ်များ သည် ချေးငွေထုတ်ချေးရာတွင် အာမခံအဖြစ် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အပေါင်ပစ္စည်းအနေဖြင့် ရယူ ထားကြသည်။ သို့သော်အာမခံ အဖြစ် ရယူထားသည့်မြေနှင့် အဆောက်အအုံများကို ဈေးကွက်ပေါက်ဈေးဖြင့် တန်ဖိုးဖြတ်၍  Force Sale Value ကို ဈေးဖြတ် ပြီး ရာခိုင်နှုန်းတစ်ခုကိုသာ ချေး ငွေ ထုတ်ပေးခြင်းဖြစ်ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ လက် ထောက်အထွေထွေမန်နေဂျာ ဦးကျော်စိုးမင်းက ပြောကြားသည်။

ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများ ရင်းနှီးလုပ်ကိုင်နိုင်ခြင်းမရှိဘဲ အိမ်ခြံမြေမှာသာ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုကြောင့် ငွေကြေးလည်ပတ်မှုများ နှေးကွေးလာပါက ဘဏ်များကိုပါ ထိခိုက်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘ဒီမှာက ဈေးကွက်က အတက်ပဲဆိုတော့ ပြဿနာမရှိ ဘူး။ တန်ဖိုးတွေကျသွားရင်တော့ ရှုံးမှာပဲ’’ဟု သမ၀ါယမဘဏ်မှ မန် နေဂျင်းဒါရိုက်တာ ဦးဖေမြင့်ကဆိုသည်။

ပြည်တွင်းဘဏ်များသည် ရှစ်ဆယ်ရာခိုင်နှုန်းမှာ ချေးငွေ ပေါ် မှီခိုနေရသဖြင့် အိမ်ခြံမြေ ပူဖောင်းပေါက်ပါက တိုင်းပြည်၏ စီးပွားရေးတစ်ခုလုံးကို ထိခိုက်နိုင် သည်။

‘‘ကမ္ဘာမှာတော့ အိမ်ခြံမြေ ဈေးတွေတက်ရင် လူတွေက ဘဏ်ကငွေတွေထုတ်ပြီး အိမ်မြေ မှာ ၀င်ကစားကြတယ်။ ဒါမျိုးက ဘဏ်တွေအတွက် အရမ်းအန္တ ရယ်များတယ်’’ ဟု စီးပွားရေး ပညာရှင်ဦးလှမောင်ကပြောကြား သည်။

သို့သော် ပြည်တွင်းအိမ်ခြံ မြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ များမှာ ဘဏ်တိုးနှုန်းထက် နှစ်စဉ် ငွေကြေး ဖောင်းပွမှုများသော  အိမ်များတွင် ရင်းနှီးမြှုပ်နှံသူများ ရှိသကဲ့သို့ ငွေကြေးခ၀ါချလိုသူ များ(ငွေမည်းမှ ငွေဖြူပြုလုပ်လို သူ) ၏ ၀ယ်ယူရင်းနှီးမြှုပ်နှံမှုများ လည်းရှိနေသည်။

ပြည်တွင်း အိမ်ခြံမြေဈေး ကွက်တွင် ဈေးနှုန်းမှာ နှစ်စဉ် ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းကြားမြင့်တက်နေသည်။ နေရာ နှင့် ဈေးကွက်ရရှိမှု၊ နိုင်ငံတော်၏ စီမံကိန်းကြီးများ၏ အခြေအနေ ပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်မှု မှာ တစ်နေရာနှင့် တစ်နေရာမတူ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းရှင်များအ သင်း ဒုတိယဥက္ကဋ္ဌဦးသန်းဦးက ပြောကြားသည်။

7 Day News daily

0 comments:

Post a Comment