Pages

Saturday, June 28, 2014

အမျိုးသမီးကိစ္စများအား လူမှုဝန်ထမ်းဦးစီးဌာန သတင်းပြန်ကြားရေး စင်တာသို့တိုင်ကြားနိုင်


===================
===================
အမျိုးသမီးများအနေဖြင့် မိမိတို့၏ကိစ္စရပ်များအား ရင်ဖွင့်တိုင်ကြားလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၏ သတင်းပြန်ကြားရေးစင်တာသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ၎င်းဌာနက သတင်းထုတ်ပြန်သည်။
“၂၀၁၃ ခုနှစ်၊ သြဂုတ်လကစပြီးအခုချိန်ထိ လာရောက်တိုင်ကြားမှု ၂၀ လောက် ရှိနေပါပြီ။
အမျိုးသမီးကိစ္စဆိုရာမှာ လိင်အကြမ်းဖက်ခံရတာတွေ လိမ်လည်ဖြားယောင်းခံရတာတွေ အိမ်ထောင်ရေးပဋိပက္ခတွေစတဲ့ကိစ္စတွေ ရင်ဖွင့်တိုင်ကြားနိုင်ရုံသာမက လူကုန်ကူးခံရတဲ့ကိစ္စတွေပါ တိုင်ကြားနိုင်ပြီး လူကုန်ကူးခံရတော့မယ့် မသင်္ကာစရာ အခြေအနေတွေကို သတင်းပေးနိုင်ပါတယ်။ လိုအပ်ရင်လိုအပ်သလို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကျောင်းများဌာနစိတ်မှ ဒုတိယ ညွန်ကြားရေးမှူးတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လာရောက်တိုင်ကြားသူများအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ကျန်းမာရေးကိစ္စ ဆောင်ရွက်ပေးခြင်း၊ ရဲသို့ တိုင်ကြားလိုပါက ဌာနလွှဲပြောင်းချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ နောင်အခါ တစ်နေရာတည်းတွင် ပြီးပြည့်စုံသောစနစ် (one stop service) ဖြစ်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းများအလိုက် လူမှုဝန်ထမ်းဦးစီးဌာန ၀န်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးနေပြီဟု သိရသည်။
တိုင်ကြားလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ သတင်းပြန်ကြားရေးစင်တာ၊ အမှတ် ၆၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ လူမှုဝန်ထမ်းအတတ်သင် သင်တန်းကျောင်း၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၆၆၆၆၁၉နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၊ ရုံးအမှတ် ၂၃၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနသို့လည်း တိုက်ရိုက် ဆက်သွယ် တိုင်ကြားနိုင်သည်ဟု စုံစမ်းသိရှိရသည်။
============
ထက်ထက်အောင်
Mizzima - News in Burmese

No comments:

Post a Comment