Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Wednesday, July 2, 2014

အဆိပ်ခတ်ခံလိုက်ရတဲ့ အတွေးအခေါ်လွတ်လပ်မှု


မြန်မာလူ့အဖွဲ့အစည်းတစ်ရပ်လုံး ဒီမိုကရေစီဖော်ဆောင်ရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ အတွေးအခေါ်လွတ်လပ်ခွင့်တွေအတွက် ရုန်းကန်လှုပ် ရှားေ နကြတဲ့အချိန်မှာ အောင်ရင်ငြိမ်း ဆိုတဲ့ လူတစ်ယောက်က ကမ္ဘာ့ဒဿနအတွေးအခေါ်တွေကို လိုရာဆွဲကိုးကားပြီး ညစ်ညမ်းစာအုပ်တစ်အုပ်ကို တရားဝင် ထုတ်ဝေ ခဲ့ပါ တယ်။ပိုပြီး စိတ်မကောင်းစရာကောင်းတာက လက်ဝဲစာပေ အားကောင်းခဲ့တဲ့
မြန်မာစာပေဘဏ္ဍာတိုက်ထဲကို ဒီမိုကရက်တစ်စာပေတွေ၊ နိုင်ငံရေးအတွေး အခေါ်ေ တွ ရေးသားထည့်သွင်းပေးနေတဲ့ ကျမ်းကြီးပေါက် ဆရာတစ်ဦးကိုယ်တိုင်က အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်မှာ ဂျာမန်ဒဿနပညာရှင် နစ်ရှေးရဲ့ စာ တချို့ကို ကိုးကားပြီး  အမှာစာရေးပေးခဲ့ပါတယ်။ တကယ်တော့ ဂျာမန်အတွေးအခေါ်ပညာရှင် နစ်ရှေးရဲ့စာတွေဟာ အခုချိန်ထိ အနောက်ဂန္ထဝင်စာပေမှာ ဝိရောဓိဖြစ်စရာ အများကြီး ရှိနေတုန်းပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး ၆ သန်းကျော်အပါအဝင် ဥရောပတိုက်က ဂျစ်ပစီတွေ၊ လွတ်လပ်စွာ တွေးခေါ်သူတွေ၊ လိင် တူဆက် ဆံ တူတွေ၊ အပြစ်မဲ့သူတွေ သန်းပေါင်းများစွာကို မီးလောင်တိုက်သွင်း သတ်ဖြတ်ခဲ့တဲ့ ဂျာမန်နာဇီပါတီရဲ့ အတွေးအခေါ်တွေဟာ နစ်ရှေးရဲ့စာတွေကို တလွဲ ဖွင့်ဆိုမှု ဆီ မှာ မြစ်ဖျားခံတယ် လို့တောင် ဆိုကြပါတယ်။
ဒါကြောင့် ‘မြန်မာ့စာပေလွတ်လပ်မှုကို အခွင့်အရေးယူပြီး ပေါ်ပေါက်လာတဲ့ ဒီကိစ္စကို စိတ်ဝင်စားတဲ့ စာပေနယ်က ဆရာ၊ ဆရာမတချို့ကို (၁) ဒီလိုမျိုး ဘာကြောင့်ဖြစ် တာလဲ၊ (၂) ရာစုနှစ်တစ်ဝက်လောက် စာပေလွတ်လပ်ခွင့်ချုပ်ချယ်ခံရတဲ့ အကျိုးဆက်လား၊ (၃) နိုင်ငံတကာစာပေမှာ James Joyce  ရဲ့ Ulysses (1922) နဲ့ D.H Lawrence ရဲ့ Lady Chatterley’s Lover(1928)  ရဲ့ ဝတ္ထုတွေလည်း ညစ်ညမ်းစာပေလို့ အစောပိုင်းအနောက်တိုင်းလူ့အဖွဲ့အစည်းတွေက သတ်မှတ်ဖူးတာနဲ့ အခုကိစ္စနဲ့ တူပါသလား၊ (၄) အခုလို ညစ်ညမ်းစာပေတွေဟာ လူ့အဖွဲ့အစည်းပေါ် အကျိုး ဘယ်လိုသက်ရောက်နိုင် မလဲဆိုတဲ့ မေးခွန်းတွေမေးပြီး ကောက်နုတ် ချက်တွေ ဖော်ပြပေး လိုက်ပါတယ်။
အယ်ဒီတာအဖွဲ့
ဆရာသစ္စာနီ
မော်ဒန်ကဗျာဆရာ
နိုင်ငံတကာမှာ ထွက်ခဲ့ဖူးတဲ့ ဂျိမ်းစ်ဂျွိုက်စ်ရဲ့ Ulyssess(1922) တို့လို စာအုပ်တွေဟာ သူတို့အနောက် အဖွဲ့အစည်းတွေမှာကိုပဲ ညစ်ညမ်းစာပေလို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့က ဇာတ်အိမ်ခိုင်တယ်။ ဖောက်ပြန်တယ်ဆိုတာတောင် ဖောက်ပြန်ရတဲ့အကြောင်းရင်းကို ခိုင်ခိုင်မာမာ ရေးပြနိုင်တယ်။ ဖောက်ပြန်နေရင်းနဲ့ကို အပြစ်ရှိသလို ခံစားနေရတာမျိုးပေါ့။ အဲဒါကိုလည်း ပေါ်လွင်အောင် ဖော်ပြနိုင်တယ်။ နောက်တစ်ချက်က သူတို့ကို လူ့အဖွဲ့အစည်းက ဒဏ်ခတ်တာခံရတယ်။ ဇာတ်သိမ်းမှာ သူတို့တွေ ဘဝပျက်သွားရတယ်။ အဲဒီလိုမျိုး တွေထိသူတို့ရေးပြနိုင်ခဲ့တယ်။ အဲဒါကြောင့်လည်း အခုထိ စာပေသမိုင်းမှာ ကျန်ရစ်ခဲ့ကြတာပေါ့။
Freedom ဆိုတဲ့ လွတ်လပ်ခွင့်မှာလည်း ဆရာပြောချင်တာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က လွတ်လပ်ခွင့်ဟာ ဘာနဲ့တွဲနေသလဲဆိုတော့ တာဝန်နဲ့တွဲနေပါတယ်။ တာဝန်သိစိတ် ရှိရပါမယ်။ အဲဒီစိတ်မရှိရင် နောက်ဆုံးမှာ ပြန်ပြီးဒဏ်ခတ်ခံရပါမယ်။ ညစ်ညမ်းစာပေကိုလည်း ညစ်ညမ်းမှုနဲ့ အရေးယူလို့ ရတယ်ဆိုတာ သိထားရမယ်။ ရာဇသတ်ကြီး ပုဒ်မ ၂၉၂ နဲ့ ၂၉၃ ဆိုတာ ဖဆပလခေတ်က တည်းကကိုရှိတယ်။ ရဲပြစ်မှုပေါ့။ လူဆိုတာ လုပ်ချင်တာလုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ တာဝန် သိ စိတ်ရှိရမှာပေါ့။
အနှစ် ၅ဝ လုံးလုံး ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီဖိနှိပ်မှုထဲမှာ နိုင်ငံရေးအရစာပေတွေ ပါတယ်။  အခုလို လိင်ပိုင်းဆိုင်ရာစာပေတွေ ပါတယ်ပေါ့နော်။ အဲဒါတွေမှာ လွန်ကဲသွားရင် အရေးယူခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အခုလို ချုပ်ချယ်မှုတွေ ဖွင့်ပေးလိုက်တော့ အကုန်လုံးပွင့်လာတယ်လို့ ပြောရမှာပေါ့။ အဲဒီမှာ ဒီလိုကိစ္စတွေလည်း ပါလာတာပေါ့လေ။ အဲဒီမှာ ခုနက ဆရာပြောခဲ့တဲ့ အချက်နှစ်ချက်နဲ့ မထိန်းနိုင်ရင်တော့ ဘာပဲဖြစ်ဖြစ် ငြိစွန်းတဲ့အထိ ရောက်သွားမှာပါပဲ။ အရေးကြီးတာက ဘယ်လိုပဲရေးရေးရပြီးတဲ့ လွတ် လပ်ခွင့်တော့ ဆုံးရှုံးမသွားအောင် သတိထားရမှာပေါ့။
လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကို ပြောရမယ်ဆိုရင် အခုလည်းပေါ်နေပါပြီ။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာလေ။ တကယ် ပဲ ပွင့်လင်းလူ့ အဖွဲ့ အစည်း ကို ရောက်လာပြီဆိုရင်တော့ ဒါတွေပါလာမှာပါပဲ။ ဥပမာ အမေရိကန်တို့လို အနောက်တိုင်းတွေမှာလည်း Open Society ဆိုတာရှိတာပဲလေ။ သူတို့မှာ ဝတ်လစ် စားလစ် နဲ့တောင်ကတဲ့ နိုက်ကလပ် တွေ ရှိနေတာပဲ။ မြန်မာမှာက ပွင့်လင်းလူ့အ ဖွဲ့အစည်းလို့သာ အော်နေတာ။ အဲဒီအခြေအနေအထိ လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်ကြသေး ဘူးလို့ဆိုရမယ်။ အဲဒီတော့ ဘယ်လိုပြောမလဲ။ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ပွင့်လင်းကြပေါ့လို့ ပြောရမှာပဲ။
တကယ်တော့ အောင်ရင်ငြိမ်း စာအုပ်ဟာ စာမျက်နှာ ၁၇ဝ ရှိတယ်ဆိုပေမယ့် ညစ်ညမ်းတာက ခုနစ်မျက်နှာပဲပါတာ။ ကျန်တဲ့ ၁၆၃ မျက်နှာက ပိုစိတ်ဝင် စားဖို့ ကောင်း တယ်။ ဒါကိုစာဖတ်သူတွေက ဟိုခုနစ်မျက်နှာပဲ သတိထားမိပြီး ညစ်ညမ်းတယ်လို့ ဝေဖန်နေကြတာ။ တကယ်တော့ သူလိုချင်တာက လူ့အဖွဲ့အစည်းသစ်ကြီး။ ရှိပြီးသား ဓလေ့ထုံးစံဟောင်းတွေ၊ ယဉ်ကျေးမှုအဟောင်းတွေ၊ အယူအဆဟောင်းတွေ၊ တန်ဖိုးဟောင်းတွေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ အဲဒီလူ့ အဖွဲ့အစည်းသစ်ကြီးကို အသားပေးပြီး ရေးထားတာ။ အဲဒါက မြန်မာ့ယဉ်ကျေးမှုအပေါ် သက်ရောက်တာ။ မြန်မာလူမျိုးတွေ ဘယ်လောက်ထိ လက်ခံနိုင်မလဲ။ ဘယ်လောက်သဟဇာတဖြစ်သလဲ အဲဒါတွေပေါ့။
အခုဆိုရင် လွှတ်တော်မှာတောင် ပြည့်တန်ဆာတွေကို လိုင်စင်ထုတ်ပေးဖို့ တင်နေပြီ။ ဆိုတော့ တဖြည်းဖြည်းတော့ မလာဘူး လားဆိုရင်လာမှာပဲ။ အခုတောင် နိုက် က လပ်တွေ ရှိနေတာပဲ။ ဒီတော့ တိန့်ရှောင်ဖိန်ပြောတဲ့ စကားနဲ့ပြောရရင် အနောက်တိုင်း ယဉ်ကျေးမှုတွေ ဝင်လာမှာနဲ့ ပတ်သက်ပြီး ”ပြတင်းပေါက်ဖွင့် ထားရင် လေေ ကာင်းလေသန့်တွေ ဝင်လာနိုင်သလို ရောဂါပိုးမွှားတွေလည်းပါလာမှာပဲ။ အဓိကကတော့ ကိုယ့်ဘက်က ကိုယ်ခံအားကောင်းအောင် လုပ်ထားဖို့ပါပဲ”။
ဆရာမ ခင်ပန်နှင်း
ဆရာဝန်၊ စာရေးဆရာ၊ အယ်ဒီတာ
Freedom of Expression  ရလာတဲ့အတွက် နိုင်ငံရေးစာပေတွေကို လွတ်လပ်စွာ ရေးသားလာနိုင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ညှို့မဂ္ဂဇင်းပေါ်လာတုန်းကတောင် အဲဒီမှာ သုံးတဲ့ မော်ဒယ်လ်တွေဟာ အဖော်အချွတ်ပုံ တွေများလို့ဆိုပြီး အသံထွက်ခဲ့ကြသေးပါတယ်။ အခုဟာက မတူပါဘူး။ အောင်ရင်ငြိမ်းက စာရေးဖော်အချင်း ချင်းမေ ထာက်ထားဘူး။ စာပေလွတ်လပ်ခွင့်ကို လည်း မထောက်ထားဘဲ သူရေးချင်တာတွေပဲ ရေးထားတာကိုပြောချင်ပါတယ်။ စာဖတ်သူရော သူ့အ တွက်ရော(ငွေကြေးတော့ မသိ) ဘယ်သူမှ အကျိုးမရှိတဲ့ဟာကိုဘာလို့ရေးပြီး ပြောပြနေတယ် မသိပါဘူး။
ဆရာမ အရင်ကပြောနေကျစကားတစ် ခွန်းရှိပါတယ်။ ကိုယ့်တပည့်တွေကို ပြောလေ့ရှိတာပါ။ ဖတ်သာဖတ်။ ဘာစာပဲဖတ်ဖတ် အားလုံးအကျိုး ရှိတယ်ဆိုပြီးပါ။ အခုတော့ ကိုယ့်စကားကိုယ် ပြင်ရမလို ဖြစ်နေပါပြီ။ ဒီလိုစာမျိုးဆိုတာ ဘယ်သူမှ မဖတ်သင့်တဲ့စာလို့ ပြောရပါမယ်။ အိပ်ရာထက်က ဖိုမကိစ္စဟာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူရေးထားတဲ့ ပုံစံကြီးကို မကြိုက်တာပါ။  ဒီစာအုပ်ဖတ်ပြီးမှ မိန်းမတွေအပေါ် မှာသူမြင်တဲ့အမြင်ကို သိလာတယ်။ သူ့အမြင်ကို မကြိုက်ပါဘူး။ ကျန်းမာရေးပ ညာပေး လည်း မဟုတ်ဘူး။ နိုင်ငံခြားမှာဆို ဒီလိုရေးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။ အမျိုးသမီးရေးရာကလည်း တရားလိုလုပ်ပြီး တရားစွဲရမှာ။ ဒါ ဟာလူတိုင်း လက်ခံရတဲ့ကိစ္စပဲ။ ဒီမှာတော့ စာပေလွတ်လပ်ခွင့်လည်းပေးထားတာ မကြာသေးလို့ ပြင်းပြင်းထန်ထန် မလုပ်ချင်ကြတဲ့ပုံပါပဲ။
ဒါပေမဲ့ သူ့ကိုခေါ်ပြီး သတိပေးတာတို့၊ ဒဏ်ပေးတာတို့ လုပ်သင့်ပါတယ်။ ဥပဒေကြောင်းအရ သင့်တော်တဲ့ဆုံးမမှုမျိုး ပေးစေချင်ပါတယ်။ ဒါမှ နောက်ထပ် ဒီလိုစာပေတွေ ထွက်မလာမှာပါ။ ပြောရမယ်ဆိုရင် လူ့ပြည်မှာကို မရှိသင့်တဲ့တော်တော်ဆိုးရွားတဲ့ စာအုပ်ပါပဲ။ မြန်မာမိန်းကလေးတွေရော၊ မြန်မာ့ယဉ်ကျေးမှုကိုပါ ထိခိုက်မှုရှိနိုင်ပါတယ်။ အခုက စာဖတ်အားနည်းကြတယ်လေ။ ကလေးတွေက အဲဒီအစား ဂိမ်းဆော့တာတို့၊  အွန်လိုင်းမှာ  အကျိုးမရှိတဲ့ အသုံးပြုနေတာကို တွေ့နေရ ပါတယ်။ အဲဒီလို စာဖတ် အားနည်းရတဲ့အထဲ ဒီလို စာအုပ်တွေ ဖတ်မိခဲ့ရင် အတုယူမှားပြီး ဒုက္ခရောက်ကုန်လိမ့်မယ်။
အခုတောင် ဘတ်စ်ကားပေါ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကန်ပေါင်လို နေရာမျိုးတွေမှာ သမီးရည်းစားတွေက အတင့်ရဲနေကြတာ။ သူတို့အရွယ်က ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး ထိန်းသိမ်းတတ်ကြတာလည်း မဟုတ်တော့ အဓိကက မိန်းကလေးတွေကို စိတ်ပူတာပါပဲ။ ချစ်သူကို အလိုလိုက်မိနိုင်တယ်။ သူတို့ရဲ့ ဆင်ခြင်တုံတရားကို ထိခိုက်နိုင် တယ်လေ။ ကြီးစွာသော အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒီကိစ္စက စည်းအတွင်းမှာပဲ ရှိသင့်တဲ့ကိစ္စပါ။ အိမ်ထောင်သည် မိခင်တွေ ဖတ်မိရင် တောင် ကိုယ့်လင် သား ကို ပြန်မပြဝံ့တဲ့ စာအုပ်။ ကိုယ့် သားသမီးတွေ ဖတ်မိမှာစိုးရိမ်လို့ ဝှက်ထား နိုင်တဲ့စာအုပ်မျိုးပါ။ ဒါ့ကြောင့် ဒီလိုစာပေ တွေနဲ့ပတ်သက်ပြီး အခုကိစ္စကို နောင်ကြဉ် အောင် လုပ်ထားသင့်တယ်လို့ ပြောချင်ပါတယ်။ ဆရာမတို့အနေနဲ့ ကဗျာဆရာကောင်းတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး။
မောင်လွင်မွန်(ကသာ)
စာရေးဆရာ
ဖြစ်လာတာကတော့ အသစ်ကို ဖောက်ထွက်ဖန်တီးချင်တာကနေ ဖြစ်တယ်လို့ ယူဆပါတယ်။ အသစ်ကိုဖန်တီးတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အသစ်ကို ဖန်တီး ရာမှာ ရှိသမျှအဟောင်းတွေကိုဖြိုချပစ်ပြီး ဖန်တီးရမယ်ဆိုတာတော့ အတော်ကြီးမှားနေပြီလို့ ထင်တာပါပဲ။ အမှန်တော့ ကာမသောင်းကျန်း ဖောက်ပြန်တဲ့ ဇာတ် ကွက် မျိုး၊ သွေးသားသောင်းကျန်းမှုသရုပ်ဖော် ဝတ္ထုတို၊ ရှည်မျိုးတွေ ကျွန်တော်တို့ငယ်ငယ်က အများကြီးဖတ်ခဲ့ဖူးတာပါပဲ။  ဥပမာ ရန်ကုန်ဘဆွေဆိုရင် ဒါမျိုး အများကြီးေ ရးဖူး ပါတယ်။ နန်းဟာဗီးလို ဝတ္ထုမျိုး။ နောက် ရေကြိုမလေး။ ဒီလိုပဲ ထရံတစ်ချပ်ခြားက ကုလားလင်မယား ချစ်တင်းနှောတဲ့အသံကြားပြီး အပျိုမလေးလင်နောက် လိုက် တဲ့ ဇာတ်လမ်းမျိုး၊ တစ်ခါ ဆရာမြသန်းတင့်ရဲ့ မမဈေးကြိုသူလို ဝတ္ထုမျိုး စသည်ဖြင့် ပေါ့။ အဲဒီကာလကလည်း စိစစ်ရေးရှိတာ မဟုတ်ပါဘူး။
ဒါပေမဲ့ စာရေးသူက သူ့သိက္ခာ သူ့လေးစားမှုနဲ့၊ စာဖတ်သူကို တန်ဖိုးထားလေးစားမှုတွေရှိတဲ့အတွက် အခုလို ဇာတ်ကွက်အပြင် အသုံးအနှုန်းစကားလုံးကအစ အပြာ ဆန်တာ၊ ဒိုင်ယာလော့တွေထဲမှာပါ ညစ် ညမ်းမှုတွေပါတာ၊ အတုံးအလိုက် အတစ်လိုက် သရုပ်ဖော်တာတွေမရှိခဲ့ပါဘူး။ ‘တော်လှန်တဲ့အရေးအသား’ဆိုပြီး အချို့ ဒီစာအုပ် ဘက်က ရှေ့နေလိုက်တာများကိုလည်း ကြားရပါတယ်။ တော်လှန်တယ်ဆိုတာ ဘာကိုတော်လှန်တာလဲ။ ကျွန်တော်တို့ရဲ့ သိမ်မွေ့နူးညံ့စွာဖော်ပြတတ်တဲ့ အရှေ့ တိုင်း ဓလေ့၊ ဟီရိသြတ္တပ္ပ နဲ့ ယဉ်ကျေးမှုအခိုင်အခန့် တည်ဆောက်ထားတဲ့ မြန်မာ့အစဉ်အလာ စတာတွေကို တော်လှန်မှာလား။ တော်လှန်စရာတွေ ဒီလောက် ရှားနေလို့လား။ အခု ကျွန်တော်တို့ဆီမှာ မပြီးဆုံးသေးပဲ ရှေ့ဆက်ရဦးမယ့်တော်လှန်ပြောင်းလဲမှုတွေအတွက် နှလုံးသားခွန်အား၊ အနုပညာအင်အားတွေနဲ့ ဝိုင်းလုပ်နေရချိန်မှာ အဲဒါတွေ ကို ဘေးချထားပြီး အခုလိုတလွဲတော်လှန်ပြောင်းလဲတာကို ကျွန်တော်တို့က ဝိုင်းထောက်ခံရမယ်ဆိုရင် ကျွန်တော်တို့လောက် မိုက်တာရှိမှာမဟုတ်တော့ပါဘူး။
ဒါပေမဲ့ ဒီနေရာမှာ ရာစုနှစ်ဝက်လောက် စာပေချုပ်ချယ်ခံရမှု အပါအဝင်ဖိနှိပ်ခံရမှုတွေအတွက် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက ဘဝတွေစတေးပြီး ရုန်းထွက်နိုင်ဖို့ လုပ်ခဲ့ကြတာပဲလေ။ ဒီအတွက် ဝိုင်းလုပ်ကြရင်းထောင် ကပြန်ထွက်၊ စာရေးဆရာဘဝကို ပိုထဲထဲဝင် ဝင် နေကြည့်ဖြစ်တဲ့အခါ စိစစ်ရေး ဇွတ်တိုးပြီး ထောင်နှုတ် ခမ်းထပ် နင်းပြီး မာဂျင်ဘေးကပ်တဲ့စာတွေ၊ မသိမသာကျော်တဲ့စာတွေ၊ စွန့်စားပြီး ဇွတ်ကျော်နင်းတဲ့စာတွေ ကျွန်တော် ရေးကြည့်ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူမှ ခိုင်း လို့မဟုတ်ပဲ ကိုယ့်ဘာသာ တော်လှန်တဲ့စိတ်နဲ့ ဖန်တီးနေခဲ့တာ။ ကျွန်တော်တို့ ဒီလိုရေးကြည့် သမျှရဲ့သုံးပုံတစ်ပုံလောက်သာ စာမျက်နှာတွေပေါ်ရောက်တာပါ။
အဲဒီထဲမှာ ထူးထူးခြား ခြား စည်းကို အတော်ကျော်ခဲ့ပေမယ့် ‘လွတ်’သွားတဲ့စာတချို့ ရှိခဲ့ဖူးတယ်။ ဒီစာတွေအတွက် ကျွန်တော်တို့ကို စိုးရိမ်သူတွေ ရှိသလို စတန့် လုပ်ပြီး ထောင်ကျအောင် တမင်လုပ်နေ တာလို့ ထင်တဲ့သူတောင်ရှိတယ်။ ဒီအထဲမှာ အခုအထိ တန်ခိုးကြီးနေဆဲဖြစ်ပြီး အဲဒီကာလကဆို လုံးဝထိမရတဲ့ လင်မယား ကို ကျွန်တော် စောင်းမြောင်းပြီး သရော်ဝတ္ထုတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုဟာမမျှော်လင့်ဘဲ စိစစ်ရေးလွတ်လာတဲ့နောက် လူပြောစရာ အထိုက်အလျောက်ဖြစ်ခဲ့ပါတယ်။ ကိုစောဝေ ကဗျာ တစ်ပုဒ်အဖမ်းခံရချိန်မှာ  ကျွန်တော့်ဝတ္ထုက ပိုတောင်ထိသေးတယ်ဆိုပြီး မိတ္တူကူးပြီး ဝေသူဝေတဲ့အတွက် ရေးဖော်တချို့က ကျွန်တော့် အတွက် စိတ် ပူပေးရတဲ့ကာလတစ်ခု ရှိခဲ့တယ်။ ဒါပေမဲ့ အခုစိစစ်ရေးပျက်ပျက်ချင်းမှာပဲ အဲဒီဝတ္ထုကိုခေါင်းစဉ်ထားပြီး ကျွန်တော်သရော်ဝတ္ထုတွေ ထုတ်ချင်ပါတယ်ဆိုပြီး ထုတ် ဝေ သူတစ်ယောက်က လာကမ်းလှမ်းတာကို ကျွန်တော်ငြင်းလိုက်ပါတယ်။
ကျွန်တော်က ကျွန်တော်တို့ အရင်းအနှီးကြီးကြီးပေးပြီး ရထားတဲ့လွတ်လပ်စွာထုတ်ဖော်ခွင့် (Freedom of Expression) ကို တစ်ဖက်က ကျွန်တော်တို့တစ်တွေဟာ အခွင့်အရေးပေးလိုက်တာနဲ့ အလွဲသုံးစားလုပ်တော့တာပဲ၊ ရန်လိုစိတ်နဲ့ (Agressively)ရေးတော့တာပဲလို့ အထင်မခံနိုင်လို့ တစ်နှစ်နှစ်နှစ်တော့ အချိန်ယူ ရအောင် ပါလို့ ပြောပြီး မပေးဘဲထားခဲ့တယ်။ ထုတ်ဝေသူကတော့ အဲဒီကာလကဆို ရောင်းရမယ့်စာ အုပ်မို့ ကျွန်တော့်ကို အတော်တုံးတယ်လို့ ထင်ချင်ထင်မယ်။ ဒါပေမဲ့ ကျွန်ေ တ်ာပြောလိုတာက လွတ်လပ်စွာရေးသားခွင့်ကို ကိုယ်တိုင်တောင် တန်ဖိုးထားဂရုစိုက်သုံးစွဲချင်တဲ့ ကျွန်တော့်အတွက် ဒါကို တလွဲသုံးထားတဲ့ ဒီလိုစာအုပ်မျိုး ဖတ်ရ တဲ့ အခါ၊ တစ်ဖက်က လူတွေက ‘တွေ့လား၊ မင်းတို့တွေက လွတ်လပ်ခွင့်နဲ့တန်လို့လား’ ဆိုတာမျိုး ပြောသံ ကြားရတဲ့အခါ၊ ဒါကိုအကြောင်းပြုပြီးကျန်တဲ့ လွတ် လပ်စွာ ထုတ်ဖော်ခွင့်ရနေသင့်၊ ရနေသမျှတွေတောင် ပြန်ဆုံးရှုံးလေမလား ပူပန်စရာဖြစ်လာတဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာ တွေးကြည့်စေချင်တာပါ။
James Joyce  ရဲ့ Ulysses (1922)  နဲ့ D.H Lawrence ရဲ့ Lady Chatterley’s Lover (1928) စာအုပ်တွေဟာ အနောက်နိုင်ငံမှာ နှစ်ရှည်လများ အပိတ်ခံရတဲ့စာအုပ် အများကြီးထဲက နာမည်ကြီး စာအုပ်နှစ်အုပ်ပါ။ James Joyce ကို Ulysses ကို ခုနစ်နှစ် ကြာအောင်တောင် ရေးခဲ့ရပါသတဲ့။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ သူ့စာအုပ်ကို ၁၅ နှစ်ကြာအောင်ပိတ်ထားခဲ့တဲ့အတွက် သူ့ရေးတာထက် နှစ်ဆပိုကြာအောင် အပိတ် ခံရတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ Lady Chatterley’s  Lover ဆိုရင်လည်း အင်္ဂလန်မှာရော၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံအားလုံးမှာပါ အပိတ်ခံရပါတယ်။ သူ့စာအုပ်ကလည်း စစ်ထဲမှာရတဲ့ဒဏ်ရာနဲ့ အောက်ပိုင်းသေပြီး မိန်းမ ကိုသွေးသားဆန္ဒ ဖြည့်စွမ်းမပေးနိုင်တဲ့သူကို လင်တော်ထားရတဲ့ အထက်တန်းလွှာမိန်းမတစ်ယောက်ဟာ သာမန်ဝန်ထမ်းယောက်ျားတစ်ယောက်နဲ့ အချစ်ကြောင့် မဟုတ်ဘဲ ဖောက်ပြန်တဲ့ ဇာတ်လမ်းပါ။ တကယ်တော့ အမေရိကန်လိုနိုင်ငံမျိုးက မြို့ထဲကကလပ်တွေမှာတင်၊ ခုနစ်လွှာချွတ်အက (Striptease) ကို ကလပ်မှာ ဘီယာ သောက်ရင်းအလွယ်ကြည့်နိုင်ပြီး တစ်ဒေါ်လာလောက်ပေးရင် ကော့ပြကုန်းပြတဲ့ မိန်းမတွေရဲ့ Live Show ကို အလွယ်တကူ (သတ်မှတ်ထားတဲ့ လမ်းဧရိ ယာ တစ်ခုမှာ) ကြည့်လို့ရတဲ့နိုင်ငံပါ။ ဒါပေမဲ့ ဒီ Lady Chatterley’s Lover စာအုပ်နဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ရိဒ်စမုသ်က လွှတ်တော်အတွင်းမှာ
”ကျုပ်ကတော့ ဒီစာအုပ်ကို ဆယ်မိနစ်လောက်ထက် ပိုမဖတ်နိုင်ဘူး။ တကယ်အောက်တန်းကျတဲ့ စာအုပ်ဗျာ၊ စိတ်ရောဂါရှိပြီး နှလုံးသားလည်း ညစ်ညမ်းတဲ့လူ မျိုးက ရေး တဲ့စာအုပ်၊ ဒီလူက ငရဲတွင်းထဲကျနေ တောင် ညစ်ညစ်ပတ်ပတ် ပြောဆိုနေမယ့်လူမျိုးပဲဗျ”ဟု ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့ဖူးပါတယ်။
ဒီစာအုပ်ကလည်း သာမန်ရသ သရုပ် ဖော်ဝတ္ထုတွေမှာ မသုံးတဲ့ အပြာစာလုံးတွေကို သုံးထားပြီးကျန်းမာရေးချို့တဲ့နေတဲ့လင်ဆီက အိမ်ထောင်ရေးသုခမရတဲ့ ဇနီးသည် ကို မြှူဆွယ်ပြီး ယောက်ျားစွမ်းပြတဲ့ ဇာတ်လိုက်ကျော် အကြောင်း ပယ်ပယ်နယ်နယ်ရေးဖွဲ့ထားတာ မျိုးမို့ သူတို့နိုင်ငံမျိုးမှာတောင် မခံနိုင်ဖြစ် ခဲ့တာပါ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ ပရိ သတ်များလည်း နှိုင်းယှဉ်စဉ်းစားကြည့်စရာ ရပါလိမ့်မယ်ထင်ပါတယ်။ ခုလို ညစ်ညမ်းစာပေဟာ လူ့အဖွဲ့အစည်းအပေါ် အနုတ်လက္ခဏာ သက်ရောက် မှုပဲ ဖြစ်မှာပေါ့။
အင်တာနက်ညစ်ညမ်းရုပ်ရှင်နဲ့ ညစ်ညမ်းဝတ္ထုများဟာ လူအဖွဲ့အစည်းရဲ့စည်းကျော်ပြီး ဖောက်ပြန်မှုတွေကို အသားပေးရိုက်ကူးရေးဖွဲ့လေ့ရှိပါတယ်။ ဒါကလည်း လူ့အဖွဲ့ အစည်းတွင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စ မျိုးကို ရိုက်ကူးပုံဖော်မှ ပရိသတ်ပိုစိတ်ဝင်စားပြီး အားပေးမှုရရှိမှာမို့ပါ။ အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့ဆက်ဆံပုံတွေ၊ သမီးနဲ့ အဖေဇာတ်လမ်း၊ မိထွေးနဲ့ လင်ပါသားဇာတ်လမ်း၊ ခယ်မနဲ့ခယ်အိုဇာတ်လမ်း၊ ဆရာနဲ့ကျောင်းသူ၊ ဆရာမနဲ့ကျောင်းသားဇာတ်လမ်း၊ အုပ်စု ဖွဲ့မတရားကျင့်ပုံ ဇာတ် လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားတွေနဲ့ ဒီဝတ္ထုတွေဟာ လူ့အဖွဲ့အစည်းထဲက အထူးသဖြင့် နုနယ်သေးတဲ့ အရွယ်ရောက်စလူငယ်လေးများနဲ့ ပညာမတတ်၊ အသိ အမြင်အားနည်း၊ ဆင်ခြင်တုံ တရားနည်းပါးသေးတဲ့ နယ်ကလာသူ လူတန်းစားများကို အထူးသဖြင့်အမှောင်ဘဝထဲကိုတွန်းပို့စေတဲ့ သက်ရောက်မှု မျိုး မြန်မြန် ဆန် ဆန်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် အင်တာနက်က တောနယ်အထိပေါက်ရောက်တဲ့ အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မတရားကျင့်တဲ့အမှုများ ဆက်တိုက်ပွားများလာတာပါ။
ကောင်းစရာတော့မရှိပါဘူးဗျာ။ တစ်ခု ပဲပြောချင်တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်က သက်တမ်းအရမ်းနုနယ်နေပါ တယ်။ ယောက်ျားဆိုတာ အရက်ေ သာက်တာ မဆန်းပါဘူးဆိုပြီး လူတိုင်းကို တိုက်လို့ရ ကောင်းရပေမယ့် ၆လသားအရွယ် ယောက်ျားလေးကိုတော့ တိုက်ဖို့ မသင့်ဘူး မဟုတ်လား။ ပြီးတော့ အရက် မေ သာက်ခြင်းဟာ အခွင့်အရေးတစ်ခုဖြစ်သလို သောက်ခြင်းဟာလည်း အခွင့်အရေးပဲဆိုတာကို လက်ခံတယ်။ ဒါ ကြောင့် အရက်ကို ဗြောင်ေ ရာင်းရောင်း၊ မှောင်ခိုေ ရာင်းေ ရာင်း၊ သောက်တတ်သူများ ဝယ်သောက်၊ ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ အရက်သောက်တာဟာ အခွင့်အရေးဆိုပြီး ဂျိုးဖြူပိုက်ထဲလာ ထည့် ရင်တော့ ကျွန်တော်တို့ ထိုင်ြ ကည့်နေလို့ မဖြစ်ဘူးလေ။ ပြီးတော့ အခု စာအုပ်ဟာ ညစ်ညမ်း စာအုပ်ဆိုတာထက် အများကြီးဆိုးဝါးပြီး နှစ်ဦးသဘောတူ လိင် ဆက်ဆံတာဆိုရင် လက်မထပ် လည်းရ တယ်ဆိုတဲ့ အယူအဆမျိုး၊ မိန်းမဟာတစ်ဦးတည်း ပိုင်မဟုတ်ပဲ သူများမယား ကြာခိုတာဟာ အပြစ်မဟုတ်ဘူးဆိုတာမျိုးကို နိုင်ငံတကာ အတွေးအခေါ်တွေ ဆွဲယူကိုး ကားရေး သား ထားတာမို့ ”ဒါကတော့ သူ့အယူအဆပဲလေ”ဆိုတာမျိုး၊ ”အတွေးသစ် အမြင်သစ်နဲ့ တော် လှန်တဲ့အရေးအသား”ဆိုတာမျိုးတွေနဲ့ အား ပေးအားမြှောက် လုပ်တာ၊ ဒါမှမဟုတ် ထိုင် ကြည့်နေတာမျိုးဟာ ကျွန်တော်တို့ရဲ့ ကိုယ့် ကျင့်ဘဏ္ဍာတိုက်ကို မီးလောင်နေတာကို မငြှိမ်းဘဲ ဘယ်လောက်ကူးသွားမှာလဲလို့ စိတ် ဝင်တစားစောင့်ကြည့်နေတာမျိုးနဲ့ တူနေမယ်လို့ ထင်ပါတယ်။
ပန်ဒိုရာ
ဘလော့ဂါ ကဗျာဆရာမ
ဆရာမပန်ဒိုရာ၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ကောက်နုတ်ဖော်ပြပါသည်။
အသစ်ဆိုပြီး ဖြစ်စေချင်တာကို ကာလံ ဒေသံမစဉ်းစားဘဲ အတင်းကာရောချပြခြင်းဟာ လူအများနားမလည်နိုင်တဲ့အခါ မူလအတွေးအခေါ်ရှင်တွေ ကိုတောင် နှိမ့်ချ သ လိုဖြစ် တတ်တယ်။ မိမိရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ဖျက်ဆီိးမိတတ်ပါတယ်။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို အမှန်လို့ထင်ကြတာချည်းပဲ။ လူတိုင်းဟာ လွတ် လပ် စွာ ကွဲပြားခွင့်ရှိပေမယ့် သူတစ်ပါးရဲ့ကွဲပြားတဲ့ ယုံကြည်မှုတွေ ထုံး တမ်းစဉ်လာတွေကို မထီမဲ့မြင်ပြုဖို့တော့မသင့် ဘူး။
တကယ်သစ်သလား မသစ်ဘူးလားဆိုတာကတော့ စာအုပ်အငှားဆိုင်မှာ ပြောနေ ကြသလိုပါပဲ။ မဖတ်ရသေးရင် အသစ်ပေါ့တဲ့။ တချို့တွေအတွက် သစ်ပြီး၊ တချို့အ တွက်က တော့ သိဖူးမြင်ဖူးပြီးသားဖြစ်နိုင်ပါတယ်။ စာ ရေးသူရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေတော့ မဟုတ်ပါဘူး။ ဒါကလည်း What is original?လို့မေးခွန်း ထုတ်နေ တဲ့ေ ခတ်မှာ သိပ်ပြီးပြဿနာတော့ မဟုတ်ပါဘူး။ ကိုယ့်အတွေ့အကြုံကိုကိုယ်ပြောပြီး ကိုယ်ကြိုက်ရာကို ထုတ်နုတ်မှီ ငြမ်းတာ စာရေးသူအခွင့်အရေးပါပဲ။
ကိုယ့် စကားလိုလို ပြောတာနဲ့စာရင် ဘယ်သူက ဘယ်လိုပြောသွားတာပါလို့ အတိအလင်းဝန်ခံ ကိုးကားတာက ပိုကောင်းပါသေးတယ်။(အ တုံးလိုက် အတစ် လိုက် ဖြစ် တာကလွဲလို့ပေါ့။) မြန်မာစာပေလောကအတွက်တော့ ဒီလို အ ကြောင်းအရာနဲ့ ဒီလိုပြဿနာတွေကို တရားဝင်ထုတ်ဝေတင်ပြလာတာက အသစ်ဖြစ်နိုင်ပါတယ်။
ဒီစာအုပ်ကို နမူနာပြပြီး အရင်လိုအစိုးရက စိစစ်ရေးပြန်တင်းကျပ်လာမလားလို့ စိုးရိမ်လာကြတာကို တွေ့ရပါတယ်။ အများရဲ့လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်လာရင် ဘယ်သူမှကျေနပ်မယ်မထင်ပါဘူး။ တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်ထင်တဲ့ အမှန်တရားကို လွတ်လပ်စွာကွဲပြားခွင့် တင်ပြခွင့်ရှိပေ မယ့် လူအများကိုထိခိုက်တယ်လို့ ယူဆစရာ ဖြစ်နေကြတယ်ဆိုရင်လည်း ပြဿနာပေါ်လာတတ်ပါတယ်။ ဒီစာရေးသူကို ဝိုင်းအကာအ ကွယ်ပေးရမှာလား။ ဒါမှမဟုတ် ဝိုင်းကန့်ကွက် ရမလားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်သူတွေရဲ့ မူဝါဒရှုထောင့်ကကြည့်ရင် တည်ဆဲဥပဒေတစ်ခုနဲ့ ငြိစွန်းနေရင် တော့ အဲဒီဥပဒေတည်နေသရွေ့ အရေးယူပိုင် ခွင့် ကတော့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Case by case စီမံသင့်ပါတယ်။ အတတ်နိုင်ဆုံး တရားရုံးကိုမရောက်ဘဲ ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းအတွင်းမှာ အ ရင်ေ ဆွးနွေးညှိ နှိုင်းဖြေရှင်းကြတဲ့ Self-regulation ကိုလည်း အားပေးသင့်ပါတယ်။
စာရေးသူရဲ့လွတ်လပ်ခွင့်ကို လေးစားပါတယ်။ ခေတ်စနစ်ပွင့်လင်းလာတာနဲ့အမျှ ဒီလိုအကြောင်းအရာ အတွေးအခေါ်တွေဟာ အနှေးနဲ့အမြန်ဆိုသလို ထွက်ပေါ်လာ စရာ ရှိပါတယ်။ အခြားကဏ္ဍတွေမှာ အခြေခံအဆင့်သာရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက် စောနေလွန်းသလားဆိုတာက ဝေဖန်စရာဖြစ်ပါတယ်။ တင်ပြပုံဟာ ချပြတာမျိုးထက် စည်းရုံးခြင်း၊ မြှင့်တင်ခြင်း၊ ခုခံခြင်းဆန်နေတဲ့အတွက် ဘယ်လိုဘာကြောင့်ဆိုတဲ့ ဆွေးနွေးစရာမေးခွန်းမျိုးထက် ဒါကိုလက်ခံလား၊ လက်မခံဘူးလားဆိုတဲ့ yes or no မေး ခွန်းတွေ ထွက်လာတာဖြစ်ပါတယ်။ ဒီလောက်မလွယ်ကူပါဘူး။ ကိုးကားထားတဲ့ အတွေးအခေါ်တွေထဲမှာ အခြားရှုထောင့်များက ထပ်မံလေ့လာစရာတွေရှိပါတယ်။ issue တွေကလည်း တစ်ခုတည်းမဟုတ်ပါဘူး။ အပျိုစင်အယူအဆ၊ ဥပဒေဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အိမ်ထောင်ရေးဆိုင်ရာ၊ လက်ထပ်ထိမ်းမြားရေး ဆိုင်ရာ၊ ဂေး အခွင့် အရေး စသည်ဖြင့် ပါဝင်ပါတယ်။ လောလော ဆယ်လူတွေရဲ့အာရုံကတော့ စာရေးသူနဲ့ ထုတ်ဝေမှုအပေါ်မှာပဲ ပိုနေပါတယ်။(ဒီမှတ် ချက်ကလည်း အဲဒီလိုပါပဲ။) တချို့ကတော့ ဒီ စာအုပ်အကြောင်း ပြောပြောနေတော့ ဒီစာ အုပ်ကို လူများများပိုဖတ်ဖြစ်အောင် မြှင့်တင် နေသလိုလိုပဲလို့ဆိုကြပါတယ်။ လူများများ ပို ဖတ်ဖြစ်ပြီး တွေးေ တာဆင်ခြင်ကြည့်လာကြ တာမျိုးဆိုရင်တော့ ကောင်းပါတယ်။
အခုထိတော့ ခြုံငုံကြည့်သူတွေအတွက် တစ်ခါလာလည်း ဒီဖိုမကိစ္စနဲ့ ဒီအတွေးအ ခေါ်အသားပေးလို့ ထင်စေပါတယ်။ ခေတ်သစ်လူမှုအဖွဲ့အစည်းအတွက် အခြားသော ကဏ္ဍတွေမှာလည်း ဖောက်ထွက်ပြီး စဉ်းစားစရာဖြစ်တဲ့အကျိုးရှိတဲ့ အယူအဆတွေကို ဆက်ပြီးချပြစေချင်ပါတယ်။  ဒီစာအုပ်ထဲမှာလည်း နိုင်ငံရေး၊ ဘာ သာရေး၊ နောက် ခံတွေ နည်းနည်းပါးပါး ထည့် ထားတာတွေ့ရပါတယ်။ စာရေးသူ ကြိုက်ရာဘက်ကနေ အတင်းရပ်ပြတဲ့တင်ပြပုံမျိုးထက် စာကိုဖတ်ပြီး လူတိုင်း နက်နက်နဲ နဲတွေးတော ပြီး ကိုယ်တိုင်ရွေးချယ်ဖြစ်စေတာမျိုးကို ပိုဖတ် စေချင်ပါတယ်။ ပြီးတော့ တစ်ခါလာလည်း ဒီအကြောင်းတွေပဲဆိုရင်တော့ စာရေးသူဟာ ဒီအကြောင်းတွေပဲ ခေါင်းထဲမှာ ကြီး စိုးနေတယ်လို့ ထင်စရာဖြစ်လာပါမယ်။
ပေါ်ပြူလာနယူးစ်

0 comments:

Post a Comment