Pages

Tuesday, June 3, 2014

ခရီးသွားဘလော့ဂါတစ်ဦး ရီယိုဒီဂျနေးရိုးမြို့ရှိ ခရစ်တော်ရုပ်တုပေါ်တက် ဓာတ်ပုံရိုက်





ရီယိုဒီဂျနေးရိုး- Flash Pack အမည်ဖြင့် အင်တာနက်ခရီးသွား ဘလော့ဂ်စာမျက်နှာတစ်ခု ဖွင့်ထားသည့် သွမ်ဆင်ဆိုသူသည် ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရန် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ သွားရောက်စဉ် Christ the Re deemer ရုပ်တုပေါ်သို့တက်၍ မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ကူးခဲ့သည်။
သွမ်ဆင်သည် ၁၂၄ ပေမြင့်သော ခရစ်တော်ရုပ်တုပေါ်သို့ တက်ရန် ဘရာဇီးနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့၏ ခွင့်ပြုချက် ရယူခဲ့ပြီး ကြိုးချည်ကြိုးဖြုတ် ကျွမ်းကျင်သူနှစ်ဦး၏ အကူအညီဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ရုပ်တုပေါ်သို့ မိနစ် ၂၀ ခန့် တက်ခဲ့ရပြီး ရုပ်တု၏ ရင်ဘတ်နားသို့ ရောက်လာခဲ့ပြီးနောက် ရုပ်တု၏ပခုံးပေါ်မှတစ်ဆင့် နောက်ဆုံးတွင် ရုပ်တု၏ ဦးခေါင်းပေါ်သို့ တက်ရောက်နိုင်ခဲ့သည်ဟု သွမ်ဆင်က Flash Pack ဘလော့ဂ်စာမျက်နှာတွင် ရေးသားထားသည်။
မိမိရိုက်ကူးမှတ်တမ်းတင်ခဲ့သော ဓာတ်ပုံများမှာ အသက်ရှူမှားလောက်သည်ဟု သွမ်ဆင်က ပြောသည်။
ရုပ်တု၏ ထိပ်ဖျားမှနေ၍ သွမ်ဆင်ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို ယူကျုဘ့်ဝက်ဘ်ဆိုက်တွင်တင်ထားကြောင်း သိရသည်။
__Ref : AFP

No comments:

Post a Comment