Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Thursday, June 26, 2014

ပီအာရ်၊ ပြည်ခိုင်ဖြိုးနှင့် မဟာဗျူဟာအကွေ့


၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်း အစိုးရဖွဲ့စည်းသောအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦး၏ သမ္မတဖြစ်နိုင်ခြေကို အနိမ့်ဆုံးအထိ လျှော့ချနိုင်မည့် နည်းလမ်းများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (ပီအာရ်) ကိုပြောင်းလဲကျင့်သုံးခြင်းသည် ဗျူဟာမြောက်
အစီအစဉ်တစ်ခုဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ပါတီများသည် အချိုးကျကိုယ်စားပြု ရွေးကောက်မှုစနစ်ကို ခံတပ်သဖွယ်အသုံးပြုလျက် လွှတ်တော် နှစ်ရပ်လုံး၌ ဒီချုပ်၏ ကိုယ်စားလှယ်အများစု အနိုင်ရရှိနိုင်ခြေကို အနည်းဆုံးဖြစ်အောင် နိုင်ငံရေး စစ်ခင်းမည့် ဗျူဟာတွင် တိုင်းရင်းသားပါတီအချို့နှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လာနိုင်ခြေမှာလည်း မြင့်မားလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများနှင့် ဒေါ် အောင်ဆန်းစုကြည်ကို ထောက်ခံ သူများအနေဖြင့် အချိုးကျ ကိုယ် စားပြု ရွေးကောက်မှုစနစ် ပြောင်း လဲကျင့်သုံးမည်ကို လက်မခံနိုင် သော်လည်း ပြည်ထောင်စုလွှတ် တော်တွင် ကိုယ်စားလှယ်အများ စု အနိုင်ရရှိထားသော ပြည်ခိုင် ဖြိုးပါတီ၏ ထောက်ခံမှုဖြင့် မကြာမီ အတည်ပြုနိုင်ဖွယ် ရှိနေသည်။ ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ အနေဖြင့် ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ် ဆယ်ရာခိုင် နှုန်းကျော်နှင့် ပီအာရ်ကို အံတု နိုင်စွမ်းမရှိသည့်အလျောက် အ ချိုးကျကိုယ်စားပြု ရွေးကောက်မှု စနစ် (ပီအာရ်)နှင့်အတူ အများ စု အနိုင်ရရှိရေးဗျူဟာကို ပြင် ဆင်နိုင်ရေး ကြိုတင်စဉ်းစားသုံး သပ်သင့်သည်။ ဒီချုပ်အနေဖြင့် အချိုးကျကိုယ်စားပြု ရွေးကောက် မှုစနစ်ကို မထောက်ခံသော်လည်း အချိုးကျကိုယ်စားပြု ရွေးကောက် မှုစနစ်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ၌ တောင်ပြို ကမ်းပြိုရွေးကောက်ပွဲ အောင်နိုင် ရေးဗျူဟာကို ခင်းကျင်းနိုင်ရန် လိုအပ်သည်။
အမျိုးသားလွှတ်တော်မှာကဲ့ သို့ပင်  ပြည်သူ့လွှတ်တော်တွင် လည်း ပီအာရ်ကို ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းနီးပါး ထောက်ခံမှု ဖြင့် အတည်ပြုဦးမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စား လှယ်အများစုသည် အချိုးကျ ကိုယ်စားပြု ရွေးကောက်မှုစနစ် ကို ပြည်နယ်များ၌ ကျင့်သုံးမည့် အစီအစဉ်ကို ကန့်ကွက်နိုင်ခြေ ရှိပြီး ပြည်နယ်များတွင် လက်ရှိ ရွေးကောက်မှုစနစ်ကို ဆက် လက်ကျင့်သုံးနိုင်ရန် ထောက်ခံ လာနိုင်ခြေရှိသည်။ ဤနည်းအား ဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်း ရင်းသားပါတီများအကြား ချစ် ကြည်မှုနှင့် ယုံကြည်မှုတံတားထိုး လာမည်ဖြစ်သည်။ တိုင်းရင်းသား ပါတီများ၏ လွှတ်တော်တွင်း ကိုယ်စားပြုမှုကို တိုက်စားနိုင် ခြေ မရှိသည့်အချိန်တွင် ပီအာရ် စနစ်နှင့် စပ်လျဉ်း၍ တိုင်းရင်းသား ပါတီများ၏ ကန့်ကွက်သံများ သည်လည်း လျော့ကျသွားမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဒီ ချုပ်ပါတီအနေဖြင့် တိုင်းရင်းသား ပါတီများနှင့် ဗျူဟာမြောက် မဟာ မိတ်ဆက်ဆံရေးတည်ဆောက် နိုင်ရန် စိုင်းပြင်းသင့်သည်။ တိုင်း ရင်းသားပါတီများနှင့် ဆက်ဆံ ရေးအပိုင်းတွင် ဒီချုပ်ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် ပခုံးချင်းယှဉ် နိုင်ရန် အရေးကြီးပြီး ဗျူဟာ ကောင်း အလုပ်ဖြစ်မည့် စီမံချက် တစ်ခုနှင့် အလုပ်အဖွဲ့တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင် တည်ဆောက် ထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။
  တိုင်းဒေသကြီး များ၏ ၂၀၁၅ ခုနှစ်နှင့်နောက်ပိုင်း လွှတ် တော်ရွေးကောက်ပွဲများတွင် အ ချိုးကျကိုယ်စားပြု ရွေးကောက်မှု စနစ်ကျင့်သုံးရေးကို ပြည်ထောင် စုလွှတ်တော်၌ မကြာမီ အတည် ပြုဆုံးဖြတ်နိုင်ဖွယ် ရှိနေသည်။ မည်သည့်ပီအာရ်စနစ်ပုံစံကို အ သုံးပြုမည်ကိုမူ ၂၀၁၅ ခုနှစ်အ တွင်းတွင် အဆုံးအဖြတ်ပြုနိုင် ဖွယ်ရှိသည်။ ပြည်ထောင်စုလွှတ် တော်ကကော်မရှင် ဖွဲ့စည်း၊ လေ့ လာ၊ အစီရင်ခံမည့် ကာလကို လည်း သတ်မှတ်ဦးမည်ဖြစ်သည်။ ထို့ကြောင့် အချိုးကျကိုယ်စားပြု ရွေးကောက်မှုစနစ် (ပီအာရ်) သည် မကြာမီလများအတွင်း နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအ တွက်သာမက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် စိတ်ပါဝင်စားသူများအတွက် စိန် ခေါ်မှုကြီးတစ်ရပ်ဖြစ်လာမည်မှာ ဧကန် မုချဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အချိုးကျကိုယ်စားပြု ရွေးကောက် မှုစနစ် (ပီအာရ်)ကို တိုင်းဒေသ ကြီး ခုနစ်ခုတွင် လွှတ်တော်နှစ် ရပ်လုံး၏ ရွေးကောက်ပွဲများ သာ မက တိုင်းဒေသကြီးလွှတ်တော် များ၏ ရွေးကောက်ပွဲများတွင်ပါ ပြောင်းလဲကျင့်သုံးလာနိုင်ခြေ ရှိ နေသည်ဟု သုံးသပ်နိုင်သည်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိသော အထွေထွေရွေး ကောက်ပွဲများ၌ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၉၈ ဦးကို ရွေးကောက်တင်မြှောက် မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၉၁ ဦးသည် တိုင်းဒေသကြီး များကို ကိုယ်စားပြုပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၂၀၇ ဦးသည် ပြည်နယ်များကို ကိုယ် စားပြုသည်။
လွှတ်တော်နှစ်ရပ်အရ ပြန် ကြည့်လျှင် တိုင်းဒေသကြီးကိုယ် စားပြု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၂၀၇ ဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၈၄ ဦး၊ ပြည်နယ်ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ၈၄ ဦးတို့ ပါဝင်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် တိုင်းဒေသကြီး ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၀၇ ဦးနှင့် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦးတို့ကို အချိုးကျကိုယ်စားပြု ရွေးကောက်မှုစနစ် (ပီအာရ်)နှင့် ရွေးကောက်တင်မြှောက်နိုင်ခြေရှိ သည်။
တိုင်းဒေသကြီး ကိုယ်စားပြု သော ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၂၀၇ ဦးကို အချိုးကျ ကိုယ်စားပြု ရွေးကောက်မှုစနစ် (ပီအာရ်)ဖြင့် ရွေးချယ်မည်ဆို လျှင် ၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲစာရင်းဇယားအရ တိုင်းဒေသ ကြီး ခုနစ်ခုတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၅ သန်းခန့် ရှိခဲ့သဖြင့် ကိုယ်စား လှယ်တစ်နေရာ အနိုင်ရရှိရန် ခန့် မှန်းအနိမ့်ဆုံး မဲအရေအတွက် တစ်သိန်းခန့် ရရှိရန် လိုအပ်မည် ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းဒေသကြီး ကိုယ်စားပြု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များ အနက် အနည်းဆုံး ၁၁၈ ဦး၊ မဲ အရေအတွက် ၁၂ သန်းခန့် ရရှိ အောင် စီမံချက်ချ ဆောင်ရွက် လာနိုင်ခြေရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အ ချိုးကျကိုယ်စားပြု ရွေးကောက်မှု စနစ်အောက်တွင် တိုင်းဒေသကြီး များ၌ တောင်ပြိုကမ်းပြိုအောင် ပွဲဆင်နိုင်ရေး၊ များများအနိုင်ရရှိ ရေးအတွက် သီးခြားစီမံချက်တစ် ရပ်ကို ရေးဆွဲပြင်ဆင်ထားသင့် သည်။
တိုင်းဒေသကြီးကိုယ်စားပြု သော အမျိုးသားလွှတ်တော်ကိုယ်  စားလှယ်များကို ပီအာရ်စနစ်နှင့် ရွေးချယ်ရာတွင် တိုင်းဒေသကြီး များအလိုက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ခြားနားနိုင်သဖြင့် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအ တွက် အနိမ့်ဆုံးလိုအပ်မည့် မဲအ ရေအတွက်သည်လည်း ကွဲပြား ခြားနားနိုင်သည်။ ပြည်ခိုင်ဖြိုးပါ တီသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၄၉ ဦး အနည်း ဆုံးအနိုင်ရရှိရေးကို စီမံချက်၊ ဗျူ ဟာများ ချမှတ်ဆောင်ရွက်လာ နိုင်ခြေရှိသည်။ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အနည်းဆုံးဖြစ်သော တနင်္သာရီတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ကိုယ်စား လှယ်များများ အနိုင်ရရှိရန် ပြင် ဆင် ဆောင်ရွက်လာနိုင်ခြေ ရှိ သည်။
 အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီး အခြေပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ပီအာရ် စနစ်အောက်တွင် အများဆုံးအ နိုင်ရရှိရေးအတွက် ပြည်သူ့လွှတ် တော်အောင်နိုင်ရေး စီမံချက်နှင့် မတူခြားနားသော သီးခြားအောင် နိုင်ရေး စီမံချက်တစ်ရပ်ကို ကြို တင်ရေးဆွဲပြင်ဆင်ထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ နေဖြင့် အချိုးကျကိုယ်စားပြု ရွေး ကောက်မှုစနစ်ကို ဆန့်ကျင်ကန့် ကွက်မှုများ ဖော်ဆောင်နေသည့် တစ်ချိန်တည်းတွင် ပြည်သူလူထု အတွက် အရှင်းလင်းဆုံးနှင့် အ သုံးပြုရ အလွယ်ကူဆုံးဖြစ်မည့် ပီအာရ်ပုံစံကို သုံးသပ်အဆိုပြုနိုင် ရန် လိုအပ်မည်ဖြစ်သည်။
ဒီချုပ်ပါတီအနေဖြင့် ပီအာရ် ကို မထောက်ခံသဖြင့် ပီအာရ်နှင့် ပတ်သက်သော ကိစ္စများအားလုံး ကို ဥပေက္ခာပြုလိုက်မည်ဆိုလျှင် ပီအာရ်စနစ်နှင့်အတူ ဖြတ်သန်း ရမည့် နိုင်ငံရေးခရီးလမ်းသည် ပိုမိုကြမ်းတမ်းလာနိုင်ခြေရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ နေဖြင့် ပီအာရ်စနစ်သာမက ဒီ ချုပ်ပါတီ၏ အားနည်းချက်များ၊ အားသာချက်များကို စနစ်တကျ ချဉ်းကပ်လေ့လာပြီး ပီအာရ်စနစ် နှင့်အတူ ဖြတ်သန်းရမည့် ဒီချုပ် နှင့် ပြည်သူလူထု၏ အနာဂတ် ဒီမိုကရေစီ ခယောင်းလမ်းအ တွက် ဗျူဟာမြောက် ကြိုတင်ပြင် ဆင်သင့်ပါကြောင်း တိုက်တွန်း လိုက်ရသည်။။

0 comments:

Post a Comment