Pages

Tuesday, June 3, 2014

ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေးလှုပ်ရှားမှုတွင် အနုပညာရှင်များပါဝင်လာ



IC တီးဝိုင်းမှ ချစ်စမ်းမောင်နှင့် မျိုးကြီးတို့ကို တွေ့ရစဉ် (Foreign Office news on Burma)
ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ တွင် ပြုလုပ်မည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာထိပ်သီးညီလာခံ ကို ကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံမှ နိုင်ငံရေးသမား၊ တက်ကြွ လှုပ်ရှားသူများနှင့် အနုပညာရှင် များပါဝင်သော ပညာရေးအစီ အစဉ်ကို ဗြိတိန်သံရုံးကဆောင် ရွက်လျက်ရှိသည်။
အိုင်းရင်းခရော့ခ်တေးဂီတ အဖွဲ့မှ ချစ်စမ်းမောင်နှင့် မျိုးကြီး တို့အပါအ၀င် နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူ ၁၁ ဦးသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှုရပ်တန့်ရေးအစီအစဉ်တွင် မေတ္တာဖြင့် ပါဝင်ကူညီကြကြောင်း သိရသည်။
‘‘ဇွန်လ ၁၀ ရက်ကနေ ၁၃ ရက်အထိ လန်ဒန်မြို့မှာ ပြုလုပ်မယ့်ညီလာခံကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာဆိုတဲ့ ဗြိတိန်သံရုံး က ဆောင်ရွက်တာပါ။ လာမယ့် ၁၀ ရက်မှာလည်း ပညာပေး အစီအစဉ်ပွဲတွေ ကျင်းပဖို့ရှိပါတယ်’’ ဟု ဗြိတိန်သံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗြိတိန်သံရုံး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အနုပညာရှင်များ နှင့် တက်ကြွလှုပ်ရှားသူများသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှုရပ်တန့်ရေးအတွက် ထောက်ခံ ကြောင်း အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာ့လုံး ဆိုင်ရာထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ် ၁၀ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးတိုး တက်မှုကော်မတီ၏ မြန်မာနိုင်ငံ ဆိုင်ရာအစီရင်ခံစာတွင် မြန်မာ နိုင်ငံရှိ ပဋိပက္ခအခြေအနေများ ကြောင့် လိင်အကြမ်းဖက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်နေကြောင်း သုံး သပ်ထားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ၏ ပါဝင်မှုကို ထောက်ပံ့ရန် မြန် မာအစိုးရကို  တောင်းဆိုထားသည်။

No comments:

Post a Comment