Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Thursday, June 26, 2014

လမ်းဘေးစာသင်ဝိုင်း ပိတ်ပင်ခံရပြီး ကလေးငယ်(၁၅)ဦး လေလွင့် ကလေးများအဖြစ် ဖမ်းဆီးခြင်းခံရ


၂၄.၆.၂၀၁၄ မနက်က ရန်ကုန်ဘူတာကြီး နားမှာ အသက်(၁၂-၁၃) ၀န်းကျင် ကလေး(၁၅)ယောက်ကို လေလွင့်ကလေးတွေ ဆိုပြီး ရဲက ဖမ်းလိုက်ကြောင်း သိရှိရပါသည်။

ထို.နောက်တော့ ကလေး (၁၂) ယောက်ကို ဘုန်းကြီးကျောင်း ပညာသင်ကြားရေး ဖွင့်လှစ်ထားသော ဆရာတော် အရှင်ဝေပုလ္လနှင့် ဆရာတော်တစ်ပါးတို.မှ ရဲစခန်း ထောက်ခံစာ၊ ရပ်ကျေးထောက်ခံ စာနဲ.ကျောင်းထိုင်ကိုယ်တိုင်ကြီး လာနေရက်နဲ့ ကျောင်းထိုင် ထောက်ခံစာ အသီးသီးကို တင်ပြခဲ့ရပြီး အာမခံဖြင့် ထုတ်ယူရခဲ့ပါသည်။

ကျန်ရှိသည့် ကလေးငယ် (၃) ဦးအား ပြစ်မှုရှိသည်ဆိုကာ ဖမ်းဆီးထား ကြောင်းနှင့် အဆိုပါကလေးများမှာဘူတာကြီး လမ်းဘေးစာသင်ဝိုင်းမှာ စာလာသင်ခဲ့တဲ့ ကလေးများသာ ဖြစ်ကြောင်းလည်းသိရှိရပါသည်။

၎င်း ရန်ကုန်ဘူတာကြီးစင်္ကြန်(၃)က လမ်းဘေးစာသင်ဝိုင်းအား DVB တီဗီသတင်းတစ်ခုမှာပါလာပြီး နောက် တရက်မှာ အထက်က အမိန့်အရ ဆိုပြီး အပိတ်ခံလိုက်ရကြောင်း နှင့် ယခုလိုကလေးတွေကို လေ့လွင့်ဆိုပြီး ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး လူမှုကွန်ယက်များတွင် အပြင်းအထန် ဝေဖန်မှုများဖြစ်ပေါ်နေပြီး၊ ပြည်သူများမှ " ဒီကလေးတွေ ဘာကြောင့် လမ်းပေါ်ရောက်နေကြရသလဲ....၊အခမဲ့ပညာရေး ဖော်ဆောင် နေပါတယ်ဆိုတဲ့ ကျောင်းတွေကို ဒီကလေးတွေ ဘာကြောင့် စာသင်ခန်းထဲ ရောက်မလာနိုင် သေးလဲ... ၊ ဒီလိုကလေးတွေကိုNFE Non-Formal Edu ကျောင်းပြင်ပ ပညာရေးအနေနဲ့ စာသင်ပေးလိုသူတွေက လမ်းဘေးစာသင်ဝိုင်းလေးနဲ့ သင်ပေးနေတာတွေ သတင်းထဲပါလာလို့ မရှိတဲ့အရှက် ဟက်တက်ကွဲသွားလို့လား၊ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆာက်အံ့..ဆို၊ မသင်မနေရ အခမဲ့ ပညာရေးဆို မူလတန်း၊အလယ်တန်း၊ အထက်တန်းထိပါ ဖော်ဆောင် သွားပါမယ်....ဆို၊" စတဲ့ မေးခွန်း ဝေဖန်မှုများ ပြန်.နှံလျက်ရှိနေကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်- အရှင်ဝေပုလ္လနှင့် ကိုပြည့်စုံ FB

Tomorrow

0 comments:

Post a Comment