Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Tuesday, June 17, 2014

မူးယစ်ဆေးဖြတ်ရာတွင် အစိုးရထံ မှတ်ပုံတင်ရမည့်ပုဒ်မ ပယ်ဖျက်မည်



လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ တစ်နေ့တစ်ခြားမြင့်တက်လာလျက်ရှိသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 မူးယစ်ဆေးဖြတ်ရာတွင် အစိုးရထံ မှတ်ပုံတင်ရမည်ဖြစ် ပြီး မှတ်ပုံမတင်ပါက ထောင်သုံးနှစ်ချမည့်ပုဒ်မကို မူးယစ် ဥပဒေတွင် ပယ်ဖျက်မည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာနမှူး ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းကပြောကြားသည်။
ဆေးစွဲသူများကို နိုင်ငံတ ကာသဘောတူစာချုပ်များ၊ စံနှုန်း များတွင် ပါရှိသည့်အတိုင်း တန်း တူဆေးကုသခွင့်အရ လွတ်လပ် စွာ ဆေးကုသခွင့်ပေးမည်ဖြစ်ပြီး ယခုတည်ဆဲဥပဒေတွင် ကန့်သတ်ထိန်းချုပ်မှုများမှာ ခေတ်နှင့်မဆီ   လျော်ခြင်းကြောင့် ပယ်ဖျက်မည် ဟု ရဲမှူးကြီးကပြောသည်။
‘‘ဆေးဖြတ်ချင်ရင် ရွာသာ ကြီး စိတ်ကျန်းမာရေးဆေးရုံနဲ့ ၀က်ထီးကန် လူငယ်ပြုပြင်ပျိုး ထောင်ရေးဌာနတို့မှာ ဖြတ်မယ့်သူက မှတ်ပုံတင်ရတယ်။ ဒီမှတ်ပုံ တင်ရတာကို ဆေးစွဲသူတွေက ခွဲ ခြားဆက်ဆံတယ်။ တရားဝင် ဆေးသမားအဖြစ် အစိုးရဆီမှာ စာရင်းဝင်တယ်ဆိုပြီး သေမ လောက်ကြောက်တယ်။ ဂုဏ် သိက္ခာလည်း ထိခိုက်တယ်ပေါ့။ ဒီတော့ လာလည်း မဖြတ်ကြတော့ဘူး။ ဖြတ်လည်းအပြင်မှာ တိုးတိုးတိတ်တိတ်နဲ့ ကျိတ်ဖြတ်ပေးတဲ့ တချို့ဆေးခန်းတွေ ရောက်သွားတယ်။ အဲဒီမှာ ဆေးတော့ ပြတ်ပေမယ့် ဖြတ်ပေးတဲ့ နောက်ထပ်ဆေးကို စွဲသွားတယ်။ ဒီမှတ်ပုံတင်ကိစ္စက သူတို့ကို အမှောင်ထဲရောက်အောင် တွန်းပို့သလိုဖြစ်နေတယ်။ ဒါကြောင့် ဒီပုဒ်မကို ပယ်ဖျက်ဖို့စီစဉ်တာ ဖြစ်တယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ သော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်မှ တားဆီးကာကွယ် ရေးဥပဒေတွင်မူးယစ်ဆေးဝါးစွဲ နေသူသည် ဆေးဝါးကုသမှုခံယူ လိုပါက အစိုးရသတ်မှတ်ထား သည့် ဆေးကုဌာနများတွင် မှတ် ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်သုံးနှစ်ကျခံရမည်ဖြစ်သည်။
ယခုဥပဒေပြင်ဆင်ချက်အ တွက် အစိုးရ၀န်ကြီးဌာနအား လုံးက သဘောတူလက်ခံသည့် သဘောထားများကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ် ပြီး လွှတ်တော်သို့ ရောက်ရှိရန် ကြိုးစားပြင်ဆင်နေပြီဟု ရဲမှူးကြီး ဇော်လင်းထွန်းကပြောသည်။
‘‘မှတ်ပုံတင်တဲ့ကိစ္စကတော့ တော်တော်များများကြောက်ကြ တယ်။ တချို့အနုပညာရှင်တွေ ဆိုရင် ပိုဆိုးတယ်။ မှတ်ပုံတင် တာနဲ့ သတင်းပြန့်ပြီး လူသိမှာ တအားကြောက်တာ။ အဲဒီတော့ အပြင်တွေမှာ ကိုယ့်အိမ်မှာ ကိုယ် ကျိတ်ဖြတ်တယ်။ ကျွန်တော့်ဆီ မှာ အဲဒီလိုလူနာတွေ အကြံ တောင်းတာမျိုးရှိခဲ့တယ်’’ဟု စိတ် ကျန်းမာရေးအထူးကုဆရာဝန် ကြီး ဒေါက်တာလှဌေးက ပြော သည်။
မူးယစ်ဥပဒေတွင် အစိုးရ အသိအမှတ်ပြုသော ပြင်ပဆေး ရုံ၊ ဆေးခန်းများတွင်လည်း တက် ရောက်ကုသနိုင်သည်ဟု ပြဋ္ဌာန်း ထားသော်လည်း ပြင်ပပုဂ္ဂလိက ဆေးရုံကြီးများက ယနေ့အထိ ယင်းကိစ္စကို အကောင်အထည် ဖော်ခြင်းမရှိကြောင်း သိရသည်။
‘‘လုပ်ရင် မြန်မြန်အကောင် အထည်ဖော်ပေးပါလို့ တောင်းဆို ချင်ပါတယ်။ တချို့ဖြတ်ချင်ပေ မယ့် နာမည်ကြီးကရှိနေတော့ စာ ရင်းမ၀င်ချင်ကြဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ကံကောင်းလို့မသေခဲ့တာ။ ကိုယ်ချင်းစာပြီး ဒီလိုလိုက်တွေးပေးပြီး ဖြည့်ဆည်းတာ တာဝန်ရှိသူတွေကို တကယ်ကျေး ဇူးတင်ပါတယ်’’ဟု မူးယစ်ဆေးဝါးသံသရာမှ လွတ်မြောက်ရန် နှစ်အတန်ကြာရုန်းကန်ခဲ့ရဖူးသူ ရုပ်ရှင်ဒါရိုက်တာတစ်ဦးကပြောသည်။
မူးယစ်ဥပဒေတွင် သုံးစွဲရန် အလို့ငှာ ဆောင်ထားသည့် ဖမ်း ဆီးရမိပမာဏကိုလည်း ပြင်ဆင် ဖြေလျှော့ပေးရန်စီစဉ်နေပြီး မလိုလားအပ်သော အဂတိလိုက်စားမှုနှင့် ဥပဒေအားနည်းချက်များမရှိရန် စိစစ်နေသည်ဟု ရဲမှူးကြီးကပြောသည်။
‘‘မိတဲ့ ဆေးပမာဏက ဒီလူ တစ်ယောက်ထောင်ကျမလား၊ မကျမလားဆိုတာ အဆုံးအဖြတ် ဖြစ်နေတော့ စီရင်ရတဲ့သူမှာ အဂ တိလိုက်စားမှုတွေမဖြစ်ပေါ်စေဖို့ ချိန်တဲ့ ချိန်ခွင်ကအစ ဘယ်လို နည်းပညာသုံးမလဲဒါတွေကို တခြားဝန်ကြီးဌာနတွေ၊ ကျွမ်းကျင်ဆရာဝန်ကြီးတွေဆီက သဘောထားမှတ်ချက်တွေ တောင်းခံဆဲဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
၁၉၉၃ ခုနှစ်မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် ဘိန်းဖြူ ၃ ဂရမ်အထက်၊ ဘိန်း စိမ်း ၁၀၀ ဂရမ်အထက်၊ ဆေး ခြောက်၂၅ ဂရမ်ထက်ကျော်ပါက ရောင်းချရန် အလို့ငှာလက်ဝယ် ထားရှိမှုဖြင့် အနည်းဆုံးထောင် ဒဏ် ၁၀ နှစ်ကျခံရမည်ဖြစ်သည်။ ထို့ အပြင် သုံးစွဲပါက အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကျခံရမည်ဖြစ်သည်။

0 comments:

Post a Comment