Pages

Thursday, May 22, 2014

ဒေါပုံတံတား ယာဉ်ဖြတ်သန်းခွင့် အရေးပေါ်ပိတ်


ငမိုးရိပ်ချောင်းကို ဖြတ် သန်းတည်ဆောက်
ထားသည့် ပုဇွန်တောင်နှင့် ဒေါပုံဆက်
သွယ် ထားသော ဒေါပုံ တံတားကိုမေလ
၂၂ ရက် ည ၇ နာရီခွဲခန့်မှ စတင်ပြီး


ယာဉ်ဖြတ်သန်းခွင့် အရေးပေါ်ပိတ်ပင်ခဲ့သည်။

အဆိုပါတံတားသည် ကြံ့ ခိုင်မှုအားနည်းကြောင်း တွေ့ရှိရ သဖြင့် အရေးပေါ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း လုံခြုံရေးအရာရှိများ ကပြောသည်။

လတ်တလော တံတားပေါ်သို့ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်ကိုသာ သိရှိရပြီး မည်သည့် အစိတ်အပိုင်း ပျက်စီးချို့ယွင်းသည်ကို မသိရှိရသေးကြောင်းတံတားလုံခြုံရေးရယူနေ
သည့်ရဲတပ်ဖွဲ့ဝင်များကပြောသည်။

ဒေသခံများက တံတားနိမ့် ဆင်းသွားခြင်းဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြပြီး တံတားအလယ် တွင် နှစ်ဖက်အကြား အနိမ့်အမြင့် မတူညီသည့် နေရာများလည်း တွေ့ရှိခဲ့ရသည်။

ညအချိန်တွင် တံတားပေါ်သို့လူနှင့် အနှေးယာဉ်များသာသွား လာခွင့်ပြုခဲ့ပြီး မော်တော်ဆိုင် ကယ်အပါအ၀င် စက်တပ်ယာဉ် အားလုံးကို ဖြတ်သန်းခွင့်ပိတ်ပင် ထားသည်။ဒေသခံများ၏ အဆိုအရ ယင်းတံတားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၇ နှစ်အကြာ ၁၉၆၇ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မူလဒီဇိုင်းပုံစံမှာ တံတားနှင့် မလွတ်ကင်းသည့် သင်္ဘောကြီးများသွားလာနိုင်စေ ရန် ခေါက်တင်၍ရသော ပုံစံထုတ်ထားခဲ့ခြင်းဖြစ်သည်။

7Day News Daily

No comments:

Post a Comment